## PAGE 426

ဘောဂေါတမမ၊ ယဿ=အကြင်ဒိဗ္ဗမည်သော ဥစ္စာသယန
မဟာသယနကို၊ ဘဝံ ဂေါတမော=အရှင်ဂေါတမသည်၊ ဧတရဟိ=၌။
အကသိရလာဘီ=၏၊ ဒိဗ္ဗိ=သော၊ တံ ဥစ္စာသယန မဟာသယနံ= ထိုမြင့်သော
နေရာ,ကြီးမားခမ်းနားဆန်းပြားသော အိပ်ရာခင်းဟူသည်၊ ကတမံ ပန
အဘယ်ပါနည်း၊ ဣတိ-ဤသို့၊ (အဝေါစမေးလျှောက်ပြီ) ဗြာဟ္မဏ=
ပုဏ္ဏား၊ဣဓ=ဤသတ္တလောက၌၊ အဟံ=ငါသည်၊ ယံ ဂါမံ ဝါ= အကြင်ရွာကို
လည်းကောင်း၊ ယံ နိဂမံ ဝါ=အကြင်နိဂုံးကိုလည်းကောင်း၊ ဥပနိဿာယ=မှီ၍၊
ဝိဟရာမိ=နေ၏၊ သော(အဟံ)=ထိုငါသည်၊ ပုဗ္ဗဏှသမယံ- နံနက်အခါ၌၊
နိဝါသေတွာ= သင်းပိုင်ကို ကောင်းမွန်ညီညာစွာ ပြင်ဝတ်၍၊ ပတ္တစီဝရံ=
သပိတ်သင်္ကန်းကို၊ အာဒါယ=ယူ၍၊ ဝါ=ကိုင်ဆောင် ခြုံရုံ၍၊ တမေဝ ဂါမံ
ဝါ= ထိုရွာကို ပင်လျှင်လည်းကောင်း၊ တမေဝ နိဂမံ ဝါ= ထိုနိဂုံးကိုပင်လျှင်
လည်းကောင်း၊ ပိဏ္ဍာယ=ဆွမ်းအကျိုးငှါ၊ ပဝိသာမိ=ဝင်၏၊ သော-ထိုငါသည်၊
ပစ္ဆာဘတ္တံ-ဆွမ်းစားပြီးရာကာလမှ နောက်၌၊ ရှေးက ရွာတွင်း၌ ဆွမ်းစားဇရပ်
ရှိတတ်၏၊ ထိုဆွမ်းစားဇရပ်၌ ဆွမ်းစားပြီးသည်မှ ... နောက်၌ဟူလို]
ပိဏ္ဍပါတပဋိက္ကန္တော=ဆွမ်းခံရွာမှ ဖဲခွါခဲ့သည်၊ (သမာနော=ဖြစ်လသော်)
ဝနန္တ မေဝ-တောသို့သာလျှင်၊ [ဝနမေဝ ဝန္တိ] ပဝိသာမိ=ဝင်၏။
သော-ထိုငါသည်၊ တတ္ထ=ထိုတော၌၊ ယံ (ယာနိ) တိဏာနိ ဝါ=
အကြင်မြက်တို့သည်လည်းကောင်း၊ ယဒေဝ-ယံ+ဝ။ ထိုတွင် ယံကား
ဝစန္ဒိဝိပလ္လာသ၊ ဧဝကို တာနိနှင့် တွဲလိမ့်မည်] ယံ (ယာနို) ပဏ္ဏာနိ ဝါ=
အကြင်သစ်ရွက်တို့သည်လည်းကောင်း၊ ဟောန္တိ=ရှိကုန်၏။ တာနိဝ=
ထိုမြက်သစ်ရွက်တို့ကိုပင်း ဧကဇံ=တပေါင်းတည်း၊ သင်္ဃရိတွာ=ပေါင်းစု၍၊
ပလ္လင်္က = ထက်ဝယ်ဖွဲ့ခွေခြင်းကို၊ ဝါ တင်ပျဉ်ခွေခြင်းကို၊ ဝါ=ပတ်ပတ်လည်
၁။ပလ္လင်္က အာဘုဇိတွာ။ ။“ပရိ+အင်္က”၌ ရကို လ။ဣကို အပြု။
လဒွေဘော်လာ၍ ပလ္လင်္ကဟု ဖြစ်၏။ ပရိ သမန္တတော= ထက်ဝန်းကျင်
ပတ်ပတ်လည်၌။အင်္ကနံ အာသနံ=ပေါင်နှစ်ဖက်တို့ကို ဖွဲ့ယှက်နေခြင်းတည်း။
ပလ္လင်္ကာ=ခြင်း။–အာဘုဇိတွာ=ဖွဲ့ခွေ၍”ဟုဆိုရာ၌ အဘယ်သို့ ဖွဲ့ခွေသနည်းဟု
မေးဖွယ်ရှိ၍“ပလ္လကံ”ဟု မိန့်ဆိုရ၏။“ပလ္လကံ အာဘုဇိတွာ=တင်ပျဉ်ဖွဲ့ခွေခြင်း
ဟူသော ဖွဲ့ခွေမှုပြု၍”ဟူလို။

## PAGE 427

ပေါင်နှစ်ဖက် ဖွဲ့ယှက်နေခြင်းဟူသော ပလ္လင်ကို၊ အာဘုဇိတွာ=ဖွဲ့ခွေ၍၊
ကာယံ=အထက်ပိုင်းကိုယ်ကို၊ ဥဇုံ=ဖြောင့်မတ်စွာ၊ (၁၈-ချောင်းသော
ကျောက်ကုန်း ဆူးရိုးတို့ကို အချင်းချင်း ထိစေခြင်းဖြင့် ဖြောင့်ဖြောင့်စန့်စန့်)
ပဏိဓာယ=ထား၍၊ သတိ-သတိကို၊ ပရိမုခံ=ကမ္မဋ္ဌာန်းသို့ရှေ့ရှု၊ အဘိမုခံနှင့်
အနက်တူ၏] ဝါ=ပါးစပ်ပေါက်၏ အနီးဖြစ်သော နှာသီးဖျားနှင့် အထက်
နှုတ်ခမ်းအလယ်၌- ၊ဥပဋ္ဌပေတွာ=ထား၍၊ နိသီဒါမိ=ထိုင်နေ၏၊ (တနည်း)
ပရိမုခံ=အသမ္မောသ တရားကို သိမ်းယူလျက် ဆန့်ကျင်ဘက် သမ္မောသမှ
ထွက်မြောက်တတ်သော၊ ဝါ=အသမ္မောသတရားကို သိမ်းယူလျက် ဆန့်ကျင်
ဘက် သမ္မောသမှထွက်မြောက်အောင်၊ သတိ= သတိကို၊ ဥပဋ္ဌပေတွာ=
ဖြစ်စေ၍၊ နိသီဒါမိ-၏၊ သော-ထိုငါသည်၊ ကာမေဟိ=တို့မှ၊ ဝိဝိစ္စဧဝ=လျှင်၊
[ဒုကနိပါတ်စာပိုဒ်-၁၃ ကြည့်]။ပ။
ဗြာဟ္မဏ=ဏ္ဏား၊ သော အဟံ၊ ထိုငါသည်၊ ဧဝံဘူတော= ဤရူပဈာန်
လေးပါးတို့တွင် တပါးပါးကို ဝင်စားသူဖြစ်သည်။ (ဟုတွာ=ဖြစ်ပြီး၍) စေ
စင်္ကမာမိ= အကယ်၍ စင်္ကြံသွားအံ့၊ (ဧဝံ သတိ=ဤသို့ စင်္ကြံသွားသည်
ရှိသော်) တသ္မိံ သမယေ=(ရူပဈာန်တပါးပါး ဝင်စားပြီး၍ စင်္ကြံသွားရာ)
ထိုအခါ၌၊ မေ-ငါ၏၊ ဧသော စက်မော=ဤစင်္ကြံသွားခြင်းသည်၊ ဒိဗ္ဗာ=
ဒိဗ္ဗမည်သော၊ ဝါ=ဒိဗ္ဗဝိဟာရ ရူပဈာန်လေးပါးနှင့် နီးကပ်ဆက်စပ်သော
၂။ပရိမုခံပုဒ်၏ နောက်အနက်ဖွင့်နှစ်မျိုး။။ဤဒုတိယနည်း၌ မုခဿ
သမီပံ ပရိမုခံ(ပါးစပ်ပေါက်၏အနီး)ဟု ဝစနတ္ထပြု။ အထက်နှုတ်ခမ်း၏
အလယ်အရပ်ကို မုခနိမိတ္တဟုခေါ်၏(ဈာနဝိဘင်းအဋ္ဌကထာ၊ ၃၅၂)ထိုမုခ
နိမိတ္တနှင့် နှာသီးဖျားကို ပရိမုခ(ပါးစပ်ပေါက်၏အနီး)ဟု ခေါ်သည်။
တတိယနည်း၌- ပရိ(ပရိဂ္ဂဟိတ)=မမေ့ပျောက်မှုဟူသော အသမ္မောသကို
သိမ်းယူတတ်သော သတိတရား+မုခ(မောက္ခ=နိယျာန)=မေ့ပျောက်မှ
သမ္မောသမှ ထွက်မြောက်သော သတိတရား။ အသမ္မောသံ ပရိဂ္ဂဏှာတိတိ
ပရိဂ္ဂဟိတံ။ ပရိဂ္ဂဟိတံ မုခံ ပရိမုခံဟု ဝိဂြိုဟ်ပြု။ ပရိဂ္ဂဟိတံ=မမေ့
ပျောက်ခြင်းသဘောဟူသော အသမ္မောသကို ယူငင်သိမ်းပိုက်လျက်၊
မုခံ(မောက္ခံ=နိယျာနံ)=မေ့ပျောက်ခြင်းသဘောဟူသော သမ္မောသမှ
ထွက်ခွါလွတ်မြောက်သော သတိတည်း-ဟု အနက်ဆို၊ ပရိမုခံပုဒ်၌ မုခသဒ္ဒါကို
မောက္ခသဒ္ဒါ, နိယျာနသဒ္ဒါတို့နှင့် အနက်တူ ပရိယာယ်ဟုကြံပါ။ သို့မဟုတ်
မောက္ခမှ သြကို ဥပြန်၊ ကကိုချေ၍“မုခ”ဟုရုပ်ပြီးသည်ဟုသော်လည်းကြံပါ။

## PAGE 428

ဣရိယာပုထ်ဖြစ်သော၊ စက်မော=စင်္ကြံသွားခြင်းသည်၊ ဟောတိ-၏။ပ။
စေ တိဋ္ဌာမိ= အကယ်၍ရပ်နေအံ့၊ (ဧဝံ သတိ=ဤသို့ ရပ်နေသည့်ရှိသော်)
တသ္မိံ သမယေ=(ရူပဈာန်တပါးပါးဝင်စားပြီး၍ ရပ်နေရာ) ထိုအခါ၌၊ မေ=၏၊
ဧတံ ဌာနံ=ဤရပ်နေခြင်းသည်၊ ဒိဗ္ဗ=ဒိဗ္ဗမည်သော၊ ဝါ= ဒိဗ္ဗဝိဟာရရူပဈာန်
လေးပါးနှင့် နီးကပ်ဆက်စပ်သော ဣရိယာပုထ်ဖြစ်သော၊ ဌာနံ=ရပ်ခြင်းသည်၊
နိသီဒါမိ=အကယ်၍ ထိုင်နေအံ့၊ (ဧဝံ သတိ=
ဤသို့ထိုင်နေသည်ရှိသော်) တသ္မိံ သမယေ=ထိုအခါ၌၊ မေ-ငါ၏၊ ဧတံ
အာသနံ= ဤထိုင်နေခြင်းသည်၊ ဒိဗ္ဗိ=သော၊ ဝါ=သော၊ အာသနံ=သည်၊
ဟောတိ-၏။ပ။
ဟောတိ-၏။ပ။
သေယျံ=လျောင်းစက်ခြင်းကို၊ စေ ကပွေမိ=အကယ်၍ ပြုငြားအံ့၊
(ဧဝံ သတိ=ဤသို့ လျောင်းစက်နေသည်ရှိသော်) တသ္မိံ သမယေ-၌၊ မေ=
၏၊ ဧတံ သယနံ-ဤလျောင်းစက်နေခြင်းသည်၊ ဒိဗ္ဗိ=သော၊ ဝါ=သော၊
ဥစ္စာသယန မဟာသယနံ=မြင့်သောနေရာ, ကြီးမားခမ်းနား ဆန်းပြားသော
အိပ်ရာခင်းပေါ်၌ လျောင်းစက်ခြင်းမည်သည်၊ ဟောတိ=၏၊ ဗြာဟ္မဏ=ဏ္ဏား၊
ယဿ အကြင်ဒိဗ္ဗဥစ္စာသယနမဟာသယနှကို၊ အဟံ= ငါသည်၊ ဧတရဟို=၌
။ပ။အကသိရလာဘီ=၏၊ ဒိဗ္ဗ-ဒိဗ္ဗမည်သော၊ ဝါ=ဗြဟ္မာ၏ အဖြစ်သို့
ပို့ဆောင်တတ်သော၊ တံ ဥစ္စာသယနမဟာသယနံ=ထိုမြင့်---ရာခင်းဟူသည်၊
ဣဒံ=ဤဒိဗ္ဗဝိဟာရရူပဈာန်လေးပါးပင်တည်း၊ ဣတိ (အဝေါစ)။ပ။ ဘောတာ
ဂေါတမေန=အရှင်ဂေါတမကို၊ အညတြ= ကြဉ်ဖယ်ထား၍၊ အညော
အရှင်ဂေါတမမှ တပါးတခြားသော၊ ကော= အဘယ်ပုဂ္ဂိုလ်သည်၊ ဧဝရူပဿ=
ဤသို့သဘောရှိသော၊ ဒိဗ္ဗဿဒိဗ္ဗမည်သော၊ ဝါ=ဗြဟ္မာ၏ အဖြစ်သို့
ပို့ဆောင်တတ်သော၊ ဥစ္စာသယန မဟာသယနုဿ= မြင့်-----ရာခင်းကို၊
နိုကာမလာဘီ=အလိုရှိတိုင်းရနိုင်ခြင်းရှိသည်။ပ။ အကသိရလာဘီ= သည်၊
ဘဝိဿတိ=ဖြစ်နိုင်ပါလတ္တံ့နည်း၊ (န ဘဝတိ ဧဝ=မဖြစ်နိုင်သည် သာတည်း)
ဘော ဂေါတမ=မ၊ ယဿ=အကြင် ဗြဟ္မမည်သော ဥစ္စာသယန
မဟာသယနကို၊ ဘဝံ ဂေါတမော-သည်။ပ။ အကသိရလာဘီ=၏၊ ဗြဟ္မ=
ဗြဟ္မမည်သော၊ (ဗြဟ္မဝိဟာရမည်သော) တံ ဥစ္စာသယနမဟာသယနံ=
ရာခင်းဟူသည်၊ ကတမံ ပန=နည်း၊ ဣတိ(အဝေါစ)။ပ။သော-ထိုငါသည်၊
မေတ္တာသဟဂတေန=မေတ္တာနှင့်တကွဖြစ်သော၊ စေတသာ=စိတ်ဖြင့်၊
ဧကံ=တခုသော၊ ဒိသံ=အရပ်မျက်နှာကို၊ ဝါ=အရပ်မျက်နှာ၌နေသော သတ္တဝါ
အပေါင်းကို၊ ဖရိတွာ=ဖြန့်၍၊ ဝါ=အာရုံပြု၍၊ ဝိဟရာမိ=နေ၏၊ တထာ=ထို့အတူ၊
ဒုတိယံ=နှစ်ခုမြောက်သော၊ (ဒိသံ=အရပ်မျက်နှာကိုလည်း။ ဝါ=အရပ်မျက်နှာ၌
