## PAGE 438

နှင်တံချွန်ဖြင့်၊ ဝါ=စကားတည်းဟူသော ပတ်ပတ်လည်မှ ဝိုင်းအုံနှိပ်ကွပ်
ထိုးသတ်ခြင်းဖြင့်၊ [တနည်း-ဝါစာယ=စကားတည်းဟူသော နှင်တံချွန်ဖြင့်၊
သန္နိတောဒကေန=ပတ်ပတ်လည်မှဝိုင်းအုံနှိပ်ကွပ် ထိုးသတ်ခြင်းဖြင့်
(တနည်း)သန္နိတောဒကေန=ကောင်းစွာထိုးနှက် နှိပ်စက်ကြောင်းဖြစ်သော၊
ဝါစာယ=စကားတည်းဟူသော နှင်တံချွန်ဖြင့်] သဉ္စန္တရိ=ထက်ဝန်းကျင်မှ
ဝါစာယပုဒ်၌ ယ အက္ခရာမပါဘဲ “ဝါစာသန္နိတောဒကေန” ဟူသော
ပါဌ်သည်လည်း ဋီကာအဖွင့်ပါဌ် မဟုတ်သော်လည်း ယုတ္တပါဌဖြစ်သည်သာ၊
နိဿယခန်းဝယ် ထောင့်ကွင်းအတွင်း၌ ဝါစာယပုဒ်နှင့် သန္နိတောဒကေန
ပုဒ်တို့ကို တခြားစီခွဲကာ ဝါကျပြုလုပ်၍ အနက်ပေးထားခြင်းမှာ စာသင်သား
တို့အတွက် ပို၍လွယ်ကူစေလိုသောကြောင့် ဖြစ်၏။
၂။သဉ္စမဇ္ဈိမကံသု။ ။The PaliTextSociety(P.T.S)အဘိဓာန်
နှင့် မော်နီယာဝီလျံအဘိဓာန်တို့၌“သမ္ဘရိ”ဟူသော ပါဠိပုဒ်ကိုလည်းကောင်း,
“ဇန္တိ ရိ”ဟူသော ဝေဒိကသက္ကတပုဒ်ကိုလည်းကောင်း ထုတ်ပြပြီးလျှင်
ထိုပုဒ်၌လည်း Reduplicated ဟူ၍ ဓာတုဒွေဘော်ပြုထားကြောင်းကို
ပြဆိုထား၏။ ထိုပြဆိုထားချက်ကို နည်းမှီပြီးလျှင်“ဘရဓာတ် ဣပစ္စည်း”ဟုခွဲ၍
ဓာတုဒွေ ဘော်ပြုလျှင်“ဘရ် ဘရ်+ဣ=ဘစ္ဆ ရိ= ဗ၅ ရို”ဟု အဆင့်ဆင့်
ဖြစ်ပြီးနောက် ဇဗ္ဗူရိဟုဖြစ်စေ, ပါဠိတော်အတိုင်း ဇမ္ဘရိ(ထို့နောက်
သံဥပသာရဖြင့်)သဉ္စန္တရိ ဟုဖြစ်စေ ရုပ်ပြီးစေသင့်၏။
"
ဓာတုဒွေဘော်ပြုထားသော ရုပ်များစွာရှိရာတွင်လည်း တိတိက္ခတိ၌
“တိတိ”ဟုရွှေဘော်ပြုထားသော်လည်း သည်းခံ၏”ဟူသော အနက်ထက်
ဘာမျှမပိုလွန်နိုင်၊ စင်္ကမတိ၌ကား ဓာတုဒ္ဓဘော်ပြထားသည့်အတွက် သွားခြင်း
ရိုးရိုးမျှသာ မကတော့ဘဲ“လူးလာခေါက်ပြန် စင်္ကြံသွား ၏”ဟုအနက်ပိုလွန်
လာ၏၊ မောမူဟပုဒ်၌လည်း သာမန်ရိုးရိုး တွေဝေရုံမျှ မကတော့ဘဲ
“အတိသယေန မုယှန=အလွန်တွေဝေသောတရား”ဟု အနက်ပိုလွန်းလာ၏။
ဤသမ္ဘရိပုဒ်၌လည်း ဓာတုရွှေဘော်သည် တိတိက္ခတိ၌ကဲ့သို့ အနက်ထူး
မရှိသည်မဟုတ်၊ စင်္ကမတိ၊ မောမူဟပုဒ်တို့၌ကဲ့သို ့ အတိသယ=
သုဘပုနပ္ပုန(-Intensive) အနက်ကိုဟောနိုင်၏။ ထို့ကြောင့်
ယင်းဓာတုဒွေဘော်၏ ဘုသအနက်လည်း ပါဝင်အောင်–သမန္တ တော ဘုသံ
ဘရိတံ”ဟု သီလက္ခန်ဋီကာဟောင်း(၃၇၆) ၌ဖွင့်ဆိုထားသည်ဟု ကြံသင့်၏။
ဤနေရာ၌ ဘနှင့် အသည် ဆင်တူရိုးမှားဖြစ်နိုင်သောကြောင့် ထိုဋီကာ
ဟောင်း၌ အရိတံဟု(အစ၌ အသရဖြင့်)ပါဠိပျက်နေ၏။ ဤသုတ် အင်္ဂုတ္တိုရ်
….ငိုတို့မှ“သမ္ဘရိတံ”ဟူသော အဖွင့်ကိုထောက်လျှင် မည်သည့်နည်းနှင့်မျှ
အရိတံဟု မရှိသင့်ကြောင်း သိသာပါသည်။ သီလက္ခန် ဋီကာသစ်၌ကား

## PAGE 439

လွန်ကဲစွာပြည့်နှက်နေသည်ကို၊ ဝါ=သူ၏အထက်၌ ထိုးနှက်နှိပ်စက်အပ်သည်ကို၊
အကံသု=ပြုကြကုန်ပြီ၊ (ကိန္တိ=အဘယ်သို့၊ အကံသု=ပြုကြကုန်သနည်းဟူမူ)
အဝုသော သရဘ=ငါ့ရှင်သရဘ၊ ဗြဟာရညေ=ကြီးစွာသော တော၌၊
ဇရသိင်္ဂါလော=မြေခွေးအိုသည်၊ သိဟနာဒံ=ခြင်္သေ့၏ ဟောက်သံကို၊
နဒိဿာမီတိ=ဟောက်လိုက်မည်ဟု၊ (အာရဘန္တော= ကြိုးစားအားထုတ်လသော်)
သိင်္ဂါလကံယော=မြေခွေးအူသံကိုသာလျှင်၊ နှဒတိသေယျထာပိ= အူလိုက်
လေသကဲ့သို့၊ ဘေရဏ္ဍကံယေဝ=မြေခွေးအူသံကိုသာလျှင်၊ ဝါ- ဘေရဏ္ဍ
မည်သော ငှက်အသံကဲ့သို့ ဆိုးဝါးကွဲအက် မနှစ်သက်ဖွယ်အသံကို သာလျှင်၊
နဒတိ သေယျထာပိ=သို့၊ အဝုသော သရဘ=ဘ၊ ဧဝမေဝ= ဤအတူပင်လျှင်၊
တွံ=သင်သည်၊ သမဏေန ဂေါတမေန=ရှင်ရဟန်းဂေါတမကို၊ အညတြဝ
မတွေ့မမြင်, အဝေးကကြဉ်ဖယ်နေရ၍သာလျှင်၊ ရှင်ရဟန်း ဂေါတမ၏
ကွယ်ရာ၌သာလျှင် ဟူလို] သီဟနာဒံ=ခြင်္သေ့ဟောက်သံကို။ပ။ သိင်္ဂါလ
ကံယေဝ=လျှင်၊ နဒသိ=အူလိုက်လေ၏။ပ။
သဇ္ဈတ္တရိ ၊ သဇ္ဈတ္တရိတံကို အမှန်ယူ၍ သမဓိဘရိတန္တိ ပဒစ္ဆေဒေါ(ရှေးမူဟောင်း)
ဟု ဖွင့်ခြင်းဖြစ်ရာ၏။ သို့သော် အဓိသဒ္ဒါဖြင့် ဓာတုဗ္ဗေဘော်၏
ဘုသတ္ထကိုပြလျက် သဉ္စန္တရိပါဌ်ကိုပင် ဖွင့်သည်ဟုဆိုနိုင်ပါသေး၏ ။သဇ္ဈတ္တ
ရိတံကို အမှန်ယူကြသော နောက်ဆရာတို့ကား ထိုရှေးမူဟောင်းဋီကာသစ်
ပါဌ်ကို ပယ်ဖျက်၍“သံ, အဓိ, အဘိ, အရိတန္တိ ပဒစ္ဆေဒေါ”ဟု ဆဋ္ဌသင်္ဂါယနာမူ
ထိုဋီကာသစ်(၃၉ဝ)၌ ပြင်ဆင်ထားကြလေ၏။
ထို့အပြင် အချို့ဆရာတို့သည် သဒ္ဓမ္ဘရိ(သဇ္ဈတ္တရိ)ပုဒ်၌ ဣပစ္စည်းကို
ဘောဟောကြံကြ၏။ သို့သော် သဒ္ဓမ္ဘရိပုဒ်သည် သရဘဲ ပရိဗ္ဗာဇကံ ဟူသော
ပကတိကံနှင့် အရတူ ဝိကတိကံ ဖြစ်သောကြောင့်“သမန္တ တော ဘုသံ
ဘရတိ နိရန္တရံ ဖုဋ္ဌော ဟောတီတိ သမ္ဘရိ”ဟု ကတ္တုသာဓနဝစနတ္ထ
ကြံရမည်ဖြစ်၏။ အကယ်၍ ဘောဟောကြံလျှင်ကား အကံသု၌ ဒွိကမ္မကမဟုတ်
သော ကရုဓာတ်အတွက် အရမတူသော ကံပုဒ်နှစ်ခုထပ်နေသောကြောင့်
သဒ္ဒစည်းကမ်းပျက်၏။ ဤနိဿယခန်း၌ သူ၏အထက်၌ ထိုးနှက်နှိပ်စက်
အပ်သည်ကို”ဟူသော ဒုတိယအနက်ကား“ဥပရိ ဝိဇ္ဈိသူတိ ဝုတ္တံ ဟောတိ”
ဟူသော အဖွင့်အတိုင်း ဝါစာယသန္နိတောဒကေန ဟူသော ကရိုဏ်းနှင့်
ဆီလျော်အောင် ပြန်ဆိုထားသော အဓိပ္ပါယ်နက်တည်း။
ထို့အပြင် အဋ္ဌကထာမှ“ဖုဋ”သဒ္ဒါကိုလည်း ဖောက်ခွဲဖျက်ဆီးခြင်း
(ဘေဒန)အနက်ဟောမကြံစည်သင့်ပါ၊ အဝီစိ မညေ ဖုဋ္ဌော။ပ။နိရ၍ ရံ ဖုဋ္ဌော
နေရယိကသတ္တေဟိ ပရိပုဏ္ဏော ဟူသော တိကစာပိုဒ်(၅၇)သုတ်၌ကဲ့သို့ ပရိ
ပုဏ္ဏအနက်ဟော(ဖရဓာတ်,တပစ္စည်းဖြင့်ပြီးသော)ဗုဒ္ဓသဒ္ဒါသာဖြစ်သင့်ပါသည်။

## PAGE 440

၁.
အမ္ဗကမမ္မရီ … ကြက်မငယ်သည်၊ ပုရိသက+ရဝိတံ= ကြက်ဖ၏+
တွန်သံကို၊ ရဝိဿာမီတိ=တွန်လိုက်မည်ဟု၊ (အာရဘန္တော=သော်)
အမ္ဗကမမ္မရိရဝိတံယေဝ=ကြက်မငယ်၏ မပီမသ တွန်သံကိုသာလျှင်၊ရဝတိ
သေယျထာပိ=တွန်လိုက်လေသကဲ့သို့။ပရဝသိ=တွန်လိုက်လေ၏။ပ။
ဥသဘော=နွားတကောင်သည်၊ သုညာယ=ခေါင်းဆောင်ဦးစီး နွားကြီး
ဆိတ်သုန်းသော၊ ဂေါသာလာယ=နွားခြံ၌၊ ဂမ္ဘီရံ=လေးနက်မြည်ဟီးနွားသံ
ကြီးကို၊ နဒိတဗ္ဗိ=မြည်ဟီးစေသင့်သည်ဟု၊ မညတိ သေယျထာပိ= မှတ်ထင်နေ
သကဲ့သို့။ပ။မညသိ=မှတ်ထင်နေ၏၊
ဣတိ=ဤသို့၊ (သဉ္စန္တရိ=ကို၊ အကံသု=
ပြုကြကုန်ပြီ) အထ ခေါ=၌၊ တေ ပရိဗ္ဗာဇကာ=တို့သည် ။ပ။ သဉ္စမ္ဘရိ=ကို၊
အကံသု=ပြီ၊ ဣတိ=ဤတွင်အပြီးတည်း၊ စတုတ္ထ=တည်း။
၅-ကေသမုတ္တိသုတ်
၆၆။ တချို့ကိုစာပိုဒ် ၆၄-၌ကြည့်] ယေန=အကြင်အရပ်၌၊ ကေသမုတ္တိ
နာမ=ကေသမုတ္တမည်သော၊ ကာလာမာနံ=ကာလာမမင်းတို ့၏၊
နိဂမော=နိဂုံးသည်၊ (အတ္ထိ-ရှိ၏) တံ=ထိုကေသမုတ္တနိဂုံးရှိရာ အရပ်သို့၊
အဝသရိ=ရောက်တော်မူပြီ၊ ကေသမုတ္တိယာ=ကေသမုတ္တနိဂုံးသား ဖြစ်ကြသော၊
ကာလာမာ=ကာလာမမင်းတို့သည်၊ အာသုံး ခေါ=ကြားသိကြကုန်
ပြီးသည်သာ၊ (ကိန္တိ=သို့၊ အာသုံး ဟူမူ)။ပ။ ဘန္တေ =အရှင်ဘုရား၊
သန္တိ=ယခုဖြစ်နေကြသည်မှာ၊ ဝါ=ယခုရှိနေကြသည်မှာ၊ ဧကေ=အချို့ကုန်သော၊
သမဏဗြာဟ္မဏာ=သမဏ, ဗြာဟ္မဏတို့သည်၊ (သမဏ, ဗြာဟ္မဏအမည်ခံ
ပုဂ္ဂိုလ်တို့သည်) ကေသမုတ္တံ=ကေသမုတ္တနိဂုံးသို့၊ အာဂစ္ဆန္တိ=လာကြပါကုန်၏၊
တေ=ထိုသမဏဗြာဟ္မဏတို့သည်၊ သကံ=မိမိဥစ္စာဖြစ်သော၊ ဝါဒံဧဝ=
အယူဝါဒကိုသာလျှင်၊ ဒီပေန္တိ=ပြောပြကြပါကုန်၏၊ ဇောတေန္တိ= ထင်ရှား
တောက်ပြောင်စေကြပါကုန်၏၊ ပရပ္ပဝါဒ ပန=သူတပါးတို့ အယူဝါဒကိုကား၊
၁။ အမ္ဗကမမ္မ။ ။ဤ၌လည်း စာမူအမျိုးမျိုးရှိနေ၏၊အတ္တနောမတိ
ဖြင့် ဓာတ်ပစ္စည်းပုဒ်ပါဌ်ကြံရန် လွယ်ကူသော်လည်း မည်သည့်ပါဌ်
မှန်ကန်ကြောင်း ခိုင်လုံသောကျမ်းဂန်သာဓကဖြင့် တိတိကျကျဆုံးဖြတ်ရန်
ကားခဲယဉ်း၏။စည်ရှင်ဆရာတော်၏ ဝိသုဒ္ဓါရုံပိဋကအဘိဓာန်၌မူ“အမ္ဗကမမ္မရီ”
ဟု ရှိသင့်ကြောင်း မိန့်ဆို၏၊ အမ္မကာယ=အမသတ္တဝါ၏၊ မမ္မရော(မဇ္ဈရော)=
မရ် မရ်ဟူသောအသံ(မပီသသောအသံ)၊အမ္မကမမ္မရော ဧတိဿာ အတ္ထိတိ
အမ္ဗကမမ္မရီ=အမသတ္တဝါ၏ မရ်မရ်ဟူသော မပီမသ တွန်သံရှိသော သတ္တဝါမ၊
ဝါ=ကြက်မငယ်၊ ဤသို့ ဝစနတ္ထပြုတော်မူ၏။
