## PAGE 456

၄၅၆ .
သုဏာထ=နာယူကြကုန်လော၊ မနသိ=စိတ်နှလုံး၌၊ ကရောထ= သွင်းပိုက်ထား
ကြကုန်လော၊ ဘာသိဿာမိ= ငါဟောတော်မူအံ့၊ ဣတိ=ဤသို့၊ (အဝေါစ=
မိန့်တော်မူပြီ) ဧဝံ ဘန္တေ=ကောင်းပါပြီ အရှင်ဘုရား၊ ဣတိခေါ=
ဤသို့လျှင်၊ [ဒုကစာပိုဒ် ၁၇-သုတ်ကြည့် ။ပ။ပရိဗ္ဗာဇကာနံ=တို့အား၊ ဧဝံ=
ဤသို့၊ ဗျာကရေယျာထ= ဖြေဆိုကြကုန်လော၊ (ကိန္တ=အဘယ်သို့၊
ဗျာကရေယျာထ= ဖြေဆိုကြရကုန်မည်နည်းဟူမူ) အာဝုသော=ငါ့ရှင်တို့၊
ရာဂေါ=ရာဂသည်၊ ဝါ=တပ်မက်ခြင်း သဘောဖြစ်သော တဏှာ လောဘသည်၊
အပ္ပသာဝဇ္ဇာ= နည်းသောအပြစ်ရှိ၏၊ (လောကကဲ့ရဲ့ဖွယ်အပြစ်နှင့်
အပါယ်ဘုံ၌ဖြစ်သော အကျိုးဝိပါက်အပြစ်အားဖြင့် နည်းသောအပြစ်ရှိ၏)
ဒန္ဓဝိရာဂီ=နှေးကွေးသော ချုပ်ပျောက်ပျက်ပြယ်ခြင်း သဘောရှိ၏၊ ဒေါသော=
ဒေါသသည်၊ မဟာသာဝဇ္ဇာ=ကြီးမားသောအပြစ်ရှိ၏၊ ခိပ္ပဝိရာဂီ=
လျင်မြန်သော ချုပ်ပျောက် ပျက်ပြယ်ခြင်းသဘောရှိ၏ ။မောဟော= မောဟသည်။
ပ။ဒန္ဓဝိရာဂီ=၏၊ ဣတိ=ဤသို့၊ (ဗျာကရေယျာထ=လော)
သော
အာဝုသော=တို့၊ ယေန=အကြင်အကြောင်းကြောင့်၊ အနုပ္ပန္နော=မဖြစ်
သေးသော၊ [ဧကကနိပါတ်စာပိုဒ် ၁၁-သုတ်၌လည်းကြည့်] ရာဂေါ ဝါ=ရာဂ
သည်လည်း၊ ဥပ္ပဇ္ဇတိ=ဖြစ်လာ၏၊ ဥပ္ပန္နော=ဖြစ်ပြီးသော၊ ရာဂေါဝါဒ
ရာဂသည်လည်း၊ ဘိယျောဘာဝါယ=ထပ်ကာထပ်ကာတိုး၍ဖြစ်ခြင်းငှာ၊
ဝေပုလ္လာယ=ပြန်ပွားများပြားသည် အဖြစ်ငှာ၊ သံဝတ္တတိ=ဖြစ်၏၊
ဟေတု=ထိုအကြောင်းသည် . (ထိုမဖြစ်သေးသောရာဂ၏ ဖြစ်လာခြင်း,
ဖြစ်ပြီးသောရာဂ၏ တိုးတက်များပြားဖြစ်ပွား လာခြင်း၏အကြောင်းသည်)
ကော ပန=အဘယ်ပါနည်း၊ သော ပစ္စယော= ထိုအကြောင်းသည်၊ (ထိုမဖြစ်-
--ဖြစ်ပွားလာခြင်း၏ အကြောင်းသည်) ကော=အဘယ်ပါနည်း။ဣတိ=
ဤသို့။ (သုစေ ပုစ္ဆေယျုံ= အကယ်၍ ပရိဗိုဇ်တို ့က မေးမြန်းကြကုန်ရာငြားအံ့။
ဧဝံ ပုဋ္ဌေဟိ= ဤသို ့မေးမြန်းခံကြရကုန်သော၊ တုမှေဟိ=သင်တို ့သည်။သော
ဟေတု= ထိုအကြောင်းသည်) သုဘနိမိတ္တံ=သုဘနိမိတ်ပါတည်း။
ဝါ=တင့်တယ်လှပ၏ ဟု ယူဆအပ်သော ရူပါရုံစသော အာရုံအကြောင်းတရား
ပါတည်း။ ဣတိ=ဤသို ့။ ဝစနီယံ=ဖြေဆိုအပ်သည်။ ဝါ=ဖြေဆိုရမည်။
အဿ=ဖြစ်၏။ သုဘနိမိတ္တံ=သုဘနိမိတ်ကို၊ ဝါ=ကို။ အယောနိသော=
ကုသိုလ်ဖြစ်ခြင်း၏ အကြောင်းမဟုတ်သောအားဖြင့်။ မနသိ ကရောတော
စိတ်နှလုံး၌သွင်း ပိုက်ထားသော။ ဝါ=စိတ်နှလုံး၌ ထင်ပေါ် လာစေသော၊
တဿ=ထိုပုဂ္ဂိုလ်မှာ။ အနုပ္ပန္နော။ပ။ သံဝတ္တတိ=၏၊ အဝုသော=တို့၊ ယေန=
အကြင်အကြောင်းကြောင့်၊ အန္ဒုပ္ပန္နော=သော၊ ရာဂေါဝါ=ရာဂသည်လည်း၊
ဥပ္ပဇ္ဇတိ=၏။ပ။ သံဝတ္တတိ=၏၊ သော ဟေတု=ထိုအကြောင်းသည်။

## PAGE 457

(ထိုမဖြစ်....... အကြောင်းသည်) အယံ= ဤသုဘနိမိတ်ပါတည်း။ သော
ပစ္စယော=ထိုအကြောင်းသည်။ အယံ= ဤသုဘနိမိတ်ပါတည်း။ ဣတိ=ဤသို ့.။
(ဗျာကရေယျာထ=ဖြေဆိုကြကုန်လော)
။ပ။ဝေပုလ္လာယ=ငှါ၊ သံဝတ္တတိ=၏။ သော ဟေတု=ထိုအကြောင်း
သည်။ (ထိုမဖြစ်သေးသော ဒေါသဖြစ်လာခြင်း,ဖြစ်ပြီးသော ဒေါသ၏ တိုးတက်
များပြား ဖြစ်ပွားလာခြင်း၏ အကြောင်းသည်) ကော ပန=နည်း၊ သော
ပစ္စယော=ထိုအကြောင်းသည်၊ ကော=နည်း။ ဣတိ=သို့ (သစေ ပုစ္ဆေယျ=
အကယ်၍ ပရိဗိုဇ်တို ့က မေးမြန်းကြကုန်ရာငြားအံ့၊ ဧဝံ ပုဋ္ဌေဟိ=ဤသို ့မေး
မြန်းခံကြရကုန်သော။ တုမှေဟိ=သင်တို ့သည်။ သော ဟေတု=ထိုအကြောင်း
သည်)ပဋိဃနိမိတ္တံ=ပဋိဃနိမိတ်ပါတည်း။ ဝါ=ဒေါသ၏အကြောင်းဖြစ်သော
အနိဋ္ဌာရုံပါတည်း။ဣတိ=သို ၊ ဝစနီယံ=သည်။အဿ=ဖြစ်၏၊ ပဋိဃနိ မိတ္တံ=
ကို။အယောနိသော=ဖြင့်၊ မနသိ ကရောတော=သော။ တဿ=ထိုပုဂ္ဂိုလ်
မှာ။ပ။ ဝေပုလ္လာယ=ငှါ၊ သံဝတ္တတိ=၏၊ အာဝုသော=တို့၊ ယေန=ကြောင့်း
အနုပ္ပန္နော ။ပ။ သံဝတ္တတိ-၏၊ သော ဟေတု=သည်၊ အယံ=ဤပဋိဃနိမိတ်
ပါတည်း၊သော ပစ္စယော=သည်၊ အယံ=ဤပဋိဃနိမိတ်ပါတည်း။ ဣတိ=ဤသို့၊
(ဗျာကရေယျာထ=ဖြေဆိုကြကုန်လော)။ပ။ဝေပုလ္လာယ=ငှာ၊ သံဝတ္တတိ=၏၊
သော ဟေတု=သည်။ကော ပန=နည်း၊သော ပစ္စယော=သည်၊ကော=နည်း၊
ဣတိ= ဤသို့၊(သစေ ပုစ္ဆေယျံ=အံ့၊ သော ဟေတု-သည်) အယောနိသော=အား
ဖြင့်၊မနသိကာရော=နှလုံးသွင်းခြင်းပါတည်း(ဥပါဒါနက္ခန္ဓာတို့၌ နိစ္စ, သုခ,အတ္တ
သုဘဟု နှလုံးသွင်းခြင်းပါတည်း) ဣတိ=ဤသို့ ၊ ဝစနီယံ= သည်၊အဿ-၏၊
အယောနိသော=ဖြင့်၊ မနသိ ကရောတော=သော၊ တဿ= ထိုပုဂ္ဂိုလ်မှာ။ပ။သော
ဟေတု=သည်၊ အယံ=ဤအယောနိသောမနသိကာရပါတည်း။ပ။
ယေန=အကြင်အကြောင်းကြောင့်၊ အနုပ္ပန္နော=သော၊ ရာဂေါစေဝ=ရာဂ
သည်လည်း၊ နုပ္ပဇ္ဇတိ=မဖြစ်၊ ဥပ္ပန္နော=သော၊ ရာဂေါစ= ရာဂကိုလည်း၊
ပဟီယတိ=ပယ်ရှားအပ်၏။သော ဟေတု=ထိုအကြောင်းသည်၊ (သိမဖြစ်
သေးသောရာဂ၏ မဖြစ်ခြင်း ဖြစ်ပြီးသောရာဂကိုလည်း ပယ်ရှားခြင်း၏
အကြောင်းသည်) ကောပနအနည်း။ပ။အသုဘနိမိတ္တံ အသုဘနိမိတ်ပါတည်း၊
ဝါ=အသုဘဈာန်၏ အကြောင်းဖြစ်သော ဥဒ္ဓုမာတကစသော အာရုံပါတည်း၊
ဣတိ=သို ၊ ဝစနီယံ-သည်၊ အဿ-၏။ပးယောနိသော=ကုသိုလ်ဖြစ်ခြင်း၏
အကြောင်းအားဖြင့်။ပ။ (သော ဟေတု=ထိုအကြောင်းသည်) စေတောဝိမုတ္တိ=
ဆန့်ကျင်ဘက် နီဝရဏတို ့မှ ယှဉ်ဘက်စိတ်၏ လွတ်ကင်းကြောင်းဖြစ်သော၊
မေတ္တာ=မေတ္တာဈာန်ပါတည်း၊ဣတိ=သို ့၊ ၀စနီယံ=သည်၊ အဿ-ဖြစ်၏။

## PAGE 458

၄၅၈ -
စေတောဝိမုတ္တိ = သော၊ မေတ္တံ=မေတ္တာဈာန်ကို၊ ယောနိသော=ကုသိုလ်
ဖြစ်ခြင်း၏အကြောင်းအားဖြင့်။မနသိ=စိတ်နှလုံး၌၊ ကရောတော=သွင်းပိုက်ထား
သော၊ ဝါ=ဖြစ်ပေါ်လာစေသော၊ တဿ=ထိုပုဂ္ဂိုလ်မှာ ။ပ။အာဝုသော=တို ့၊
ယေန=အကြင်အကြောင်းကြောင့်၊ အနုပ္ပန္နော=သော၊ ဒေါသောစေဝပဲ။
ဒေါသောစ=လည်း၊ ပဟီယတိ= ၏၊ သော ဟေတု=သည်၊ အဟံ=ဤမေတ္တာ
စေတောဝိမုတ္တိပါတည်း၊သော ပစ္စယော=သည် အယံ=ဤမေတ္တာ စေတော
ဝိမုတ္တိပါတည်း၊ဣတိ= သို့း(ဗျာကရေယျာထ) [ဧကကနိပါတ် နိဝရဏပ္ပဟာ
နဝဂ်ပြန်ကြည့်ပါ
၉ - အကုသလမူလသုတ်
၇၀။ ဘိက္ခဝေ=ရဟန်းတို ့၊ အကုသလမူလာနိ=အကုသိုလ်၏
အကြောင်းရင်းတို့ သည်၊ဝါ=အကုသိုလ်ဟူသော အကြောင်းရင်းတို့သည်၊ ဣမာနိ
တီဏိ=ဤသုံးမျိုးတို့တည်း၊ ကီကိုသုံးမျိုးကို ဟူသည်၊ ကကမ္ဘာနိ=အဘယ်ကို
နည်းဟူမူ၊ လောဘော= လောဘဟူသော၊ အကုသလမူလံ=အကုသိုလ်တို ့၏
အကြောင်းရင်းလည်းကောင်း၊ဝါ=အကုသိုလ်ဟူသော အကြောင်းရင်းလှည်း
ကောင်း၊ ဒေါသော=ဒေါသဟူသော၊ အကုသလမူလံ=လည်းကောင်း၊မောဟော=
မောဟဟူသော၊ အကုသလမူလံ=လည်းကောင်းတည်း၊ ဘိက္ခဝေ=တို။
ယဒပိ(ယောအပိ)လောဘော=အကြင်လောဘသည်လည်း။ (အတ္ထိ=ရှိ၏)
တဒပိ(တံအပိ)=ထိုလောဘသည်လည်း ဤ၌“တဒပိ(သောအပိ လောဘော)=
ထိုလောဘသည်လည်း”ဟု ပုလ္လင်ပြင်၍လည်းဆိုနိုင်၏] အကုသလမူလံ=
အကုသိုလ်တို့၏ အကြောင်းရင်းမည်၏။ ဝါ=အကုသိုလ်ဟူသော အကြောင်း
ရင်းမည်၏၊ လုဒ္ဓေါ=တပ်မက်လျက်၊ ဝါ လောဘကြီး၍၊ကာယေန=ကိုယ်ဖြင့်
လည်းကောင်း၊ ဝါ=ကာယဝိညတ်ဟူသော ကာယဒွါရဖြင့်လည်းကောင်း
ဝါစာယ=နှုတ်ဖြင့်လည်းကောင်း၊ ဝါ=ဝစီဝိညတ်ဟူသော ဝစီဒွါရဖြင့်လည်း
ကောင်း၊ မနုသာစိတ်ဖြင့်လည်းကောင်း၊ ဝါ=မနောဒွါရဖြင့်လည်းကောင်း၊
(ကမ္မံ=အကုသိုလ်အမှုလုပ်ငန်းကို) ယဒပိ(ယံအပ်)အဘိသင်္ခရောတိ=အကြင်
ပေါင်းစုပြုလုပ် အားထုတ်အံ့။တဒပိ (တံအပိ)=ထိုပေါင်းစုပြုလုပ် အားထုတ်
ခြင်းသည်လည်း(ထိုလောဘကြီး၍ ကိုယ်နှုတ်စိတ်ဖြင့် အကုသိုလ်အမှုလုပ်ငန်း
ကို ပေါင်းစုပြုလုပ် အားထုတ်ခြင်းသည်လည်း)အကုသလံ အကုသိုလ်မည်၏။
လုဒ္ဓေါ-လျက်။ ဝါ=၍။လောဘေန=လောဘသည်။ အဘိဘူတော=
လွှမ်းမိုးအပ်သည်၊ပရိယာဒိန္နစိတ္တော=ထက်ဝန်းကျင်မှ သိမ်းယူအပ်သော ကုသိုလ်
စိတ်ရှိသည်။ဝါ=ကုန်ခန်းစေအပ်သော ကုသိုလ်စိတ်ရှိသည်၊ (ဟုတွာ= ဖြစ်၍)
