## PAGE 459

ပရဿ=သူတပါးကို။ အသတာ=အစစ်အမှန် မဟုတ်သော အကြောင်းအ
ရာဖြင့်။ ဒေါသံ=အပြစ်ကို။ဝတွာ=ပြောဆို၍) ဝ ဝါ=သတ်ဖြတ်ညှင်းဆဲခြင်း
အားဖြင့်သော်လည်းကောင်း။ ဗန္ဓနေန ဝါ=ချုပ်နှောင်ခြင်းအားဖြင့်
သော်လည်းကောင်း၊ ဇာနိယာ ဝါ=ပစ္စည်းဥစ္စာ ဆုံးရှုံးစေခြင်းအားဖြင့်
သော်လည်းကောင်း၊ ဂရဟာယ ဝါ=ကဲ့ရဲ့ရှုတ်ချခြင်းအားဖြင့် သော်လည်း
ကောင်း။ ပဗ္ဗာဇနာယ ဝါ=မြို့ရွာနိုင်ငံမှ နှင်ထုတ်ခြင်းအားဖြင့်သော်
လည်းကောင်း။ ဒုက္ခံ=ဆင်းရဲကို၊ယဒပိ ဥပ္ပါဒယတိ= အကြင်ဖြစ်စေအံ့။
(အဟံ=ငါသည်)ဗလဝါ=အင်အားကြီးမားသူသည်။ ဗလက္ကော=အင်အား၌
ရပ်တည်သူသည်။အမှိ=ဖြစ်၏။ ဣတိပိ=ဤသို ့လည်း။ ယဒပိ (ဝဒတိ)=
အကြင် အင်အားကြီးမားကြောင်း ပြောဆိုအံ့။ [ဗလေ ထာတိ တိဋ္ဌတီတိ
ဗလတ္ထား၊ တနည်း (အဟံ=ငါသည်)ဗလဝါ=သည်၊အမှိ=၏၊ (မေ=ငါ့မှာ)
ဗလမ္မော=ခွန်အားဖြင့်အလိုဆန္ဒသည်။ ဝါ=ခွန်အားဖြင့်ပြုဖွယ်ကိစ္စသည်၊ အတ္ထိ=
ရို၏၊ ဣတိပိ=လည်း၊ ယဒပိ ဝဒတိ=အံ့။ဗလေန အတ္ထော ဗလက္ကော]တဒပိ=
ထိုသူတပါးကို ဒုက္ခဖြစ်စေခြင်း,အင်အားကြီးမားကြောင်း ပြောဆိုခြင်း
သည်လည်း။ အကုသလံ=အကုသိုလ်မည်၏၊
[ဣတိဿမေ=ဣတိ+အ+ဣမေ]ဣတိ-ဤသို ့လျှင်၊ အဿ=
ထိုပုဂ္ဂိုလ်၏၊ (သန္တာနေ=ခန္ဓာအစဉ်၌) လောဘဇာ=လောဘကြောင့်
ဖြစ်ကုန်သော၊ လောဘနိဒါနာ=လောဘဟူသော အကြောင်းရင်းရှိကုန်သော၊
လောဘသမုဒယာ=လောဘဟူသော ဖြစ်ကြောင်းရှိကုန်သော၊ လောဘပစ္စယာ=
လောဘဟူသော အကြောင်းရှိကုန်သော၊ အနေကေ=တပါးမကများပြားလှကုန်
သော၊ ပါပကာ=ယုတ်မာကုန်သော၊ အကုသလာ=အကုသိုလ်ဖြစ်ကုန်သော။
ဣမေ ဓမ္မာ=ဤတရားတို ့သည်၊သမ္ဘဝန္တိ=ဖြစ်ကုန်၏။ပဒုဋ္ဌော=ဒေါသသည်ဖျက်
ဆီးအပ်လျက်၊ ဝါ-ဒေါသထွက်၍၊ ကာယေန=လည်းကောင်း။ပ။ မနသာ=
လည်းကောင်း၊ (ကမ္မ=ကို)ယဒပိ(ယံအ8) အဘိသင်္ခရောတိ=အံ့။ပ။ ဒုဋ္ဌော=
လျက်၊ ဝါ=၍၊ ဒေါသေန=သည်၊ အဘိဘူတေားပ။မူဋ္ဌော=တွေဝေလျက်၊
ဝါ=ပညာမရှိမသိ၍။ပ။ ဘိက္ခဝေ=တို ့၊ ဧဝရူပေါ=ဤသို ့သဘောရှိသော၊
အယံ ပုဂ္ဂလော=ဤပုဂ္ဂိုလ်ကို၊အကာလဝါဒီတိပိ=ပြောဆိုသင့်ရာအခါ၌ မပြောဆို
တတ်သောသူဟူ၍လည်းကောင်း၊ ဝါ=မပြောဆိုသင့်ရာအခါ၌ ပြောဆိုသော
သူဟူ၍လည်းကောင်း၊ အဘူတဝါဒီတိပိ=တကယ်အစစ် အဖြစ်မှန်ကို မပြောဆို
တတ်သောသူဟူ၍လည်းကောင်း၊ ဝါ=မမှန်ကန်သော ဖြစ်ရပ်ကိုပြောဆိုတတ်
သောသူ ဟူ၍လည်းကောင်း၊အနတ္တဝါဒီတိပိ-အကြောင်းကိုမပြောဆိုတတ်သော
သူဟူ၍လည်းကောင်း၊ ဝါ=အကြောင်းကင်းဘိ အကျိုးမရှိသော စကားကိုပြော
ဆိုတတ်သောသူဟူ၍လည်းကောင်း၊ အဓမ္မဝါဒီတိပိ=အမှန်သဘောကို မပြောဆို

## PAGE 460

တတ်သူဟူ၍လည်းကောင်း၊ အဝိနယဝါဒီတိပိ=(သီလ,သတိစသော) သံဝရဝိ
နည်းကိုမပြောဆိုတတ်သူဟူ၍လည်းကောင်း၊ ဝါ=သံဝရဝိနည်းနှင့် စပ်သော
စကားကို မပြောဆိုတတ်သူဟူ၍လည်းကောင်း၊ ဝုစ္စတိ=ဆိုအပ်၏။
= ဘိက္ခဝေ=တို့၊ကသွား=အဘယ်ကြောင့်၊ ဧဝရူပေါ်=သော၊အယံ ပုဂ္ဂလော=
ကို၊ အကာလဝါဒီတိပိ=လည်းကောင်း။ပ။ အဝိနယဝါဒီတိပိ=လည်းကောင်း၊
ဝုစ္စတိ=ဆိုအပ်သနည်းဟူမှု၊ ဘိက္ခဝေ=တို ့၊ တထာဟိ=ထို ့ကြောင့်သာလျှင်၊
(ထိုသို ့ အကာလဝါဒီစသည် ဖြစ်သောကြောင့်သာလျှင်)အယံ ပုဂ္ဂလော=သည်
ပ။ပဗ္ဗာဇနာယဝါ=လည်းကောင်း၊ ဒုက္ခံ=ကို၊ ဥပ္ပါဒယတိ=ဖြစ်စေ၏ ။ပ။
ဣတိပိ=လည်း၊(ဝဒတိ=ပြောဆို၏) ပန=ထိုမှတပါး၊ဘူတေန=တကယ်အစစ်
အဖြစ်မှန်ဖြင့်၊ဂုစ္စမာနော=ပြောဆိုအပ်လသော်၊အဝဇာနာတိ=ငြင်းပယ်၏။နော
ပဋိဇာနာတိ-ဝန်မခံ၊ အဘူတေန=တကယ်အစစ်, အမှန်မဖြစ်သော အကြောင်း
အရာဖြင့်၊ ဝုစ္စမာနာသော်၊ “ဣတိပိ=ဤအကြောင်းကြောင့်လည်း၊ ဧတံ=
ဤအကြောင်းအရာသည်၊ အတတ္တံ=မမှန်ကန်၊ ဣတိပိ=ဤအကြောင်း ကြောင့်
လည်း၊ ဧတံ=သည်၊ အဘူတံ=မဟုတ်မှန်၊ ဝါ=တကယ်အစစ်အမှန်ဖြစ်သော
အကြောင်းအရာမဟုတ်၊” ဣတိ=ဤသို ့။ တဿ=ထိုမဟုတ်မမှန်သော့အ
ကြောင်းအရာကို၊ နိဗ္ဗေဌနာယ=ဖြေရှင်းခြင်းငှါ၊ အာတပ္ပံ=လုံ့လဝီရိယကို၊
နကရောတိ=ကြိုးစားအားထုတ်မပြုလုပ်၊ တသ္မာ-ထို ့ကြောင့်(ထိုသို ့ လုံ့လ
ဝီရိယ မစိုက်ထုတ်သည် အဖြစ်ကြောင့်) ဧဝရူပေါ=သော၊ ပုဂ္ဂလော=ကို။ပ။
ဝုစ္စတိ=၏။
ဘိက္ခဝေ=တို ့၊ ဧဝရူပေါသော၊ ပုဂ္ဂလော=ပုဂ္ဂိုလ်သည်၊ လောဘဇေဟိ-
လောဘကြောင့်ဖြစ်ကုန်သော၊ ပါပကေဟိ=ယုတ်မာကုန်သော၊ အကုသလေဟိ=
အကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မေဟိ=တရားတို ့သည်၊ အဘိဘူတော=သည်၊
ပရိယာဒိန္နစိတ္တော=သည်၊ (ဟုတွာ-၍)ဒိဋ္ဌိစေဝ ဓမ္မ=ယခုမျက်မှောက်ဘဝ
၌လည်း၊ ဒုက္ခ=ဆင်းရဲစွာ၊ သဝိဃာတံ-ညှင်းပန်းနှိပ်စက်တတ်သော ဘေးရန်
နှင့်တကွ၊ သဥပါယာသံ=ပြင်းစွာပင်ပန်းခြင်းနှင့်တကွ၊ သပရိဠာဟံ= ကိုယ်စိတ်
ပူလောင်ခြင်းနှင့်တကွ၊ ဝိဟရတိ=နေထိုင်ရ၏။(ဧဝရူပဿ=သော၊ပုဂ္ဂလဿ=
ပုဂ္ဂိုလ်သည်၊ ဝါ=၏)ကာယဿ=ဥပါဒိန္န ကိုယ်ခန္ဓာ၏၊ ဘေဒါ=ပျက်စီးခြင်း
ဟူသော၊ မရဏာ=သေခြင်းမှ၊ ဝါ=သေသည်မှ၊ ပရံစ=နောက်၌လည်း၊ ဝါ=
နောက်ဖြစ်သော ဘဝသစ်ခန္ဓာကို ယူခြင်း၌လည်း၊ ဝါ=နောက်ထပ်ယူအပ်သော
ဘဝသစ်ခန္ဓာကိုယ်၌လည်း၊ ဒုဂ္ဂတိ=ဒုက္ခဖြစ်ရာ ငရဲစသော ဘဝကို၊ပါဋိကင်္ခါ=
အလိုရှိအပ်၏၊ ဝါ=မချွတ်ဧကန်သွားရောက်ရ၏။ပ။ ဒေါသဇေဟိ=ဒေါသ
ကြောင့်ဖြစ်ကုန်သော၊ ပါပကေဟိ=ယုတ်မာကုန်သော အကုသလေဟိ။ပ။

## PAGE 461

မောဟဇေဟိ=မောဟကြောင့်ဖြစ်ကုန်သော၊ ပါပကေဟိ အကုသလေဟိ။ပ။
ဘိက္ခဝေ=တို ့၊ သာလော ဝါ=အင်ကြင်းပင်သည်လည်းကောင်း၊ ဓဝေါ
ဝါ=မျောက်ငိုပင်သည်လည်းကောင်း၊ ဖန္ဒနော ဝါ=ကြို့ပင်သည်လည်းကောင်း၊
တီဟိ=သုံးပင်ကုန်သော၊ မာလုဝလတာဟိ=ခွေးတောက်နွယ်တို့သည်၊ ဥဒ္ဓတ္တော
=အထက်၌ ဖျက်ဆီးအပ်သည်၊ ပရိယောနဒ္ဓေါ=ထက်ဝန်းကျင်၌ ရစ်ပတ်အပ်
သည်၊ (ဟုတွာ=ဖြစ်၍) အနယံ=မကြီးပွားခြင်းသို့ န+အယ။ ပုညကမ္မတော
ဧတိ ဥပ္ပဇ္ဇတိတိ အယော=ကောင်းမှုကံကြောင့်ဖြစ်သော ကြီးပွားခြင်း၊ နှ
အယော အနယော=မကြီးပွားခြင်း] အာပဇ္ဇတိ သေယျထာပိ=ရောက်သကဲ့သို ့
ဗျသနံ=ပျက်စီးခြင်းသို ့၊ အာပဇ္ဇတိ သေယျထာပိ=သို ့၊ အနယဗျသန်=မကြီး
ပွားခြင်း,ပျက်စီးခြင်းသို ့၊ အာပဇ္ဇတိ သေယျထာပိ=သို့၊ ဘိက္ခဝေ=တို ့၊
ဧဝမေဝံ=ဤအတူပင်။ပ။ ဘိက္ခဝေ=တို ့၊ အကုသလမူလာနိ=တို ့သည်၊ ဣမာနိ
တီဏိ=တို ့တည်း။
ဘိက္ခဝေ= ရဟန်းတို့ ၊ ကုသလမူလာနိ=ကုသိုလ်၏ အကြောင်းရင်းတို့
သည်၊ ဝါ=ကုသိုလ်ဟူသော အကြောင်းရင်းတို့သည်၊ ဣမာနိ တီဏိ=ဤ
သုံးမျိုးတို့တည်း။ပ။အလောဘော=အလောဘဟူသော၊ ကုသလမူလံ=ကုသိုလ်
တို ့၏အကြောင်းရင်းလည်းကောင်း၊ဝါ=ကုသိုလ်ဟူသောအကြောင်းရင်း
လည်းကောင်း၊ အဒေါသေားသော၊ ကုသလမူလံ=လည်းကောင်း၊ အမောဟော
အမောဟဟူသော၊ ကုသလမူလံ=လည်းကောင်းတည်း၊ ဘိက္ခဝေ=တို ့၊ ယဒပိ
(ယောအပိ)အလောဘော=အကြင်အလောဘသည်လည်း (အတ္ထိ-ရှိ၏)တဒပိ
(တံအပိ)=ထိုအလောဘသည်လည်း၊ ကုသလမူလံ=ကုသိုလ်တို့၏ အကြောင်း
ရင်းမည်၏၊ ဝါ=ကုသိုလ်ဟူသော အကြောင်းရင်းမည်၏။ အလုဒ္ဓေါ=မတပ်မက်
သည်။ (ဟုတွာ=ဖြစ်၍) ကာယေန=လည်းကောင်း။ ဝါစာယ=လည်းကောင်း၊
မနသာ=လည်းကောင်း၊ (ကမ္မ=ကုသိုလ်အမှုလုပ်ငန်းကို) ယဒပိ အဘိသင်္ခရော
တိ=အကြင်ပေါင်းစုပြုလုပ်အားထုတ်အံ့၊ တဒပိ=ထိုပေါင်းစုပြုလုပ် အားထုတ်ခြင်း
သည်လည်း၊ (ထိုလောဘမဖြစ် မတပ်မက်ဘဲ ကိုယ်နှုတ်စိတ်ဖြင့် ကုသိုလ်အမှ
ကို ပေါင်းစုပြုလုပ် အားထုတ်ခြင်းသည်လည်း)ကုသလံ=ကုသိုလ်မည်၏။
အလုဒ္ဓေါ=သည်၊ လောဘေန=လောဘသည်။ အနဘိဘူတော=
မလွှမ်းမိုးအပ်သည်။ အပရိယာဒိန္နစိတ္တော=ကုန်ခန်းစေအပ်သော ကုသိုလ်စိတ်
မရှိသည်။(ဟုတွာ)ပရဿ=ကို။ပ။ယဒပိ နဥပ္ပါဒယတိ=အကြင်မဖြစ်စေအံ့။
ဣတိပိ=လည်း၊ ယဒပိ နဝဒတိ=အကြင်အင်အားကြီးမားကြောင်း မပြောဆိုအံ့၊
တဒပိ-ထိုသူတပါးကို ဒုက္ခမဖြစ်စေခြင်း, အင်အားကြီးမားကြောင်း မပြော
ဆိုခြင်းသည်လည်း၊ ကုသလံ=ကုသိုလ်မည်၏။ ဣတိ=ဤသို ့လျှင်၊ အဿ=
