## PAGE 471

ဆိတ်ချေးတို ့ကိုယူထား၏၊ ဖြစ်သင့်၍ ထည့်သွင်းထားခြင်းတည်း]။ပ။
ဝါယာမဉ္စ=ပွတ်တိုက်ဖွပ်လျှော်ခြင်း လုံ ့လကိုလည်း။ပ။ သံဃပေါသထံ=
သံဃာဥပုသ်ကို၊ ဝါ=ရှစ်ပါးသော အရိယာသံဃာတော်၏ ဂုဏ်ကို အာရုံပြု၍
စောင့်ထိန်းအပ်သော ဥပုသ်သီလကို။ပ။သံဃေန=အရိယာ သံဃာတော်နှင့်
ပ။သံဃံ=အရိယာသံဃာတော်ကို။ပ။အတ္တနော=မိမိ၏၊ အခဏ္ဍာန် =
အကျိုးအပြတ်မရှိကုန်သော၊ အစ္ဆိဒ္ဒါနိ=အပေါက်မရှိကုန်သော၊ အသဗလာနို=
အကွက်အကြား မရှိကုန်သော၊ အကမ္မာသာနိ-အပြောက်အစက် မရှိကုန်သော၊
ဘုဇိဿာနိ=တဏှာ၏ ကျွန်, တာဝန်မစပ်, လွတ်လပ်သူ၏အဖြစ်ကို
ပြုတတ်ကုန်သော၊ ဝိသုပ္ပသတ္ထာနိ=ဘုရားအစရှိသော … ပညာရှိတို ့သည်
ချီးမွမ်းအပ်ကုန်သော၊ အပရာမဋ္ဌာနိ= တဏှာဒိဋ္ဌိတို ့သည် မှားသောအားဖြင့်
မသုံးသပ် မဆွဲကိုင်အပ်ကုန်သော၊ ဝါ=သီလဝိပတ္တိအပြစ်ဖြင့် မည်သူကမျှ
မစွပ်စွဲ မသုံးသပ်အပ်ကုန်သော၊ သမာဓိသံဝတ္တနိကာနို= (ဥပစာရ, အပ္ပနာ
နှစ်ဖြာသော) သမာဓိကိုဖြစ်စေတတ်ကုန်သော၊ ဝါ=မဂ်ဖိုလ်သမာဓိကို
ဖြစ်စေတတ်ကုန်သော၊ သီလာနိ= သီလတို ့ကို၊ အနုဿရတိ=၏၊ သီလံ=
မိမိ၏သီလကို၊ (အခဏ္ဍာ, အစ္ဆိဒ္ဓတာစသောဂုဏ်နှင့်ပြည့်စုံသော မိမိသီလကို)
<
၁။ အခဏ္ဍာနိ အစ္ဆိဒ္ဒါနိ အသဗလာနို ။ ။ ၎င်းပုဒ်တို ့ကို ဝိသုဒ္ဓိမဂ်
(ပ-၂၁၅)နှင့် ဤအင်္ဂုတ္တိုရ် အဋ္ဌကထာ (တ-နှာ ၉၄)အဖွင့်အတိုင်း
အကျယ်တဝင့် အနက်ပေးလိုလျှင် “အခဏ္ဍာနိ=အဝတ်အနားဝယ်,
ပြတ်သည့်နှယ်သို့, အစဝယ် ပျက်စီး,အဆုံးလည်းတရပ်,အကျိုးအပြတ်
မရှိကုန်သော၊ အဝတ်၏ အစွန်းအနား ပြတ်နေသကဲ့သို ့ဆောက်တည်ထား
အပ်သော သီလတို ့တွင် အစဘက် သီလလည်းမကျိုးပြတ်၊ အဆုံးဘက်
သီလလည်း မကျိုးပြတ်ဟူလို] အစ္ဆိဒ္ဒါနိ=အဝတ်အလယ်, ပေါက်သည့်
နှယ်သို့,အလယ်ဖေါက်ဘိ, အပေါက်မရှိကုန်သော၊ အသဗလာနိ*နွားကျားပုံးမှီး,
တဆက်တည်းဖြင့်; ပျက်စီးနှစ်ထွေ, သုံးထွေ ပျက်ပြား,အကွက်အကြား
မရှိကုန်သော၊ အကမ္မာသာနို့=ဝါစေ့ ပြောက်နွား, ပုံအလားသို, ကြိုးကြား
ပေါက်လျက် အပြောက်အစက် မရှိကုန်သော” ဟုအနက်ဆိုပါ။
.
ကျွန်မဟုတ်သူ, ကျွန်ဘဝမှ လွတ်မြောက်သူကို ဘုဇိဿဟုခေါ်၏၊
ဤ၌ကား “ဘုဇိဿံ ကရောန္တိတိ ဘုဇိဿကရာနိ” ဟု ဝစနတ္ထပြု၍
(ကရပုဒ်ကိုလည်းချေ၍) “တဏှာ၏ကျွန်အဖြစ်မှ လွတ်မြောက်သူဖြစ်အောင်
(လောကီ အာရုံ မစုံမမက် ဝဋ်မှထွက်ရာ နိဗ္ဗာန်ကို အာရုံပြုနေသူဖြစ်အောင်)
ပြုတတ်သော သီလတို့ကို ဘုဇိဿ ဟုခေါ်သည်။
အံသျ၊ ပ-၆၆

## PAGE 472

အနုဿရတော=ထပ်တလဲလဲအောက်မေ့သော၊ တဿ=ထိုအရိယသာဝက၏
။ပ။အာဒါသ=ကြေးမုံကို၊ ဝါ=မှန်ကို။ပ။ တေလဉ္စ=ဆီကိုလည်း။ပ။
ဆာရိကဉ္စ=ပြာကိုလည်း။ပ။ ဝါလဏ္ဍပကဉ္စ=မြင်းမြီး ချေးပွတ်ခွေကိုလည်း၊
ဝါဒသင်ပေါင်းလျှော်ချည် စသည်တို့ဖြင့် ပြုလုပ်အပ်သော ချေးပွတ်ခွေကိုလည်း။
ဝါလေဟိ ကတံ အဏ္ဍုပကံ ဝါလဏ္ဍုပကံ ။ပ။ ဝါယာမဉ္စ=ပွတ်တိုက်ခြင်း
လုံ့လကိုလည်း။ပ။ သီလုပေါသထံ=သီလဥပုသ်ကို၊ ဝါ=မိမိသီလကို
ထပ်တလဲလဲဆင်ခြင်လျက် စောင့်ထိန်းအပ်သော ဥပုသ်ကို။ပ။သီလေန=
သီလနှင့်။ပ။
ဒေဝတာ=နတ်ဗြဟ္မာတို ့ကို၊ ဝါ=နတ်ဗြဟ္မာတို ့ကို သက်သေအရာ၌
ထား၍ ဆင်ခြင်အောက်မေ့သင့်သော မိမိ၏သဒ္ဓါစသော ဂုဏ်တို့ကို၊ အနုဿရ
တိ=၏ (ကိန္တိ အနုဿရတိ) စာတုမဟာရာဇိကာ=စာတုမဟာရာဇ်ဖြစ်ကုန်
သော၊ ဝါ=လေးယောက်သော နတ်မင်းကြီးရှိကုန်သော၊ ဝိဂြိုဟ်နက်တည်း၊
ဒုကနိပါတ်ဋီကာ၊ နှာ-၃၁-နှင့် ဝိသုဒ္ဓိမဂ်ဋီကာ၊ ပ-၂၈၄]ဒေဝါ=နတ်တို့သည်၊
သန္တိ=ရှိကုန်၏။တာဝတိံ သာ=တာဝတိံ”သာဖြစ်ကုန်သော၊ ဝါ=၃၃ယောက်
သော ကောင်းမှုပြုဖက် 'ပုဂ္ဂိုလ်တို့၏ဖြစ်ရာဘုံဟူသော နေရာရှိကုန်သော၊
ဒေဝါ=နတ်တို ့သည်။ သန္တိ=ရှိကြကုန်၏၊ယာမာ=ယာမာဖြစ်ကြကုန်သော၊
'ဝါ=ဒုက္ခမှကင်းကွာကုန်သော။ပ။ တုသိတာ=တုသိတာဖြစ်ကုန်သော၊ ဝါ=
မိမိ၏ဂုဏ်ကျက်သရေ ပြည့်စုံမှုကို နှစ်သက်ကျေနပ်ခြင်းသို ့ ဆိုက်ရောက်
နေကြကုန်သော၊ဝါ=နှစ်သက်မှုပီတိသည် ကပ်ရောက်အပ်ကုန်သော။ပ။
နိမ္မာနရတိနော=နိမ္မာနရတိ ဖြစ်ကုန်သော၊ ဝါ=စည်းစိမ်တို့ကို ဖန်ဆင်းခြင်း၌
မွေ့ လျော်မှုရှိကုန်သော။ပ။ ပရနိမ္မိတဝသဝတ္တိနော=ပရနိမ္မိတဝသဝတ္တီ ဖြစ်
ကုန်သော၊ ဝါ=သူတပါး ဖန်ဆင်းပေးအပ်သော စည်းစိမ်တို့၌ မိမိအလိုအတိုင်း
ဖြစ်စေနိုင်ကုန်သော၊ ဒေဝါ= နတ်တို ့သည်၊ သန္တိ=ရှိကုန်၏။ ဗြဟ္မကာယိကာ=
ပဌမဈာန်ဘုံသား ဗြဟ္မာအပေါင်း၌ အပါအဝင်ဖြစ်ကုန်သော၊ ဒေဝါ=
ဗြဟ္မာတို့သည်၊ သန္တိ=၏၊ တတော=ထိုပဌမဈာန်ဘုံသားဗြဟ္မာတို့မှ၊ ဥတ္တရိ=
အထက်ပရိတ္တာဘာ စသည်ဖြစ်ကုန်သော၊ ဒေဝါ=ဗြဟ္မာတို ့သည်၊ သန္တိ-၏၊
ယထာရူပါယ=အကြင်သို ့သဘောရှိသော၊ သဒ္ဓါယ=သဒ္ဓါတရားနှင့်၊
(အရိယမဂ်ကိုရခြင်းကြောင့်ဖြစ်ပေါ်လာသော သဒ္ဓါတရားနှင့်) သမန္နာဂတာ=
ပြည့်စုံကုန်သော၊တာ ဒေဝတာ=ထိုနတ်ဗြဟ္မာတို ့သည်။ဣတော=ဤလူ့ဘဝမှ၊
စုတာ=ရွေ့ လျောစုတေ သေလွန်ကြကုန်၍၊ တတ္ထ-ထိုနတ်ဗြဟ္မာအပေါင်း၌၊

## PAGE 473

၂’မဟာဝဂ်၊၁၀-ဥပေါသထသုတ်
ဥပပန္နာ=ဖြစ်ကုန်ပြီ၊ မယှမ္ပိ=ငါ့မှာလည်း၊တထာရူပါ =ထိုသို ့သဘောရှိသော၊
(ထိုနတ်ဗြဟ္မာအပေါင်း၌ ဖြစ်စေနိုင်ခြင်း သဘောရှိသော) သဒ္ဓါ=သဒ္ဓါတရား
သည်၊ သံဝိဇ္ဇတိ=ရှိ၏။ ယထာရူပေန=အကြင်သို ့သဘောရှိသော၊ သီလေန=
သီလနှင့်၊(အရိယမဂ်ကိုရခြင်းကြောင့် ဖြစ်ပေါ်လာသော သီလနှင့်) သမန္နာ
ဂတာ=ကုန်သော။ပ။တထာရူပံ-ထိုသို ့သဘောရှိသော၊ သီလံ=သီလသည်၊
သံဝိဇ္ဇတိ ၏။
ယထာရူပေန=သော၊ သုတေန=ပရိယတ္တိဓမ္မဟူသော သုတနှင့်၊ ဝါ=
ကြားနာသင်မှတ်ထားအပ်သော သုံးဖြာပိဋကတ် ပရိယတ်တရားနှင့်၊သတ္တက
နိပါတ်စာပိုဒ်-၆- ဝိတ္ထတဓနသုတ်၊ နှာ-၃၃၉-ကြည့်]။ပ။ စာဂေန=စွန့်ကြဲပေး
ကမ်းလှူဒါန်းခြင်းနှင့်။ပ။ ပညာယ=ပညာနှင့်။ပ။ တထာရူပါ=သော၊ ပညာ=
`ပညာသည်၊ သံဝိဇ္ဇတိ=ရှု၏၊ ဣတိ=သို၊ (အနုဿရတိ=ထပ်တလဲလဲ
အောက်မေ့အမှတ်ရနေ၏) အတ္တနောစ=မိမိ၏လည်းကောင်း၊ တာသံ
ဒေဝတာနဉ္စ=ထိုနတ်ဗြဟ္မာတို့၏လည်းကောင်း၊ သဒ္ဓဉ္စ=သဒ္ဓါတရားကိုလည်း
ကောင်း၊ သီလဉ္စ=သီလကိုလည်းကောင်း၊ သုတဉ္စ=ပရိယတ္တိဓမ္မဟူသော
သုတကိုလည်းကောင်း၊ စာဂဉ္စ=စွန့် ကြဲပေးကမ်း လှူဒါန်းခြင်းကိုလည်းကောင်း၊
ပညဉ္စ=ပညာကိုလည်းကောင်း၊ အနုဿရတော=ထပ်တလဲလဲအောက်မေ့အမှတ်
ရနေသော၊တဿ=ထိုအရိယသာဝက၏၊ စိတ္တံ=စိတ်သည်၊ ပသီဒတိ=၏။ပ။
ဇာတရူပဿ=ရွှေကို။ပဥက္ကဉ္စ=မီးဖိုကိုလည်း၊
ဥက္ကန္တိ ဥဒ္ဓနံ-ဟု ဖွင့်ခြင်းကြောင့်
ပန်းထိမ်သည်တို ့၏ မီးဖို(ကမ္မာရုဒ္ဓန)ကိုသာယူရမည်၊ မူသာ (မိုက်ခွက်=
လုံ)ကိုမယူရ] ပဋိစ္စ= စွဲ၍၊ လောဏဉ္စ=ဆားငံမြေညက်ကိုလည်း။ပ။ ဂေရုကဉ္စ=
ပျံ့နှံမှုန် ကိုလည်း။ပ။ နာဠိက, သဏ္ဍာသဉ္စ=မီးမှုတ်ဖို့ပြောင်းနှင့် လှန်လှော
ဖို့ညှပ်ကိုလည်း။ပ။ ဝါယာမဉ္စ=လုံ့လကိုလည်း၊ (မီးဖို၌ရွှေကိုထည့်ခြင်း,
မီးမှုတ်ခြင်း, ညှပ် ဖြင့်လှန်လှောပေးခြင်း စသော လုံ့လကိုလည်း) ပဋိစ္စ=စွဲ၍၊
(ပရိယောဒပနာ=သည်၊ဟောတိ)။ပ။ ဒေဝတုပေါသထံ=နတ်ဥပုသ်ကို၊ ဝါ=
နတ်ဗြဟ္မာတို ့ကို သက်သေအရာ၌ထား၍ မိမိ၏သဒ္ဓါစသောဂုဏ်တို ့ကို
ဆင်ခြင်အောက်မေ့လျက် စောင့်ထိန်းအပ်သော ဥပုသ်သီလကို။ပ။ဒေဝတာ
ဟိ=နတ်ဗြဟ္မာတို ့နှင့်၊ သဒ္ဓိ =အတူတကွ၊ သံဝသတိ=၍၊ဝုစ္စတိ=၏ (အဿ=
ထိုအရိယသာဝက၏ )စိတ္တံ=စိတ်သည်၊ ဒေဝတာ=နတ်ဗြဟ္မာတို့ကို၊ အာရဗ္ဘ=၍၊
ပသီဒတိ၏။
ဝိသာခေ=ဝိသာခါ၊ သ သော အရိယသာဝကော=ထိုအရိယာဖြစ်သော
တပည့်သည်၊ ဣတိ=ဤသို ့၊ ပဋိသန္နိက္ခတိ=စဉ်းစားဆင်ခြင်၏၊ (ကိန္တိ=
