## PAGE 474

"
အဘယ်သို့၊ ပဋိသန္နိက္ခတိ-စဉ်းစားဆင်ခြင်သနည်းဟူမူ) ယာဝဇီဝံ=အသက်ကုန်
ဆုံးသည်တိုင်အောင်၊ အရဟန္တော=ရဟန္တာပုဂ္ဂိုလ်တို့သည်၊ပါဏာတိပါတံ =
၁။ ပါဏာတိပါတ။ ။ပါဏ+အတိပါတံ။ ဤ၌ ပညတ်အားဖြင့်
သတ္တဝါကိုလည်းကောင်း, ပရမတ္ထအားဖြင့် ရုပ်ဇီဝိတိန္ဒြေနှင့် နာမ်ဇီဝိတိန္ဒြေ
(ရုပ်အသက်နှင့် နာမ်အသက်) ကိုလည်းကောင်း ပါဏဟုခေါ်၏။ ထို ့ကြောင့်
ထိုပညတ် ပရမတ်အခေါ်အဝေါ်နှစ်မျိုးလုံးပါဝင်အောင် “သတ္တဝါ,အသက်”ဟု
အနက်ပြန်ဆိုထားသည်၊ (သတ္တဝါ၏ အသက်ဟုအဓိပ္ပါယ်မယူရ)
အတိ=လျင်မြန်စွာ၊ ဝါဓားလက်နက်စသည်တို ့ဖြင့် လွှမ်းဖိနှိပ်စက်
ရိုက်နှက်၍၊ ပါတန=လျောကျစေခြင်း (လျှော့ချခြင်း၊ သတ်ခြင်း)
လျောကျစေခြင်း ဟူသော အခြင်းအရာအားဖြင့် ဖြစ်သော ဒေါသသမ္ပယုတ်
စေတနာ စေတသိက် တည်း။ ၎င်းကို ဒုဿီလျစေတနာ (သီလမရှိသူ၏
ဖြစ်ကြောင်း စေတနာ)ဟုဆိုသည်။ အဟီဝ (သီင်္ဃ)ပါတနံ အတိပါဟော၊
အတိက္ကမ္မ ဝါ သတ္ထာဒီဟိ အဘိဘဝိတွာ ပါတနံ.အတိပါတော။ သီလက္ခန်ဋီကာ၊
ပဟာယနှင့် ပဋိဝိရတထူးခြားချက်။ ။ပါဏာတိပါတံ ပဟာယ
(ပါဏာတိပါတကို ပယ်ပြီးသည်မှစ၍) ပါဏာတိပါတာ ပဋိဝိရတာ
(ပါဏာတိပါတမှ အမြဲအစဉ် တသမတ်တည်း' ရှောင်ကြဉ်၍သာနေကြ၏၊
အဘယ်အခါမျှ ပါဏာတိပါတအမှုကို မပြုကြတော့ဟူလို)
ဤ၌“ပဟာယ=ပယ်ပြီး၍၊ ပဋိဝိရတ=ရှောင်ကြဉ်၏”ဟုဆိုသဖြင့်
“ရှေးဦးစွာပယ်သည်၊ ထို ့နောက်မှရှောင်ကြဉ်သည်”ဟုအဓိပ္ပါယ်သက်ရောက်
သော်လည်း ပယ်ခြင်းနှင့် ရှောင်ကြဉ်ခြင်းကို တိတိကျကျ ရှေ့နောက်ခွဲခြား၍
မဖြစ်နိုင်ပါ၊ သို့သော် အကြောင်းနှင့်အကျိုး အတူတကွ တပြိုင်နက်(သဟဇာတ)
ဖြစ်ရာ၌ပင် ' အကြောင်းကြိယာကိုရှေ့ ကြိယာ(ပုဗ္ဗကာလကြိယာ)ဟု
လည်းကောင်း, အကျိုးကြိယာကို နောက်ကြိယာ(အပရကာလကြိယာ)ဟု
လည်းကောင်း ခွဲခြား ယူနိုင်၏။
ထို ့ကြောင့် မဂ္ဂင်ရှစ်ပါးတို ့တွင် (၁) ဝိရတိမဂ္ဂင်သုံးပါးမှ တပါးသော
သမ္မာဒိဋ္ဌိစသော မဂ္ဂင်ငါးပါးကို သဟဇာတအကြောင်း ပစ္စည်းအဖြစ်ဖြင့်
လည်းကောင်း (၂) သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝဟူသော ဝိရတိ
မဂ္ဂင်သုံးပါးကို သဟဇာတအကျိုး ပစ္စယုပ္ပန်အဖြစ်ဖြင့်လည်းကောင်း ဤသို့
အကြောင်း,အကျိုး (ပစ္စည်း, ပစ္စယုပ္ပန်) ခွဲခြားပြီးလျှင် ပဟာယပုဒ်အရ
သဟဇာတအကြောင်း ပစ္စည်းဖြစ်သော (၁)မဂ္ဂင်ငါးပါးကိုယူ၍ ထိုငါးပါးဖြင့်

## PAGE 475

သတ္တဝါ,အသက်ကိုသတ်ခြင်းကို၊ ဝါ=သတ္တဝါ, အသက်ကို လျင်မြန်စွာလျောကျ
စေခြင်းဟူသော စေတနာကို၊ဝါ=သတ္တဝါအသက်ကို ဓားလက်နက် စသည်
ပါဏာတိပါတကို ပယ်ခြင်းကို ပုဗ္ဗကာလကြိယာဟု ဆိုရ၏၊ ပဋိဝိရတပုဒ်အရ
သဟဇာတအကျိုး ပစ္စယုပ္ပန်ဖြစ်သော (၂)မဂ္ဂင်သုံးပါးကိုယူ၍ ထိုသုံးပါးဖြင့်
ပါဏာတိပါတမှ ရှောင်ကြဉ်ခြင်းကို အပရကာလကြိယာဟုဆိုရ၏။ ဤသို့
စသည်ဖြင့် ဋီကာတို့၌ ပဟာယနှင့် ပဋိဝိရတတို ့၏ ထူးခြားပုံကို (၃)နည်း
ဖွင့်ပြကြ၏။ ထိုအတိုင်း အနက်ပေးပုံမှာ-
ပါဏာတိပါတံ=ကို၊ ပဟာယ=သဟဇာတပစ္စည်းဖြစ်သော သမ္မာဒိဋ္ဌိ
စသော မဂ္ဂင်ငါးပါးဖြင့်ပယ်ပြီး၍၊ ပါဏာတိပါတာ=မှ၊ ပဋိဝိရတာ=သဟဇာတ
ပစ္စယုပ္ပန် ဖြစ်သော သမ္မာဝါစာ စသော ဝိရတိမဂ္ဂင်သုံးပါးဖြင့် ရှောင်ကြဉ်ကုန်
လျက် (တနည်း)ပါဏာတိပါတံ=ကို၊ ပဟာယ-မဂ်ဖြင့် သမုစ္ဆေဒအစွမ်းဖြင့်
ပယ်ပြီး၍၊ ပါဏာတိပါတာ=မှ၊ ပဋိဝိရတာ=ဖိုလ်ဖြင့် ပဋိပ္ပဿမ္ဘနအစွမ်းဖြင့်
ရှောင်ကြဉ် ကုန်လျက် (တနည်း) ပါဏာတိပါတံ-သတ္တဝါ,အသက်ကို
လျင်မြန်စွာ လျောကျစေကြောင်းဖြစ်သော အဟိရိက,အနောတ္တပ္ပ,
ဒေါသ, မောဟ, ဝိဟိံသာစသော ကိလေသာအပေါင်းကို၊ ပဟာယ=
အရိယမဂ်ဖြင့် ပယ်ပြီး၍၊ပါဏာ တိပါတာ=သတ္တဝါ, အသက်ကိုလျင်မြန်စွာ
လျောကျ စေခြင်းဟူသော ဒုဿီလျ စေတနာမှ၊ ပဋိဝိရတာ= အမြဲအစဉ်
ရှောင်ကြဉ်ကြကုန်လျက်”ဟု အနက်ဆိုပါ၊ အဒိန္နာဒါနံ ပဟာယ စသည်တို ့၌
လည်း ဤနည်းမှီး၍အနက် (၃)နည်းဆိုလေ။
။
ပဋိဝိရတပုဒ်နက် စိစစ်ချက် ။ ။ ဤ၌“ပဋိ,ဝိ” ဥပသာရတို့သည်
ရမုဓာတ် ၏မွေ့လျော်ခြင်းအနက်ကို တားမြစ်သော ဓာတုတ္ထဗာဓကတို ့တည်း၊
သီလက္ခန် ဋီကာသစ် (ပ-၃၂၅)၌ကား “ပတိ(အဘိမုခ)= ရှေ့ရူ+ဝိ(ဝိသေသ)=
အထူးအားဖြင့်+ရတ=ရှောင်ကြဉ်၏”ဟူ၍ အနက်တနည်းဖွင့်ထား၏၊ သို့သော်
ရတပုဒ်ချည်း သက်သက်မှာ “ရှောင်ကြဉ်၏”ဟူ၍ အနက် မဖြစ်နိုင်သောကြောင့်
“ပဋိဝိရတ=(ပါဏာတိပါတမှ) ရှေ့ရှုအထူးအားဖြင့် မွေ့လျော်၏" ဟူ၍
မဆီမလျော် အနက်အဓိပ္ပါယ်ဖြစ်လာနိုင်၏။
ထိုကြောင့် ပဋိဝိရတာ၌ အနက်တနည်းဖွင် ့လိုလျှင် အဋ္ဌသာလိနီ(၂၆၃)
အတိုင်း“ပဋိ=ပဋိနိဝတ္တ=(ပါဏာတိပါတစသည်တို့မှ) ဆုတ်ခွာပြီး၍+ဝိ=ဝိနာ=
(ထိုပါဏာတိပါတ စသည်တို ့နှင့်)ကင်းရှင်းစွာ+ရားမွေ့လျော်သူ” ဟု
အနက်ဖွင့်သင့်၏။ “ပါဏာတိပါတာဒီဟိ ပဋိနိဝတ္တာ ဟုတွာ တေဟိ ဝိနာ
ရမန္တီတိ ပဋိဝိရတာ”ဟု ဝိဂြိုဟ်ပြုပါ။

## PAGE 476

တို့ဖြင့် လွှမ်းဖိနှိပ်စက်၍ လျောကျစေခြင်းဟူသော စေတနာကို၊
ဝါ=သတ္တဝါအသက်ကို ဓားလက်နက်စသည်တို့ဖြင့် လွှမ်းဖိနှိပ်စက်၍
လျောကျစေကြောင်းဖြစ်သော . စေတနာကိုလျောကျစေခြင်းဟူသည်
သတ်ခြင်းပင်တည်း ပဟာယ=ပယ်ပြီး၍၊ ဝါ=ပယ်ပြီးသည်မှစ၍၊ ပါဏာတိ
ပါတာ=သတ္တဝါ, အသက်ကိုသတ်ခြင်းမှ၊ဝါ=သတ္တဝါအသက်ကို လျင်မြန်စွာ
လျောကျစေခြင်းဟူသော စေတနာမှ၊ ဝါ=မှ၊ ပဋိဝိရတာ=အမြဲအစဉ်ရှောင်·
ကြဉ်ကုန်လျက်၊ဝါ=ဆုတ်ခွာပြီးကာ,` ကင်းရှင်းစွာ ပျော်မွေ့ကြကုန်လျက်၊
နိဟိတဒဏ္ဍာချထားအပ်သော တုတ်ရှိကုန်လျက်၊ ဝါ=သူတပါးကို ညှင်းဆဲ
သတ်ဖြတ်ခြင်းငှါ တုတ်မကိုင်ဆောင်ကြဘဲ၊ နိဟိတသတ္ထာ=ချထားအပ်သော
အခြားလက်နက်ရှိကုန်လျက်၊ ဝါ=ဘဲ၊ လဇ္ဇီမကောင်းမှုမှ ရှင့်ကုန်လျက်၊
ဒယာပန္နာ=သတ္တဝါတို့ကို စောင့်ရှောက်တတ်သော မေတ္တာသို့ ဆိုက်ရောက်
ကုန်လျက်၊ သံဗ္ဗပါဏဘူတဟိတာနုကမ္ပိ =အားလုံးသော သတ္တဝါမှန်သမျှတို့ကို
အစီးအပွားဖြင့် ငဲ့ညှာထောက်ထား သနားကုန်လျက်၊ ဝိဟရန္တိ=နေတော်မူကြွ
ကုန်၏။
အဟံပိ=ငါလဲဘဲ၊ အဇ္ဇ=ယနေ့၊ ဣမဉ္စ ရတ္တိ=ဤညဉ့်၌လည်းကောင်း၊
ဝါ=ဤညဉ့်ပတ်လုံးလည်းကောင်း။ ဣမဉ္စ ဒိဝသံ=ဤနေ့ ၌လည်းကောင်း
ဝါ=ဤနေ့ ပတ်လုံးလည်းကောင်း။ပ။ ပဋိဝိရတော=ရှောင်ကြဉ်လျက် နိဟိတ
ဒဏ္ဍာ=ချထားအပ်သောတုတ်ရှိလျက်၊ နိဟိတသတ္ထော=ရှိလျက်၊ဧကဝုစ်
အနက်ဆိုပါ] လဇ္ဇီ=မကောင်းမှုအကုသိုလ်မှရှက်လျက်။ ဒယာပန္နော။ .....သို့
ဆိုက်ရောက်လျက်၊ သဗ္ဗပါဏ ဘူတဟိတာနုကမ္ပ= ....သနားလျက်၊ ဝိဟရာမိ=
------
၁။ပါဏဘူတပုဒ်နက် စိစစ်ချက် ။ ။“ပါဏဘူတေတိ ပါဏဇာတေ”
ဟုသာ ဋီကာ ဖွင့်ရကား မနုဿဘူတပုဒ်ကဲ့သို ့ပင်” ပါဏာ ဟုတွာ ဘူတာ
ပါဏဘူတာ (သတ္တဝါဖြစ်၍ ဖြစ်သူများ၊သတ္တဝါ ဖြစ်သူမှန်သမျှ)ဟု ဝစနတ္ထ
ကြံပါးဇာတဖြင့် ဖွင့်ခြင်းကြောင့် ဘူတအတွက် အနက်ထူးထူးထွေထွေ
ကြံဘို့မလိုပါ၊ သဗ္ဗေ သတ္တာ, သဗ္ဗေ ပါဏာ,သဗ္ဗေ ဘူတာစသည်ဖြင့်
• သတ္တဝါ အနက်ဟောပရိယာယ်ပုဒ် များစွာပါသော မေတ္တာပို ့ ဝါကျ၌သာ
တပုဒ်နှင့်တပုဒ် အသံထွက်မတူအောင် ဝိဂြိုဟ်နက်ပြန်ဆိုဘို့ လိုပါသည်။
သို ့သော် သီလက္ခန်ဋီကာ သစ်(ပ-၃၂၈) အဖွင့်အတိုင်း အနက်ဆိုလျှင်ကား
“ပါဏဘူတ=ဖြစ်သော ရုပ်သက်နာမ်သက် ဇီဝိတိန္ဒြေရှိသော သတ္တဝါ၊
ဝါးဖြစ်သောထွက်လေ ၀င်လေရှိသောသတ္တဝါ၊ ဝါ=ရုပ်သက်နာမ်သက်ရှိ၍
ထိုထိုကံအားလျော်စွာဖြစ်သော သတ္တဝါ”ဟု ဆိုရပေလိမ့်မည်။
"
