## PAGE 480

လောကဿ=သတ္တဝါအပေါင်းကို၊ အဝိသံဝါဒကာ=မလွဲချော် စေတတ်ကုန်။ပ။
ပဋိဝိရတော=ရှောင်ကြဉ်ပါ၏၊ သစ္စဝါဒီ=မှန်ကန်သောစကားကိုသာပြောဆို
ပါ၏၊ သစ္စသန္ဓောဆက်စပ်ပါ၏၊ ထေတော=တံ့ပါ၏။ ဝါး၏၊
ပစ္စယိကော=ထိုက်ပါ၏၊ လောကဿ=ကို၊အဝိသံဝါဒကော=မလွဲချော်စေ
တတ်ပါ။ပ။
သုရာမေရယမဇ္ဇပမာဒဋ္ဌာနံ=မေ့လျော့ခြင်း၏ တည်ရာအကြောင်းဖြစ်
သော မူးယစ်စေတတ်သော သေရည်အရက်ကို သောက်ကြောင်းစေတနာ
ကို၊[ပမာဒဿဌာနံ ပမာဒဋ္ဌာနံ=မေ့လျော့ခြင်း၏တည်ရာအကြောင်းဖြစ်
သော+ပိဝတ္တံ မဒယတီတိ မဇံ=သောက်သောသူကို မူးယစ်စေတတ်သော+
သုရာ,မေရယ=သေရည်,အရက်။ ဤ၌ကား ၎င်းကိုသောက်ကြောင်း စေတနာ
တိုင်အောင် ဌာနပစာရ, ကာရဏူပစာရအားဖြင့်ယူပါ] ဝါ=မူးယစ်စေ
တတ်သော သေရည်အရက်၌ မေ့လျော့ခြင်း၏တည်ရာအကြောင်း ရင်းဖြစ်သော
သောက်ကြောင်းစေတနာကို သုရာမေရယမဇ္ဈေ=မူးယစ်စေတတ်သော သေရည်
အရက်၌+ပမာဒဋ္ဌာနံ=မေ့လျော့ခြင်း၏ တည်ရာအကြောင်းဖြစ်သော
သောက်ကြောင်းစေတနာ ပဟာယ=၍၊ သုရာမေရယမဇ္ဇပမာဒဋ္ဌာနာ
စေတနာမှ၊ ပဋိဝိရတော=ရှောင်ကြဉ်ပါ၏။ပ။
ဧကဘတ္တိကာ=တထပ်တည်းသော နံနက်စာဆွမ်း ရှိတော်မူကြကုန်၏၊
ကဘတ္တိကာ ရတ္တုပရတာ ။ ။ ဧကံ ဘတ္တံ ဧကဘတ္တံ၊ ဧကဘတ္တံ
ဧတေသံ အတ္တီတိ ဧကဘတ္တိကာ= တထပ်တည်းသောဆွမ်းရှိတော်မူကြသော
ရဟန္တာအရှင်မြတ်များ။ တနေ့၌ တကြိမ်သာ (တထပ်သာ)ဘုဉ်းပေးတော်မူ
ကြသောရဟန္တာအရှင်မြတ်များ။ သို ့ဖြစ်လျှင် ဤဧကဘတ္တိကာဟူသော
စကားဖြင့် မည်သည့်အချိန်ဟု သတ်မှတ်ထားခြင်းမရှိရကား ညဉ့်အချိန်နှင့်
မွန်လွဲချိန်တို ့၌ တထပ်တည်းဘုန်းပေးလျှင်လည်း ဧကဘတ္တိက
ဖြစ်နိုင်လေသလောဟု ယုံမှား တွေးတောဖွယ်ရှိနေ၏၊ ထို့ ကြောင့်“ ရတ္တုပရတာ၊
ဝိရတာ ဝိကာလဘောဇနာ” ဟူသော' စကားနှစ်ရပ်ကို မိန့်တော်မူ၏။
အရုဏ်တက်ချိန်မှစ၍ နေမွန်းမလွဲမီအချိန်သည် ဘုရားအစရှိသော
အရိယာသူတော်ကောင်းတို ့၏ အလေ့အကျင့် ထုံးတမ်းစဉ်လာဖြစ်သော
ဆွမ်းဘုဉ်း ပေးချိန်ဖြစ်၏၊ ထိုသူတော်ကောင်းတို့သည် ကျန်သောအချိန်များ၌
ဆွမ်းဘုဉ်းပေးခြင်းမှ ရှောင်ကြဉ်တော်မူကြသည်ဟု ထိုစကားနှစ်ရပ်ဖြင့်
ဖော်ပြထားသည်။ ရတ္တိယာ ဘောဇနံ ရတ္တိ= ညဉ့်အချိန်၌စားခြင်း၊
ရတ္တိဘောဇနံ--ဟုဆိုလိုလျက် ဘောဇန္ဒဟူသော နောက်ပုဒ်ကိုချေထားသည်။

## PAGE 481

ဝါးနေမွန်းမလွဲမီအတွင်း နံနက်ဆွမ်း တထပ်သာ ဘုဉ်းပေးတော်မူကြကုန်၏၊
ရတ္တူပရတာ=ညဉ့်၌စားခြင်းမှ ရှောင်ကြဉ် တော်မူကြကုန်၏၊ [ရတ္တိ+ဥပရတာ]
ရတ္တိယာ ဥပရတာ ရုတ္တူပရတာ=ညဉ့်၌ဘုဉ်းပေးခြင်းမှ ရှောင်ကြဉ်တော်
မူကြသော အရှင်မြတ်များ။
၁။ နစ္စဂီတဝါဒိတ.....ဋ္ဌာနာ ။ ။ နစ္စနံ နစ္စံ=ကိုယ်တိုင်ကခြင်း၊ နှစ္စာပနှံ
နစ္စံ=သူတပါးကို ကစေခြင်း(အကခိုင်းခြင်း) ဤနည်းအားဖြင့် နစ္စသဒ္ဒါ
နှစ်ပုဒ်ဖြစ်၏။ ထို ့ကြောင့်ပင်“ကိုယ်တိုင်ကခြင်း သူတပါးကို အကခိုင်းခြင်း”ဟု
အနက်လည်း နှစ်မျိုးဆိုရ၏။ သို ့သော် ထိုနှစ်ပုဒ်လုံးပင် နစ္စ သဒ္ဒါချည်းဖြစ်၍
သဒ္ဒါချင်းတူသောကြောင့် သာမညနိဒ္ဒေသနည်း (တူရာ ပေါင်းနည်း)အားဖြင့်
ပါဠိတော်၌ နစ္စသဒ္ဒါ တပုဒ်တည်းသာဟောထားသည် (တနည်း) နစ္စဉ္စ
နစ္စ နစ္စံ’ဟု သရူပေကသေသ်သော်လည်းပြု။ ထို့အတူ ဂါယနှံ ဂီတံ=ကိုယ်တိုင်
သီချင်းဆိုခြင်း၊ ဂါယာပနံ ဂီတံ= သူတပါးကို သီချင်း ဆိုခိုင်းခြင်း၊ ဂီတဉ္စ
ဂီတဉ္စ ဂီတံ။ ဝါဒနံ ဝါဒိတံ=ကိုယ်တိုင်တီးမှုတ်ခြင်း၊ဝါဒါပနံ ဝါဒိတံ-သူတပါးကို
တီးမှုတ်ခိုင်းခြင်း၊ဝါဒိတဉ္စ ဝါဒိတဉ္စ ဝါဒိတံ။ ဤသို့အားဖြင့် ဂီတနှင့်
ဝါဒိတ သဒ္ဒါတို ့သည်လည်း အနက်နှစ်မျိုးစီရှိသောကြောင့် သဒ္ဒါလည်း
နှစ်ပုဒ်စီပင် ရှိရမည်ဖြစ်သော်လည်း သာမညနိဒ္ဒေသနည်း, ဧကသေသ
နည်းအားဖြင့် တပုဒ်စီသာ ပါဠိတော်၌ ရှိပါသည်။
ဝိသူကဒဿနံ၌ ဒဿနအရ ကြည့်ရှုခြင်းကိုသာမက (ဒဿနဉ္စ
သဝနဉ္စ ဒဿနံဟု ဝိရူပေကသေသ်ပြု၍)နားထောင်ခြင်း(သဝန)
ကိုလည်းယူရ၏။ ထိုကပြ သီဆို, တီးမှုတ်မှုတို ့ကို ကြည့်ရှုနားထောင်ခြင်းသည်
မြတ်စွာဘုရား အဆုံးအမတော်၏ ဆန့်ကျင်ဘက် ဆူးငြောင့်တံကျင်
သဖွယ်ဖြစ်၏။ ထို ့ကြောင့် ထိုကြည့်ရှု နားထောင်ခြင်းကို“ဝိသုကဒဿန”ဟု
မိန်ဆိုသည် ဝိသူက=ဆူးငြောင့် တံကျင် သဖွယ်ဖြစ်သော+ဒဿန=
ကြည့်ရှုနားထောင်ခြင်း] ထို ့နောက် “နစ္စဉ္စ ဂီတဉ္စ ဝါဒိတဉ္စ ဝိသူကဒဿနဉ္စ
နစ္စဂီတဝါဒိတဝိသူကဒဿနှံ” ဟု သမာဟာရ ဒွန်တွဲပါ။
ထိုပုဒ်များတွင် နစ္စ ဂီတ,ဝါဒိတ-ဟူသော သုံးပုဒ်ဖြင့် ကိုယ်တိုင်ကပြ
သီဆို တီးမှုတ်ခြင်းနှင့် သူတပါးတို ့ကို ကပြသီဆိုတီးမှုတ်ရန်စေခိုင်းခြင်းတို့ကို
ဆိုလို ကြောင်းကိုလည်းကောင်း,ဝိသူကဒဿနဖြင့် မိမိကိုယ်တိုင် မစေခိုင်း
ရဘဲ သူတို့သဘောအတိုင်း ကပြ သီဆို တီးမှုတ်သော ဇာတ်ပွဲအငြိမ့်ပွဲ
စသည်တို ့ကို ကြည့်ရှုနားထောင်ခြင်းကို ဆိုလိုကြောင်းကိုလည်းကောင်း
သိပါလေ၊ ဤသို့သော သဒ္ဒါနည်းနှင့် အဓိပ္ပါယ်ကို သဘောပေါက်ထားပြီးသော

## PAGE 482

ဝိကာလဘောဇနာ=နေမွန်းလွဲချိန်၌ စားခြင်းမှ၊ ( နေမဝင်မီအတွင်း
နေမွန်းလွဲချိန်၌ ယာဝကာလိက ခဲဘွယ်ဘောဇဉ်ကို စားခြင်းမှ) ဝိရတာ=
ပုဂ္ဂိုလ်တို့သည် လူတွေကို သီလပေးသောအခါ “နစ္စ+ဂီတ+ဝါဒိတ+
ဝိသူကဒဿန”ဟု လေးဖြတ်ရွတ်ဆိုကြရန်နှင့် “ဝိသူက+ဒဿန”ဟု
မဖြတ်မိကြရန် သတိပြုသင့်ပါသည်။
"
"
ဤနေရာ၌ ဝိသူကသဒ္ဒါသည် ဒိဋ္ဌိဝိသူက (ဒိဋ္ဌိဟူသော ဆူးငြောင့်)၌
ဝိသူကနှင့် အနက်တူ၏၊ သံယုတ်ဋီကာ (ဒု၊၈၀)၌ “ဝိသူကမိဝါတိ
ကဏ္ဍကောဝိယ”ဟုလည်းကောင်း, သုတ္တနိပါတ်အဋ္ဌကထာ (ပ-၉၅)၌
တာနိ ဟိ မဂ္ဂသမ္မာဒိဋ္ဌိယာ ဝိသူကဋ္ဌေန ဝိဇ္ဈနဋ္ဌေန ံ ဝိလောမဋ္ဌေနစ
ဝိသူကာနိ’ဟု လည်းကောင်း ဖွင့်၏။ ထိုအလို “ဝိ+သူစ+ဏ”ဟုကြံသင့်၏။
သက္ကတအဘိဓာန်တို့၌ တာလုဇ “သ”နှင့် သူကသဒ္ဒါကို သဏှတိခိဏဂ္ဂ
(သေးငယ်ချွန်ထက်သော အဖျား)ဟူသော အနက်ဟောအဖြစ်ဖြင့် ဖွင့်ဆိုကြ
၏၊ သဿသူကံ= စပါးအသီး၏ ချွန်ထက်သောအဖျား၊ စပါးမြီး၊ စပါးမွေး
(အမရကောသ၊၁၉-ဝဂ်၊ ၂၁၊ ၂၃-ဂါထာ) သာလိသူက ယဝသူက
(ဧကကနိပါတ် စာပိုဒ်-၄၂ သုတ်။) ထိုတာလုဇသနှင့်တကွသော သူကသဒ္ဒါကို
ထောမနိဓိ၌ သောဓာတ်,ဦကက်ပစ္စည်းဖြင့် ရုပ်ပြီးစေ၏ ။
ဒန္တဇ “သ”နှင့်တကွသော သူကသဒ္ဒါသည် (၁)မြားကြောင့် (၂)လေး
(၃) ကြာဟူသော အနက်တို ့ကိုဟော၏၊ ပေရဏအနက်ဟော သူဓာတ်,ကျိပ်
ပစ္စည်း, သုတ္တကန် ပစ္စည်းဖြင့် ရုပ်ပြီးစေ၏၊ ထိုသူကသဒ္ဒါအားလုံး ဦဒီဃနှင့်
ချည်းတည်း၊ ဥရုဿနှင့် သုကသဒ္ဒါ၌ကား ဤနေရာနှင့် သင့်လျော်သော
အနက်ကို မော်နီယာဝီလျံစသော ကျယ်ဝန်းသော သက္ကတအင်္ဂလိပ် အဘိဓာန်
တို၌ပင် မတွေ့ရ။
ဤသုတ်အဋ္ဌကထာစသည်၌“ဝိသူကံ ပဋဏီဘူတံ”ဟု ဖွင့်၏၊ ပဋိ
(ပဋိမုခ)= သတ္တဝါတဦးဦးဆီသို့ ရှေ့ရှုတည့်တည့် ဦးချွန်လှည့်နေသော+အာဏ=
စို ၊ သတ်၊ ဆူးငြောင့်၊ တံကျင်။ ထိုအာဏိ သဒ္ဒါသည် သုခုမာယ အာဏိယာ
သြဠာရိကံ အာဏ" အဘိဟနေယျ (မူလပဏ္ဏာသပါဠိတော်၊ ၁၆၈)၌ ကီလ(စို့ ၊
သတ်)ဟူသော အနက်ကိုဟော၏၊ ဒသကနိပါတ်၊ ကဏှဒီပါယနဇာတ်
အဋ္ဌကထာ(စ၊ ၃၀) ၌ တံကျင်အလျှိုခံရသော မဏ္ဍဗျရသေ့ကို အာဏိမဏ္ဍဗျ
ဟုခေါ်ရာ၌ သူလ (တံကျင်)ဟူသော အနက်ကိုဟော၏၊ ထိုအနက်အားလုံး
ဤနေရာနှင့်လျော်၏။
မာလာ=ပန်း။ ဂန္ဓ=နံ့သာမှုန်နံ့သာအခိုးအထုံ ရေမွှေးစသော
