## PAGE 483

ရှောင်ကြဉ်တော်မူ ကြကုန်၏။ပ။ဧကဘတ္တိကော= ဆွမ်းရှိပါ၏။ပ။ နစ္စဂီတ..
ဌာနာ=ကိုယ်တိုင် ကခြင်း,သူတပါးကို အကခိုင်းခြင်း, ကိုယ်တိုင်သီချင်းဆိုခြင်း၊
သူတပါးကို သီချင်းဆိုခိုင်းခြင်း, ကိုယ်တိုင်တီးမှုတ်ခြင်း, သူပါးကို
တီးမှုတ်ခိုင်းခြင်း, သူတပါးတို ့ အလိုအလျောက် ကပြသီဆိုတီးမှုတ်မှုတို့ကို
မြတ်စွာဘုရား အဆုံးအမတော်၏ ဆန့်ကျင်ဘက် … ဆူးငြောင့်
တံကျင် သဖွယ်ဖြစ်သော- ကြည့်ရှုနားထောင်ခြင်း, ပန်းပန်ခြင်း, နံ့သာနှင့်
နံ့သာပျောင်းတို ့ဖြင့် နိမ့်သောနေရာကို ဖို ့သိပ် ပြင်ဆင်ခြင်း, အသားအရေ
လှပမွှေးကြိုင်အောင်’ လိမ်းကျံ ခြယ်လှယ်ခြင်းတို့၏ အကြောင်းရင်း
စေတနာမှ၊ [အဓိပ္ပါယ်ခန်းမှ· ရှင်းလင်းချက်နှင့် တိုက်ဆိုင်ကြည့်ပါ]
ပဋိဝိရတာ=ကုန်၏။ပ။ ဥစ္စာသယန, မဟာသယနံ=(တထောင်ထွာထက်
ခြေထောက်ရှည်၍) မြင့်သောနေရာနှင့် အလျားအနံ ကြီးမား
ခမ်းနားဆန်းကြယ်သော အိပ်ရာခင်းကို၊ ဝါ=မြင့်သောနေရာ, . အလျား
အနံ ကြီးမား ခမ်းနားဆန်းကြယ်သော အိပ်ရာခင်းနှင့်, ၎င်းတို့အပေါ်၌
ဂန္ဓ,
နံ့သာမျိုး။ ဝိလေပန=အသားအရေလှပအောင် လိမ်းဘို ့ရာ ကြိတ်ထားအပ်သော
သနပ်ခါးနှစ်စသော အရောင်တင် နံ ့သာပျောင်း။ ထို“မာလာ,
ဝိလေပန”ဟူသော ကာရက သုံးပုဒ်ကို “ဓာရဏ,မဏ္ဍန,ဝိဘူသန”ဟူသော
ကြိယာသုံးပုဒ်နှင့် ပြလတ္တံ့အတိုင်း ဖြစ်သင့်သလို တွဲစပ်၍အနက်ပြန်ဆိုရမည်-
..(၁) မာလာ=ပန်းကို+ဓာရဏ=ပန်ဆင်ခြင်း
(၂) ဂန္ဓ(နံ့သာ)ဝိလေပန(နံ့သာပျောင်း)တို ့ဖြင့်+မဏ္ဍန=(ကျောက်
ပေါက်ခွက်စသော) နိမ့်သောနေရာ၌ ဖို ့သိပ်ပြင်ဆင်ခြင်း။
(၃)ထိုဂန္ဓ,ဝိလေပနတို ့ဖြင့်ပင်+ဝိဘူသန=လိမ်းကျံခြယ်လှယ်ခြင်း၊
(ဂန္ဓဖြင့် အနံ့ မွှေးအောင်, ဝိလေပနဖြင့် အသားအရေ လှပအောင် လိမ်းကျံခြယ်
လှယ်ခြင်းတည်း)
ဂန္ဓဝသေန ဆဝိရာဂဝသေန စ သာဒိယန္တော ဝိဘူသေတိ နာမ-ဟု
အဋ္ဌကထာဖွင့်သောကြောင့် ဝိဘူသနကြိယာကို ဂန္ဓ,ဝိလေပန နှစ်ပုဒ်လုံးဖြင့်
တွဲစပ်စေလိုသည်မှာ ထင်ရှား၏၊ မဏ္ဍနကြိယာကိုကား ထိုနှစ်ပုဒ်လုံးဖြင့်ပင်
တွဲစပ်ရမည် (သို ့မဟုတ်)တပုဒ်ဖြင့်သာ တွဲစပ်ရမည်ဟု သိသာအောင် တိတိ
ကျကျမဖွင့်ပြတော့ဘဲ “ဦနဋ္ဌာနံ ပူရေန္တော မဏ္ဍတိ နာမ”ဟူ၍သာဖွင့်ဆို၏။
သို့သော် နိမ့်သောနေရာကို ဖို ့သိပ်ရာ၌ ဂန္ဓ, ဝိလေပနှ နှစ်မျိုးလုံးဖြင့်ရောစပ်ဖို
သိပ်နိုင်သောကြောင့် မဏ္ဍနကြိယာကိုလည်း ဂန္ဓ, ဝိလေပနနှစ်မျိုး လုံးဖြင့်
တွဲစပ်၍ အနက်ပြန်ဆိုပါသည်၊ သာရတ္ထဋီကာ၊ တ-၂၅၃ ကို နည်းမှီသည်

## PAGE 484

ထိုင်ခြင်း လျောင်းစက်ခြင်းကို ၊ပဟာယ=၍၊ဥစ္စာသယနမဟာသယနာအမှန
ဝါ=မှ၊ ပဋိဝိရတာ=ကုန်လျက်၊ နီစသေယျံ=နိမ့်သောနေရာ၌ အိပ်ခြင်းကို၊
မဉ္စကေ ဝါ=ညောင်စောင်းငယ်ပေါ်၌သော်လည်းကောင်း၊ တိဏသန္တာရေ
ဝါ=မြက်အခင်.ပေါ်၌သော်လည်း ကောင်.၊ သေယျ=အိပ်ခြင်းကို၊ ပါ =ထိုင်ခြင်
လျောင်းစက်ခြင်းကို၊ ကန္တိ=ပြုတော်မူကြကုန်၏။ပ။ ပဋိဝိရတော=
ရှောင်ကြဉ်လျက်။ပ။ ကပ္မမိ=ပြုပါ၏။ပ။
ကီဝမဟပ္ဖလော=အဘယ်မျှလောက်များသော ကံတူမှုရင်းအကျိုးရှိသည်၊
ကီဝမဟာနိသံသော=အဘယ်မျှလောက်များသော ဆင့်ပွားအကျိုးအာနိသင်
ရှိသည်။ကီဝမဟာဒုတိကော=အဘယ်မျှလောက်များသော တောက်ပြောင်သော
“အကျိုးရှိသည်၊ ကီဝမဟာဝိပ္ပါရော=အဘယ်မျှလောက်များသော ကျယ်ပြန့်သော
အကျိုးရှိသည်၊ ဟောတိ=ဖြစ်သနည်းဟူမူ။ ဝိသာခေ=ဝိသာခါ၊ သေယျထာ
ပိ=ဥပမာပြောရလျှင်ကား၊ယော=အကြင်ပုဂ္ဂိုလ်သည်၊ ပဟူတရတ္တ ရတနာ
နှံ=များစွာသော တပ်မက်ဖွယ် ရဘနာရှိကုန်သော၊ သောဠသန္နီ=၁၆-ခုကုန်
သော၊ဣမေသံ 'မဟာဇနပဒါနံ-ဤကြီးစွာသောဇနပုဒ်တို့၏၊ဝါ=ဤကြီးစွာ
သောတိုင်းပြည်တို့၏၊ ဣဿရိယာဓိပင္ငံ အစိုးရသူ၏အဖြစ်, အကြီးအကဲ၏
65
၁။ဥစ္စာသယနမဟာသယနံ ။ ။ ဤပုဒ်၏ ဒုတိယအနက်ပြန်ဆိုနည်း၌
“ဥစ္စာသယန မဟာသယနဉ္စ ဥစ္စာသယနမဟာသယနသယနဉ္စ ဥစ္စာသယန
မဟာသယနံ့”ဟူ၍ နောက်ပုဒ်ကိုချေသော ဧကသေသ်ပြုပါ၊ ဤနည်းအရ
“ဥစ္စာသယန မဟာသယနကိုလည်းကောင်း,ဥစ္စာသယနု မဟာသယနပေါ်၌
ထိုင်ခြင်း အိပ်ခြင်းကိုလည်းကောင်း၊ ပဟာယ=ပယ်ရှား၍”ဟု အနက်အဓိပ္ပါယ်
မှတ်ပါ၊ ဤ၌ထိုင်ခြင်း အနက်ဟော “အာသန”သဒ္ဒါ မပါသော်လည်း
ထိုင်ပြီးမှ အိပ်ရသောကြောင့် အိပ်ခြင်းအနက်ဟော … သယနသဒ္ဒါဖြင့်ပင်
အာသနကိုလည်း ယူပြီးဖြစ်တော့၏၊ ဤနောက်နည်း အဖွင့်ဋီကာ၌
ဥစ္စာသယနာ့သန မဟာသယနာသနာ-ဟုပါဌ်ပျက်၏။“အာသန ကိရိယာ
ပုဗ္ဗကတ္တာ ဝါ”ဟုလည်း ဝါသဒ္ဒါ မပါသင့်။
၂။ ဣဿရိယာဓိပစ္စံ ရဇံ ကာရေယျ ။ ။ဣဿရိယာဓိပစ္စန္တိ
ဣရဘာဝေါ ဣဿရိယံ၊ အဓိပတိဘာဝေါ အာဓိပန္နံ၊ ဣဿရိယံ
အာဓိပန္နံ ဧတသ္မိံ ရဇ္ဇေ န ဆေဒနဘေဒနန္တ ဣဿရိယာဓိပတ္တံ့။ သံယုတ်ဋ္ဌ
(တ၊၃၀၇)။ ဣဿရိယာဓိပစ္စန္တိ ဣဿရဘာဝေန စ အဓိပတိဘာဝေန စ
သမန္နာဂတံ၊ ရန္တိ ရာဇဘာဝံ၊ ရညာ ကတ္တဗ္ဗကိစ္စ ဝါ။ဝိနည်းမဟာဝါအဋ္ဌကထာ
(၃၆၄)။ ဤသုတ်အင်္ဂုတ္တိုရ်အဋ္ဌကထာ၌ကား စာပျက်စာကျ၏။

## PAGE 485

အဖြစ်ရှိသော၊ ဝါ=စိုးမိုးအုပ်ချုပ်အကြီးအကဲပြုလုပ်ရခြင်းရှိသော၊ ရုဒ္ဓံ=(စကြ
ဝတေး)မင်း၏အဖြစ်ကို၊ ဝါ=စကြဝတေးမင်း၏ရာထူးကို၊ ကာရေယျ=
ပြုလုပ်စေရာ၏၊ ဝါ=တင်မြှောက်ခိုင်းရာ၏။
သေယျထိဒံ=အဘယ်ဇနပုဒ်ကြီး(၁၆)ခုတို့၏ (ဣဿရိယာဓိပစ္စံ= သော၊
ရဇံ=ကိုးကာရေယျရာသနည်းဟူမူ) အင်္ဂါနံ=အင်္ဂဇနပုဒ်၏ လည်းကောင်း
[ဧကဝုစ်အနက်ဆိုရသည်] မဂဓာနံ=မဂဓဇနပုဒ်၏လည်းကောင်း၊ ကာသိနံ=
ကာသိဇနပုဒ်၏လည်းကောင်း၊ကောသလာနံ=ကောသလဇနပုဒ်၏လည်းကောင်း၊
ဝဇ္ဇီပုံ=ဝဇ္ဇီဇနပုဒ်၏လည်းကောင်း၊မလ္လာနံ=မလ္လဇနပုဒ်၏လည်းကောင်း၊စေတီနံ--
စေတိဇနပုဒ်၏လည်းကောင်း၊ဝင်္ဂါနံ=ဝဂ်ဇနပုဒ်၏လည်းကောင်း ကုရူနံ=ကုရု
နပုဒ်၏ လည်းကောင်း၊ ပဉ္စာလာနံ=ပဉ္စာလဇနပုဒ်၏လည်းကောင်း၊ မစ္ဆာနံ=
မစ္ဆဇနပုဒ်၏လည်းကောင်း သူရသေနာနံ=သူရသေနဇနပုဒ်၏လည်ကောင်း၊
အဿကာနံ=အဿကဇနပုဒ်၏လည်းကောင်း၊အဝန္တ နံ=အဝန္တိ ဇနပုဒ်၏
လည်းကောင်း ဂန္ဓာရာနံ=ဂန္ဓာရဇနပုဒ်၏လည်းကောင်း၊ ကမ္ဗောဇာနံ=ကမ္ဗောဇ
ဇနပုဒ်၏လည်းကောင်း (ဣဿရိယာ ဓိပစ္စံ=သော၊ ရဇံ-ကို၊ ကာရေယျ=ရာ၏)
ဧတံ=ဤဇနပုဒ်ကြီး (၁၆)ခုတို ့၏ မင်းအဖြစ်ပြုလုပ်ရခြင်းသည်၊ အဋ္ဌင်္ဂသမန္နာ
ဂတဿ=ရှစ်ပါးသော အင်္ဂါနှင့်ပြည့်စုံသော၊ ဥပေါသထဿ=(တရက်တညဉ့်
စောင့်ထိန်းအပ်သော) ဥပုသ်သီလ၏၊ သောဠသိ =၁၆-ခုမြောက်သော၊ ကလံ=
ဤနေရာ၌ သဒ္ဒနီတိဓာတုမာလာ(၃၈၈)အလို ရမ္မံ ကာရေယျ၌
ကာရေယျ သည် ကာရိတ်ရုပ်တည်း၊“ကာရေယျပြုလုပ်စေ၏”၌ပြုလုပ်+စေ+
၏”ဟု သုံးပုဒ်ခွဲပြီးလျှင် (၁)ပြုလုပ်၏၊ (၂)စေ၏(စေခိုင်း၏)ဟု ကြိယာနှစ်မျိုး
တွဲစပ်လိုက်ပါ၊ ထိုနှစ်မျိုးတို့တွင် “ပြုလုပ်၏”ဟူသည် လူ့အများက ဝိုင်းဝန်း၍
(အဘိသိက်သွန်းကာ ဘုရင်မင်းအဖြစ် တင်မြှောက်မှုကို) ပြုလုပ်၏ဟုဆိုလို၏။
“စေ၏ ၊ စေခိုင်း၏”ဟူသည် ငါ့ကို ဘုရင်မင်းအဖြစ် တင်မြှောက်ကြပါဟု
ရှင်ဘုရင်က လူအများကို စေခိုင်း၏ဟုဆိုလို၏၊ ထို ့ကြောင့် ကာရိတ်ကံထည့်
စွက်၍ အနက်ယောဇနာလိုလျှင်-
ရဇံ=(စကြဝတေး)ဘုရင်မင်း၏အဖြစ်ကို၊ (ဘုရင်မင်းရာထူးကို) (မဟာ
ဇနေန=များစွာသော လူအပေါင်းကို) ကာရေယျ=ပြုလုပ်စေရာ၏၊
ဝါ=တင်မြှောက်ခိုင်းရာ၏၊ ဤသို ့ အနက်ဆိုပါ၊ အကယ်၍ မောဂ္ဂလ္လာန်,၅
(ခါဒိ)ကဏ္ဍ၊ ၁၅- သုတ်အလို ကာရေယျကို သုဒ္ဓရုပ်ကြံလျှင်ကား “ရဇ္ဇ=
ဘုရင်မင်းသည် ပြုလုပ်သင့်သမျှ ကိစ္စအဝဝကို၊ ကာရေယျ=ပြုလုပ်ရာ၏”
ဟုအနက်ဆိုပါ။
