## PAGE 486

အစိတ်တစိတ်ကိုပင်။ န အဂ္ဃတိ=မထိုက်တန်၊ တံ=ထိုသို ့(၁၆)စိတ်စိတ်၍
တစိတ်မျှပင် မထိုက်တန်ခြင်းသည်၊ ကိဿ ဟေတု=အဘယ်အကြောင်းကြောင့်
နည်းဟူမူ၊ ဝိသာခေ=ဝိသာခါ၊မာနုသကံ-လူတို ့၏ ဥစ္စာဖြစ်သော၊ ရဇ္ဇ=
မင်းအဖြစ်သည်၊ ဒိဗ္ဗ=နတ်ပြည်၌ဖြစ်သော၊ သုခံ=ချမ်းသာကို၊ ဥပနိဓာယ=
ထောက်ဆ၍၊ ဝါ=ထောက်ဆလျှင်၊ ကပဏံ=မပြောလောက်ဖွယ် အနည်း
ငယ်မျှသာတည်း၊(ဣတိ=ထို ့ကြောင့်ပေတည်း)
ဝိသာခေ=ခါ၊ မာနုသကာနိ=လူ၌ဖြစ်ကုန်သော၊ ယာနို့ ပညာသဝဿာ
နိ=အကြင်အနှစ်ငါးဆယ်တို ့သည်၊ (သန္တိ=ရှိကုန်၏) ဧသော=ဤလူတို
အနှစ်ငါးဆယ်သည်၊ စာတုမဟာရာဇိကာနံ=စာတုမဟာရာဇ် မည်ကုန်သော၊
ဒေဝါနံ=နတ်တို ့၏၊ ဧကော=တခုသာဖြစ်သော၊ ရတ္တိန္ဒိဝေါ=ညဉ့်နေ့တည်း၊
တာယ ရတ္တိယာ=ထိုညဉ့်ဖြင့် (ထိုစာတုမဟာရာဇ်နတ်တို့၏ ညဉ့်ဖြင့်)
တိံသရတ္တိယော= ၃၀-သောညဉ့်တို့သည်။မာသော=တလတည်း၊ တေန မာသေ
န=ထိုလဖြင့်၊ ဒွါဒသမာသိယော=၁၂-လတို ့သည်။ သံဝစ္ဆရော=တနှစ်တည်း
တေန သံဝစ္ဆရေန=ထိုနှစ်ဖြင့်၊ ဒိဗ္ဗာရှိ-နတ်ပြည်၌ဖြစ်ကုန်သော၊ပဉ္စဝဿ
သတာနိ=အနှစ်ငါးရာတို ့သည်၊ စာတုမဟာရာဇိကာနံ=ကုန်သော၊ ဒေဝါနံ=
နတ်တို ့၏။ အာယုပ္ပမာဏံ=အသက်တမ်းပမာဏပေတည်း။ ဝိသာခေ=ခါ၊
ယံ (ယေန ဌာနေန)=အကြင်အကြောင်းကြောင့်၊ ဣဓ=ဤလောက၌၊
ဧကစ္စော=အချို့သော၊ ဣတ္ထိ ဝါ=မိန်းမသည်လည်းကောင်း၊ ပုရိသော
ဝါ=ယောက်ျားသည်လည်းကောင်း၊ အဋ္ဌင်္ဂသမန္နာဂတံ=ရှစ်ပါးသော အင်္ဂါနှင့်
ပြည့်စုံသော၊ ဥပေါသထံ=ဥပုသ်သီလကို၊ ဥပဝသိတွာ=စောင့်ထိန်းပြီး၍၊
ကာယဿ-၏။ပ။ ဒေဝါနံ=နတ်တို့၏၊သဟဗျတံ=အတူတကွ ဖြစ်ဖက်
အဖေါ်သဟဲ၏အဖြစ်သို့ သဟ ဗျယတိ ဂစ္ဆတိ ပဝတ္တတိတိ သဟဗျာ။
သဟ+ဗျေ+အ။ သဟဗျ
သဟဗျဿ ဘာဝေါ သဟဗျတာ] ဥပပဇ္ဇေယျ=
လားရောက်ရာ၏။ ဧတံ ဌာနံ= ဤလားရောက်ခြင်း ဟူသော အကြောင်းသည်၊
ဝိဇ္ဇတိ-ရှိ၏၊ ဝိသာခေခါ၊ ဣဒံ=ဤလားရောက်ခြင်း ဟူသောအကြောင်းကို၊
သန္ဓာယ=ရည်ရွယ်၍ “ဒိဗ္ဗိ=သော၊ သုခံ=ကို၊ ဥပနိဓာယ= ၍၊ မာနုသက်=သော၊
ရမ္မံ=သည်၊ ကပဏံ=တည်း” (ဣတိ= ဤသို ့သော) ဧတံ=ဤစကားကို၊
(မယာ=ငါသည်) ဘာသိတံ=မိန့် ဆိုအပ်ပြီ။
ဝိသာခေခါ၊ မာနုသကံ=လူ၌ဖြစ်သော၊ ယံ ဝဿသတံ=အကြင်အနှစ်
တရာသည်၊ (အတ္ထိ-ရှိ၏)ဧသော=ဤလူတို ့အနှစ်တရာသည်၊တာဝတိံသာနံ=
တာဝတိံသာမည်ကုန်သော၊ ဒေဝါနံ=တို့၏၊ ဧကော=သော၊ ရတ္တိန္ဒိဝေါ-
တည်း။ တာယ ရတ္တိယာ=ထိုညဉ့်ဖြင့်၊ (ထိုတာဝတိံသာနတ်တို့၏ ညဉ့်ဖြင့်

## PAGE 487

Mon
။ပ။ဒိဗ္ဗနတ်၌ဖြစ်သော၊ ဝဿသဟဿံ=အနှစ်တထောင်သည်၊တာဝ
တိံသာနံ။ပ။မာနုသကာနိ=ကုန်သော၊ ယာနိ ဒွေဝဿသတာနိ=အကြင်
အနှစ် နှစ်ရာတို့သည်၊ (သန္တိ) စသော=ဤလူတို ့ အနှစ် နှစ်ရာသည်၊ ယာမာနံ=
ယာမာမည်ကုန်သော။ပ။ ဒွေဝဿသဟဿာနိ= အနှစ် နှစ်ထောင်တို ့သည်၊
ယာမာနံ။ပ။ယာနိ စတ္တာရိ ဝဿသတာနိ=အကြင်အနှစ်လေးရာတို့သည်၊ (သန္တိ)
ဧသော=ဤလူတို ့အနှစ်လေးရာသည်၊ တုသိတာနံ= တုသိတာမည်ကုန်သော
။ပ။စတ္တာရိ ဝဿသဟဿာနိ=အနှစ်လေးထောင်တို့သည်၊ တုသိတာ
နံ။ပ။ယာနိ အဋ္ဌဝဿသတာနိ=အကြင်အနှစ်ရှစ်ရာတို့သည်၊ (သန္တိ) ဧသော=
ဤလူတို့ အနှစ်ရှစ်ရာသည်၊ နိမ္မာနရတီနံ =နိမ္မနရတိ မည်ကုန်သော
အဋ္ဌဝဿသဟဿာနိ= အနှစ်ရှစ်ထောင်တို့သည်၊ နိမ္မာနှရတီနံ။ပ။ ဝိသာခေ=
ဝိသာခါ၊ မာနုသကာနိ=ကုန်သော၊သောဠသ=(၁၆)ခုကုန်သော၊ ယာနိ ဝဿ
သတာနိ=အကြင်အနှစ်အရာတို ့သည်(သန္တိ=ရှိကုန်၏) [တနည်း-ယာနိ
သောဠသဝဿသတာနိ=အကြင်အနှစ် တထောင့် ခြောက်ရာတို့သည်၊ သန္တိ=
ရှုကုန်၏] ဧသော=ဤလူတို့ အနှစ်တထောင့်ခြောက်ရာသည်၊ ပရနိမ္မိတဝသ
ဝတ္တီနံ=ပရနိမ္မိတဝသဝတ္တီ မည်ကုန်သော။ပ။ ဒိဗ္ဗာနိ=ကုန်သော၊ သောဠသ=
(၁၆)ခုကုန်သော၊ ဝဿသဟဿာနိ=အနှစ်အထောင်တို့သည်။ တနည်း--
သောဠသဝဿသဟဿာနိ=အနှစ်တသောင်းခြောက်ထောင်တို ့သည်] ပရ
နိမ္မိတဝသဝတ္တီနံ=ကုန်သော၊ဒေဝါနံ=တို ့၏၊ အာယုပ္ပမာဏံ=တည်း။ပ။
ဘာသိတံ- ပြီ၊ ဣတိ-ဤသို ့၊ (အဝေါစ=မိန်
 ့တော်မူပြီ)
န
ပါဏံ=သတ္တဝါ,အသက်ကို၊နု ဟည=မသတ်ရ၊ဝါ=မသတ်သင့် မသတ်
ထိုက်၊[ဧယျဝိဘတ်ကို အာဏတ္တိအနက်နှင့် အရာအနက်ဟောကြံသည်]
အာဒိန္န စ= ပိုင်ရှင်မပေးအပ်သော သူတပါးဥစ္စာကိုလည်း၊ နု အာဒိယေ=မခိုး
ယူ မလုယက်ရ၊ မုသာ=မဟုတ်မမှန်သော စကားကို၊ န ဘာသေ=မပြောဆိုရ၊
မဇ္ဇပေါ စ=သေရည်အရက် သောက်သောသူသည်လည်း၊ နု သိယာ=မဖြစ်ရ၊
ဝါ=မဖြစ်သင့်၊ အဗြဟ္မစရိယာ=မမြတ်သောအကျင့်ဖြစ်သော၊မေထုနာ့=မေထုန်မှ၊
ဝါ=ရာဂထလာ,ညီညာတူကြ,အဖိုအမတို့၏ ဥစ္စာဖြစ်သောအကျင့်မှ၊ ဝိရမေ
ယျ=ရှောင်ကြဉ်ရမည်၊ ဝါ=ရှောင်ကြဉ်သင့်၏၊ (ဥပေါသထိကော=ဥပုသ်စောင့်
သောသူသည်)ရတ္တိ =ညဉ့်၌စားခြင်းကိုလည်းကောင်း၊ [ရတ္တိဘောဇနံဟု'ဆို
လိုလျက် ဘောဇနပုဒ်ကိုချေ)ဝိကာလဘောဇနံ=နေမဝင်မီအတွင်း နေမွန်း
လွဲချိန်၌ စားခြင်းကိုလည်းကောင်း၊ န ဘုဉ္ဇယျ=မစားရ စားခြင်းကို မစား
ရ”ဟူ၍ 'ကံနှင့်ကြိယာ နှစ်ခုမကွဲပြားဘဲ ကွဲပြားသကဲ့သို ့ဆိုထားသော
အဘေဒဘေဒူပစာရ တည်း]မာလံ=ပန်းကို၊ န ဓာရေ=မပန်ဆင်ရ၊ ဂန္ဓစ=

## PAGE 488

နံ့သာလိမ်းကျံခြင်းကိုလည်း၊ န အာစရေ=မပြုကျင့်ရ၊ မဝါ‘(တောင်ဆုပ်မျှ
ရှည်လျားသော ခြေထောက်ရှိသော) အပ်စပ်သော ညောင်စောင်း, ခုတင်ပေါ်၌
သော်လည်းကောင်း၊ ဆမာယံ ဝါ= (အင်္ဂတေ သမံတလင်း ခင်းထားအပ်သော
မြေပေါ်၌သော်လည်းကောင်း၊သန္န တေ ဝါ=မြက်သစ်ရွက် ကောက်ရိုးအခင်း
ပေါ်၌သော်လည်းကောင်း၊ သယေထ=အိပ်ရမည်၊ ဟိ=ထိုစကားမှန်၏၊ ဒုက္ခန္တ
ဂုနာ=ဝဋ်ဒုက္ခ၏အဆုံးနိဗ္ဗာန်သို ့ရောက်တော်မူသော၊ ဒုက္ခဿ အန္တော ဒုက္ခန္တော၊
ဒုက္ခတ္တံ ဂစ္ဆတီတိဒုက္ခန္တ] ဗုဒ္ဓေန=မြတ်စွာဘုရားသည်၊ ပကာသိတံ=
ထင်ရှားဟောပြတော်မူအပ်သော၊ ဧတံ ဥပေါသထံ=(ပါဏာတိ ပါတစသည်ကို
မပြုကျင့်ဘဲ စောင့်ထိန်းအပ်သော) ဤဥပုသ်သီလကို။ အဋ္ဌင်္ဂိ ကံ= ရှစ်ပါးသော
အင်္ဂါရှိဟူ၍၊ အာဟု=သူတော်ကောင်းတို ့ မိန် ့ဆိုတော်မူကြကုန်၏။
စန္ဒော စ=လသည်လည်းကောင်း၊ သူရိယော စ=နေသည်လည်းကောင်း၊
ဥဘော=နှစ်စင်းလုံးတို ့သည်၊ သုဒဿနာ=သူငါထင်ထင် တွေ့မြင်အပ်ကုန်
လျက် ၊သြဘာသယံ ထိန်ထိန်လင်းစေကုန်လျက်၊ သြဘာသယန္တာဟူသော
ဗဟုဝုစ်မှ ဧကဝုစ်သို ့ ပြောင်းလဲထားသော ဝစနပလ္လာသ သဒ္ဒါတည်း]
ယာဝတာ=အကြင်မျှလောက်အရပ်တိုင်အောင်၊ အနုပရိယန္တိ=လှည့်ပတ်သွား
လာနေကုန်၏၊ တမောနုဒါ=အမိုက်မှောင်ကို ပယ်ဖျောက်ကုန်လျက်။
အန္တ လိက္ခဂါ=ကောင်းကင်၌သွားကြကုန်သော၊ တေ-ထိုလနေတို ့သည်၊ ဒိသာ
ဝိရောစနာ=အရပ်မျက်နှာအားလုံးတို ့၌ တင့်တယ်တောက်ပကြကုန်လျက်၊
နဘေ= ကောင်းကင်၌၊ ပဘာသန္တိ= အရောင်တဝင့်ဝင့် ထုတ်လွှင့်ကြကုန်၏၊
ဝါ= အရောင်ဖြင့် ထိန်ထိန်လင်းနေကုန်၏၊ သုဒ္ဓကတ္တုရုပ်တည်း။ တနည်း-
တေ=ထိုနေလတို ့သည်၊ နဘေ=ကောင်းကင်၌၊ ဝိရောစမာနာ=တင့်တယ်
တောက်ပကုန်လျက်၊(ဒိသာဟိ=အရပ်မျက်နှာတို ့မှ) ဒိသာ=အရပ်မျက်နှာတို့
သို့၊ ပဘာသန္တိ=အရောင်ဖြင့် ထိန်ထိန်လင်းစေကုန်၏။ ဤနည်း၌ ကံပုဒ်လာ
နိုင်အောင် ပဘာသန္တိကို ကာရိတ်ပစ္စည်းကျေသော ကာရိတ်ရုပ်ကြံပါ၊ စာပိုဒ်-
၈၁-သုတ်လည်းကြည့်]။
ဧတသို့“အန္တ ရေ=ဤလနေနှစ်စင်း ထွန်းလင်းလှည့်လည်ရာ ဌာနအ
တွင်း၌၊ယံ ဓနံ=အကြင်ဥစ္စာသည်၊ ဝိဇ္ဇတိ=ရှိ၏၊ မုတ္တာ=ပုလဲသည်လည်းကောင်း၊
မဏိ=ပတ္တမြားသည်လည်းကောင်း၊ဘဒ္ဒကံ=ကောင်းသော၊ဝေဠုရိယဉ္စ=ပတ္တမြား
ကြောင်မျက်ရွဲသည်လည်းကောင်း၊ သိင်္ဂ သုဝဏ္ဏ=(နွားဦးချိုနှင့်တူစွာ ဖြစ်ပေါ်
လာသောကြောင့်)သိင်္ဂီမည်သော ရွှေသည်လည်းကောင်း၊အထ=ထိုမှတပါး၊
ကဉ္စနံ ဝါပိ=တောင်ခြေ၌ဖြစ်သောကဉ္စနမည်သောရွှေသည် လည်းကောင်း၊
ယံ=အကြင်ရွှေကို၊ ဇာတရူပန္တိ=မြတ်စွာဘုရား အဆင်းနှင့်တူသော ဇာတရူပ
