## PAGE 507

စကြဝဠာကို၊ သုတာ=ကြားအပ်ဖူးပါ၏၊ ဣတိ(အဝေါစ) ဘဂဝါ=
မြတ်စွာဘုရားသည်၊[ယံ ဘဂဝါသို ့သွားသည်] ယံ ဘာသေယျ=အကြင်
ဟောတော်မူလိုငြားအံ့၊ ဘဂဝါ=ဘုန်းတော်ကြီးမား, ရှင်တော်မြတ်ဘုရား၊
ဧတဿ= ထိုဟောတော်မူခြင်း၏၊ ကာလော-အချိန်အခါပါတည်း၊ သုဂတ=
ကောင်းသော စကားကိုဆိုတော်မူသော မြတ်စွာဘုရား၊ ဧတ=ထိုဟောတော်
မူခြင်း၏၊ ကာလော=တည်း၊ ဘဂဝတော=မြတ်စွာဘုရား၏၊ (ဓမ္မံ=
တရားတော်ကို) သုတွာ=ကြားနာကြ၍၊ ဘိက္ခု=ရဟန်းတို့သည်၊ ဓာရေဿန္တိ=
နှုတ်တက်ဆောင်ထားမှတ်သားကြပါကုန်လတ္တံ့။ ဣတိ(အဝေါစ)အာနန္ဒ=န္ဒာ၊
ထိုသို့အသင်တောင်းပန်ခြင်းကြောင့်၊ [တနည်း-တေန
ဟိ=ငါတိုက်တွန်း၏၊] (တွံ=သင်သည်) သာဓုကံ=ကောင်းစွာ၊ သုဏာဟိ=
နာယူလေား မနသိ= စိတ်နှလုံး၌၊ ကရောဟိ=သွင်းပိုက်ထားလော၊ (အဟံ=
ငါသည်) ဘာသိဿာမိ- ဟောတော်မူအံ့။ ဣတိ-ဤသို့၊ (အဝေါစ=
မိန့်တော်မူပြီ)။ပ။
ဟိ
တေန ဟိ
=
အာနန္ဒ=အာနန္ဒာ၊ ယာဝတာ=အကြင်မျှလောက်သော လောကဓာတ်
အရပ် တခုလုံးတိုင်အောင်၊ စန္ဒိမသူရိယာ=လနေတို့သည်၊ ပရိဟရန္တိ=
(မြင့်မိုရ်တောင်ကို) လက်ျာရစ်လှည့်ပတ်သွားလာကြကုန်၏၊ ဝိရောစနာ=မိမိတို့
အရောင်ဖြင့် တောက်ပတင့်တယ်ကုန်သည်။ (ဟုတွာ=ဖြစ်ကြကုန်၍
ဒိသာ=အရပ်မျက်နှာအားလုံးတို့ကို၊ ဘန္တိ=ထိန်ထိန်လင်းစေကုန်၏။” တာဝ=ထို
လနေတို့ ထွန်းတောက်လှည့်လည်အပ်သော လောကဓာတ် အရေအတွက်
အားဖြင့်၊ သဟဿဓာ=တထောင်အရေအတွက်များပြားသော၊ ယော
လောကော=အကြင်လောကဓာတ်စကြဝဠာသည်၊ ဟောတိ=ဖြစ်၏၊
သဟဿဓာ=တထောင်အရေအတွက်များပြားသော၊ တသ္မိံ' လောကေ=ထို
၁။ ဒိသာ ဘန္တိ ဝိရောစနာ။ ။ဘန္တိ”၌ ကာရိတ်ပစ္စည်း အကျေ
ကြံပါ။(တနည်း) “ဝိရောစနာ=ထိုလနေတို့ဖြင့် တောက်ပတင့်တယ်နေ့ကုန်
သော၊ ဒိသာ=အရပ်မျက်နှာတို့သည်၊ ဘန္တိ=အရောင်ဖြင့် ထိန်ထိန်လင်းနေ
ကုန်၏"ဟု အနက်ဆိုပါး၊ ဤနည်း၌ကား ကာရိတ်ပစ္စည်း အကျေကြံဖွယ်မလို၊
သုဒ္ဓကတ္တုရုပ်သာတည်း။ စာပိုဒ် (၇၁)ဥပေါသထသုတ် တတိယဂါထာမှ
“ပဘာသန္တိ” လည်းကြည့်။
ဤဒုတိယနည်း၌ မူလပဏ်ဋ္ဌ (ဒု၊ ၃ဝ၄) အဖွင့်အတိုင်း အနက်ပေးသည်၊
ထို၌ ဒိသာပုဒ်မှ ပဌမာဝိဘတ်ကို သတ္တမီအနက်လည်း ဖွင့်သေး၏၊
ဤအဖွင့်များနှင့် အနည်းငယ်မျှ' ထူးခြားသော သာရတ္ထဋီကာ (ပ-၂၄၂)
ဝိမတိဋီကာ (ပ-၅၂) အဖွင့်များလည်း ရှိသေး၏။

## PAGE 508

လောကဓာတ် စကြဝဠာ၌၊ စန္ဒာနံ=လတို့၏၊ သဟဿံ=တထောင်သည်
လည်းကောင်း၊ သူရိယာနံ=နေတို့၏၊ သဟဿံ=တထောင်သည်လည်းကောင်း၊
သိနေရုပဗ္ဗတရာဇာနံ=မြင့်မိုရ်တောင်မင်းတို့၏၊ သဟဿံ-လည်းကောင်း၊
ဇမ္ဗူဒီပါနံ=သပြေကျွန်းတို့၏၊ သဟဿံ=လည်းကောင်း။ အပရဂေါယာနာနံ=
အနောက်ကျွန်းတို့၏၊ သဟဿံ=လည်းကောင်း၊ ဥတ္တရကုရူနံ=မြောက်ကျွန်း
တို့၏၊ သဟဿံ=လည်းကောင်း၊ ပုဗ္ဗ၀ိဒေဟာနံ အရှေ့ကျွန်းတို့၏၊
သဟဿံ=လည်းကောင်း၊ စတ္တာရိ မဟာသမုဒ္ဒသဟဿာနိ= သမုဒ္ဒရာကြီး
လေးထောင်တို့သည်လည်းကောင်း၊ စတ္တာရိ မံဟာရာဇသဟဿာနိ=
နတ်မင်းကြီးလေးထောင်တို့သည်လည်းကောင်း၊ စာတုမဟာရာဇိကာနံ=
စာတုမဟာရာဇ်နတ်ပြည်တို့၏၊ သဟဿံ=တထောင်သည် လည်းကောင်း၊
တာဝတိံသာနံ=တာဝတိံသာနတ်ပြည်တို့၏၊ သမာဿံ= လည်းကောင်း၊
ယာမာနံ=ယာမာနတ်ပြည်တို့၏ပ။ တုသိတာနံ=တုသိတာ နတ်ပြည်တို့၏။
နိမ္မာနရတီနံ=နိမ္မာနရတိ နတ်ပြည်တို့၏။ပ။ ပရနိမ္မိတ ဝသဝတ္တီနံ=ပရနိမ္မိတ
ဝသဝတ္တီနတ်ပြည်တို့၏။ပ။ ဗြဟ္မလောကာနံ= ဗြဟ္မပြည် တို့၏၊ သဟဿံ=
တထောင်သည်လည်းကောင်း၊ (ဟောန္တိ=ရှိကုန်၏) အာနန္ဒ
အယံ=(လနေစသည် … တထောင်စီ စသည်ရှိသော) . ဤတထောင်သော
လောကဓာတ်ကို၊ သဟဿီ=တထောင်အုပ်စု ဖြစ်သော၊ စူဠနိကာ=ကျဉ်းမြောင်း
သေးသွယ် အငယ်စားမည်သော၊ လောကဓာတု= စကြဝဠာဟူ၍၊ ဝုစ္စတိ=
ဆိုအပ်၏။
အာနန္ဒာ၊
= အာနန္ဒ=န္ဒာ၊ သဟဿီ=သော၊ စူဠနိကာ=သော၊ လောကဓာတု=
စကြဝဠာသည်၊ ယာဝတာ=အကြင်မျှလောက် အရေအတွက်ရှိ၏၊
(စကြဝဠာပေါင်းတထောင် အရေအတွက်ရှိ၏) တာဝ=ထိုသဟဿီစူဠနိကာ
စကြဝဠာ အရေအတွက်ရှိသလောက်၊ သဟဿဓားတထောင်မြှောက်ပွား
ခွဲဝေသောအားဖြင့်၊ ယော လောကော=အကြင်တသန်းသော စကြဝဠာ
လောကဓာတ်သည်၊ (ဟောတိ=ဖြစ်၏) အာနန္ဒ န္ဒာ၊ အယံ-ဤတသန်းသော
စကြဝဠာလောကဓာတ်ကို စူဠနိကာမည်သော စကြဝဠာလောကဓာတ်
အုပ်စုတခု၌ စကြဝဠာအရေအတွက် တထောင်ရှိရကား ထိုတထောင်ကို
နောက်ထပ် စကြဝဠာတထောင်ဖြင့် မြှောက်လျှင် စကြဝဠာပေါင်း တသန်း
ဖြစ်၏၊ ထိုတသန်းသော စကြဝဠာလောကဓာတ်တည်း] ဒွိသဟဿီ =
၁။ ဒွိသဟဿီ မဇ္ဈိမိကာ လောကဓာတု။ ။သဟဿီ စူဠနိကာမည်သော
စကြဝဠာလောကဓာတ် အုပ်စုတခု၌ စကြဝဠာပေါင်း တထောင်ရှိကြောင်းကို
ဟောတော်မူခဲ့ပြီ၊ ထိုသဟဿီ စူဠနိကာ၏ သဟဿိ(စကြဝဠာတထောင်)ကို
ဒုတိယဖြစ်သော သဟဿိ(စကြဝဠာတထောင်)ဖြင့် မြှောက်လျှင်

## PAGE 509

ဒွိသဟဿီမည်သော၊ ဝါ=ထောင်ကိုထောင်ဖြင့်, မြှောက်လင့် ကိန်းခန်း,
တသန်း အရေအတွက်ရှိသော၊ မဇ္ဈိမိကာ=အလတ်စားမည်သော
၊လောကဓာတု=စကြဝဠာဟူ၍၊ ဝုစ္စတိ=၏။
အာနန္ဒ=န္ဒာ၊ ဒွိသဟဿီ=မည်သော၊ မဇ္ဈိမိကာ=သော၊ လောကဓာတု=
စကြဝဠာသည်၊ ယာဝတာ=အကြင်မျှလောက် အရေအတွက်ရှိ၏၊ (စကြဝဠာ
တသန်း အရေအတွက်ရှိ၏) တာဝ=ထိုဒွိသဟဿီ မဇ္ဈိမိကာ လောကဓာတ်
အရေအတွက်ရှိသလောက်၊သဟဿဓာ=စူဠနိကာ စကြဝဠာ အုပ်စု,တထောင်
ပြုဆင့်ငြား,မြှောက်ပွားသောအားဖြင့်၊ ဝါ=တထောင်နှစ်ကြိမ်ဖြင့် ထပ်ဆင့်
မြှောက်ပွား ခွဲဝေသောအားဖြင့်၊ ယော လောကော= အကြင်ကုဋေတသိန်းသော
စကြဝဠာ လောကဓာတ်သည်၊ (ဟောတိ=၏) အာနန္ဒ=နွာ၊ အဟံ=ဤကုဋေ
တသိန်းသော စကြဝဠာ လောကဓာတ်ကို၊ [မဇ္ဈိမိကာ မည်သော စကြဝဠာ
အုပ်စုတခု၌ စူဠနိကာ စကြဝဠာ အုပ်စုပေါင်း တထောင် (ဝါ=စကြဝဠာပေါင်း
တသန်း) ရှိ၏၊ ၎င်းကို နောက်ထပ် စူဠနိကာ စကြဝဠာ အုပ်စုပေါင်း
တထောင်ဖြင့်မြှောက်လျှင် (ဝါ=နောက်ထပ် စကြဝဠာပေါင်း တသန်းဖြင့်
မြှောက်လျှင်) သန်းပေါင်း တသန်း (ဝါ- ကုဋေတသိန်း) ဖြစ်၏၊
ထိုကုဋေတသိန်းသော စကြဝဠာလောကဓာတ်ကို ဆိုလို၏၊ တသန်းကို
တထောင်ဖြင့် နှစ်ကြိမ်မြှောက်လျှင်လည်း ဤနည်းတူ ပင်တည်း
တိသဟဓ= တိသံဟဿီ မည်သေား ဝါ= သန်းနှစ်လိ မြှောက်ပွား,
ရငြားတွက်ကိန်း ကုဋေတသိန်းသော၊ ဝါ=တထောင်ကိုတည်, ထောင်သုံးလီဖြင့်,
ဆင့်၍မြှောက်အပ်, ရလဒ်တွက်ကိန်း, ကုဋေတသိန်းသော၊ မဟာသဟဿီ=
တသန်းဖြစ်၏၊ ထိုတသန်းသော စကြဝဠာအုပ်စုတခုသည် ဒွိသဟဿီ
မဇ္ဈိမိကာမည်သော လောကဓာတ်တခု ဖြစ်၏။
ထိုဒွိသဟဿီပုဒ်၌ သဟဿိယာ ဂုဏ်တာ သဟဿီ သဟဿိ
သဟဿိ (တထောင်ဖြင့် မြှောက်အပ်သော တထောင်၊ ဝါ=တသန်း) ဟု
ဝစနတ္ထပြု၍ “သဟဿိ သဟဿီ” ဟု ဆိုလိုလျက် ရှေ့သဟဿီကိုချေသဖြင့်
သဟဿီတပုဒ်သာ ရှိသည်ဟု ကြံပါ ။ ဤသို့ ကြံခြင်းကြောင့် ထိုသဟဿီပုဒ်က
တသန်းဟူသော အနက်ဟောကြောင်းကိုလည်းသိလေ၊ ထိုသဟဿီသည်လည်း
စူဠနိကာ၏ သဟဿီကိုထောက်လျှင် နှစ်ခုမြောက်ဖြစ်၏။ ထို့ကြောင့်
ဒုတိယာ သဟဿီ ဒွိသဟဿီ (နှစ်ခုမြောက် စကြဝဠာတသန်းအုပ်စု)ဟု
ဝစနတ္ထကြံပါ၊ နိရုတ္တိနည်းဖြင့် ဒုတိယကို ဒွိပြု၏။
၂။တိသဟဿိ မဟာသဟဿိလောကဓာတု။ ။ပြခဲ့သော “ဥ်သဟ”
