## PAGE 51

၅၁.
ဘိက္ခဝေ=တို၊ ယေ တေ ဘိက္ခု=အကြင်ရဟန်းတို့သည်၊ အဓမ္မံ=
ဖြူစင်သန့်ရှင်း အပြစ်ကင်းသော တရားမဟုတ်သည်ကို၊ ဝါ=ဖြူစင်သန့် ရှင်း
အပြစ်ကင်းသော ကုသိုလ်ကမ္မပထတရား စသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်
သော ယုတ်မာမည်းညစ် အပြစ်ရှိသော အကုသိုလ်ကမ္မပထတရား၊ ဥပါဒါန်၊
နိဝရဏ စသောတရားကို၊ ဓမ္မောတိ=ဖြူစင်သန့်ရှင်း အပြစ်ကင်းသောတရား
ဟူ၍၊ ဒီပေန္တိ=ပြောပြကြကုန်အံ့။ (တနည်း) အဓမ္မံ=မှန်ကန်တိကျစွာ ဖော်ပြ
အပ်သောတရား မဟုတ်ဘဲ လျှော့ကာတိုးကာ လွဲမှားစွာ ဖော်ပြအပ်သောတရား
ကို။ ဝါ = သတိပဋ္ဌာန်တရားလေးပါး၊ သမ္မပ္ပဓာန်တရားလေးပါး စသည်ဖြင့်
ဘုရားဟောတော်မူသည့်အတိုင်း မှန်ကန်တိကျစွာ ဖော်ပြထားသည်မဟုတ်ဘဲ
သတိပဌာန်တရားသုံးပါး၊ သမ္မပ္ပဓာန်တရား ငါးပါး စသည်ဖြင့် လျှော့ကာတိုးကာ
လွဲမှားစွာ ဖော်ပြအပ်သောတရားကို၊ ဓမ္မောတိ=အပိုအလိုမရှိမှန်ကန်တိကျစွာ
ဖော်ပြအပ်သောတရားဟူ၍၊ ဒီပေန္တိ=အံ့။ [ဤကားသုတ္တန်ဒေသနာတော်နည်း
တည်း]။
(တနည်း) အဓမ္မံ- = ဝိနည်းတရားတော်နှင့်အညီ မပြုအပ်သော
အဓမ္မကံကို၊ ဝါ=စောဒနာမှု အပြစ်ကိုသတိရစေမှုတို့ကို မပြုမူ၍ အပြစ်ကိုလည်း
ဝန်မခံပါဘဲလျက် မဟုတ်မမှန်သောပြစ်မှု အကြောင်းရင်း ဝတ္ထုဖြင့် တဖက်
သတ်ဆုံးဖြတ်အပ်သော အဓမ္မကံကို၊ဓမ္မောတိ=ဝိနည်းတရားတော်နှင့် အညီ
၁။ သုတ္တန်ဒေသနာတော်နည်းအခမ္မ။ ။ဒသ အကုသလကမ္မပထာ
သံကိလိဋ္ဌဓမ္မတာယ·ဝေါဒါနဓမ္မပဋိပက္ခတ္တာ “အဓမ္မော”တိ ဒဿိတာ၊ တထာ
ဥပါဒါနာဒယော။ သာရတ္ထဋီကာ၊ တ၊ ၄၂၁။
၂။ ဝိနည်းဒေသနာတော်နည်းဓမ္မနှင့် အဓမ္မ။ ။ ဓမ္မေန ကတ္တဗ္ဗ ကမ္မံ
ဓမ္မော = ဝိနည်းတရားတော်ဖြင့် (ဝိနည်း တရားတော်နှင့်အညီ)ပြုအပ်သောကံ၊
ဓမ္မကမ္မံဟု ဆိုလိုလျက် ကမ္ပပုဒ်ချေထားသည်ဟုကြံပါ။ န ဓမ္မော အဓမ္မော။
ဝိနယပရိယာယေန ပန ဘူတေန ဝတ္ထုနာ စောဒေတွာ သာရေတွာ
ယထာပဋိညာယ ကတ္တဗ္ဗိ ကမ္မံ ဓမ္မော နာမ။ အဘူတေန ဝတ္ထုနာ အစော
ဒေတွာ အသာရေတွာ အပဋိညာယ ကတ္တဗ္ဗ ကမ္မံ အဓမ္မော နာမ။ (အဋ္ဌကထာ)
ကတ္တဗ္ဗ ကမ္မံ ဓမ္မော နာမာတိ ယထာဓမ္မံ ကရဏတော ဓမ္မော နာမ
သာရတ္ထနှင့် ဥပရိပဏ်ဋီကာ။ ၂၄၅။

## PAGE 52

ပြုအပ်သော ဓမ္မကံဟူ၍၊ ဝါ-စောဒနာမှ အပြစ်ကို သတိရစေမှုတို့ကိုပြုပြီး
နောက် အပြစ်ကိုလည်း ဝန်ခံခြင်းကြောင့် ဟုတ်မှန်သော ပြစ်မှုအကြောင်းရင်း
ဝတ္ထုဖြင့် ဆုံးဖြတ်အပ်သော ဓမ္မကံဟူ၍။ဒီပေန္တိ=အံ့။ ဤကားဝိနည်း ဒေသနာ
တော်နည်း။
ဘိက္ခဝေ=တို့၊ တေ ဘိက္ခူ ထိုရဟန်းတို့သည်၊ ဗဟုဇနအဟိတာယ-
များစွာသော သတ္တဝါအပေါင်း၏ စီးပွားမဲ့အလို့ငှာ၊ ဗဟုဇနအသုခါယ=များစွာ
သော သတ္တဝါအပေါင်း၏ မချမ်းသာခြင်းငှာ၊ဗဟုနော=များစွာသော၊ ဓနုဿ
-သတ္တဝါအပေါင်း၏။ အနတ္ထာယ=မကြီးပွားခြင်းငှားဝါ အကျိုးမဲ့အလို့ငှာ။
အဟိတာယ=စီးပွားမဲ့အလို့ငှာ၊ ဒေဝမနုဿာနံနတ်လူတို့၏၊ ဒုက္ခာယ=ဆင်းရဲ
ခြင်းငှာ၊ ပဋိပန္နော=ကျင့်သူတို့ပေတည်း၊ ဘိက္ခဝေ=တို့၊တေ ဘိက္ခု=တို့သည်၊
ဗဟုံ=များစွာသော၊ အပုညံစ=မကောင်းမှု အကုသိုလ်ကိုလည်း၊ ပသဝန္တိ =မိမိ
သန္တာန်၌ ဖြစ်စေကြကုန်၏။ ဝါ=ရရှိကြကုန်၏။ တေ=ထိုရဟန်းတို့သည်၊ဣမံ
သဒ္ဓမ္မံ စ=ဤသူတော်ကောင်းတရားကိုလည်း၊ အန္တရဓာပေန္တိ=ကွယ်ပျောက်
စေကုန်၏။ ဣတိ(အဝေါစ) တေတ္တိ"သတိမ်-၃၃--ခုမြောက်သုတ်တည်း။
၁၃၁။ ဘိက္ခဝေ=တို့။ ယေ တေ ဘိက္ခုတို့သည်၊ ဓမ္မံ=ဖြူစင်သန့်ရှင်း
အပြစ်ကင်းသောတရားကို၊ ဝါဒဖြူစင်သန့်ရှင်း အပြစ်ကင်းသော ကုသိုလ်ကမ္မ
ပထတရား၊ ဗောဓိပက္ခိယတရားကို၊ အဓမ္မောတိ=ဖြူစင်သန့်ရှင်း အပြစ်ကင်းသော
တရား မဟုတ်ဟူ၍၊ ဒီပေန္တိ=အံ့။ (တနည်း) ဓမ္မံ=အပိုအလိုမရှိ မှန်ကန်တိကျစွာ
ဖော်ပြအပ်သော တရားကို၊ အဓမ္မောတိ=မှန်ကန်တိကျစွာ ဖော်ပြအပ်သော
တရားမဟုတ်ဟူ၍၊ ဒီပေန္တိ=အံ့၊ သုတ္တန်ဒေသနာတော်နည်းတည်း] (တနည်း)
ဓမ္မံ=ဝိနည်းတရားတော်နှင့်အညီ ပြုအပ်သော ဓမ္မကံကို။ . ဝါ=စောဒနာမှု၊
အပြစ်ကိုသတိရစေမှုတို့ကို ပြုပြီးနောက် အပြစ်ကိုလည်း ဝန်ခံခြင်းကြောင့်
ဟုတ်မှန်သောပြစ်မှု အကြောင်းရင်းဝတ္ထုဖြင့် ဆုံးဖြတ်အပ်သော ဓမ္မကံကို၊
အဓမ္မောတိ=အဓမ္မကံဟူ၍၊ ဝါ= ဝိနည်းတရားတော်နှင့်အညီ ပြုအပ်သောဓမ္မကံ
မဟုတ်ဟူ၍၊ ဒီန္တိ=အံ့။ [ဝိနည်း ဒေသနာတော်နည်းတည်း]။ပ။ စတုတ္တိ
သတိ ံ=၃၄-ခုမြောက်သုတ်တည်း။
၁၃၂-၉။ အဝိနယံ=ရာဂစသည်ကို နှိပ်ကွပ်ပယ်ရှားတတ်သည် မဟုတ်
သော အကုသိုလ်ကို၊ ဝိနယောတိ=ရာဂ စသည်ကို နှိပ်ကွပ်ပယ်ရှားတတ်သော
ကုသိုလ်ဟူ၍၊ ဒီန္တိ=အံ့။ [သုတ္တန်ဒေသနာတော်နည်းတည်း] (တနည်း)

## PAGE 53

အဝိနယံ =ဝိနည်းကံတို့၏ ထမြောက်အောင်မြင်ကြောင်းမဟုတ်သော ဝတ္ထု
ဝိပတ္တိစသည်ကို၊ ဝိနယောတိ=ဝိနည်းကံတို့၏ ထမြောက်အောင်မြင်ကြောင်း
ဖြစ်သော ဝတ္ထုသမ္ပတ္တိ စသည်ဟူ၍၊ ဒီန္တိ=အံ့။ [ဝိနည်းဒေသနာတော်နည်း
တည်း] ။ပ။
ဝိနယံ=ရာဂစသည်ကို နှိပ်ကွပ်ပယ်ရှား တတ်သော ကုသိုလ်တရားကို၊
အဝိနယောတိ = ရာဂစသည်ကို နှိပ်ကွပ်ပယ်ရှားတတ်သည် မဟုတ်သော
အကုသိုလ်တရားဟူ၍၊ ဒီပေန္တိ =အံ့။ [သုတ္တန်နည်း] (တနည်း) ဝိနယံ=ဝိနည်း
ကံတို့၏ ထမြောက်အောင်မြင်ကြောင်းဖြစ်သော ဝတ္ထုသမ္ပတ္တိစသည်ကို၊ အဝိ
နယောတိ=ဝိနည်းကံတို့၏ ထမြောက်အောင်မြင်ကြောင်းမဟုတ်သော ဝတ္ထု
ဝိပတ္တိ စသည်ဟူ၍၊ ဒီပေန္တိ=အံ့၊ ဝိနည်းဒေသနာတော်နည်း]။ပ။
တထာဂတေန=မြတ်စွာဘုရားသည်၊ အဘာသိတံ-ဟောတော်မမူအပ်
သော၊ အလပိတံ=မိန့်မြွက်တော်မမူအပ်သော၊ ဝစနံ=တရားစကားကို၊ ဝါ=
၁။ အဝိနယံ ဝိနယောတိ ဒီပေန္တိ။ ။ ဝိနယပရိယာယေန ဝတ္ထုသမ္ပတ္တိ
ဉတ္တိသမ္ပတ္တိ။ပ။ ပရိသာသမ္ပတ္တိတိ အယံ ဝိနယော နာမ။ (အဋ္ဌကထာ)။ ဝတ္ထု
သမ္ပတ္တိအာဒိဝသေန သဗ္ဗေသံ ဝိနယကမ္မာနံ အကုပ္ပတာတိ အာဟ “ဝတ္ထုသမ္ပတ္တိ
။ ပ! အယံ ဝိနယော နာမာ”တိ။ (သာရတ္ထဋီကာ၊ တ၊ ၄၂၁။)။ ဝိနယပုဒ်၏
မုချအနက်မှာ ဥပသမ္ပဒါကံ, ဥပုသ်ပဝါရဏာကံ စသောဝိနည်းကံများဖြစ်၏။
သို့သော် ဤနေရာ၌ ဝိနယပုဒ်အရ ထိုဝိနည်းကံတို့ကိုသာ မယူပဲ ထိုကံတို့၏
အောင်မြင်ကြောင်း မပျက်စီးကြောင်း (အကုပ္ပ)ဖြစ်သော ဝတ္ထုသမ္ပတ္တိ ဉ တ္တိသမ္ပတ္တိ
စသည်တို့ကိုပါ ဖလူပစာရအားဖြင့် ယူရမည်ဟု ဋ္ဌ၊ဋီတို့ မိန့်ဆိုလိုဟန်ရှိသည်။
ဥပရိပဏ်ဋီကာ၌မူ “အယံ ဝိနယော နာမ ယထာဝိနယကရဏတော”
ဟု (ဓမ္မပုဒ်တုန်းကအတိုင်းပင်)ဖွင့်ထား၏။ (သာရတ္ထ၌ ထိုအဖွင့်မပါ) ထို
အဖွင့်အတိုင်းဆိုလျှင် “ဝိနယေန ကတ္တဗ္ဗ ကမ္မံ ဝိနယော (ဝိနည်းတရားတော်ဖြင့်
ပြုအပ်သောကံ)”ဟု ပြုရလိမ့်မည်။ အနက်ကိုလည်း “အဝိနယံ=ဝိနည်းတရား
တော်နှင့်အညီ ပြုအပ်သည်မဟုတ်သော ဥပသမ္ပဒါစသောကံကို၊ ဝါ
ဝိပတ္တိ စသည်တို့ကြောင့် မအောင်မြင်သော ဥပသမ္ပဒါစသောကံကို၊ ဝိနယောတိ
=ဝိနည်းတော်နှင့်အညီ ပြုအပ်သောကံဟူ၍၊ ဝါ=ဝတ္ထုသမ္ပတ္တိစသည်တို့ကြောင့်
အောင်မြင်သော ကံဟူ၍၊ ဒီပေန္တိ=အံ့” စသည်ဖြင့် အနက်ပေးရလိမ့်မည်။
အဋ္ဌကထာမှ သမ္ပတ္တိပုဒ်တို့ကိုလည်း ကာရဏူပစာရ ကြံရလိမ့်မည်။
=
ဝတ္ထု
