## PAGE 510

မဟာသဟဿီမည်သော၊ ဝါ=ထောင်ပေါင်းများစွာတို့ဖြင့် ရေတွက်အပ်သော
ကုဋေတသိန်းအုပ်စုဖြစ်သော၊ လောကဓာတု=ဟူ၍၊ ဝုစ္စတိ=၏။
အာနန္ဒန္ဒာ၊ တထာဂတော=မြတ်စွာဘုရားသည်၊ အာကင်္ခမာနော=
(အသံဖြင့် ကြားသိစေခြင်းငှာ)အလိုရှိတော်မူလသော်၊ တိသဟ မဟာသဟ
ဿိလောကဓာတုံ=တိသဟဿိ မဟာသဟဿီမည်သော လောကဓာတ်ကို၊
၌ သဟဿိ (တသန်း)ကို ဒုတိယဖြစ်သော သဿိ (တသန်း) ဖြင့်
မြှောက်လျှင် သန်းပေါင်းတသန်း(သို့မဟုတ် ကုဋေတသိန်း) ဖြစ်၏။
[နိဿယခန်း၌လည်း ရေးခဲ့ပြီ] တနည်းအားဖြင့် တထောင်ကို
တကောင်ဖြင့်မြှောက်လျှင် တသန်းဖြစ်၏။ ထိုတသန်းကို ဒုတိယ တထောင်ဖြင့်
မြှောက်လျှင် သန်းပေါင်းတထောင် (သို့မဟုတ် ကုဋေတရာ)ဖြစ်၏၊ ၎င်းကို
တတိယ တထောင်ဖြင့်မြှောက်လျှင် ကုဋေတသိန်း ဖြစ်၏၊ ဤသို့အားဖြင့်
တထောင်ကိုတည်၍ တထောင်ဖြင့် သုံးကြိမ်ဆင့်၍ သော်လည်းမြှောက်ပါ။
ထိုကုဋေတသိန်းကို ဂဏန်းဖြင့်ရေးလျှင် တစ်ဂဏန်း၏နောက်၌
သုည (၁၂)လုံးရေးရမည်၊ ထိုကုဋေတသိန်းသော စကြဝဠာအုပ်စုတခုသည်
တိသဟဿိ မဟာသဟဿီမည်သော လောကဓာတ်တခုဖြစ်၏၊
ဤ၌လည်း သဟဿိယာ ဂုဏိတာ သဟဿီ သဟဿိသဟံဿီ
(တသန်းဖြင့် မြှောက်အပ်သော တသန်း၊ ဝါ=သန်းပေါင်းတသန်း၊ ဝါ=ကုဋေ
တသိန်း)ဟု ဝစနတ္ထပြု၍ တပုဒ်ကိုချေသဖြင့် သဟဿီတပုဒ်သာ ရှိသည်ဟု
ကြံပါ၊ ထိုသို့ကြံခြင်းကြောင့် ထိုကြွင်းကျန်သော သဟဿီပုဒ်က ကုဋေတသိန်း
ဟူသော အနက်ကို ဟောကြောင်းကိုလည်း သိပါလေ။
ထိုနောက် “သဟဿိတော ပဋ္ဌာယ (စူဠနိကာသဟဿီမှစ၍)
တတိယာတိ တိသဟသိ”ဟူသော အဋ္ဌကထာ အဖွင့်အတိုင်း ဤ
“တိသဟဿီ”သည် ရှေးစူဠနိကာနှင့် မဇ္ဈိမိကာတို့၏ သဟဿီကို ထောက်လျှင်
သုံးခုမြောက်ဖြစ်၏။ ထို့ကြောင့် တတိယာ သဟဿီ တိသဟဿီ (သုံးခုမြောက်
စကြဝဠာ ကုဋေတသိန်းအုပ်စု)ဟု ဝစနတ္ထပြု၊ နိရုတ္တိနည်းဖြင့် တတိယာကို
တိပြု၊ မဟန္တေဟိ သဟဟိ ဂဏိတာ သဟဿီ မဟာသဟဿီ
(ထောင်ပေါင်းများစွာတို့ဖြင့် ရေတွက်အပ်သော စကြဝဠာ ကုဋေတသိန်းအုပ်စု)၊
ထို့နောက် သမာသ် ဖြစ်လျှင် တိသဟဿီ စ သာ မဟာသဟဿီ စာတိ
တိသဟဿိ မဟာသဟဿိ ဟုပြု။ သမာသ်ပြီးသောအခါ “တိသဟဿိ”ဟူ၍
သမာသမဇ္ဈ ဣရဿဖြင့် ရှိရ၏ ၊ အကယ်၍ လောကဓာတုပုဒ်ဖြင့် ဆက်လက်၍
သမာသ်တွဲလျှင် မဟာသဟဿိဟုလည်း ဣရဿဖြင့်ပင် ရှိစေရ၏။

## PAGE 511

ဝါ=ကုဋေတသိန်းအုပ်စုဖြစ်သော မဟာသဟဿီမည်သော လောကဓာတ်ကိုး
ဝါ=သန်းနှစ်လီမြှောက်ပွား,ရငြားတွက်ရေ, ကုဋေတသိန်း ကိန်းနှင့်လျော်ညီ,
မဟာသဟဿီမည်မှတ်,' လောကဓာတ်ကို၊ ဝါ-တထောင်ကို တည်,
ထောင်သုံးလီဖြင့်, မြှောက်ဆင့်ပွားရေ, ကုဋေတသိန်း, တွက်ကိန်း လျော်ညီ,
မဟာသဟဿီမည်မှတ်, လောကဓာတ်ကို၊ သရေန အသံဖြင့်၊
ဝိညာပေယျ=ကြားသိစေတော်မူနိုင်၏၊ ပန=ထို့ထက်ပိုလွန်၍လည်း၊ ယာဝတာ=
အကြင်မျှလောက် ပမာဏရှိသော လောကဓာတ်တိုင်အောင်၊ အာကင်္ချေယျ=
(အသံဖြင့်ကြားသိစေခြင်းငှာ) အလိုရှိတော်မူငြားအံ့၊ (တာဝတာ=ထိုအလိုရှိသမျှ
ပမာဏရှိသော လောကဓာတ်တိုင်အောင်၊ သရေန=ဖြင့်၊ ဝိညာပေယျ=
ကြားသိစေတော်မူနိုင်၏) ဣတိ=သို့၊ (အဝေါစ)
ဘန္တေ =အရှင်ဘုရား၊ ကထံ=အဘယ်သို့သောနည်းဖြင့် ယထာ
အနက်မရှိ ဘဂဝါ=မြတ်စွာဘုရားသည်။ပ။ ဝိညာပေယျ=ကြားသိစေတော်မူပါ
မည်နည်း၊ပန«ထို့ထက်ပိုလွန်၍လည်း၊ယာဝတာ=တိုင်အောင်၊ အာကခေယျ=အံ့း
(တာဝတာ=အောင်၊ သရေန=ဖြင့်၊ ဝိညာပေယျ=မည်နည်း) ဣတိ (အဝေါစ)
အာနန္ဒ=န္ဒာ၊ ဣဓ=ဤလောက၌၊ တထာဂတော=သည်။ပ။ သြဘာသေန=
အရောင်အလင်းဖြင့်၊ ဖရေယျ=ဖြန့်တော်မူရမည်၊ ယဒါ-အကြင်အခါ၌၊
တေ သတ္တာ=ထိုသတ္တဝါတို့သည်၊ တံ အာလောကံ=ထိုအရောင်အလင်းကို၊
သဉ္ဇာနေယျုံ=ကောင်းစွာသိနိုင်ကြကုန်၏၊ အထ=ထိုအခါ၌၊ တထာဂတော=
``သည်၊ ဃောသံ=တရားနာရန်ကြွေးကြော်သံကို၊ ကရေယျ=ပြုတော်မူရမည်၊
သဒ္ဒံ=တရားသံကို၊ အနုဿာဝေယျ=ကြားသိစေတော်မူရမည်၊ အာနန္ဒ=န္ဒာ၊
ဧဝံ=ဤသို့သောနည်းအားဖြင့်၊ (ဤသို့ ကုဋေတသိန်းသော လောကဓာတ်ကို
အရောင်အလင်းဖြန့်ခြင်း, သတ္တဝါတို့ ထိုအရောင်အလင်းကို သိကြရာအခါ၌
တရားဟောခြင်းဟူသောနည်းအားဖြင့်)တထာဂတော=သည်။ပ။ ဝိညာပေယျ=
ကြားသိစေတော်မူရမည်၊ ပန=လည်း၊ ယာဝတာ=အောင်။ပ။
ဧဝံ=ဤသို့၊ ဝုတ္တေ=မြတ်စွာဘုရား မိန့်ဆိုတော်မူအပ်လသော်၊ အာယသ္မာ
အာနန္ဒော=အရှင်အာနန္ဒာသည်၊ အာယသ္မန္တ ဥဒါယိ=အရှင်လာဠုဒါယီကို၊
ဧတံ=ဤစကားကို၊ အဝေါစ=ဆိုပြီ၊ (ကိန္တိ=သို့၊ အဝေါစ=ဟူမူ) ယဿ
မေ=အကြင်ငါ၏၊ သတ္ထာ=ဆရာမြတ်စွာဘုရားသည်၊ ဧဝံမဟိဒ္ဓိကော= ဤ၍
ဤမျှ ကြီးမားလှသော တန်ခိုးရှိတော်မူ၏၊ ဧဝံ မဟာဘာဝေါ=ဤ၍
ဤမျှကြီးမားလှသော အစွမ်းအာနဘော် ရှိတော်မူ၏၊ တဿ မေ=ထိုငါ့မှာ၊
လာဘာ=လာဘ်ကောင်း လာဘ်မြတ်ကို ရခြင်းတို့သည်၊ ဝါ=အရတော်ခြင်း
တို့သည်၊ ဟောန္တု ဝတ=ဖြစ်ပါပေကုန်စွတကား၊ တဿ မေ=ထိုငါသည်၊

## PAGE 512

သုလက္ခံ ဝတ”=(လာဘ်ကောင်းလာဘ်မြတ်ကို) ကောင်းစွာရအပ်ပါပေစွတကား၊
ဝါ=အရတော်ပါပေစွာတကား၊ ဣတိ=ဤသို့၊ (အဝေါစ=ဆိုပြီ)
ဧဝံ=ဤသို့၊ ဝုတ္တေ=အရှင်အာနန္ဒာက ပြောဆိုအပ်လသော်၊ အာယသ္မာ
ဥဒါယီ=အရှင်ဥဒါယီသည်၊ အာယသ္မန္တ အာနန္ဒ-အရှင်အာနန္ဒာကို။ပ။အာဝုသော
အာနန္ဒ=ငါ့ရှင်အာနန္ဒာ၊ တေ=သင်၏၊ သတ္တာ=ဆရာမြတ်စွာဘုရားသည်၊ ဧဝံ
မဟိဒ္ဓိကော=ရှိသည်၊ ဧဝံ မဟာနဘာဝေါ=ရှိသည်၊ ယဒိ(သိယာ)=အကယ်၍
ဖြစ်ငြားအံ့၊ ဧတ္ထ ဤသို့ဖြစ်ရာ၌၊ ဝါ=ဤသို့ဖြစ်ခြင်းကြောင့်၊ (ဤသို့
မဟိဒ္ဓိက, မဟာနဘာဝဖြစ်ခြင်းကြောင့်) တုယှံ=သင့်အား၊ ကိ=အဘယ်
မည်သောကောင်းကျိုးချမ်းသာသည်၊ (သိယာ=ဖြစ်နိုင်ပါသနည်း) ဣတိ
(အဝေါစ=ဆိုပြီ)
ဧဝံ-ဤသို့၊ ဝုတ္တေ=အရှင်လာဠုဒါယိက ပြောဆိုအပ်လသော်။ပ။
ဥဒါယိ=ဥဒါယီ၊ (တွံ=သင်သည်) ဧဝံ=ဤသို့၊ မာ (အဝစ)=မပြောဆိုပါလင့်၊
ဥဒါယိ=ဥဒါယီ၊(တွံ) ဧဝံ=သို့၊ မာ(အဝစ)=လင့်၊ ဥဒါယိ=ဥဒါယီ၊ အာနန္ဒော=
အာနန္ဒာသည်၊ အဝီတရာဂေါ မကင်းရှင်းသေးသော ရာဂရှိလျက်၊ ကာလံ=
ကွယ်လွန်ခြင်းကို၊ သစေ ကရေယျ=အကယ်၍ပြုငြားအံ့၊ (ဧဝံ သတိ= ဤသို့
ပြုသည်ရှိသော်) တေန စိတ္တပ္ပသာဒေန=ထို(သီဟနာဒ ဒေသနာတော်၌)
စိတ်၏ ကြည်ညိုခြင်းကြောင့်၊ သတ္တက္ခတ္တု=ခုနစ်ကြိမ်၊ ဒေဝေသု=နတ်တို့၌၊
ဒေဝရဒ္ဓံ=နတ်မင်းအဖြစ်ကို၊ ကာရေယျ=ပြစေရာ၏၊ သတ္တက္ခတ္တု=ကြိမ်၊
ဣမသ္မိံ ယေဝ ဇမ္ဗူဒီပေဤဇမ္ဗူကျွန်း၌ပင်၊ မဟာရဇံ=ကြီးစွာသော စကြဝတေး
မင်း၏အဖြစ်ကို၊ ကာရေယျ=၏၊ ဥဒါယိ= ယီ၊ အပ်စ=သို့သော်လည်း၊
အာနန္ဒော-သည်၊ ဒိဋ္ဌိဝ ဓမ္မေ=ယခုမျက်မှောက် အတ္တဘော၌သာလျှင်၊
ပရိနိဗ္ဗာယိဿတိ=ပရိနိဗ္ဗာန်ပြုလတ္တံ့၊ ဝါ=နောက်ထပ် ပဋိသန္ဓေနေခြင်း၏
အကြောင်းဖြစ်သော တဏှာစသည်ကင်းသော ခန္ဓာ ဇာတ်သိမ်း ချုပ်ငြိမ်းခြင်းဖြင့်
၁။ လာဘာ ဝတ မေ သုလက္ခံ ဝတ မေ ။-။တဿ မေးထိုငါ့မှာ၊
လာဘာ-ဤသို့ မဟိဒ္ဓိက, မဟာစူဘာဝဖြစ်သော ဆရာမြတ်စွာဘုရားဟူသော
လာဘ်ကောင်း လာဘ်မြတ်ကို ရခြင်းတို့သည်၊ ဝါ=ဤသို့ မဟိဒ္ဓိက,
မဟာနဘာဝ ဖြစ်တော်မူသော ဆရာမြတ်စွာဘုရား၏ ဝတ်ကြီးဝတ်ငယ်
ပြုစု၍ တရားဓမ္မ ကြားနာရခြင်းတည်းဟူသော လာဘ်ကောင်းလာဘ်မြတ်ကို
ရခြင်းတို့သည်၊ ဟောန္တိ ဝတ=တကား၊ ဤသို့ အကျယ်တဝင့် အနက်ဆိုနိုင်၏၊
“သုလက္ခံ ဝတ”၌လည်း ဤနည်းမှီး၍ဆိုပါ။
