## PAGE 549

ပဟီနေ=သော်၊ တသ္မိံ=ထိုကျောက်စရစ်အနူစသော အလတ်စားအညစ်အကြေး
ကို၊ ဗျူန္တကတေ=သော်၊ ဇာတရူပဿ=၏၊ သုခုမသဟဂတာ=အနူစား
အသေးစား၏ အဖြစ်နှင့်တကွဖြစ်ကုန်သော၊ ဝါ=အနုစားအသေးစား
ဖြစ်ကုန်သော၊ ဥပက္ကိလေသာ=ကုန်သော၊ သုခုမဝါလုကာ=အချစား သဲမှုန့်
တို့သည်လည်းကောင်း၊ ကာဠဇလ္လိကာ=မည်းနက်သော မြူအညစ်အကြေး
တို့သည်လည်းကောင်း၊ သန္တိ=ရှိကုန်၏၊ တမေနံ=ထိုသဲမှုန့်အနစသော
အသေးစား အညစ်အကြေးကို ပ။တသ္မိံ =ထိုသဲမှုန့် အနစသော အသေးစား
အညစ်အကြေးကို၊ ပဟီနေ ။ပ။အထာပရံ=အညစ်အကြေး ကင်းစင်ပြီးသည်မှ
နောက်၌၊ သုဝဏ္ဏသိကတာ= ရွှေမှုန့်တို့သည်၊ အဝသိဿန္တိ=ကြွင်းကျန်ကုန်၏။
တမေနံ ဇာတရူပံ=ထိုရွှေကို၊(အညစ်အကြေး ကင်းစင်ပြီးသော
ထိုရွှေကို)သုဝဏ္ဏကာရော ဝါ=ရွှေပန်းထိမ်ဆရာသည်သော်လည်းကောင်း၊
သုဝဏ္ဏကာရန္တေ ဝါသီ ဝါ=ရွှေပန်းထိမ်ဆရာ၏ တပည့်သည်
သော်လည်းကောင်း၊ မူသာယံ  ိ = မိုက်ခွက်၌၊ ပက္ခိပ်တွာ=ထည့်၍၊ ဓမတိ-
(မီးမှုတ်ပြောင်းဖြင့်)မှုတ်၏၊ သန္ဓမတိ=အထပ်ထပ် အခါခါ ကောင်းစွာမှတ်၏၊
နိက္ခမတိ=အားစိုက် ဖိနှိပ်၍ နှုတ်၏၊ ဓန္တ - မှတ်အပ်ပြီးသော၊
သဃံ=အထပ်ထပ်အခါခါ ကောင်းစွာ မှုတ်အပ်ပြီးသော၊ နိတ္တံ=အားစိုက်ဖိနှိပ်၍
မှတ်အပ်ပြီးသော၊ တံ ဇာတရူပံ=ထိုရွှေသည်၊ အနိဒ္ဓန္တ ကသာဝံ-မမှုတ်ထုတ်
အပ်သေးသော အညစ်အကြေးရှိသည်၊ ဟောတိ=ဖြစ်၏။မုဒုစေ၀=
နူးညံ့ပျော့ပြောင်းသည်လည်း၊ နဟောတိ=မဖြစ်သေး၊ ကမ္မနိယံ စ=
ထုနှက်ခြင်းအမှု၌ သင့်လျော်ခိုင်ခံ့ သည်လည်း၊
မဖြစ်သေး၊ ပဘဿရံ စ=တလက်လက်ထွက်သော အရောင်ရှိသည်လည်း၊
* ဟောတိ=သေး၊ ပဘင်္ဂု စ=ကျိုးပဲ့ပျက်စီးတတ်သည်လည်း၊ ဟောတိ=
ဖြစ်၏၊ ကမ္မာယ စ=အဆင်တန်ဆာ ပြုလုပ်ခြင်းအမှုသို့လည်း၊
ကောင်းစွာ၊ န ဥပေတိ- မရောက်၊ [အပေါ သဂ္ဂါယ ဂစ္ဆတိ၌ကဲ့သို့
-
=
ဟောတိ-
သမ္မာ=
၁။ မူသာဟူသော ဝေါဟာရ။ ။မီးအရှိန်ဖြင့် ပူ၍ ရွှေကိုပျော့ပြောင်း
လာစေရာ၌ အသုံးပြုသော ရွှေလှော်“မိုက်ခွက်, လုံ"ကို မူသာဟု ခေါ်၏၊
သက္ကတ အင်္ဂလိပ် အဘိဓါန်တို့၌လည်း မူသာကို Crucible(သံရည်ကြိုခွက်)
ဟုဆို၏။ မြန်မာတို့ ရေထဲ၌ ရွှေကျင်သောအခါ အသုံးပြုသော ခွက်ကိုလည်း
မိုက်ခွက်ဟု ခေါ်သေးသတတ်၊ သို့သော် ပါဠိ၌ သုဝဏ္ဏကာရာနံ
မှုသာ(ရွှေပန်းထိမ်သည်တို့၏ မိုက်ခွက်)ဟုသာ အသုံးတွေ့ရ၍ ရေထဲ
ရွှေကျင်သူတို့၏ မိုက်ခွက်ဟု မတွေ့ရ၊ မူသာ ဟူသော ပါဠိအတိုင်း“မိုသ်”ဟု
ရေးသင့်၏။ နောက်သုတ်၌လည်း တွေ့ဦးလတ္တံ့။

## PAGE 550

“ဂတျတ္ထကမ္မနိ”ဟူသော ကစ္စည်းကျမ်းနှင့်အညီ ဂတိအနက်ရှိသော
ဓါတ်တို့၏ယှဉ်ရာဝယ် ကံအနက်၌ သမ္ပဒါန်ဝိဘတ်သက်၊ အာယပြု၍
“ကမ္မာယ”ဟုဖြစ်၏]
ဘိက္ခဝေ=တို့၊ ယံ(သမယံ)-အကြင်အခါ၌၊ သုဝဏ္ဏကာရော ဝါ=
သည်လည်းကောင်း၊ သုဝဏ္ဏကာရန္တေဝါသီ ဝါ=လည်းကောင်း၊ တံ
ဇာတရူပံ=ထိုရွှေကို။ပ။ သန္တ=သော၊ နိဒ္ဓန္တ=သော၊ တံ ဇာတရူပံ=သည်၊
နိဒ္ဒန္တ ကသာဝံ=မှုတ်ထုတ် အပ်ပြီးသော အညစ်အကြေးရှိသည်၊ ဟောတိ=၏၊
မုဒုစ=နူးညံ့ပျော့ပြောင်းသည်လည်းကောင်း၊ ကမ္မနိယဉ္စ=သည်လည်းကောင်း၊
ပဘဿရဉ္စ=လည်းကောင်း၊ ဟောတိ=၏၊ ပဘင်္ဂု စ=သည်လည်း၊ န
ဟောတိ=မဖြစ်၊ ကမ္မာယ’သို့၊ သမ္မာ=စွာ၊ ဥပေတိ-ရောက်၏။ စ=ထို့အပြင်၊
ယဿာ ယဿာ ပိလန္ဒနဝိကတိယာ=အကြင် အကြင် တန်ဆာအထူး
အကျိုးငှါ၊ဝိကတိ=အထူးတလည် ပြုလုပ်အပ်သော+ပိလန္ဓနု=တန်ဆာ
အာကင်္ခတိ=အလိုရှိအံ့၊ ယဒိ ပဋိကာယ=(သင်းကျစ်ပြားစသော)ရွှေပြားတန်ဆာ
အကျိုးငှါသော်လည်းကောင်း၊ ယဒိ ကုဏ္ဍလာယ=နားချောင်း
အကျိုးငှါသော်လည်းကောင်း၊ ယဒိ ဂီဝေယျကာယ=လည်ဆွဲတန်ဆာအကျိုးငှါ
သော်လည်းကောင်း၊ ဥပရိပဏ်၊ ၂၈၇ ၌ ဂီဝေယျကာယ ဟု ရှိ၏]ယဒိ
သုဝဏ္ဏမာလာယ=ရွှေပန်းကုံး အကျိုးငှါသော်လည်းကောင်း၊ အာကင်္ခတိ=အံ့၊
အဿ=ထိုရွှေပန်းထိမ်ဆရာ၏၊ တဉ္စ အတ္ထံ-ထိုတန်ဆာ အထူးဟူသော
အကျိုးကိုလည်း၊ အချဘောတိ=ပြီးစီးစေ၏ တနည်း-အဿ=ထိုရွှေ၏၊ တဉ္စ
အတ္ထိ-ထိုတန်ဆာအထူးဟူသော အကျိုးသို့လည်း၊(သုဝဏ္ဏကာရော-
ရွှေပန်းထိမ်ဆရာသည်)အနီဘောတိ=ရောက်၏။ ဝိဘင်းမူလဋီကာ(၁၅၁)
စသည်သော သမယော=ထိုအခါသည်၊ ဟောတိ=ရှိ၏။
ဘိက္ခဝေ=ရဟန်းတို့၊ ဧဝမေဝံ=ဤအတူပင်၊ အဓိစိတ္တံ = ထူးချွန်လွန်ကဲ
သော သမထ, ဝိပဿနာစိတ်ကို၊ အန္ဒူယုတ္တဿ=ထပ်တလဲလဲ ကြိုးစား
အားထုတ်သော၊ (မဖြစ်သေးသည်ကို ဖြစ်စေခြင်း, ဖြစ်ပြီးသည်ကို ထပ်၍ဖြစ်ပွား
စေခြင်း အားဖြင့် ထပ်တလဲလဲ ကြိုးစားအားထုတ်သော)ဝါဖြစ်ပွားစေသေား
ဘိက္ခုနော=ရဟန်း၏၊ သြဠာရိကာ=ကုန်သော၊ ဥပက္ကိလေသာ=ကုန်သော၊
၁။
အဓိစိတ္တ။ ။အဓိ(အဓိကံ)-(ရိုးရိုးစိတ်ထက်)ထူးချွန်လွန်ကဲ သော၊
စိတ္တံ=စိတ်။ ဝိပဿနာ၏အခြေခံဖြစ်သော ရှစ်ပါးသော သမာပတ်စိတ်နှင့်
ဝိပဿနာစိတ်ကို အဓိစိတ္တဟု ခေါ်၏၊ ကုသိုလ်ကမ္မပထတရား ဆယ်ပါး
အနေဖြင့်ဖြစ်သော စိတ်ကား အဓိစိတ္တမဟုတ်၊ ရိုးရိုးစိတ်သာတည်း။

## PAGE 551

ကာယဒုစ္စရိတံ=ကာယဒုစ္စရိတ် အကုသိုလ်သည်လည်းကောင်း၊ ဝစီဒုစ္စရိတံ=
ဝစီဒုစ္စရိတ် အကုသိုလ်သည်လည်းကောင်း၊ မနောဒုစ္စရိတံ=မနောဒုစ္စရိတ်
အကုသိုလ်သည် လည်းကောင်း၊ သန္တိ=ရှိကုန်၏၊ တမေနံ=ထိုအကြမ်းစားဒုစ္စရိတ်
အညစ်အကြေးကို၊ သစေတသော=သမထ ဝိပဿနာစိတ်နှင့်တကွဖြစ်သော၊
ဝါ=သမထ ဝိပဿနာစိတ်နှင့်ပြည့်စုံသော၊ ဒဗ္ဗဇာတိကော=ပညာရှိ၏
သဘောတရားရှိသော၊ ဘိက္ခု=ရဟန်းသည်၊ ပဇဟတိ=ပယ်စွန့်၏၊ ဝိနောဒေတိ
ထုတ်ပစ်၏၊ ဗျဂျီကရောတိ=ကင်းသော အဆုံးအပိုင်းအခြားရှိအောင်ပြု၏၊
ဝါ=ဘင်ခဏမျှပင် မကျန်ရအောင် အပြီးအပြတ် အဆုံးသတ်ပယ်ရှား၏၊
အနုဘာဝ(အနူ+ အဘာဝံ)=ထပ်တလဲလဲ မဖြစ်ခြင်းသို့၊ ဝါ=မတိုးပွားခြင်းသို့၊
ဂမေတိ-- ရောက်စေ၏။
တသ္မိံ=တိုအကြမ်းစား ဒုစ္စရိတ် အညစ်အကြေးကို၊ ပဟီနေ=သော်၊
တသ္မိံ=လိုအကြမ်းစား ဒုစ္စရိတ် အညစ်အကြေးကို၊ ဗျတ္တိံကတေ=ကင်းသော
အဆုံးအပိုင်းအခြားရှိအောင်ပြုအပ်ပြီးလသော်၊ အဓိစိတ္တံ=ကို၊ အနူယုတ္တဿ=
သော၊ ဘိက္ခုနော=ရဟန်း၏၊ မဇ္ဈိမ သဟဂတာ-ကုန်သော၊ ဥပက္ကိလေသာ=
ကုန်သော၊ ကာမဝိတက္ကော=ကာမဝိတက်သည်လည်းကောင်း၊ ဝါ-ဝတ္ထု
ကာမတို့ကို အာရုံပြု၍ဖြစ်သော ကြံစည်တွေးတောခြင်းသည်လည်းကောင်း၊
ဗါ=ကာမရာဂနှင့်ယှဉ်သော ကြံစည်တွေးတောခြင်းသည်လည်းကောင်း၊ ဗျာပါဒ
ဝိတက္ကော=ဗျာပါဒ၀ိတက်သည်လည်းကောင်း၊ ဝါ=ဒေါသနှင့်ယှဉ်သော ကြံစည်
တွေးတောခြင်းသည်လည်းကောင်း၊
ဝိဟိံသာ ဝိတက္ကော= သည်လည်းကောင်း၊
ဝါ=သတ္တဝါ တို့ကို ညှဉ်းဆဲနှိပ်စက်ကြောင်း ဒေါသစသော အကုသိုလ်နှင့်
ယှဉ်သော ကြံစည်တွေးတောခြင်းသည်လည်းကောင်း၊ သန္တိ=ရှိကုန်၏၊
တမေနံ=ထိုအလတ်စားဝိတက် အညစ်အကြေးကို။ပ။ ဂမေတိ=၏။
= တသ္မိံ=ထိုအလတ်စား ဝိတက်အညစ်အကြေးကို၊ ပဟီနေ=သော်။ပ။
ဥပက္ကိလေသာ=ကုန်သော၊ ဉာတိဝိတက္ကော-ဆွေမျိုးတို့ကို အကြောင်းပြု၍
ဖြစ်သော ကြံစည်တွေးတောခြင်းသည်လည်းကောင်း၊ ဇနပဒဝိတက္ကော=
နယ်ပယ်ဇနပုဒ်ကို အကြောင်းပြု၍ဖြစ်သော ကြံစည်တွေးတောခြင်း
သည်လည်းကောင်း၊ အနုပညတ္တိ ပဋိသံယုတ္တော-သူတပါးတို့၏ အထင်မသေး
လေးစားခံလိုခြင်းနှင့် ဆက်စပ်သော၊ ဝိတက္ကော=ကြံစည်တွေးတောခြင်း
သည်လည်းကောင်း၊သန္တိ=ရှိကုန်၏၊ [အဝဇာနနံ အဝညတ္တိ=အောက်တန်းချ၍
အသိအမှတ်ပြုခြင်း၊ အထင်သေးခြင်း၊ မလေးစားခြင်း၊ အဝညတ္တိ
အနုပညတ္တိ- အထင်မသေးခြင်း၊ လေးစားခြင်း]တမေနံ=ထိုအသေးစား
ဝိတက် အညစ်အကြေးကိုသစေတသော။ပ။ တသ္မိံ=ထိုအသေးစား
ဝိတက်အညစ်အကြေးကို အထာပရံ= ထိုမှနောက်၌၊
