## PAGE 552

၅၅၊
ဓမ္မဝိတက္က=ဓမ္မဝိတက်တို့သည်၊ ဝါ-သြဘာသစသော ဝိပဿနာ
ညစ်ညူးကြောင်း တရားတို့ကို အကြောင်းပြု၍ ဖြစ်သော ကြံစည်တွေးတောခြင်း
တို့သည်၊ အဝသိဿန္တိ=ကြွင်းကျန်ကုန်၏။
သော သမာဓိ-ထိုဝိပဿနာသမာဓိသည်(ဓမ္မဝိတက် အကြွင်းအကျန်
ရှိသေးသော ထိုဝိပဿနာသမာဓိသည်) နု စေဝ သန္တော=(ကိလေသာ
မကင်းဝေး)မငြိမ်းအေးသည်လည်းကောင်း၊ န စ ပဏီတော=မွန်မြတ်ထူးကဲ
မရောင်ရဲစေနိုင်သည် မဟုတ်သည်လည်းကောင်း၊ ဟောတိ=ဖြစ်၏၊
နပ္ပဋိပ္ပဿဒ္ဓလဒ္ဓေါ=ကိလေသာ အပူငြိမ်းခြင်းကြောင့် ရအပ်သည် မဟုတ်သည်၊
ဧကောဒိဘာဝါဓိဂတော=မွန်မြတ်လျက် မြင့်တက်လာသောစိတ်၏
ဖြစ်ကြောင်း ဧကဂ္ဂတာ အဆင့်အတန်းသို့ မရောက်သေးသည်၊ ဝါ=တည်ကြည်
သောစိတ်၏ ဖြစ်ကြောင်း ဧကဂ္ဂတာ အဆင့်အတန်းသို့ မရောက်သေးသည်၊
[ဧက=မြတ်သည်ဖြစ်၍+ဥဒိ=မြင့်တက်လာသောစိတ်၏ (ဧကောဒိ=
တည်ကြည်သောစိတ်၏)+ဘာဝ=ဖြစ်ကြောင်း ဧကဂ္ဂတာအဆင့်အတန်းသို့+
*
အဓိဂတ=ရောက်သောဝိပဿနာသမာဓိ]သသင်္ခါရနိဂ္ဂယှဝါရိတဂတော=
လုံ့လစိုက်ထုတ်ရခြင်းနှင့်တကွ ကိလေသာတို့ကို နှိပ်ကွပ်တားဆီး၍
ဖြစ်ပေါ်လာရသည်၊ ဝါ=ကိလေသာတို့ကို လုံ့လစိုက်ထုတ် နှိပ်ကွပ်တားဆီး၍
ဖြစ်ပေါ်လာရသည်၊ ဟောတိ=ဖြစ်၏။
[သသင်္ခါရ=လုံ့လစိုက်ထုတ်ရခြင်းနှင့်တကွ၊ ဝါ=လုံ့လ စိုက်ထုတ်
ရခြင်းနှင့်တကွဖြစ်သော ဝိပဿနာစိတ်ဖြင့်+နိဂ္ဂယု=နှိပ်ကွပ်၍+ဝါရိတ=
တားဆီးလျက်+ဂတ=ဖြစ်ပေါ်လာသော ဝိပဿနာသမာဓိ။ အဋ္ဌကထာ၌
ဝါရေတွာ ဝါရိတော ဟု စာရှိ၏၊ ဝါရှိတောနေရာ၌ ဋ္ဌပိတော ဟု
သော်လည်းကောင်း၊ အဓိဂတော ဟု သော်လည်းကောင်း၊ ဌိတော ဟု
သော်လည်းကောင်း ရှိသင့်၏
ဘိက္ခဝေ=တို့၊ ယံ(သမယံ)=အကြင်အခါ၌၊ (ဥတုသပ္ပါယစသော
သပ္ပါယငါးမျိုးကို ရရှိရာ အကြင်အခါ၌)တံ စိတ္တံ=ထိုဝိပဿနာ စိတ်သည်၊
အဇ္ဈတ္တံယေဝ=မိမိရုပ်နာမ်ခန္ဓာအစဉ်၌သာလျှင်၊နိယကဇ္ဈတ္တကိုဆိုလိုသည်]ဝါ=
နိဗ္ဗာန် အာရုံဟူသော ဂေါစရဇ္ဈတ္တ၌သာလျှင်၊ သန္တိတိ=ကောင်းစွာတည်၏၊
သန္နိသီဒတိ= ကောင်းစွာနေ၏။(သမာဓိ၏ဆန့်ကျင်ဘက် ကိလေသာတို့ကို
ငြိမ်ဝပ်စေကာ ကောင်းစွာနေ၏ )ဧကောဒိ=မွန်မြတ်လျက် မြင့်တက်လာသည်၊
ဝါ=တည်ကြည် ငြိမ်သက်သည်၊ဟောတိ=၏၊သမာဓိယတိ= (တခုတည်းသော
အာရုံ၌)ကောင်းစွာ တိမတ်ရပ်တည်နေ၏၊ သော သမယော= ထိုအခါသည်၊
ဝါ=သပ္ပါယငါးမျိုး ရရှိသဖြင့် ဝိပဿနာစိတ်၏ အဇ္ဈတ္တတရား၌သာ

## PAGE 553

ကောင်းစွာတည်လျက် ငြိမ်သက်နေရာ ထိုအခါသည်၊ ဟောတိ=ဖြစ်၏။(တသ္မိံ
သမယေ=ထိုအခါ၌) သော သမာဓိ-ထိုသမာဓိသည်၊ သန္တော=ကိလေသာ
ကင်းဝေး ငြိမ်းအေးသည်၊ ပဏီတော=မွန်မြတ်ထူးကဲ မရောင့်ရဲစေနိုင်သည်၊
ပဋိပ္ပဿဒ္ဓိလဒ္ဓေါ-ကိလေသာ အပူငြိမ်းခြင်းကြောင့် ရအပ်သည်၊
ဧကောဒိဘာဝါဓိဂတော=မွန်မြတ်လျက် မြင့်တက်လာသော စိတ်၏ဖြစ်ကြောင်း
ဧကဂ္ဂတာအဆင့်သို့ရောက်သည်၊ ဝါ=တည်ကြည်သော စိတ်၏ဖြစ်ကြောင်း
ဧကဂ္ဂတာအဆင့်သို့ရောက်သည်၊ နု သသင်္ခါရနိဂ္ဂယှဝါရိတဂတော=လုံ့လ
စိုက်ထုတ်ရခြင်းနှင့်တကွ ကိလေသာတို့ကို နှိပ်ကွပ်တားဆီး၍ ဖြစ်ပေါ်
လာရသည် မဟုတ်သည်၊ ဝါ=ကိလေသာတို့ကို လုံ့လစိုက်ထုတ်နှိပ်ကွပ်
တားဆီးမှု မပြုရဘဲ ကိလေသာပယ်ဖြတ် အရဟတ္တမဂ်အဆုံး၌ လွယ်ကူစွာ
ဖြစ်ပေါ်လာရသော အရဟတ္တဖိုလ်သမာဓိသည်၊ ဟောတိ=ဖြစ်၏။
စ=ထိုမှတပါး၊ [အဘိညာ သစ္ဆိကိရိယာယ-ဟူသော တဒတ္ထ သမ္ပဒါန်
ပုဒ်ကို ရှေးဦးစွာ အနက်ပေးမည်] အဘိညာ (အဘိညာယ)=ထူးကဲစွာ သိ၍၊
ဝါ=ဣဒ္ဓိဝိဓ စသော ထူးကဲသော ဉာဏ်ဖြင့်၊ သစ္ဆိကိရိယာယ=မျက်မှောက်
ပြုခြင်းငှာ၊ အဘိညာ (အဘိညာယ)=ထူးကဲစွာသိ၍၊ ဝါ=ဣဒ္ဓိဝိဓ အစရှိသော
ထူးကဲသောဉာဏ်ဖြင့်၊ သစ္ဆိကရဏီယဿ=မျက်မှောက်ပြုထိုက်သော၊ ယဿ
ယဿ ဓမ္မဿ=အကြင်အကြင်တရားသို့၊ (အကြင်အကြင် တန်ခိုးအမျိုးမျိုး
ဖန်ဆင်းခြင်း အစရှိသော တရားသဘောသို့) စိတ္တံ=စိတ်ကို၊ အဘိနိန္နာမေတိ=
ရှေ့ရှုညွတ်စေ၏၊ အာယတနေ=အကြောင်းတရားသည်၊ (ရှေးဘဝက
အဘိညာဉ်ရခြင်းငှာ အလွန်အကဲ အားထုတ်ခဲ့ဘူးခြင်းဟူသော အကြောင်းနှင့်
ယခုဘဝ၌ ရရှိသင့်သော အဘိညာဉ်နှင့် အဘိညာဉ်၏ အခြေခံ ပါဒကဈာန်
အစရှိသော အကြောင်းတရားသည်) သတိ သတိ=ရှိလသော် ရှိလသော်။
ဝါ=ရှိတိုင်း ရှိတိုင်း၊ တတြ တကြ ဧဝ= ထိုထို မျက်မှောက် ပြုထိုက်သော
သဘောတရား၌ပင် (ထိုထို မျက်မှောက်ပြုထိုက်သော တန်ခိုးအမျိုးမျိုး
ဖန်ဆင်းခြင်းစသော သဘော၌ပင်)(သက္ခိ ဘဗ္ဗတံ =ကိုယ်တိုင်ကိုယ်တွေ့
OH
သက္ခိဘဗ္ဗတံ။ သက္ခိ=ကိုယ်တိုင်ကိုယ်တွေ့ပုဂ္ဂိုလ်+ဘဗ္ဗတာ=
ဖြစ်ထိုက်သူ၏ အဖြစ်၊ သက္ခိနော ဘဗ္ဗတာ သက္ခိဘဗ္ဗတာ=ကိုယ်တိုင်ကိုယ်တွေ့
ဖြစ်ခြင်း၊ ကိုယ်တိုင်ကိုယ်တွေ့ တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်းစသည်။
(တနည်း)ဘဗ္ဗ=တန်ခိုးအမျိုးမျိုးစသည်ကို ထိုက်တန်၍+သက္ခိ=
ထိုတန်ခိုး အမျိုးမျိုးစသည်တို့၌ ကိုယ်တိုင်ကိုယ်တွေ့ဖြစ်သူ၊ ကိုယ်တိုင်
တန်ခိုးဖန်ဆင်း ခြင်းစသည်ကို ပြုသောသူ၊ သန္နိ စ သော ဘဗ္ဗော စာတိ
-

## PAGE 554

ဖြစ်ထိုက်သူ၏ အဖြစ်သို့၊ ဝါ=ကိုယ်တိုင်ကိုယ်တွေ့
ဖန်ဆင်းခြင်း စသည်သို့၊ ပါပုဏာတိ=ရောက်၏။
တန်ခိုးအမျိုးမျိုး
သော=ထိုရဟန်းသည်၊ သစေ အာကင်္ခတို=အကယ်၍ အလိုရှိအံ့၊ (ကိန္တိ=
သက္ခိဘဗ္ဗော။ ဤနည်းအလို“သက္ခိဘဗ္ဗတံ=တန်ခိုးအမျိုးမျိုး စသည်ကို
ထိုက်တန်၍ ကိုယ်တိုင်ကိုယ်တွေ့ ပုဂ္ဂိုလ်အဖြစ်သို့”ဟု အနက်ဆို။
သတိ သတိ အာယတနေ။ ။ဤနေရာ၌“သတိ သတိ
အာယတနေ”ဟူသော ပါဠိသည် ဋ္ဌ သို့ မြောက်မြားစွာတို့မှ အာယတနသဒ္ဒါ၏
အတ္ထုဒ္ဓါရတိုင်း၌ပင် ပါရှိ၍ ထိုပါဠိအနက်ကို ရှေးမြန်မာ ဆရာတော်တို့
အမျိုးမျိုး ဆုံးဖြတ်တော်မူကြ၏။ ဤ၌ နောက်ဆုံး မဟာစည်ဆရာတော်၏
ဝိသုဒ္ဓိမဂ် မဟာဋီကာနိသျ(ဒု၊ ၁၉၅)အဆုံးအဖြတ်သည် ပါဠိတော်အလိုကျ၍
ဋီကာအဖွင့်နှင့် ကိုက်ညီသည်ဟု ယူဆသဖြင့် ထိုအတိုင်း အနက်ပြန်ဆိုထား၏
ထိုဝါကျမှာ“ဂစ္ဆန္တေ ဂစ္ဆန္တေ ကာလေ(ကာလရွေ့လျောလသော်
ရွေ့လျောလသော်)”နှင့်တူ၏။
"
.
သတိ သတိ အာယတနေတိ တသ္မိံ တသ္မိံ ပုဗ္ဗဟေတုအာဒိကေ
ကာရဏေ သတိ။ ဝိသုဒ္ဓိမဂ်မဟာဋီကာ(ပ-၃ဝ၄)။ပါဠိတော်၌
လက္ခဏကြိယာကို “သတိ သတိ”ဟု ဝိစ္ဆာထား၍ မဟာဋီကာ၌ အာယတ
ဟူသော လက္ခဏဝန္တ ကတ္တားကို တသ္မိံ' တသ္မိံ ဟု'ဝိစ္ဆာထားခြင်းမျှသာထူး၏။
ရှေးဆရာတော်တချို့ကား“သတိ သတိ အာယတနေ=ထိုထို
အကြောင်းသည် ၊ သတိ=ရှိသော်”ဟု မဟာဋီကာ၏ “တသ္မိံ တသ္မိံ”ပါဠိသို့
သံယောင်လိုက်၍ အနက်ပြန်ဆိုတော်မူကြ၏၊' တချို့လည်း ဝိသုဒ္ဓိမဂ်,
အဋ္ဌသာလိနီ ပြည်နိဿယနှင့် အလားတူပင်“သတိ=ရှေးဘဝ၌ ထင်ရှားရှိသော၊
အာယတနေ=အဘိညာဉ်ရခြင်း၏ အကြောင်းသည်၊ သတိ=ရှိသော်”ဟု
အနက်ပေးကြ၏။
သတိ သတိ အာယတနေတိ ပုရိမဘဝသိဒ္ဓိ အဘိညာဓိဂမဿ
ကာရဏေ ဝိဇ္ဇမာနေ(၎င်း ဋီ၊ ၄၆ဝ)။ ဤ၌ ပုရိမဘဝသိဒ္ဓသည် နောက်“သတိ”
၏ အဖွင့်၊ ဝိဇ္ဇမာနေသည် ရှေ့“သတိ”၏ အဖွင့်ဟု ပြည်နိသျ၌ဆို၏၊
သို့သော် ပုရိမဘဝသိဒ္ဓသည် ဤသုတ်အဋ္ဌကထာမှ ပုဗ္ဗဟေတုသင်္ခါတေနှင့်
အတူတူဖြစ်သောကြောင့်“ပုဗ္ဗဟေတုသင်္ခါတေ”စသည်နှင့်“ပုရိမဘဝသိဒ္ဓိ”
ပါဌ်တို့ဖြင့် အာယတနေပုဒ်ကို အထူးတလည်ဖွင့်ပြနေသကဲ့သို့ နောက်
“သတိ” ပုဒ်ကို အထူးတလည် ဖွင့်ပြနေသည်မဟုတ်တန်ရာ၊ သီလက္ခန်ဋီကာသစ်
(ပ-၄၆၁)၌ သတိ အာယတနေကု သမာသ်ပုဒ်ကြံ၍“သတိသင်္ခါတေ ကာရဏေ
ဝိဇ္ဇမာနေ”ဟု ဖွင့်ထားသည်မှာ ဋ္ဌ,ဋီတို့နှင့် လုံးဝဆန့်ကျင်လျက်ရှိ၏။
