## PAGE 555

i
အဘယ်သို့၊ အာကင်္ခတိ’အလိုရှိသနည်းဟူမူ)(အဟံ=ငါသည်) အနေကဝိဟိတံ=
သော၊စာပိုဒ်(၆၁)သင်္ဂါရဝသုတ်ကြည့် ဣဒ္ဓိဝိဓံ=ကို၊ ပစ္စနုဘဝေယျံ=
ခံစားသုံးစွဲလို၏ ။ပ။အသံ=ဖြစ်လို၏။ပ။အာဝိဘာဝံ=ကို၊ (ကရေယျ=
ပြုလို၏)တိရောဘာဝံ=ကို၊ (ကရေယျ=၏) · ။ပ။ဂစ္ဆေယျ=သွားလို၏
။ပ။ဥမ္ဗုဇ္ဇနိမုဒ္ဓံ=ကို၊ ကရေယျပြုလို၏။ပ။ကမေယျံ-သွားလို၏။
ပ။ပရာမသေယျ=သုံးသပ် ကိုင်တွယ်လို၏၊ ပရိမဇ္ဇေယျ=ပွတ်တိုက်
လို၏။ပ။ဝတ္တေယျံ=လိုက်စေလို၏။ ဣတိ-ဤသို့၊(သစေ အာကင်္ခတိ=အံ့၊
ဧဝံ သတိ=ဤသို့ အလိုရှိသည် ဖြစ်လသော်) အာယတနေ=
အကြောင်းတရားသည်၊ (ရှေးဘဝ---ပါဒကဈာန်ဟူသော အကြောင်း
တရားသည်) သတိ သတိ=ရှိလသော် ရှိလသော်၊ ဝါ=ရှိတိုင်းရှိတိုင်း၊ တတြ
တတြ ဧဝ ထိုထိုမျက်မှောက်ပြုထိုက်သော တရား၌ပင်၊ (ထိုထိုမျက်မှောက်
ပြုထိုက်သော တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်း သဘောတရား၌ပင်လျှင်)
သက္ခိ ဘဗ္ဗတံ=ကိုယ်တိုင်ကိုယ်တွေ့ ဖြစ်ထိုကိသူ၏ အဖြစ်သို့၊
ဝါ=ကိုယ်တိုင်ကိုယ်တွေ့. တန်ခိုးအမျိုးမျိုး ဖန်ဆင်းခြင်းသို့၊ဤနေရာ၌
“ဖန်ဆင်းခြင်းစသည်သို့ ”ဟု (စသည်) မပါရ] ပါပုဏာတိ=ရောက်၏။
သော=သည်၊ သစေ အာကင်္ခတိ=အံ့၊(ကိန္တိ-သို့၊ အာကင်္ခတိ=မူ)
အဟံ=သည်၊ ဒိဗ္ဗာယ=နတ်ပြည်၌ဖြစ်သော ... ပသာဒသောတနှင့်တူသော၊
ဝိသုဒ္ဓါယ=နိဝရဏစသော အညစ်အကြေး ကင်းဝေးစင်ကြယ်သော၊
အတိက္ကန္တ မာနုသိကာယ=လူတို့ဥစ္စာဖြစ်သော မံသသောတကို ကျော်လွန်သော၊
ဝါ=ရိုးရိုးလူတို ့နားထက်သာလွန်၍ နတ်တို့အသံနှင့် ဝေးကွာလှစွာ
သိမ်မွေ့စွာသော အသံကို ကြားစွမ်းနိုင်သော၊စာပိုဒ်-၅၉ တိကဏ္ဏသုတ်
လည်းကြည့်] သောတဓာတုယာ=အဘိညာဉ်နားဓာတ်သဘောဖြင့်၊ (အသံ
ကိုလည်း ကြားနိုင်၍၊ သတ္တဇီဝလည်း မဟုတ်သော ဓာတ်သဘောဖြစ်သော
အဘိညာဉ်ဖြင့်)ဒိဗ္ဗေ စ=နတ်တို့ အသံလည်း ဖြစ်ကုန်သော၊ မာနုသေစ=
လူတို့အသံလည်းဖြစ်ကုန်သော၊ ဥဘော=နှစ်မျိုးကုန်သော၊ သဒွေ=အသံတို့ကို၊
သုဏေယျံ-ကြားလို၏။
ဒူရေ=အဝေး၌၊(အခြားသော စကြဝဠာအထိ ဝေးလှစွာသော အရပ်က)
ယေ သဒ္ဒါ စ=အကြင်အသံတို့သည်လည်းကောင်း၊သန္တိကေ=အနီး၌၊ (မိမိခန္ဓာ
ကိုယ်ပေါ်အထိ နီးနီးကပ်ကပ် အရပ်က) ယေ သဒ္ဒါ စ-အကြင်
(ပိုးကောင်ငယ်တို့၏ သေးငယ်သိမ်မွေ့လှစွာသော) အသံတို့သည်လည်းကောင်း၊
သန္တိ=ရှိကုန်၏၊(ဥဘော=နှစ်မျိုးကုန်သော၊ တေ သဒ္ဒေ= ထိုအသံတို့ကို၊
သုဏေယျ=ကြားလို၏) ဣတိ=ဤသို့၊(သစေ အာကင်္ခတိ=အံ့၊ ဧဝံ
သတိ=သော်)အာယတနေ=... အကြောင်းတရားသည်၊ ရှေးဘဝ---

## PAGE 556

၅၅၆ -
ပါဒကဈာန်ဟူသော အကြောင်း တရားသည်) သတိ သတိ=သော်၊ ဝါ=တိုင်း၊
တတြ တတြေဝ=ထိုထို မျက်မှောက်ပြုထိုက်သော တရား၌ပင်လျှင်
(ထိုထိုမျက်မှောက် ပြုထိုက်သော နတ်တို့အသံနှင့် ဝေးနီးအသံ
အမျိုးမျိုးကြားရခြင်း သဘောတရား၌ပင်လျှင်) -ႀက္ခိ ဘဗ္ဗတံ=ကိုယ်တိုင်
ကိုယ်တွေ့ ဖြစ်ထိုက်သူ အဖြစ်သို့၊ ဝါ=ကိုယ်တိုင် ကိုယ်တွေ့ ဒိဗ္ဗသဒ္ဒစသော
အသံအမျိုးမျိုး ကြားရခြင်းသို့၊ ပါပုဏာတိ၏
= (အဟံ=ငါသည်) ပရသတ္တာနံ=ငါမှတပါး တခြားသော သတ္တဝါ
တို့၏၊ ပရပုဂ္ဂလာနံ=ငါမှတပါး တခြားသော ပုဂ္ဂိုလ်တို့၏၊ စေတော=စိတ်ကို၊
စေတသာ=ငါ၏ စိတ်ဖြင့်၊ပရိစ္စ=ခွဲခြား၍၊ ပဇာနေယျ=(သရာဂစသည်ဖြင့်)
အမျိုးမျိုးအစားစား သိလို၏၊ 'သရာဂံ=ရာဂနှင့် အတူတကွဖြစ်သော၊
စိတ္တံဝါ=စိတ်ကိုလည်း၊(လောဘသဟဂုတ်စိတ် ရှစ်ပါးကိုလည်း)သရာဂံ=သော၊
စိတ္တန္တိ-စိတ်ဟူ၍၊ ပဇာနေယျံ=ခွဲခြားသိလို၏၊ ဝီတရာဂံ=ကင်းသော ရာဂရှိသော
စိတ္တံဝါးစိတ်ကိုလည်း၊(ကုသိုလ် အဗျာကတစိတ် အားလုံးကိုလည်း)
ဝီတရာဂံ=သော၊ စိတ္တန္တိ=စိတ်ဟူ၍၊ ပဇာနေယျ= ခွဲခြားသိလို၏၊
သဒေါသံ=ဒေါသနှင့်တကွဖြစ်သော၊ စိတ္တံဝါ=ဒေါမနဿသဟဂုတ်
စိတ်နှစ်ပါးကိုလည်း။ပ။ ဝီတဒေါသံ=ကင်းသော ဒေါသရှိသော၊ စိတ္တံ
ဝါ=ကုသိုလ်အဗျာကတ စိတ်အားလုံးကိုလည်း။ပ။ သမောဟံ=မောဟနှင့်သာ
အတူတကွဖြစ်သော၊ စိတ္တံ ဝါ=ဝိစိကိစ္ဆာ, ဥဒ္ဓစ္စသဟဂုတ် စိတ်နှစ်ပါးကိုလည်း၊
သမောဟံ=သော၊ စိတ္တန္တိ=စိတ်ဟူ၍၊ ပဇာနေယျ၏၊သဟ မောဟေနု ဧဝ
ယံ ဝတ္တတီတိ သမောဟံ-ဟု ဝစနတ္ထပြု။ မောဟနှင့်သာ အတူတကွဖြစ်သည်၊
လောဘ ဒေါသတို့နှင့် အဘယ်အခါမျှ အတူတကွ မဖြစ်ဟူလို။ တနည်း-
-သမောဟံ=မောဟနှင့် အတူတကွသာလျှင်ဖြစ်သော၊ ဝါ=မောဟနှင့်ကင်း၍
အဘယ်အခါမျှ မဖြစ်နိုင်သော၊ စိတ္တံ ဝါ=အကုသိုလ်စိတ် ၁၂-ပါးကိုလည်း၊
သမောဟံ=မောဟနှင့်အတူတကွသာလျှင်ဖြစ်သော၊ စိတ္တန္တိ=စိတ်ဟူ၍၊
ပဇာနေယျ=၏။ ဤနည်း၌ကား “သဟ ဧဝ မောဟေန ယံ ဝတီတိ
သမောဟံ”ဟုပြု]
ဝီတမောဟံ=ကင်းသောမောဟရှိသော၊ စိတ္တံ ဝါ=အကုသိုလ်စိတ်မှ
ကြွင်းသော စိတ်အားလုံးကိုလည်း၊ ဂီတမောဟံ=သော၊ စိတ္တန္တိ=စိတ်ဟူ၍
။ပ။သံခိတ္တံ-အာရုံ၌ တွန့်ဆုတ်ကျုံ့ဝင်တတ်သော၊ ဝါ=တွန့်ဆုတ်ပျင်းရိသော၊
စိတ္တံ ဝါ=စိတ်ကိုလည်း၊(ထိနမိဒ္ဓသဟဂုတ် သသင်္ခါရိက အကုသိုလ်စိတ်
ငါးပါးကိုလည်း)။ပ။ဝိက္ခိတ္တံ=ပျံ့လွင့်ပြေးသွားသော၊ ဝါ=အထူးထူးသော အာရုံ၌
ပစ်လွှင့်အပ်သော၊ စိတ္တံ ဝါ=ဥဒ္ဓစ္စသဟဂုတ်စိတ်ကိုလည်း။ပ။မဟဂ္ဂတံ မဟဂ္ဂုတ်

## PAGE 557

ဖြစ်သော၊ ဝါ-မြတ်သည် အဖြစ်သို့ရောက်သော၊ ဝါ=ကြီးမြတ်သော ဆန္ဒ,
ဝီရိယ, စိတ်, ပညာရှိသော ပုဂ္ဂိုလ်မြတ်တို့ ကျင့်ကြံသွားရောက်အပ်သော၊
စိတ္တံ ဝါ=ရူပါဝစရ, အရူပါဝစရ စိတ်ကိုလည်း။ပ။အမဟဂ္ဂတံ=မဟဂ္ဂုတ်
မဟုတ်သော၊ စိတ္တံ ဝါ=မဟဂ္ဂုတ်မှ ကြွင်းသောစိတ်အားလုံးကိုလည်း။ပ။
သဥတ္တရံ=မိမိထက်သာလွန်သောစိတ်နှင့် တကွဖြစ်သော၊ စိတ္တံ
ဝါ=လောကီစိတ်အားလုံးကိုလည်း၊ သဥတ္တရံ=သော၊ စိတ္တန္တိ စိတ်ဟူ၍။ပ။
အနုတ္တရံ=မိမိထက်သာလွန်သော စိတ်မရှိသော၊ စိတ္တံ ဝါ=လောကုတ္တရာ
စိတ်ကိုလည်း။ပ။သမာဟိတံ=ဥပစာရ, အပ္ပနာ နှစ်ဖြာသော သမာဓိတို့သည်
ကောင်းစွာအာရုံ၌ ထားအပ်သော၊ ဝါ=တည်ကြည်သော၊ စိတ္တံ
ဝါ…စိတ်ကိုလည်းကာမ မဟဂ္ဂုတ် ကုသိုလ်ကြိယာစိတ်နှင့် လောကုတ္တရာ
စိတ်များ ဖြစ်သင့်၏]။ပ။အသမာဟိတံ=ဥပစာရ, အပ္ပနာ နှစ်ဖြာသော
သမာဓိတို့သည် ကောင်းမွန်တည်တံ့စွာ အာရုံ၌ မထားအပ်သော၊ ဝါ=မတည်
ကြည်သော၊ စိတ္တံ ဝါ=စိတ်ကိုလည်း၊ [အကုသိုလ်စိတ်, အဟိတ်စိတ်နှင့်
ကျန်သော လောကီဝိပါက်စိတ်များ ဖြစ်သင့်၏ ] ။ပ။ဝိမုတ္တံ=လွတ်မြောက်သော၊
(တဒင်္ဂ, ဝိက္ခမ္ဘန, သမုစ္ဆေဒ, ပဋိပ္ပဿဒ္ဓိ, နိဿရဏဟူသော ငါးမျိုးဖြင့်
ကိလေသာတို့မှ လွတ်မြောက်သော) စိတ္တံ ဝါ=စိတ်ကိုလည်း၊ (မဟာ
ကုသိုလ်စိတ်နှင့်.. မဟဂ္ဂုတ် လောကုတ္တရာစိတ်ကိုလည်း) ။ပ။အဝိမုတ္တံ=
မလွတ်မြောက်သော၊(ထိုငါးမျိုးဖြင့် ကိလေသာတို့မှ မလွတ်မြောက်သော)
စိတ္တံ ဝါ=စိတ်ကိုလည်း၊ ကြွင်းသောစိတ်များတည်း]အဝိမုတ္တံ=သော၊စိတ္တန္တိ=
စိတ်ဟူ၍၊ ပဇာနေယျ=၏၊ ဣတိ=ဤသို့၊(သစေ အာကင်္ခတိ=အံ့၊ ဧဝံ
သတိ=သော်)၊ အာယတနေ-သည်၊ သတိ သတိ=သော်၊ဝါ=တိုင်း၊ တတြ
တတြေ၀=ထိုထိုမျက်မှောက်ပြုထိုက်သော တရား၌ပင်၊ (ထိုထိုမျက်မှောက်
ပြုထိုက်သော သူတပါးစိတ်ကို ခွဲခြားသိခြင်းတရား သဘော၌ပင်) သဒ္ဓိဘဗ္ဗတံ=
ကိုယ်တိုင်ကိုယ်တွေ့ ဖြစ်ထိုက်သူ၏ အဖြစ်သို့၊ ဝါ=ကိုယ်တိုင် ကိုယ်တွေ့
သူတပါးစိတ်ကို သိရခြင်းသို့၊ ပါပုဏာတိ=ရောက်၏။
။ပ။ယခင် `တိကဏ္ဏသုတ်ကြည့်] အနုဿရေယျ=အစဉ်လျှောက်၍
အောက်မေ့လို၏၊ သေယျထိဒံ=ကို၊(အနုဿရေယျံ=နည်းဟူမူ)
အနုဿရေယျ=၏၊ ဣတိ=သို့၊(သစေ အာကခ်တိ=အံ့၊ ဧဝံ သတိ-သော်)
အာယတနေ=သည်၊ သတိ သတိ=သော်၊ ဝါ=တိုင်း၊ တာ တတြေ၀=ထိုထို
မျက်မှောက်ပြုထိုက်သော တရား၌ပင်၊ (ထိုထိုမျက်မှောက်ပြုထိုက်သော
ပုဗ္ဗေနိဝါသကို အစဉ်လျှောက်၍ အောက်မေ့ခြင်းသဘောတရား၌ပင်)
သက္ခိဘဗ္ဗတံ=ဖြစ်သို့၊ ဝါ=ကိုယ်တိုင်ကိုယ်တွေ ပုဗ္ဗေနိဝါသကို အစဉ်လျှောက်၍
