## PAGE 6

တနည်း’(ဘန္တေ = အရှင်ဘုရား၊ ဣဒံ သုတ္တံ = ဤစိတ္တပရိယာဒါန
သုတ်ကို) ဧဝံ=ဤသို့၊ ဝါ=ဤယခု လျှောက်ထားမည့်အတိုင်း၊ မေ=တပည့်တော်
အာနန္ဒာသည်၊ သုတံ = (မြတ်စွာဘုရားအထံတော်မှ) နာယူမှတ်မိထားအပ်ပါပြီ၊
(ကတံ = အဘယ်သို ့၊ သုတံ = နာယူမှတ်မိထားအပ်သနည်းဟူမူ၊) ဤကား
ဧဝံ သဒ္ဒါ၏ နိဒဿနအနက် ပေးပုံတည်း။]
တနည်း-(ဘန္တေ= အရှင်ဘုရား၊ ဣဒံ သုတ္တံ = ဤစိတ္တပရိယာဒါန
သုတ်ကို) ဧဝံ=ဤသို့သာလျှင်၊ ဝါ=ဤယခု လျှောက်ထားမည့်အတိုင်းသာလျှင်၊
မေး.တပည့်တော် အာနန္ဒာသည်၊ သုတံ=(မြတ်စွာဘုရား အထံတော်မှ) နာယူ
မှတ်မိထားအပ်ပါပြီ၊ (ကထံ=အဘယ်သို ့သာလျှင်၊ သုတံ=နာယူ မှတ်မိထား
အပ်သနည်းဟူမူ၊) ဤကား ဧဝံသဒ္ဒါ၏ အဝဓာရဏ အနက်ပေးပုံတည်း-။
ဧဝံ = ဤတခုတည်းသော အခြင်းအရာအားဖြင့်သာလျှင်”ဟုလည်းကောင်း၊
“ကထံ = အဘယ်တခုတည်းသော အခြင်းအရာအားဖြင့်သာလျှင်”ဟုလည်း
ကောင်း အနက်ဆိုနိုင်သေး၏၊ ပြခဲ့သော အာကာရအနက်, နိဒဿနအနှက်တို့၌
“သာလျှင်”ဟူသော စကားကို ထည့်စွက်လိုက်လျှင်ပင် ဧဝံသဒ္ဒါ၏ အဝဓာရဏ
အနက် ဖြစ်တော့၏။]
၁။ နိဒဿနအနက်၌ ဆိုလိုရင်း။ ။ ဤနိဒဿနအနက်၌ ဆိုလိုရင်းမှာ
“တပည့်တော်သည် ဤသုတ်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ကိုယ်တိုင် ထိုးထွင်းသိထား
သည် မဟုတ်ပါ၊ ယခုလျှောက်ထားမည့်အတိုင်း မြတ်စွာဘုရားအထံတော်မှ
နာယူ မှတ်မိထားအပ်ပါသည်"ဟူလို။
၂။ အဝဓာရဏအနက်၌ ဆိုလိုရင်း။ ။ ဤအဝဓာရဏအနက်၌ ဆိုလို
ရင်းမှာ"တပည့်တော်သည် ယခုလျှောက်ထားမည့်အတိုင်းသာ ဤသုတ် (ဤ
တရားတော်)ကို မြတ်စွာဘုရား အထံတော်မှ နာယူမှတ်မိခဲ့ပါသည်။ မြတ်စွာ
ဘုရားအထံတော်တုန်းက နာယူမှတ်မိခဲ့သည့်အတိုင်းပင် ဤတရားတော်သည်
ယခုအချိန်အထိ အနက်အဓိပ္ပာယ်အားဖြင့်လည်း အပိုအလိုမရှိ၊ သဒ္ဒါစကားလုံး
အားဖြင့်လည်း အပိုအလိုမရှိ၊ တိတိကျကျဖြစ်ရကား ယခု လျှောက်ထားမည့်
အတိုင်းသာ ဧကန်မုချ မှတ်သားထားရန် ဖြစ်ပါသည်”ဟူလို။

## PAGE 7

[ယခု ပြန်ဆိုခဲ့သော အနက်များသည် “မေ’သဒ္ဒါ၏ တတိယာကတ္တား
အနက်နှင့် “သုတံ၌ “တ’ ပစ္စည်း၏ ကံအနက်များဖြစ်၏၊ ယခုတဖန်
၏ သမ္ဗန်အနက်၊ ‘တ’ပစ္စည်း၏ဘောအနက်များကိုလည်း ပြန်ဆိုဦးမည်။
“ဘာဝသာဓန၊ နောက်ပုဒ်ပြ၊ ကမ္မဆဋ္ဌိနေမြဲ” ဟူသော ဆောင်ပုဒ်နှင့်အညီ
“တပစ္စည်းက ဘောအနက်ဟောသောကြောင့် ယခင်က “ဣဒံ သုတ္တံ”ဟူသော
ပဌမာကံနေရာ၌ “ဣမဿ သုတ္တဿ'ဟု ဆဋ္ဌိကံထည့်ရမည်။]
စဉ်းစားဖွယ်အနက်။ ။သီလက္ခန်ပါဠိတော် နိဿယသစ်၌ အဝဓာရဏ
အနက်ပေးရာ၌“ဘဂဝတော=မြတ်စွာဘုရား၏၊ သမ္မုခါ=မျက်မှောက်တော်၌၊
ဧဝံ-ဤသို့အနက်သဒ္ဒါအားဖြင့် မယုတ်မလွန်မူ၍သာလျှင်၊ သုတံ=နာခံမှတ်သား
အပ်ပါပြီ”ဟု ပြန်ဆိုတော်မူ၏။ “တဉ္စ ခေါ အတ္ထတော ဝါ ဗျဉ္ဇနတော ဝါ
အနူနမနဓိကံ”ဟူသောအဋ္ဌကထာပါဌ်ကို ဆွဲယူ၍ အနက်ပြန်ဆိုခြင်း ဖြစ်၏ ။
သို့သော် “မြတ်စွာဘုရားအထံတော်မှ အနက်-သဒ္ဒါအားဖြင့် အပိုအလိုမရှိ
နာခံမှတ်သားအပ်ပါပြီ”ဟု အနက်ပြန်ဆိုလိုက်လျှင် “မြတ်စွာဘုရား ဟောသမျှ
အားလုံး အပိုအလိုမရှိ နာယူမှတ်သားထားနိုင်၏"ဟု အဓိပ္ပာယ် သက်ရောက်
စရာရှိ၏။ “ဧဝံ-ဤသို့ မြတ်စွာဘုရား ဟောတော်မူသည့်အတိုင်း၊ သုတံ
နာခံမှတ်သားအပ်ပါပြီ”ဟု နိဒဿန အနက်ပြန်ဆိုလျှင်လည်း(န ပန ဘဂဝတော
ဒေသိတာကာရတော ဟူသော ဋီကာနှင့်အညီ)ထိုအဓိပ္ပာယ်မျိုး သက်ရောက်
စရာရှိသည်ပင်ဖြစ်၏။
=
သို့ဖြစ်လျှင် “မြတ်စွာဘုရား ဟောသမျှအားလုံးစုံ အကုန်အစင်
မနာယူမမှတ်သားနိုင်ရကား တခုတည်းသော အခြင်းအရာအားဖြင့် နာယူမှတ်မိ
ထားအပ်ပါပြီ”ဟုပြခဲ့သော အာကာရအနက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေ၏။
အာကာရအနက်တုန်းက“မြတ်စွာဘုရား၏ဒေသနာတော်ကို အားလုံးစုံ အကုန်
အစင် နာယူမှတ်သားနိုင်စွမ်းမရှိ”ဟု ဆိုခဲ့ပြီးမှ အဝဓာရဏအနက်၌မူ “အားလုံးစုံ
အကုန်အစင် နာယူမှတ်သားနိုင်စွမ်းရှိ၏”ဟု ဆိုလျှင် အာကာရအနက်နှင့်
အဝဓာရဏ အနက် ဆန့်ကျင်ဘက်ဖြစ်နေ၏ဟူလို။ ဣတရထာ ထေရော
ဘဂဝတော ဒေသနာယ သဗ္ဗထာ ပဋိဂ္ဂဟဏေ သမတ္ထော အသမတ္တောစာတိ
အာပဇ္ဇေယျ။ (ဋီကာ)
ထို့ကြောင့်“တပည့်တော်သည် မြတ်ဘုရား ဟောတော်မူသည့်အတိုင်း
အနက်သဒ္ဒါ အပိုအလိုမရှိ နာယူမှတ်သားခဲ့ပါပြီ”ဟု ဒေသိတာကာရ အဓိပ္ပာယ်

## PAGE 8

တနည်း- (ဘန္တေ=ရား၊ ဣမဿ သုတ္တဿ=ဤ စိတ္တပရိယာဒါနု
သုတ်ကို၊) ဧဝံ = ဤတခုတည်းသော အခြင်းအရာအားဖြင့်၊ (အာကာရအနက်)
ဝါ = ဤသို ့ဤပုံ၊ ဝါ = ဤယခု လျှောက်ထားမည့်အတိုင်း၊ (နိဒဿနအနက်)
ဝါ = ဤသို ့သာ၊ ဝါ = ဤယခုလျှောက်ထားမည့်အတိုင်းသာ၊ (အဝဓာရဏ
အနက်) မေ = တပည့်တော်၏၊ သုတံ = (မြတ်စွာဘုရားအထံတော်မှ နာယူ
မှတ်မိထားခြင်းသည်၊ (အဟောသိ=ဖြစ်ခဲ့ပါပြီ၊ ကထံ=အဘယ်တခုတည်းသော
အခြင်းအရာအားဖြင့်၊ ဝါ=အဘယ်သို ့၊ ဝါ=အဘယ်သို ့သာလျှင်၊ သုတံ =နာယူ
မှတ်မိထားခြင်းသည်၊ အဟောသိ=ဖြစ်ခဲ့သနည်းဟူမူ၊)
မယူရ။ “တပည့်တော်သည် ယခုလျှောက်ထားမည့်အတိုင်းသာ မြတ်စွာဘုရား
ထံမှ နာယူမှတ်သားခဲ့ပါသည်။ ထိုနာယူမှတ်သားခဲ့သော တရားတော်သည်လည်း
ယခုအချိန်အထိ အနက်သဒ္ဒါ အပိုအလိုမရှိဘဲ မြတ်စွာဘုရားထံမှ နာယူခဲ့သည့်
အတိုင်းပင် ဖြစ်ပါသည်”ဟု သုတာကာရအဓိပ္ပာယ် ယူရမည် ဖြစ်သည်။
၁။ သုတံပုဒ်အနက်နှင့်စပ်၍ဆိုဖွယ်။ ။ ဘောဟော ကြိယာဖြစ်သော
“သုတံ”၏ စပ်ရာပုဒ်ကိုအဟောသိ’ဟု အတိတ်ကြိယာထည့်ပေးသည်။ သီလက္ခန်
ဘာသာဋီကာ၌ကား “သုတံပုဒ်၏ အနက်ဖြစ်သော ဆောင်ခြင်းကြိယာက
သင်္ဂါယနာတင်ချိန်အထိရှိနေသောကြောင့် ဟောတိဟု ပစ္စုပ္ပန်ကြိယာထည့်သည်”
ဟုမိန့်ဆိုတော်မူ၏။ ထို့ပြင်“သုတံ-နာယူ+မှတ်သား+ဆောင်ထား”ဟု ကြိယာ
သုံးမျိုးယူပြီးလျှင် မြတ်စွာဘုရား၏ မျက်မှောက်၌ ထိုသုံးမျိုးလုံးမရနိုင်။
မျက်ကွယ်ကျမှသာ ဆောင်ထားနိုင်၏ဟု ယူဆကာ“ဘဂဝတော သမ္မုခါ”ဟု
ထည့်၍ ဆရာအဆက်ဆက်တို့ အနက်ပေးကြသည်ကို နှစ်သက်တော်မမူ။
မိမိ၏ အယူအဆကား“သဗ္ဗထာမေန ပန သောတုကာမတံ ဇနေတွာပိ
ဧဝံ မေ သုတံ”ဟူသော အဋ္ဌကထာဝယ် သောတုကာမတံ၌“သု”ဓာတ်ကဲ့သို့ပင်
“သုတံ’၌ သုဓာတ်သည် မြတ်စွာဘုရားထံမှ နာယူမှတ်သားခြင်း အနက်ကိုသာ
ဟောသည်ဟုယူဆ၏။ “သုတံ’ကို ဥပာရိတံဟု ရေ’ဓာတ်ဖြင့်ဖွင့်သော်လည်း
တရားတော်ကို မမေ့မပျောက်အောင် သင်္ဂါယနာတင်ချိန်အထိ မြတ်စွာဘုရား၏
မျက်ကွယ်၌ ရွတ်အံမှတ်သားဆောင်ထားခြင်းအနက်ကို သုတံက ဟောသည်ဟု
မယူဆပါ။ “သုတံ သောတဒွါရာနုသာရေန ဥပဓာရိတံ( ဥပဓာရဏံ)”ဟူသော
အဋ္ဌကထာအဖွင့်ဖြင့်လည်း “မြတ်စွာဘုရားထံ၌ တရားနာသောအခါ သောတ

## PAGE 9

ဧကံ = တပါးသော၊ သမယံ” = အခါ၌၊ ဘဂဝါ=မြတ်စွာဘုရားသည်၊
ဝိညာဏ်စိတ်ဖြင့် ကြားရုံမျှမက မနောဝိညာဏ်စိတ်ဖြင့် နာယူဆောင်ကပ်
မှတ်မိထားသည်”ဟူသော အနက်အဓိပ္ပါယ်မျှလောက်ကိုသာ ဆိုလိုပါ၏။ ထို
နာယူဆောင်ကပ် မှတ်မိခြင်းကိစ္စ (ဥပမာရဏကိစ္စ) သည်ကား အရှင်အာနန္ဒာ
အတွက် မြတ်စွာဘုရားထံ တရားနာစဉ်ကပင် ပြီးစီးခဲ့သောကြောင့် သင်္ဂါယနာ
တင်ချိန်၌ အတိတ်ဖြစ်လေပြီ။ ထို့ကြောင့် သုတံပုဒ်ကို ကံအနက်ပေးစဉ်က
“တ’ပစ္စည်းသည် အတိတ် အနက်ဟော ဖြစ်သကဲ့သို့ ဘော အနက်ပေးသော
အခါ၌လည်း သဝနကြိယာကို အတိတ်ကြိယာဖြစ်ကြောင်း သိသာအောင်
“အဟောသိ”ဟု အတိတ်ကြိယာသာ ထည့်သင့်ပါသည်။
14
ထို့ပြင် ထိုဥပဓာရဏကိစ္စသည် မြတ်စွာဘုရားထံ တရားနာစဉ်ကပင်
ပြီးစီးခဲ့သောကြောင့် ဘဂဝတော သမ္မုခါဟု ထည့်စွက်၍ အနက်ပေးခွင့်ရှိပါ၏။
“ဘဂဝတော သမ္မုခါ သုတာကာရတော”ဟူသော ဋီကာများနှင့်လည်း ညီညွတ်
ပါ၏။ ဤနေရာ၌ စကားကျဉ်းအောင် “ဧဝံ မေ သုတံ”ဟု သာမန်ပြထား
သော်လည်း မည်သည့်ပုဂ္ဂိုလ်ထံမှ တရားတော်ကို သင်ယူခဲ့သည်ကို တိတိ
ကျကျပြဘို့လိုသော မဟာပဒေသသုတ်(အင်္ဂုတ္တိုရ်ပါဠိတော်၊ပ’နှာ၊ ၄၈၇)စသည်
တို့၌ကား“သမ္မုခါ မေတံ အာဝုသော ဘဂဝတော သုတံ၊သမ္မုခါ ပဋိဂ္ဂဟိတံ။ပ။
တဿ မေ သံဃဿ သမ္မုခါ သုတံ၊သမ္ဗုခါ ပဋိဂ္ဂဟိတံ”ဟု ဘုရားအထံတော်မှ
သံဃာ့အထံတော်မှ စသည်ဖြင့် ညွှန်ပြရပါသည်။
၁။ ဧကံ သမယံ။ ။ ဧကံ=တပါးသော၊ သမယံ=အခါ၌ (သြကာသ
အနက်) ဝါ=အခါပတ်လုံး (အစ္စန္တ သံယောဂအနက်)ဤသို့ အနက်နှစ်မျိုးပေးနိုင်
၏။ ဤနေရာ၌ အရှင်အာနန္ဒာထေရ်သည် မြတ်စွာဘုရား ဟောတော်မူအပ်သမျှ
သုတ်တိုင်း သုတ်တိုင်း မည်သည့်နှစ် မည်သည့်လရက် မည်သည့်အချိန်၌
ဟောတော်မူကြောင်းကို တိတိကျကျ သိရှိမှတ်သားထားသော်လည်း ယခုခေတ်
ကဲ့သို့ စာနှင့်ရေးမှတ်လေ့မရှိဘဲ နှုတ်တက်အရ ဆောင်ထားကြသော ရှေးခေတ်
ပုဂ္ဂိုလ်များမှာ ထိုထိုသုတ်တို့ကိုဟောရာ နှစ်၊ ဥတု၊ လ၊ ပက္ခ၊ ညဉ့်၊ နေ့၊
အချိန်ပိုင်းဆိုင်ရာ များစွာသော စကားလုံးတို့ကို သုတ်တိုင်း သုတ်တိုင်းမှတ်၍
နှုတ်တက်ဆောင်ခြင်း၊ရွတ်ဆိုခြင်းငှာ မလွယ်ကူသောကြောင့် အချိန်ကာလတို့ကို
တိတိကျကျ မဖော်ပြတော့ဘဲ“ဧကံ သမယံ=တပါးသောအခါ၌”ဟု တပုဒ်တည်း
မျှဖြင့် သာမညသာ ပြဆိုထားပါသည်။
တနည်း-ဘုရားအလောင်း ပဋိသန္ဓေနေတော်မူရာအခါ၊ ဖွားမြင်တော်
မူရာအခါ။ပ။သစ္စာလေးပါးတရား သိမြင်၍ ဘုရားဖြစ်တော်မူရာအခါ၊ တရား
ဟောတော်မူရာအခါ စသည်တို့သည် တသောင်းသော စကြဝဠာလောကဓာတ်

## PAGE 10

သာဝတ္ထိယံ” = သာဝတ္ထိမြို့ တော်၏ အနီး၌၊ ဇေတဝနေ = ဇေတဝန်မည်သော၊
အားလုံး တုန်လှုပ်မှု၊အရောင်အဝါ ထွန်းလင်းမှုစသည်ဖြစ်လောက်အောင် မြတ်စွာ
ဘုရားအတွက် အလွန်ထူးခြားထင်ရှားသော အချိန်အခါများဖြစ်၏။ ထိုအချိန်
အခါများစွာတို့တွင် ဤနေရာ၌ “ဧကံ သမယံအရ တရားဟောရာ အချိန်အခါကို
ယူရမည်စသည်ဖြင့် အဋ္ဌကထာ၌ဖွင့်သေး၏။ ထိုအဖွင့်များအရ ‘ဧကံ သမယံ’
ကို အနက်ပေးလိုလျှင်-
ဧကံ=မြတ်စွာဘုရားအတွက် ထင်ရှားသော အချိန်အခါများစွာတို့တွင်
တပါးအပါအဝင်ဖြစ်သော၊သမယံ=တရားဟောတော်မူရာ အချိန်အခါ၌၊ ဝါ=
တရားဟောတော်မူရာ အချိန်အခါပတ်လုံး။(တနည်း)ဧကံ=ဉာဏ်၏ကိစ္စပြုရာ၊
ကရုဏာ၏ကိစ္စပြုရာ အချိန်အခါတို့တွင် တပါးအပါအဝင်ဖြစ်သော၊ သမယံ
=ကရုဏာ၏ ကိစ္စကိုပြုရာအချိန်အခါ၌၊ ဝါ=ကရုဏာ၏ကိစ္စကိုပြုရာ အချိန်
အခါပတ်လုံး၊ (တနည်း)ဧကံ=မိမိ၏ အကျိုးစီးပွားပြုကျင့်ရာ၊ သူတပါး၏
အကျိုးစီးပွားပြုကျင့်ရာ အချိန်အခါတို့တွင် တပါးအပါအဝင်ဖြစ်သော၊ သမယံ
=သူတပါးအကျိုးစီးပွား ပြုကျင့်ရာအချိန်အခါ၌၊ ဝါ=ပတ်လုံး။ (တနည်း)
ဧကံ=စုဝေးနေကြသော ရဟန်းတို့ပြုရမည့် ငြိမ်သက် တိတ်ဆိတ်စွာနေခြင်း
တရားဟောခြင်းဆိုင်ရာ အချိန်အခါတို့တွင် တပါးအပါအဝင်ဖြစ်သော၊ သမယံ
တရားဟောရာ အချိန်အခါ၌၊ ဝါ=ပတ်လုံး။ (တနည်း) ဧကံ=တရားဟောရာ
တရားကျင့်ရာအချိန်အခါတို့တွင် တပါးအပါအဝင်ဖြစ်သော၊ သမယံ=တရား
ဟောရာ အချိန်အခါ၌၊ ဝါ=ပတ်လုံးဟု အနက်ဆိုပါ။
$
၁။ သာဝတ္ထိယံ။ ။သမိပတ္ထစေတံ ဘုမ္မဝစနံ-ဟု အဋ္ဌကထာဖွင့်သော
ကြောင့် “သာဝတ္ထိယံ”၌ သတ္တမီဝိဘတ်ကို သမီပအနက်ဟောဟု သိရ၏ ။
ထိုကြောင့်“သာဝတ္ထိယံ=သာဝတ္ထိမြို့တော်၏အနီး၌”ဟု သတ္တမိဝိဘတ်၏ သမီပ
အနက် ထင်းရှားအောင် အနက်ပြန်ဆိုသည်။ အကယ်၍ သမီပအနက် မပြန်
ဆိုဘဲ“သာဝတ္ထိယံ = သာဝတ္ထိမြို့တော်၌”ဟု အနက်ပြန်ဆိုလျှင်ကား သမီပျူ
ပစာရကြံရမည်။ သာဝတ္ထိမြို့တော်၏ အနီးအရပ်ဒေသဖြစ်သော ဇေတဝန်
ကျောင်းတိုက်ကို သမီဟုဆို၍ သာဝတ္ထိမြို့တော်ကိုကား သမီပီ (သမီပရှိသည်)
ဟု ဆိုရ၏။ မြတ်စွာဘုရားသည် သမီပီဖြစ်သော သာဝတ္ထိမြို့တော်၌ သီတင်းသုံး
နေတော်မူသည်မဟုတ်၊ သမီပဖြစ်သော ဇေတဝန်ကျောင်းတိုက်၌သာ သီတင်းသုံး
နေတော်မူ၏။ ထို့ကြောင့် သမီပီ၏ သာဝတ္ထိဟူသောနာမည်ကို သမီပ ဇေတဝန
၌ ရွှေ့ပြောင်းတင်စားခေါ်ဝေါ်သော သမီပျူ ပစာရဟု ဆိုရသည်။
ဣရဿနှင့် ဤဒီဃပါဌ်နှစ်မျိုး။ ။ဤနေရာ၌ သက္ကတ အင်္ဂလိပ်
အဘိဓာန်တို့၌ ပြထားသည့်အတိုင်း အဆုံးသရ၌
ရဿ၊ ဒီဃနှစ်မျိုးဖြင့် သာဝတ္ထိ၊
