## PAGE 621

၆၂ခ
တရား၌လည်းကောင်း၊ ဝါ=ပိုင်းဖြတ် ကန့်သတ်အပ်သောကြောင့် အချင်းချင်း
ရောနှောမှု ကင်းသော ရုပ်နာမ် တရား၌လည်းကောင်း၊ အဘိဝိနယေ-အဘိ
ဝိနည်း၌လည်းကောင်း၊ ဝါ-ပိုင်းဖြတ်ကန့်သတ်အပ်သော ဝိနည်းပညတ်၌
အညမညသင်္ကရဝိရဟိတေကို သာရတ္ထဋီကာ (ပ-၇၂)ဖွင့်ဆိုရာ၌
အချင်းချင်း ရောယှက်မှုကင်းပုံကို ဝါဒနှစ်မျိုးပြ၏၊ ထိုနှစ်မျိုးမှာ--
(၁) အိပ်မက်၌ သုက်လွှတ်ခြင်းကြောင့် အနာပတ္တိ(အာပတ်မသင့်)ဟူ၍
ဝိနည်းပညတ်ရှိသော်လည်း အကုသိုလ်စေတနာဓမ္မကိုကား ရအပ်သေးသည်သာ
ဖြစ်၏၊ ထို့ကြောင့် ဝိနည်းပညတ်ကတခြား, ဓမ္မသဘာဝကတခြား ဖြစ်ရကား
ဝိနည်းပညတ်နှင့် ရောယှက်မှုကင်းသော ဓမ္မသဘာဝသည် အဘိဓမ္မမည်၏၊
(ဤကား ပဌမဝါဒတည်း)။
(၂) နောက်ဒုတိယဝါဒကား ဝိနည်းပညတ်နှင့် ရောယှက်မှုကင်းသည်ကို
အဘိဓမ္မဟု မဆိုလို၊ ဓမ္မသဘာဝတို့ ရှေ့နောက်ဆန့်ကျင်ခြင်း မရှိသောကြောင့်
ဓမ္မသဘာဝအချင်းချင်းပင် ရောယှက်မှုကင်းသည်ကို အဘိဓမ္မဟု ဆိုလို၏၊
ဥပမာအားဖြင့် “ပါဏာတိပါတော အကုသလံ=ပါဏာတိပါတသည် အကုသိုလ်
ဓမ္မဖြစ်၏”ဟု ဆိုရာ၌ သေစေလိုသဖြင့် အသက်ဇီဝိန်ကို ပယ်ခွင်းမှု (သတ်ဖြတ်မှု)
ပယောဂကို ဖြစ်စေတတ်သော စေကနာသည်သာ အကုသိုလ်ဓမ္မဖြစ်၏၊
အသက်ဇီဝိန်ကို ပယ်ခွင်းမှု လုံ့လပယောဂတည်းဟူသော ဝိညတ်ရုပ်ကား
အကုသိုလ်ဓမ္မမဟုတ်၊ အဗျာကတဓမ္မသာဖြစ်၏။
ထို့အတူ အဒိန္နာဒါနသည် အကုသိုလ်ဖြစ်၏ ဟု ဆိုရာ၌လည်း
“အဒိန္န=ပိုင်ရှင်မပေးသော သူတပါးပစ္စည်းဥစ္စာကို+ အာဒါန= ခိုးယူခြင်း”
တည်းဟူသော ဝိညတ်ရုပ်ကား အကုသိုလ်မဟုတ်၊ အဗျာကတသာဖြစ်၏၊
ထိုဝိညတ်ရုပ်ကို ဖြစ်စေတတ်သော ခိုးယူကြောင်း စေတနာသည်သာ အကုသိုလ်
ဖြစ်၏၊ ဤသို့စသည်ဖြင့် အချင်းချင်း ရောယှက်မှုကင်းသော ဓမ္မသဘာဝသည်
အဘိဓမ္မမည်၏။ ဤသို့ ဝါဒနှစ်မျိုးရှိသည်။
အဘိဝိနယ၌ကား ယင်းသို့ ဝါဒနှစ်မျိုးမရှိ၊ ဝိနည်းပညတ်အချင်းချင်း
ရောယှက်မှုကင်းသည်ကိုသာ အဘိဝိနယဟုခေါ်၏၊ ဥပမာအားဖြင့် သူတပါး
ပစ္စည်းဖြစ်သော ရွှေငွေကို ခိုးယူလိုစိတ်ဖြင့် ယူလျှင် ပစ္စည်း၏ တန်ဘိုး
အားလျော်စွာ ပါရာဇိက, ထုလ္လစဉ်း, ဒုက္ကဋ်အာပတ် သုံးမျိုးတွင် တမျိုးမျိုးသင့်၏၊
ခိုးလိုစိတ်မပါဘဲ ဘဏ္ဍာဂါရိက (ဘဏ္ဍာထိန်းသူ) အနေဖြင့် ကိုင်ယူလျှင်

## PAGE 622

လည်းကောင်း၊ ဝါ=ပိုင်းဖြတ် ကန့်သတ်အပ်သောကြောင့် အချင်းချင်း ရော
နှောမှုကင်းသော ဝိနည်းပညတ်၌လည်းကောင်း၊ ပခုံ=အမေးပုစ္ဆာပြဿနာကို၊
ပုဋ္ဌော= မေးအပ်သည်၊ (သမာနော=ဖြစ်လသော်) သံသာဒေတိ=(ပြဿနာကို)
ရပ်တန့် သွားစေ၏၊ နော ဝိဿဇ္ဇတိ=မဖြေနိုင်၊ ဣဒံ(အယံ)=ဤမဖြေဆိုနိုင်ခြင်း
သည်၊ အဿ=ထိုရဟန်း၏ န ဝဏ္ဏသ္မိံ(န ဝဏ္ဏော) အရောင်အဆင်းမဟုတ်၊
(ဣတိ =ဤသို့) ဝဒါမိ=မိန့်ဆို၏၊
ပန=ထိုမှတပါး၊ စီဝရ....က္ခာရာနံ= သင်္ကန်း, ဆွမ်း, အိပ်ရာ နေရာ
ကျောင်း, လူမမာ၏ ရောဂါအတွက် ဆန့်ကျင်ဘက်ဖြစ်၍ အသက်၏
အကာအကွယ်နှင့် အကြောင်း အဆောက်အဦဖြစ်သော ဆေးတို့ကို၊ ပုဒ်နက်
ရှင်းလင်းချက်ကို ဒုကနိပါတ်စာပိုဒ်(၂) သုတ်၌ကြည့်]လာဘီ=ရခြင်းရှိသည်၊
န ဟောတိ=မဖြစ်၊ ဣဒံ(အသံ)=ဤသင်္ကန်းစသော ပစ္စည်းလေးပါး မရ
ခြင်းသည်၊ အဿ=ထိုရဟန်း၏၊ န အာရောဟ, ပရိဏာဟသ္မိံ=မြင့်မတ်သည်
အဖြစ်, လုံးဝိုင်းသည် အဖြစ်မဟုတ်၊ ဝါ=အရပ်, အလုံးမဟုတ်၊ (ဣတိ=ဤသို့)
ဝဒါမိ=၏၊ ဘိက္ခဝေ-တို့၊ ဧဝံ-ဤသို့သော အခြင်းအရာ အားဖြင့် ပ။
ဝိဿတိ=ဖြေဆို၏၊ နှော သံသာဒေတိ= (ပြဿနာကို) ရပ်တန့်မသွားစေ၊
ဣဒံ(အယံ)=ဤသို့ ပြဿနာကို မရပ်တန့်စေဘဲ ဖြေဆိုနိုင်ခြင်း ဂုဏ်သည်၊
ဝဏ္ဏသ္မိံ=အဆင်း အရောင်တည်း၊ (ဣတိ=သို့) ဝဒါမိ=၏၊ ပန=ပါး ။ပ။
နောက်ဆုံးဝါကျကိုသာ အနက်ပေးတော့အံ့ ပန=ထိုမှ တပါး၊ စီဝရ
.....က္ခာရာနံ=တို့ကို၊ လာဘီ-သည်၊ ဟောတိ=ဖြစ်၏၊ ဣဒံ(အယံ)-ဤ
ပစ္စည်းလေးပါးကို ရခြင်းသည်၊ အဿ=ထိုရဟန်း၏၊ အာရောဟ ပရိဏာ
ဟသ္မိံ=အဖြစ်တည်း၊ ဝါ=အရပ် အလုံးတည်း၊ (ဣတိ)ဝဒါမိ။ အဋ္ဌမံ။
ပါစိတ်၊ မိမိအတွက်ကိုင်လျှင် နိဿဂ္ဂိပါစိတ်၊ လက်ဆော့ခြေဆော့ လျှပ်ပေါ်
လော်လီသူ အနေဖြင့်ကိုင်လျှင် အနာမာသဒုက္ကဋ်၊ ရူပိယဆဉ္စကသမ္မုတိရသော
ရဟန်းအတွက်မှာမူ အနာပတ္တိ၊ ဤသို့စသည်ဖြင့် ဝိနည်းပညတ်သည် တခုနှင့်
တခု ရောယှက်မှုကင်း၏၊ ယင်းသို့ အချင်းချင်း ရောယှက်မှုကင်းသော
ဝိနည်းပညတ်ကို အဘိဝိနယဟုခေါ်၏။ ဒသကနိပါတ်စာပိုဒ် (၁၇) ပဌမနာထ
သုတ် အင်္ဂုတ္တိုရ်အဋ္ဌကထာအလိုကို ထိုသုတ်ကျမှရေးအံ့။

## PAGE 623

၁၄၂။ ဘိက္ခဝေ=တို့၊ တယော=သုံးကောင် ကုန်သော၊ အဿပရသေ
စ=မြင်း အပေါင်းတို့၌ သာလွန် ထူးချွန်သော မြင်းတို့ကိုလည်း၊ [အဿ
မြင်းအပေါင်းတို့၌ +ပရ=သာလွန် ထူးချွန်သော+အဿ=မြင်း] (အဟံ=ငါသည်)
ဒေသေဿာမိ=အံ့၊ တယော=သုံးယောက် ကုန်သော။ ပုရိသပရ စ=
ယောက်ျားအပေါင်းတို့၌ သာလွန် ထူးချွန်သော ယောက်ျားတို့ကိုလည်း၊ (ဒေ
သေဿာမိ=အံ့) တံ=ထိုငါဟောမည့် တရားကို ။ပ။ ဤတိကနိပါတ် စာပိုဒ်
(၈၇)ကြည့်] ဣဒံ=ဤသြရမ္ဘာဂိယ သံယောဇဉ်တို့ကိုကုန်စေနိုင်သော အောက်
မဂ်ဉာဏ် သုံးပါးသည်၊ အဿ=ထိုရဟန်း၏၊ ဇဝသ္မိံ=အရှိန်အဟုန်တည်း၊
(ဣတိ) ဝဒါမိ-၏၊ ပန=ထိုမှတပါး၊ အဘိဓမ္မေ ပ။ နဝမံ။
၁၀’အဿာဇာနီယသုတ်
၁၄၃။ ဘိက္ခဝေ=တို့၊ တယော=သုံးကောင်ကုန်သော၊ ဘဒြေ=ကောင်း
ကုန်သော၊ အဿာဇာနီယေ စ=မြင်းအာဇာနည် တို့ကိုလည်း၊ ဝါ-အကြောင်း
ဟုတ်သည်, အကြောင်းမဟုတ်သည်ကို သိတတ်သော မြင်းလိမ္မာ တို့ကိုလည်း၊
ဒေသေဿာမိ=အံ့၊ တယော=သုံးယောက်ကုန်သော၊ ဘခြေ=ကောင်းကုန်သော၊
ပုရိသာဇာနီယေ စ=' ယောက်ျား အာဇာနည် တို့ကိုလည်း၊ ဝါ=အကြောင်း
ဟုတ်သည်, အကြောင်းမဟုတ်သည်ကို သိတတ်သော ယောက်ျားသူရဲကောင်း
တို့ကိုလည်း၊ ဒေသေဿာမိ=အံ့၊ တံ= ထိုမြင်း အာဇာနည်, ယောက်ျားအာဇာနည်
အကြောင်းကို၊ သာဓုကံ=စွာ၊ သုဏာထ ။ပ။ ဘိက္ခု=သည်၊ အာသဝါနံ=တို့၏
ပ။ [စာပိုဒ်(၁၂)ကြည့်] ဣဒံ=ဤအာသဝတို့ကို ကုန်ခန်းစေသော အရဟတ္တ
မဂ်ဉာဏ်သည်၊ အဿ-၏၊ ဇဝသ္မိံ=တည်း၊ (ဣတိ) ဝဒါမိ၊ ဒသမံ။
၁၁-ပဌမမောရနိဝါပ စသောသုတ်များ
၁၄၄။ ဧကံ=တပါးသော၊ သမယံ=အခါ၌၊ ဘဂဝါ=မြတ်စွာဘုရားသည်၊
ရာဇဂဟေ=ရာဇဂြိုဟ်မြို့အနီး၌၊ မောရန်ဝါပေ=မောရန်ဝါပ မည်သော၊ (ဥဒေါင်း
တို့အား အစာပေး ကျွေးမွေးရာဌာနဖြစ်သော) ပရိဗ္ဗာဇကာရာမေ=ပရိဗိုဇ်တို့
အာရာမ်၌၊ ဝါ=ပရိဗိုဇ် ကျောင်းတိုက်၌၊ ဝိဟရတိ-၏၊ တတြ=ထိုပရိဗိုဇ်
အာရာမ်၌၊ ထို့နောက်စာပိုဒ်(၁၂၆)ကြည့်] ။ပ။ ဘိက္ခဝေ=တို့၊ တီဟိ=သုံးပါး
ကုန်သော၊ ဓမ္မေဟိ=တရားတို့နှင့်၊ သမန္နာဂတော=ပြည့်စုံသော၊ ဘိက္ခု=ရဟန်း
