## PAGE 66

GG
င်္ဂုတ္တိုရ်ပါဠိတော်နိဿယ(ဧကက)
စေတောဝိဝဋ္ဋကုသလာနံ =ရူပါဝစရဈာန်သမာဓိစိတ်ကို ဖြစ်ပွားစေခြင်း၌ ကျွမ်း
ကျင်ကုန်သော၊ ဘိက္ခူနံ၊ ပ။ ၂၀၀။ သညာဝိဝဋ္ဋကုသလာနံ-=အရူပါဝစရ
၁။ စေတောဝိဝဋ္ဋကုသလာနံ။ ။ ဤ၌ ဝိဝဋ္ဋသဒ္ဒါအတွက် ဝိဝဋ္ဋဋ္ဌာယိ
အသင်္ချေယျကပ်ဟူရာ၌ကဲ့သို့ နိဗ္ဗတ္တန, ဝနန အနက်ကိုလည်းကောင်း၊ ပဋိ
သမ္ဘိဒါမဂ်အဋ္ဌကထာ၊ ပ’၄၅၊ ၃ဝ၁-၌ကဲ့သို့ ပရာဝဋန(ပရမ္မခဘာဝ)အနက်ကို
လည်းကောင်း ယူသင့်၏။ ဝိဝဋနံ ဝိဝဋော=ဖြစ်ပွားစေခြင်း၊ စေတသော
ဝိဝဋ္ဋာ စေတောဝိဝဋ္ဌော = ရူပါဝစရ ဈာန်သမာဓိစိတ်ကို ဖြစ်ပွားစေခြင်း၊
စေတောဝိဝဋေ ကုသလော စေတောဝိဝဋ္ဋကုသလော။
၂။ သညာဝိဝဋ္ဋကုသလာနံ။ ။ဤ၌ သညာဝိဝဋပုဒ်ကို ဝစနတ္ထနှစ်မျိုး
ဖွင့်ပြရမည်ဖြစ်၏။ ထိုတွင်(၁) သညာနံ ဝိဝဋော သညာဝိဝဋ္ဌော=အရူပါဝစရ
ဈာန်သညာတို့ကို ဖြစ်ပွားစေခြင်း။ ဤဝစနတ္ထအလို အရူပါဝစရဈာန်သညာ
တို့ကို ဖြစ်ပွားစေခြင်း၌ ကျွမ်းကျင်လိမ်မာသူကို သညာဝိဝဋံကုသလဟုခေါ်သည်။
(၂) ထိုနောက်တဖန်’ဝိသေသတော ဝဋနံ ဝိဝဋော=(ရုပ်နာမ်အာရုံ နိဗ္ဗာန်အာရုံ၌
စိတ်ကို)အထူးအားဖြင့် ဖြစ်စေခြင်း၊ သညာဟိ ဝိဝဋ္ဋတွာ (ပရာဝတ္တေတွာ
ဝိဂမတွာ) ဝိဝဋော သညာဝိဝဋ္ဌော = (မိန်းမ ယောင်္ကျားစသည်ဟုလည်း
ကောင်း၊ နိစ္စ သုခ အတ္တ သုဘ ဟုလည်းကောင်း မှတ်ထင်ခြင်း
ဟူသော)
သညာတို့မှ စိတ်ကိုခွဲခွါ၍ ရုပ်နာမ်အာရုံ, နိဗ္ဗာန်အာရုံ၌ အထူးအားဖြင့်
ဖြစ်စေခြင်း။ ဤဝစနတ္ထအလို ဝိပဿနာအရာ၌ ကျွမ်းကျင်သူကို သညာဝိဝဋ
ကုသလဟု ဆိုလို၏။ ထို့ကြောင့် နိဿယခန်း၌ အနက်သုံးမျိုးပေးထားသော်
လည်း တတိယအနက်မှာ ဒုတိယအနက်နှင့် အဓိပ္ပာယ်အတူတူပင်တည်း။
ဤသို့ဝစနတ္ထနှစ်မျိုးပြုပြီးနောက် သညာဝိဝဋ တပုဒ်တည်းဖြင့် ထို
(၁) (၂) ဝစနတ္ထနှစ်မျိုးလုံး ယူနိုင်အောင် “သညာဝိဝဋော စ သညာဝိဝဋော့
သညာဝိဝဋာ"ဟု ဧကသေည်ပြုရမည်။ ထိုနောက်“သညာဝိဝဋေသု ကုသလာ
သညာဝိဝဋ္ဌကုသလာ”ဟု သမာသ်တွဲပါ။ အနက်ကိုလည်း “သညာဝိဝဋ
ကုသလာနံ=အရူပါဝစရဈာန်သညာတို့ကို ဖြစ်ပွားစေခြင်း, ဣတ္ထိပုရိသသညာ,
နိစ္စသညာစသည်တို့မှ စိတ်ကိုခွဲခွါ၍ ရုပ်နာမ်အာရုံနှင့် နိဗ္ဗာန်အာရုံ၌ အထူး
အားဖြင့်ဖြစ်စေခြင်း၌ ကျွမ်းကျင်ကုန်သော”ဟူ၍ ဝစနတ္ထနှစ်မျိုးလုံး ပေါင်း
ဆိုရမည်ဖြစ်၏။ နိဿယခန်း၌ကား လွယ်ကူအောင်ခွဲပေးထားသည်။

## PAGE 67

ဈာန်သညာကို ဖြစ်ပွားစေခြင်း၌ ကျွမ်းကျင်ကုန်သော၊ ဝါ=ဣတ္ထိပုရိသသညာ,
နိစ္စသညာ စသည်တို ့မှ စိတ်ကို ခွဲခွာ၍ ရုပ်နာမ်အာရုံ, နိဗ္ဗာန်အာရုံ၌ အထူး
အားဖြင့် ဖြစ်စေခြင်း၌ ကျွမ်းကျင်ကုန်သော၊ ဝါ=ဝိပဿနာတရား ဖြစ်ပွားစေ
ခြင်း၌ ကျွမ်းကျင်ကုန်သော၊ ဘိက္ခုနံ။ ပ။ ၂၀၁။ အရဏဝိဟာရိနံ=ငိုကြွေး
မြည်တမ်းကြောင်း ကိလေသာမရှိသော နေထိုင်ခြင်းရှိကုန်သော၊ ဘိက္ခူနံ=
တို့တွင်၊ ယဒိဒံ (ယောအယံ) သုဘူတိ=သည်၊ (အတ္ထိ) ဧတံ (ဧသော)=ထို
သုဘူတိသည်၊ အဂ္ဂ (အဂ္ဂေါ)=တည်း။ [အရဏ=ငိုကြွေးကြောင်း ကိလေသာ
မရှိသော+ဝိဟာရ=နေခြင်း]။ ပ။ ၂၀၂။ ဒက္ခိဏေယျာနံ=မြတ်သောအလှူကို
ခံယူထိုက်ကုန်သော။ ပ။ ၂၀၃။ အာရညကာနံ=တော၌နေလေ့ရှိကုန်သော၊
ဘိက္ခုနံ=တို့တွင်၊ ခဒိရဝနိယော=ရှားပင်တော၌နေလေ့ရှိသော၊ ယဒိဒံ (ယော
အင်္ဃ) ရေဝတော။ ပ
=
=
၂၀၄။ ဈာယီနံ = ဈာန်ဝင်စားလေ့ရှိကုန်သော။ ပ။ ၂၀၅။ အာရဒ္ဓ
ဝီရိယာနံ = အားထုတ်အပ်သော ဝီရိယရှိကုန်သော၊ ဝါ=ပြည့်စုံသော ဝီရိယ
ရှိကုန်သော၊ စာပိုဒ် ၁၈-လည်းကြည့်] ဘိက္ခူနံ=တို ့တွင်၊ ကောဠိဝိသော=
ကောဠိဝိသအနွယ်၌ဖြစ်သော၊ ဝါ=(အုပ်ချုပ်သူအကြီးအကဲ ရာထူးဖြင့် အထွတ်
အထိပ်သို ့ရောက်သော ဝေဿမျိုး၏ သူငယ်ဖြစ်ခဲ့သော၊ ဣဿရိယေန
စိုးမိုးအုပ်ချုပ်သောအကြီးအကဲရာထူးဖြင့်၊ ကောဋိပ္ပတ္တော ဝေသော ကောဋိ
ဝေသော=အထွတ်အထိပ်သို့ရောက်သောဝေဿမျိုး။ ကောဋိဝေဿဿ အပစ္စံ
ကောဠိဝိသော။ နိရုတ္တိနည်းဖြင့် ကောဋိဝေဿ၌ ဋကို ဠပြု၊ ဝေဿမှ ဧကို
ဣပြန်၊ သတလုံးကိုချေ၍ ကောဠိဝိသဟု ရုပ်ဖြစ်၏။] ယဒိဒံ (ယောအယံ)
သောဏော။ ပ။ ၂ဝ၆။ ကလျာဏဝါက္ကရဏာနံ=ချိုသာကောင်းမြတ် မြွက်ဆို
အပ်သော တရားစကားသံ ရှိကုန်သော၊ ဘိက္ခုနံ=တို ့တွင်၊ ကလျာဏ=
ကောင်းသော+ဝါက္ကရဏ = စကားသံ ကုဋိကဏ္ဏော=တကုဋေတန် နားတန်ဆာ
ကို ပန်ဆင်ခဲ့ဖူးသော၊ ယဒိဒံ (ယောအယံ) သောဏော=သည်၊ ကုဋိ (ကောဋိ)
=တစ်ကုဋေထိုက်တန်သော+ကဏ္ဏ (ကဏ္ဏပိဠန္ဓန) - နားတန်ဆာ၊ ကုဋိကဏ္ဏ
ဓာရေသိတိ ကုဋိကဏ္ဏော]။ ပ။ ၂၀၇။ လာဘီနံ=ပစ္စည်းလာဘ်များစွာ ရရှိ
ကုန်သော၊ ဘိက္ခူးနံ=တို ့တွင်၊ ယဒိဒံ (ယောအသံ) သီဝလိ=သည်။ ပ။ ၂ဝ၈။
သဒ္ဓါဓိမုတ္တာနံ-သဒ္ဓါတရားဖြင့် လွန်ကဲစွဲမြဲစွာ သက်ဝင်ကြည်ညိုကုန်သော၊
ဝါ=အားကောင်းသော သဒ္ဓါတရားရှိကုန်သော၊ ဘိက္ခူနံ=တို ့တွင်၊ ယဒိဒံ

## PAGE 68

(ယောအယံ) ဝက္ကလိ=သည်၊ (အတ္ထိ) ဧတံ (ဧသော)=ထိုဝက္ကလိသည်၊ အခွံ
(အဂ္ဂေါ)=တည်း, ဣတိ=သို၊ (အဝေါစ)
၁၄-ဧတဒဂ္ဂဝဂ်၊ ၃-တတိယဝဂ်
၂၀၉။ သိက္ခာကာမာနံ=သိက္ခာသုံးပါးကို လိုလားကုန်သော၊ ဝါ=သိက္ခာ
သုံးပါးကို လိုလားမြတ်နိုးစွာ ဖြည့်ကျင့်ကုန်သော၊ ဘိက္ခူနံ။ ပ။ ၂၁၀-သဒ္ဓါ
ပဗ္ဗဇိတာနံ=သဒ္ဓါတရားဖြင့် ရဟန်းပြုကုန်သော။ ပ။ ၂၁၁-ပဌမံ=ရဟန်း
အားလုံးတို ့၏ ရှေးဦးစွာ၊ သလာကံ=စာရေးတံမဲကို၊ ဂဏှန္တာနံ=ယူကုန်သော၊
ဘိက္ခုနံ။ ပ။ ၂၁၂-ပဋိဘာနဝန္တာနံ-ရှေ့ရှုထင်ပေါ်လာသော ပဋိဘာန်ဉာဏ်
ရှိကုန်သော၊ ဝါ=အကြောင်းအားလျော်စွာ ရုတ်တရက်ချက်ချင်း ဂါထာကဗျာ
စပ်ဆိုပြနိုင်လောက်အောင် ထင်ပေါ်လာသော 'ဉာဏ်ရှိကုန်သော။ ပ။ ၂၁၃-
သမန္တ ပါသာဒိကာနံ=ပတ်လည်ဝန်းကျင် အကုန်အစင် ကြည်ညိုမှုကို ဖြစ်စေ
နိုင်ကုန်သော၊ ဝါ=မိမိနှင့်တကွ မိမိပရိသတ် အသိုင်းအဝိုင်းအားလုံးစုံပင် သူ
တပါးတို့၏ ကြည်ညိုလေးစားမှုကို ဖြစ်စေနိုင်ကုန်သော၊ ဘိက္ခူနံ=တို ့တွင်၊
ဝဂ်န္တ ပုတ္တော=ဝင်္ဂန္တ ပုဏ္ဏား၏ သားဖြစ်သော၊ ယဒိဒံ (ယောအသံ) ဥပသေနော့
||0||
.
၂၁၄-သေနာသနပညာပကာနံ=အိပ်ရာနေရာထိုင်ခင်း စီမံခင်းကျင်း
တတ်ကုန်သော၊ ဘိက္ခူနံ=တို ့တွင်၊ မလ္လပုတ္တော=မလ္လမင်း၏ သားဖြစ်သော၊
ယဒိဒံ (ယောအယံ) ဒဗ္ဗော။ ပ။ ၂၁၅-ဒေဝတာနံ=နတ်တို့၏၊ ပိယမနာပါနှံ=
ချစ်ခင်အပ်သူ, စိတ်နှလုံးကို တိုးပွားစေတတ်သူဖြစ်ကုန်သော၊ ဘိက္ခူနံ။ ပ။
၂၁၆-ခိပ္ပါဘိညာနှံ = လျင်မြန်စွာရအပ်သော မဂ်ဖိုလ်ဉာဏ်ထူး ရှိကုန်သော၊
ဘိက္ခူနံ=တို့တွင်၊ ဒါရုစီရိယော=သစ်သားပျဉ်ချပ် သိတွဲထားအပ်သော အဝတ်
ကို ဝတ်ရုံခဲ့ဖူးသော၊ ယဒိဒံ (ယောအယံ) ဗာဟိယော၊ ဒါရု=သစ်သား+စီရ
အဝတ်။ ဒါရုနာ ပကတံ စီရံ ဒါရုစိရံ၊ တံ နိဝါသေသီတိ ဒါရုစီရိယော]
၂၁၇-စိတ္တကထိကာနံ=ဆန်းကြယ်စွာ တရားဟောတတ်ကုန်သော။
၂၁၈-ပဋိသမ္ဘိဒါပတ္တာနံ=ပဋိသမ္ဘိဒါဉာဏ် လေးပါးသို ့ ရောက်ကုန်သော။
[မဟာကောဋ္ဌိကော+ဣတိ]
K
NO
