## PAGE 69

၂၁၉-ဗဟုဿုတာနံ=များစွာသော ပရိယတ္တိဓမ္မသုတ ရှိကုန်သော၊
ဝါ=(တရားဘဏ္ဍာတော်စိုးအနေအားဖြင့်) များစွာကြားနာ သင်မှတ်အပ်ပြီးသော
သုံးဖြာပိဋကတ် ပရိယတ်တရားတော် ရှိကုန်သော၊ ဘိက္ခူနံ။ ပ။ ၂၂ဝ-သတိ
မန္တာနံ=လွန်ကဲသော သတိရှိကုန်သော၊ (မြတ်စွာဘုရား တရားတော်ကို မမေ့
ပျောက်အောင် မှတ်သားထားနိုင်သော သတိရှိကုန်သော) ဘိက္ခုနံ။ပ။ ၂၂၁-
ဂတိမန္တာနံ=လွန်ကဲသော ဉာဏ်ပညာရှိကုန်သော၊ (မြတ်စွာဘုရားဟောတော်
၁။ အရှင်အာနန္ဒာ၏ ဂတိမန္တတာ(မှတ်ဉာဏ်)စွမ်းရည်။ ပထမအကြိမ်
ရိုက် အင်္ဂုတ္တိုရ်နိဿယ ဤနေရာ၌ အရှင်အာနန္ဒာ၏ ဂတိမန္တ တာစွမ်းရည်ကို
ဤသုတ်အဋ္ဌကထာအတိုင်း အနည်းငယ်မျှရေးသားခဲ့၏။ ယခုနောက်ထပ်
အကြိမ်ရိုက် စာအုပ်၌မူ အခြားအဋ္ဌကထာဋီကာတို့မှလည်းယူ၍ စုံလင်အောင်
ရေးသင့်သမျှရေးပါဦးမည်။ အရှင်အာနန္ဒာ၏ဂတိမန္တ တာစွမ်းရည်ကို ဖွင့်ပြသော
ဤသုတ်အဋ္ဌကထာ၌-
66
.
E
“အယမေဝ စာယသ္မာဧကပဒေ ဌတွာ သဋ္ဌိပဒသဟဿာနိ ဂဏှန္တော
သတ္ထာရာ ကထိတနိယာမေနေဝ သဗ္ဗပဒါနိ ဇာနာတိ၊ တသ္မာ ဂတိမန္တာနံ
အဂ္ဂေါနာမ ဇာတော”ဟူ၍ မိန့်ဆိုတော်မူ၏။ ယင်းသို့မိန့်ဆိုရာ၌ “ဧကပဒေ
ဌတွာ”ဟူသော ပါဌ်ကို “ဧကပဒေ = တခုတည်းသော ခြေ၌၊ ဝါ = ခြေဖဝါး
ချနင်းရာ တနေရာတည်း၌၊ ဌတွာ=(မရွှေ့ပြောင်းဘဲ)ရပ်၍”ဟု အနက်ပြန်ဆို
ပြီးလျှင် “အရှင်အာနန္ဒာသည် နေရာရွှေ့ပြောင်းမှု မပြုဘဲ ခြေဖဝါးချနင်းရာ
တနေရာတည်း၌ ရပ်လျက်ပင် ဂါထာပါဒပေါင်း ခြောင်းသောင်းတို့ကို (သို့
မဟုတ်) လေးပါဒရှိသော ဂါထာပေါင်း တစ်သောင်းငါးထောင်တို့ကို သင်ယူနိုင်
စွမ်းရှိ၍ မြတ်စွာဘုရား ဟောတော်မူအပ်သည့်အတိုင်း အားလုံးသောပုဒ်တို့ကို
သိနိုင်၏။ ထို့ကြောင့် အရှင်အာနန္ဒာသည် ဂတိမန္တ ပုဂ္ဂိုလ်(မှတ်ဉာဏ်စွမ်းရှိသူ)
တို့တွင် အမြတ်ဆုံး, အသာလွန်ဆုံးဖြစ်သည်”ဟူ၍ ထိုအဋ္ဌကထာဝါကျကို
မြန်မာပြန်ဆိုရမည်ဖြစ်၏။
ထို့အတူ အဋ္ဌသာလိနီ နိဒါနကထာ(နှာ-၁၆)၌လည်း “ဋ္ဌိတပဒေနှေဝ
ဌတွာ ဂဏှာတိ ဝါ ဝါစေတိ ဝါ ဒေသေတိ ဝါ”ဟု မိန့်ဆို၏။ ထိုအဋ္ဌသာ
လိနို၌ “ဋ္ဌိတပဒေနေဝ = (မရွှေ့ပြောင်းဘဲ)ရပ်တည်နေသောခြေဖြင့်သာလျှင်၊
ဌတွာ=ရပ်၍”ဟု အနက်ပြန်ဆိုသင့်၏။ ပြည်နိဿယ(ပ-၆၅)၌လည်း “ဌိတ
..

## PAGE 70

မူအပ်သည့်အတိုင်း အားလုံးသောပုဒ်တို့ကို သိနိုင်သော လွန်ကဲသောမှတ်ဉာဏ်
ရှိကုန်သော) : ဘိက္ခူနံ။ပ။ ဧတံ (သော)
(အဂ္ဂေါ)=တည်း။
=
ထိုအာနန္ဒာသည် အင်္ဂ
*
±
ပဒေနေဝ = ရပ်သောခြေဖြင့်သာလျှင်ဟုပင် အနက်ပြန်ဆိုတော်မူ၏၊ ထို့ကြောင့်
ဆိုလိုရင်းမှာလည်း “အရှင်အာနန္ဒာထေရ်မြတ်သည် မရွှေ့ပြောင်းဘဲ ရပ်တည်
နေသော ခြေဖြင့်သာလျှင် ရပ်၍ ထိုဂါထာပေါင်း တစ်သောင်းငါးထောင်တို့ကို
(နွယ်ပန်းများကို တနေရာတည်း၌ရပ်၍ ဆွဲငင်ယူလိုက်သကဲ့သို့)သင်ယူပို့ချ
ဟောပြောနိုင်စွမ်းရှိသည်”ဟူ၍ မြန်မာပြန်ရသောကြောင့် ထိုအဋ္ဌသာလိနီသည်
လည်း အင်္ဂုတ္တိုရ်အဋ္ဌကထာနှင့် အတူတူပင်တည်း။
.
အဋ္ဌသာလိနီဘာသာဋီကာ(ပ–၈၃)၌မူ –ဌိတပဒေနေဝ=တည်မြဲတိုင်း
သော ဣရိယာပုထ်အဖို့ဖြင့်သာလျှင်၊ ဌတွာ = ရပ်၍”ဟု အနက်ပြန်ဆိုပြီးလျှင်
“ပဒသဒ္ဒါသည် အဖို့အစုအနက်ဟော၊ ဣရိယာပုထ်လေးပါးတွင် တည်မြဲတိုင်း
သော ဣရိယာပုထ်အဖို့ အစုတခုခုဖြင့်ဟူလို”ဟု မိန့်ဆိုပြီးနောက် “ညောင်းညာ
သည့်အတွက် အခြားဣရိယာပုထ်သို့မပြောင်းရဘဲ ရပ်နေလျှင် ထိုရပ်မြဲဣရိယာ
ပုထ်ဖြင့်လည်းကောင်း, ထိုင်နေလျှင် ထိုထိုင်မြဲဣရိယာပုထ်ဖြင့် လည်းကောင်း
ထိုဂါထာပုဒ်များကို သင်ယူနိုင်, ဟောပြောပို့ချနိုင်သည်ဟူလို”ဟူ၍ ထိုဘာသာ
ဋီကာ၌ အဓိပ္ပါယ်ရှင်းပြတော်မူ၏။
သို့သော် ထိုင်ခြင်း, အိပ်ခြင်း, သွားခြင်း ဣရိယာပုထ် သုံးမျိုးတို့သည်
အချိန်အကြာကြီး ဖြစ်နိုင်ရကား ထိုဣရိယာပုတ်သုံးမျိုးဖြင့် သင်ယူပို့ချဟောပြော
နိုင်သည် ဆိုခြင်းမှာ အရှင်အာနန္ဒာကို ချီးမွမ်းရာ မရောက်နိုင်၊ ထို့အပြင်
“ဌိတပဒေနေဝ ဌတွာ”ဟု ရှိရာတွင် ဌိတဝဒေနေဝ၌ ပဒသဒ္ဒါအတွက် ခြေ
ဟူသော အနက်ကိုယူမှသာလျှင် “ဌတွာ=ရပ်၍”ဟူသောအနက်နှင့် ဆီလျော်
ပါ၏။ ယင်းသို့မဟုတ်ဘဲ ဆရာတော်များမိန့်တော်မူသည့်အတိုင်း ဌိတပဒပုဒ်
အရ ဣရိယာပုထ်လေးပါးလုံးကို ယူလိုက်ပါက သွားခြင်း, ထိုင်ခြင်း, အိပ်ခြင်း
ဣရိယာပုထ်သုံးမျိုးတို့သည် “ဌတွာ=ရပ်၍”ဟူသောအနက်နှင့် မဆီလျော်
လှပေ၊ အကယ်၍ ရောက်ဆဲဣရိယာပုထ်တခုမှ အခြားဣရိယာပုထ် တခုသို့
မပြောင်းလဲဘဲ ရပ်တန့်ထားသည်ကို “ဌတွာရပ်၍”ဟု ဆိုလိုပါသည်။ မတ်
"

## PAGE 71

၂၂၂-ဓိတိမန္တာနံ = လွန်ကဲသော ဝိရိယရှိကုန်သော၊ (မြတ်စွာဘုရား
တရားကို သင်ယူခြင်း, ရွတ်အံခြင်း, မှတ်သားဆောင်ရွက်ထားခြင်း မြတ်စွာ
ဘုရားအား ဝတ်ကြီးဝတ်ငယ် ပြုစုခြင်းတို ့၌ လွန်ကဲသော ဝီရိယရှိကုန်သော)။
တပ်ရပ်သည်ကို မဆိုလိုပါဟု ငြင်းဆိုနိုင်သော်လည်း ဧကပဒုဒ္ဓါရေ (ဧကပဒုဒ္ဓါ
ရေတိ ဧကသ္မိံ ပဒုဒ္ဓါရဏက္ခဏေ)ဟူသော ပြလတ္တံ့သော မူလပဏ္ဏာသအဋ္ဌ
ကထာဋီကာတို့နှင့်တကွ ပြခဲ့သောအနက်အဓိပ္ပာယ်များအရ ပဒသဒ္ဒါအတွက်
ခြေဟူသောအနက်ကို ယူခြင်းသာလျှင်အသင့်ယုတ္တိရှိပါ၏။ ထို့ကြောင့်
ပဒသဒ္ဒါအတွက် အဖို့ အစုဟူသော ဘာသာဋီကာအနက်နှင့် ဣရိယာပုထ်ဟူသော
အချို့ဆရာတို့အနက်များ ဖြစ်သင့်မဖြစ်သင့် စဉ်းစားသင့်ပါသည်။
မူလပဏ္ဏာသအဋ္ဌကထာ။ ။ ဤနေရာဝယ် မူလပဏ္ဏာသအဋ္ဌကထာ၊
ဒု-၂၃၇(မဟာဝေဒလ္လသုတ်)၌ “တထာ ယာယ ဝါ တာယ ဝါ အပ္ပမတ္တိကာယ
ပညာယ သမန္နာဂတော ဘိက္ခု စတူဟိ မာသေဟိ စတုပ္ပဒိကမ္ပိ ဂါထံ
ဂဟေတုံ န သက္ကောတိ၊ မဟာပညော ပန ဧကပဒေ ဌတွာ ပဒသတမို့
ပဒသဟဿမ္ပိ ဂဏှာတိ၊ အာနန္ဒတ္ထေရော ပန မဟာပညတာယ ဧကပဒုဒ္ဓါရေ
သကိယေဝ သုတွာ ပုနု အပုစ္ဆန္တော သဋ္ဌိပဒသဟဿာနိ ပန္နရသဂါထာ
သဟဿာနိ ဝဏ္ဏိယာ ပုပ္ဖါနိ အာကမိုတွာ ဂဏှန္တော
ဝိယ ဧကပ္ပဟာရေနေဝ
ဂဏှာတိ၊ ဂဟိတဂဟိတံ ပါသာဏေ ခတလေခါ ဝိယ သုဝဏ္ဏဃဋေ ပက္ခိတ္တ
သီဟဝသာ ဝိယ စ ဂဟိတာကာရေနေ၀ တိဋ္ဌတိ၊ တေနေဝ နံ ဘဂဝါ
ဧတဒဂ္ဂ ဌပေသိ”ဟူ၍ မိန့်တော်မူ၏။
ဤမူလပဏ္ဏာသအဋ္ဌကထာ၌ ပုဂ္ဂိုလ်သုံးမျိုးပြထားသည်ကိုတွေ့ရ၏။
(၁)မလောက်လေးမလောက်စား သေးသေးမွှားမွှား ဉာဏ်ကလေးမျှသာရှိသော
(ဉာဏ်ထိုင်းသော) ပုဂ္ဂိုလ်။ (၂) ဉာဏ်ပညာထက်မြက်သော မဟာပညပုဂ္ဂိုလ်။-
(၃) ထို့ထက်ဉာဏ်ပညာထက်မြက်သော အရှင်အာနန္ဒာဟူ၍ ပုဂ္ဂိုလ်သုံးမျိုး
တွေ့ရ၏။ ယင်းသုံးမျိုးကို ဂဏန်းစဉ်ပြပြီး မူလပဏ္ဏာသအဋ္ဌကထာကို မြန်မာ
ပြန်ရသော်-
(၁) ဉာဏ်ထိုင်းသော ပုဂ္ဂိုလ်သည် လေးပါဒရှိသော ဂါထာတပုဒ်မျှကိုပင်
လေးလတိတိ ကျက်မှတ်သော်လည်း မမှတ်မိ မရရှိနိုင်ဘဲဖြစ်နေ၏။ (၂)မဟာ
ပညပုဂ္ဂိုလ်သည်ကား ဧကပဒဟုခေါ်သော ခြေဖဝါးချနင်းရာတနေရာတည်း၌
