## PAGE 78

၁၅-အဋ္ဌာနပါဠိ၊ ၁-ပဌမဝဂ်
၂၆၈။ ဘိက္ခဝေ=ရဟန်းတို့ ၊ ယံ ဒိဋ္ဌိသမ္ပန္နော၌ ယံကို အနက်ပေးအံ့၊
အဋ္ဌာနံပုဒ်နှင့် အနဝကာသောပုဒ်ဟူ၍ နှစ်ပုဒ်ရှိသောကြောင့် ထို“ယံ”ကို
နှစ်ကြိမ်အနက်ဆိုရမည်။] ယံ (ယေန ဌာနေန)=အကြင်အကြောင်းကြောင့်၊
ယံ (ယေန အဝကာသေန)=အကြင်အခွင့်အလမ်းကြောင့်၊ ဒိဋ္ဌိသမ္ပန္နော=သောတာ
ပတ္တိမဂ်ဉာဏ်အမြင်နှင့် ပြည့်စုံသော၊ ပုဂ္ဂလော= သောတာပန်ပုဂ္ဂိုလ်သည်၊
ကဉ္စိ=တစုံတခုသော၊ သင်္ခါရုံ=သင်္ခတသင်္ခါရသို ့၊ (ကာမ, ရူပ, အရူပ လော
ကုတ္တရာဟူသော စတုဘူမက သင်္ခတသင်္ခါရသို့၊ ဝါ=ကာမ, ရူပ, အရူပဟူသော
တေဘူမက သင်္ခတသင်္ခါရသို့) ဝါ=ကို၊ နိစ္စတော=မြဲ၏ဟူ၍၊ ဥပဂစ္ဆေယျ=
ကပ်ရောက်ရာ၏၊ ဝါ=ယူဆရာ၏၊ အဋ္ဌာနမေတံ၌ ဧတံကို ယခုအနက်ပေး
ရမည်။] ဧတံ (ဌာနံ)=(မြဲ၏ဟု ကပ်ရောက်ခြင်းဟူသော) ဤအကြောင်းသည်၊
အဋ္ဌာနံ=မရအပ်, မရနိုင်သော အကြောင်းတည်း။ အဝိဇ္ဇမာနံ ဌာနံ အဋ္ဌာနံ။
အသဒ္ဒါ အနုပလပ္အစုံ အနက်ဟောဟု ဝိဘင်းအနုဋီကာ၊ ၂ဝ၇ ၌ ဖွင့်၏၊]
ဝါ=မရှိနိုင်, မဖြစ်နိုင်သော အကြောင်းတည်း၊ [နတ္ထိ ဌာနံ အဋ္ဌာနံ။ ဤ၌ကား
အသဒ္ဒါ အဘာဝအနက်ဟောဟု ဖွင့်၏။] ဧသော (အဝကာသော)=(မြဲ၏ဟု
ကပ်ရောက်ခြင်းဟူသော)ဤအခွင့်အလမ်းသည်၊ အနဝကာသော=မရအပ်,
မရနိုင်သော အခွင့်အလမ်းတည်း၊ ဝါ=မရှိနိုင်, မဖြစ်နိုင်သောအခွင့်အလမ်းတည်း၊
အဋ္ဌာနမေတံ၌ ဧတံကိုပင် ဧသော (အဝကာသော) ဟူ၍ ပုလ္လိင်ပြောင်းလဲ၍
အနက်ဆိုသည်။] ဧတံ ဌာနံ=(မြဲ၏ဟု ကပ်ရောက်ခြင်းဟူသော) ဤအကြောင်း
သည်၊ [နေတံနေ+ဧတံ] နဝိဇ္ဇတိ=မရှိ၊ နေတံ ဌာနံ ဝိဇ္ဇတိဟူသော ဝါကျကို
အနက်ပေးသည်။]
ထို ့နောက်–ဌာနဉ္စ ခေါ ဧတံ ဘိက္ခဝေ”၌ ဘိက္ခဝေကို အနက်ပေး
ရမည်။ ထို့နောက် “ယံ ပုထုဇ္ဇနော”စသည်ကို အနက်ပေးရမည်။] ဘိက္ခဝေ=တို့၊
ယံ (ယေန ဌာနေန)=အကြင်အကြာင်းကြောင့် ပုထုဇ္ဇနော=ပုထုဇဉ်ပုဂ္ဂိုလ်သည်၊
ကဉ္စိ=သော၊ သင်္ခါရံ=တေဘူမက သင်္ခတ သင်္ခါရသို့ ၊ ဝါ=ကို၊ ပုထုဇဉ်အတွက်
လောကုတ္တရာ မရနိုင်သောကြောင့် စတုဘူမက-ဟု မဆိုရ] နိစ္စတော-၍၊
ဥပဂစ္ဆေယျ=၏။ထို့နောက် –ဌာနဉ္စ ခေါ ဧတံ”ကို အနက်ပေးအံ့၊] ဧတံ
ဌာနံ စ=ပုထုဇဉ်အတွက် မြဲ၏ဟု ကပ်ရောက်ခြင်းဟူသော) ဤအကြောင်း
သည်ကား၊ ဝိဇ္ဇတိခေါ=ရှိသည်သာ၊ [ထို့နောက် “ဌာနမေတံ”ကို အနက်ပေး
ရမည်] ဧတံ ဌာနံ = (ပုထုဇဉ်အတွက်မြဲ၏ဟု ကပ်ရောက်ခြင်းဟူသော) ဤ
"

## PAGE 79

အကြောင်းသည်၊ ဝိဇ္ဇတိ-ရှိ၏၊ ဣတိ-ဤသို့၊ (အဝေါစ=မိန့် တော်မူပြီ၊)
[“ဧတံဌာနံ=ဤကပ်ရောက်ခြင်း၏ အကြောင်းသည်”ဟုလည်း အဘေဒဘေဒူ
ပစာရအနက် ဆိုနိုင်၏၊ ဥဒရဿ ကာရဏာ-ဝမ်း၏အကြောင်း၊ ဝါ=ဝမ်းဟူသော
အကြောင်း၊ ဒါရူနှံ ကိစ္စာ (ကာရဏာ) စသည်တို ့ကဲ့သို ့တည်း၊ ဒုကနိပါတ်
စာပိုဒ် ၁-သုတ်လည်းကြည့်။
၂၆၉-သုခတော=သုခဟူ၍၊ ဥပဂစ္ဆေယျ=၏၊ ဧတံ ဌာနံ=(သုခဟု
ကပ်ရောက်ခြင်းဟူသော) ဤအကြောင်းသည်၊ အဋ္ဌာနံ=တည်း၊ ဧသော အဝ
ကာသော (သုခဟု ကပ်ရောက်ခြင်းဟူသော) ဤအခွင့်အလမ်းသည်၊ အနဝကာ
သော=တည်း။ ပ။ ၂၇ဝ-ကဉ္စိ=သော၊ ဓမ္မံ= (ကသိုဏ်းစသော ပညတ်နှင့်တကွ
သော) စတုဘူမကတရားသို့၊ ဝါ=(ကသိုဏ်းစသောပညတ်နှင့်တကွသော)
တေဘူမက တရားသို ့၊ အတ္တတော = အတ္တကောင်ဟူ၍။ ဝါ=ခိုင်မြဲသောအနှစ်
သာရ အမာခံအသက်ရှင်ကောင်ဟူ၍၊ ပ။ ပုထုဇ္ဇနော=သည်၊ ကဉ္စိ=သော၊
ဓမ္မံ=(ပညတ်နှင့်တကွသော) တေဘူမကတရားသို ့။ ပ။ ၂၇၁’မာတရံ=မွေးမိခင်
ရင်းကို၊ ဇီဝိတာ=ရုပ်နာမ်နှစ်ချက် အသက်ဇီဝိန်မှ၊ ဝေါရောပေယျ=ခွဲခွာဖယ်ရှား
ရာ၏၊ ဧတံ ဌာနံ-(ခွဲခွာဖယ်ရှားခြင်းဟူသော) ဤအကြောင်းသည်၊ အဋ္ဌာနံ=
တည်း၊ ဧသော အဝကာသော=(ခွဲခွာဖယ်ရှားခြင်းဟူသော) ဤအခွင့်အလမ်း
သည်၊ အနဝကာသော။ ပ။ ပိတရံ ဖခင်အရင်းကို။ ပ။ အရဟန္တံ=လူသားဖြစ်
သော ရဟန္တာကို။ ပ။ ၂၇၄-တထာဂတဿမြတ်စွာဘုရား၏၊ (ဇီဝမာနက
၁။ မာတရံ ဇီဝိတာ ဝေါရောပေယျ။ ။ လူဖြစ်သော လူသတ်သမားက
မိဘအရင်းကို သတ်မှသာ အာနန္တ ရိယကံထိုက်၏။ အရိယာပုဂ္ဂိုလ်များကား
ငါးပါးသီလကို အသက်နှင့်လဲ၍ထိန်းသိမ်းကြသောကြောင့် မိဘကို မဆိုထားဘိ
ပုရွက်ဆိတ်ကိုပင်မသတ်။ သို့ဖြစ်လျှင် ဘာ့ကြောင့် မာတရံ ဇီဝိတာ ဝေါရော
ပေယျ စသည်ဖြင့် အထူးတလည် ဆိုနေရသေးသနည်းဟူမူ၊ အမိသတ်ခြင်းစသော
ပဉ္စာနန္တရိယကံတို့ကို မည်သည့် အကြောင်းကြောင့်မျှ မကျူးလွန်ကြတော့သော
အရိယာပုဂ္ဂိုလ်တို့၏ သဒ္ဓါဗိုလ် ပညာဗိုလ်စသော ကုသိုလ်တရားတို့ အလွန်အား
ကောင်းသည် အဖြစ်ကိုပြခြင်းငှာလည်းကောင်း၊ ပုထုဇဉ်ပုဂ္ဂိုလ်တို့ကား ထိုကံ
တို့ကို ကျူးလွန်ကြဦးမည်ဖြစ်ရကား ပုထုဇဉ်အဆင့်အတန်း၏ အကုသိုလ်အပြစ်
အလွန်ကြီးမားသော အောက်တန်းစား အဆင့်သာ ဖြစ်ကြောင်းကိုပြခြင်းငှာလည်း
ကောင်း ထိုကဲ့သို့ အထူးတလည် ဆိုထားသည်။

## PAGE 80

သရီရေ=သက်တော်ရှင်ဆဲ ကိုယ်တော်၌) ပဒုဋ္ဌစိတ္တော =ဒေါသသည် ဖျက်ဆီး
အပ်သော သတ်လိုစိတ်ရှိသည်၊ (ဟုတွားဖြစ်၍) လောဟိတံ= သွေးကို(ယင်ငယ်
တကောင် သောက်လောက်ရုံမျှ သွေးကိုသော်မျှပင်) ဥပ္ပါဒေယျ=ဖြစ်စေရာ၏ ၊
ဧတံဌာနံ=(သွေးကိုဖြစ်စေခြင်းဟူသော) ဤအကြောင်းသည်။ပ။ ၂၇၅-သံဃံ
=သံဃာကို၊ (တသိမ်တည်း၌ တည်နေသော သမာနသံဝါသက သံဃာကို)
ဘိန္တေယျ=သင်းကွဲအောင် ခွဲရာ၏။ ပ။
၂၇၆။ အညံ=မြတ်စွာဘုရားမှ တပါးသော၊ သတ္ထာရံ=မိစ္ဆာအယူဝါဒ
ဟောပြသော ဆရာကို၊ ဥဒ္ဒိသေယျ=(ငါ၏ဆရာဟု) ညွှန်ပြရာ၏။ ပ။ ၂၇၇။
ဘိက္ခဝေ=တို့၊ ယံ (ယေန ဌာနေန)=ကြောင့်၊ ယံ (ယေန အဝကာသေန)=
ကြောင့်၊ ဧကိဿာ=ဇာတိခေတ်အနေအားဖြင့် တခုတည်းသော၊ လောကဓာတု
ယာ=တသောင်းသော လောကဓာတ်၌၊ ဝါ=စကြဝဠာတိုက်တသောင်း၌၊ ဒွေ=
နှစ်ဆူကုန်သော၊ အရဟန္တော=ပူဇော်အထူးကို ခံယူတော်မူထိုက်ကုန်သော၊
သမ္မာသမ္ဗုဒ္ဓါ =မြတ်စွာဘုရားတိုသည်။ အပုဂံ=ရှေ့လည်းမကျ၊ အစရိမံ=နောက်
လည်းမကျ၊ တနည်း’အပုဗ္ဗ အစရိမံ=တပြိုင်နက်တည်း ခဏ၌၊] ဥပ္ပဇ္ဇေယျုံ=
ပွင့်တော်မူကုန်ရာ၏။ ဧတံ ဌာနံ = (ဘုရားရှင်နှစ်ဆူတို့ တပြိုင်နက်တည်း
ပွင့်တော်မူခြင်းဟူသော) ဤအကြောင်းသည်၊ အဋ္ဌာနံ=တည်း၊ ဧသော အဝ
ကာသော=(ဘုရားရှင်နှစ်ဆူတို့ တပြိုင်နက်တည်းပွင့်တော်မူခြင်းဟူသော) ဤ
၁။ ပဒုဋ္ဌစိတ္တော။ ။ “ပဒုဋ္ဌစိတ္တောတိ ၀ဓကစိတ္တေန ပဒုဋ္ဌစိတ္တော”
ဟူသော အဋ္ဌကထာ၌ “ဝဓကစိတ္တေန”ဟူသောအဖွင့်ဖြင့် ပဒုဋ္ဌစိတ်ဟူသည်
ဝဓကစိတ်ပင်ဖြစ်သည်။ (ပဒုဋ္ဌစိတ္တပုဒ်အရ ၀ဓကစိတ်ကိုယူရမည်) ဟုသိစေ
လို၏။ ထိုကြောင့် အဋ္ဌကထာ၌ “ဝဓကစိတ္တေန=သတ်သောသူ၏စိတ်ဖြင့်၊
၀ါ = သတ်လိုစိတ်ဖြင့်၊ ပဒုဋ္ဌစိတ္တော = ပဒုဋ္ဌစိတ်ရှိသည်၊ ဝါ = ဒေါသသည်
ဖျက်ဆီးအပ်သော စိတ်ရှိသည်”ဟူ၍ ဝဓကစိတ္တေနပုဒ်ကို ပဒုဋ္ဌစိတ္တောပုဒ်၏
အဘိန္နဝိသေသနကြံရမည်ဖြစ်၏၊ ဤအဖွင့်ဝါကျသည် “ပညဝါတိ ဝိပဿနာ
ပညာယ ပညဝါ”ဟူသော အဖွင့်ဝါကျမျိုးပင်ဖြစ်၏။ တနည်းကြံရသော်-
“ဝဓကစိတ္တေန=သတ်လိုစိတ်သည်၊ (ဒေါသမူစိတ်သည်) ပဒုဋ္ဌစိတ္တော
=ဖျက်ဆီးအပ်သောပင်ကို မူရင်းစိတ်ရှိသည်”ဟူ၍ ဝဓကစိတ္တေနပုဒ်ကို ပဒုဋ္ဌ
ပုဒ်၏ အဝုတ္တကတ္တားသော်လည်း ကြံသင့်၏၊ ယင်းသို့ကြံလျှင် ပင်ကိုမူရင်း
ဖြစ်သော ပဘဿရစိတ်ကို ဝဓကစိတ်က ဖျက်ဆီးသည်ဟု အနက်ယူသင့်၏။
