## PAGE 81

အခွင့်အလမ်းသည်၊ အနဝကာသော=တည်း၊ ဧတံ ဌာနံ=သည်း နဝိဇ္ဇတိ=မရှိ၊
ဘိက္ခဝေ=တို့၊ ယံ (ယေန ဌာနေန)=ကြောင့်၊ ဧကိဿာတခုတည်းသော၊
လောကဓာတုယာ=စကြဝဠာ၌၊ ဧကောဝ=တဆူတည်းသာဖြစ်သော၊ အရဟံ=
ပူဇော်အထူးကို ခံယူတော်မူထိုက်သော၊ သမ္မာသမ္ဗုဒ္ဓေါ=သည်၊ ဥပ္ပဇ္ဇေယျ=
ပွင့်တော်မူနိုင်၏။ ဧတံ ဌာနံစ=(တဆူတည်းသာ ပွင့်တော်မူခြင်းဟူသော)
ဤအကြောင်းသည်ကား၊ ဝိဇ္ဇတိ ခေါ=ရှိသည်သာ၊ ဧတံ ဌာနံ=သည်၊ ဝိဇ္ဇတိ
-ရှိ၏၊ ဣတိ (အဝေါစ) ပဌမော=သော၊ ဝဂ္ဂေါ-ဝဂ်တည်း။
၁၅-အဋ္ဌာနပါဠိ၊ ၂-ဒုတိယဝဂ်
၂၇၈၊ ၂၈၆။ ဧကိဿာ=တခုတည်းသော၊ လောကဓာတုယာ=လောက
ဓာတ်၌၊ ဝါ=စကြဝဠာ၌၊ စတ္ထိဝတ္တီ=စကြာရတနာကို လည်စေနိုင်ကုန်သော၊
ဝါ=စကြဝတေးမင်း ဖြစ်ကုန်သော၊ ဒွေ=နှစ်ဦးကုန်သော၊ ရာဇာနော=ဘုရင်မင်း
တို ့သည်။ ပ။ ဥပ္ပဇ္ဇေယျဖြစ်ကုန်ရာ၏။ ပ။ စက္ကဝတ္တီ=စေနိုင်သော၊ ဝါ=
သော၊ ဧကော=တဦးတည်းသော၊ ရာဇာ=ဘုရင်မင်းသည်၊ ဥပ္ပဇ္ဇေယျာဖြစ်နိုင်၏။
ပ။ ဣတ္ထိ=မိန်းမသည်၊ အရဟံ=သော၊ သမ္မာသမ္ဗုဒ္ဓေါ-သည်၊ အဿ=ဖြစ်ရာ၏။
ပ။ ပုရိသော=သည်။ ပ။ အဿ=ဖြစ်နိုင်၏။ ပ။ ဣတ္ထိ=သည်၊ စက္ကဝတ္တိ=သော၊
ရာဇာ=သည်၊ အဿ=ဖြစ်ရာ၏။ ပ။ သက္ကတ္တံ=သိကြားမင်းအဖြစ်ကို၊ ကာရေယျ
=ပြုစေရာ၏။ သိကြားမင်းပြုလုပ် အုပ်ချုပ်ရာ၏ဟူလို။ တိကနိပါတ်စာပိုဒ်
(၇၁) သုတ်မှ ရဇ္ဇံ ကာရေယျ ၌ ရေးဦးမည်။] ဧတံ ဌာနံ=သည်၊ အဋ္ဌာနံ=
တည်း၊ ဧသော အဝကာသော=သည်၊ အနဝကာသော=တည်း၊ ထို ့နောက်
“နေတံ ဌာနံ ဝိဇ္ဇတိ၊ ဌာနဉ္စ ခေါ”စသည် ဆက်ဆိုး။ ပ။
မာရတ္တံ=မာရ်မင်း၏အဖြစ်ကို၊ ကာရေယျ၏၊ အဋ္ဌာနမေတံ စသည်
ဖော်ဆို]။ ပ။ ဗြဟ္မတ္တံ-မဟာဗြဟ္မာ၏ အဖြစ်ကို။ ပ။ ကာယဒုစ္စရိတဿ=
ကာယဒုစရိုက်အကုသိုလ်၏၊ ဝါ=ကာယဒွါရဖြင့် မကောင်းသဖြင့် ပြုကျင့်အပ်
သော အကုသိုလ် ကာယကံသုံးပါး၏၊ ဣဋ္ဌော=အလိုရှိအပ်သော၊ ကန္တော=နှစ်
သက်အပ်သော၊ မနာပေါ=စိတ်နှလုံးကို တိုးပွားစေတတ်သော၊ ၀ိပါကော=အကျိုး
သည်၊ နိဗ္ဗတ္တေယျ=ဖြစ်ရာ၏။ ပ။ အနိဋ္ဌော=အလိုမရှိအပ်သော။ ပ။ ဝစီဒုစ္စရိ
တဿ=ဝစီဒုစရိုက်အကုသိုလ်၏၊ ဝါ=ဝစီဒွါရဖြင့် မကောင်းသဖြင့် ပြုကျင့်အပ်

## PAGE 82

. ၈၂
!
• သော အကုသိုလ် ဝစီကံလေးပါး၏။ ပ။ မနောဒုစ္စရိတဿ=မနောဒုစရိုက်
အကုသိုလ်၏၊ ဝါ=မနောဒွါရဖြင့် မကောင်းသဖြင့် ပြုကျင့်အပ်သော အကုသိုလ်
မနောကံ သုံးပါး၏။ ပ။
၁၅-အဋ္ဌာနပါဠိ၊ ၃-တတိယဝဂ်
၂၈၇။ ၂၉၅။ ကာယသုစရိတဿ=ကာယသုစရိုက်ကုသိုလ်၏ ဝါ=
ကာယဒွါရဖြင့် ကောင်းစွာပြုကျင့်အပ်သော ကုသိုလ်ကာယကံ သုံးပါး၏။ပ။
ဝစီသုစရိတဿ=ဝစီသုစရိုက်ကုသိုလ်၏၊ ဝါ-ဝစီဒွါရဖြင့် ကောင်းစွာပြုကျင့်
အပ်သော ကုသိုလ်ဝစီကံလေးပါး၏။ ပ။ မနောသုစရိတဿ=ကုသိုလ်၏၊
ဝါ=မနောဒွါရဖြင့် ကောင်းစွာပြုကျင့်အပ်သော ကုသိုလ်မနောကံသုံးပါး၏။
ပ။ ကာယဒုစ္စရိတသမင်္ဂီ=ကာယဒုစရိုက်နှင့် ပြည့်စုံသောသူသည်၊ တစ္ဆိဒါနာ
=ထိုကာယဒုစရိုက်ဟူသော အကြောင်းကြောင့်၊ တပ္ပစ္စယာ-ထိုကာယဒုစရိုက်
ဟူသောအကြောင်းပစ္စည်းကြောင့်၊ ကာယဿ၊ ၏၊ စာပိုဒ်-၄၃၊ ၄၄-၌
ကြည့်။]။ ပ။ ဥပပဇ္ဇေယျ=လားရောက်ရာ၏၊ ဧတံ ဌာနံ=(နတ်ပြည်သို့ လား
ရောက်ခြင်းဟူသော) ဤအကြောင်းသည်၊ အဋ္ဌာနံ။ ပ။ အဋ္ဌာနပါဠိ-အဋ္ဌာန
ပုဒ်ဖြင့် ဟောကြားအပ်သော ပါဠိသည်၊ နိဋ္ဌိတာ=ပြီးပြီ။
၁၆-ဧကဓမ္မပါဠိ၊ ၁-ပဌမဝဂ်
၂၉၆။ ဘိက္ခဝေ = တို ့၊ ဧကဓမ္မော = တခုသောတရားသဘောသည်၊
ဝါ=ကို၊ ဘာဝိတော=ဖြစ်ပွားစေအပ်သည်၊ ဗဟုလီကတော ကြိမ်ဖန်များစွာ
အလေ့အလာပြုအပ်သည်၊ (သမာနော=ဖြစ်လသော်) ဧကန္တ နိဗ္ဗိဒါယ=မချွတ်
ဧကန် သံသရာဝဋ်၌ ငြီးငွေ့ခြင်းငှာလည်းကောင်း၊ ဝိရာဂါယ=သံသရာဝဋ်၌
မတပ်မက်ခြင်းငှာလည်းကောင်း၊ ဝါ=ကိလေသာတို့၏ ကင်းကွာပျက်စီးခြင်းငှာ
လည်းကောင်း၊ နိရောဓာယ=(မဂ်ဉာဏ်ဖြင့်) ကိလေသာတို ့၏ အပြီးသတ်
ချုပ်ငြိမ်းခြင်းငှာလည်းကောင်း၊ ဝါ=သံသရာဝဋ်၏ ချုပ်ငြိမ်းခြင်းငှာလည်းကောင်း၊
ဥပသမာယ=ကိလေသာတို့၏ ကင်းငြိမ်းခြင်းငှာလည်းကောင်း၊ အဘိညာယ=

## PAGE 83

(အနိစ္စတာ စသော လက္ခဏာသုံးပါးသို့တင်၍) အထူးသိခြင်းငှာလည်းကောင်း၊
သမ္ဗောဓာယ=သစ္စာလေးပါးကို သိခြင်းငှာလည်းကောင်း၊ ဝါ=မဂ်ဉာဏ်လေးပါး
ကို ထိုးထွင်းမြင်သိ ရရှိခြင်းငှာလည်းကောင်း၊ နိဗ္ဗာနာယ=အနုပါဒိသေသနိဗ္ဗာန်
အကျိုးငှာလည်းကောင်း၊ (ပဋိသန္ဓေနေခြင်း၏ အကြောင်းဖြစ်သော တဏှာ
စသည်မှ ကင်းသော ရုပ်နာမ်ခပ်သိမ်း ချုပ်ငြိမ်းခြင်းဟူသော အမတဓာတ်
အနုပါဒိသေသနိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှာလည်းကောင်း) သံဝတ္တတိ=ဖြစ်၏၊
ဧကဓမ္မော = တခုသော တရားသဘောဟူသည်၊ ကတမော = အဘယ်နည်း၊
ဗုဒ္ဓါနုဿတိ=ဘုရားဂုဏ်တော်တို့ကို အာရုံပြု၍ ထပ်တလဲလဲ အောက်မေ့သော
သတိပေတည်း၊ ဘိက္ခဝေ = တို ၊ အယံ ဧကဓမ္မော = ဤဗုဒ္ဓါနုဿတိဟူသော
တခုသော တရားသဘောသည်၊ ဝါ=ကို၊ ဘာဝိတော=သည်။ ပ။
၂၉၇။ ဓမ္မာနုဿတိ=တရားဂုဏ်တော်တို့ကို အာရုံပြု၍ ထပ်တလဲလဲ
အောက်မေ့သော သတိပေတည်း၊ ဘိက္ခဝေ-တို့၊ အယံ ဧကဓမ္မော=ဤဓမ္မာ
နုဿတိဟူသော တခုသောတရားသဘောသည်၊ ဝါးကို၊ ဘာဝိတော=သည်။
ပ။ သံဃာနုဿတိ=သံဃာ့ဂုဏ်တော်တို ့ကို အာရုံ....တည်း။ ပ။ သီလာ
နုဿတိ=မိမိ၏ ဖြူစင်သောသီလကို အာရုံ . . . .တည်း။ ပ။ စာဂါနုဿတိ-
မိမိ၏ စွန့်ကြဲပေးကမ်းလှူဒါန်းမှုကို အာရုံ ....တည်း။ ပ။ ဒေဝတာနုဿတိ=
နတ်တို့၏ သဒ္ဓါသီလ အစရှိသောဂုဏ်နှင့်တူသော မိမိ၏သဒ္ဓါသီလအစရှိသော
ဂုဏ်တို့ကို အာရုံ . . . .တည်း၊[နတ်တို ့သည် သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊
ပညာဂုဏ်တို့နှင့် ပြည့်စုံကြသဖြင့် နတ်ပြည်၌ဖြစ်ကြရ၏၊ ငါ့မှာလည်း ထိုဂုဏ်
များရှိ၏ဟု နတ်တို ့ကိုသက်သေပြု၍ မိမိ၏ သဒ္ဓါစသောဂုဏ်တို့ကို အောက်
မေ့နေခြင်း တည်း။]။ ပ။ အာနာပါနဿတိ=ထွက်သက်ဝင်သက်လေတို ့ကို
အာရုံပြု၍ ရှုမှတ်သော သတိပေတည်း။ ပ။ မရဏဿတိ=သေခြင်းတရားကို
အာရုံပြု၍ ဖြစ်သော သတိပေတည်း။ ပ။ ကာယဂတာသတိ=ဆံပင်၊ မွေးညင်း
စသည်တို့၏ အစုအဝေး၌ အာရုံပြုလျက်ဖြစ်သော သတိတည်း။ ဥပသမာ
နုဿတိ=ဒုက္ခငြိမ်းရာ နိဗ္ဗာန်ကို အာရုံပြု၍ ထပ်တလဲလဲ အောက်မေ့သော
သတိပေတည်း။ ဝါ= ကိလေသာတို ့ကို ကင်းငြိမ်းစေတတ်သောအရိယမဂ်ကို
အာရုံ ....တည်း။ ပ။
၁၆-ဧကဓမ္မပါဠိ၊ ၂-ဒုတိယဝဂ်
၂၉၈။ ၃၀၁။ ဘိက္ခဝေ=တို၊ ဣဒံ (အသံ) မိစ္ဆာဒိဋ္ဌိ ယထာ=ဤ (၆၂
ပါးသော) မှားယွင်းသော အယူကဲ့သို ့၊ ဝါ=ဤမှားယွင်းစွာ မြင်တတ်သော
သဘောတရားကဲ့သို ့၊ မိစ္ဆာ ဝိပရိတတော ပဿတီတိ မိစ္ဆာဒိဋ္ဌိ] ဝါ=ဤ
