## PAGE 10

**သာဝတ္ထိယံ** = သာဝတ္ထိမြို့တော်၏ အနီး၌၊ **ဇေတဝနေ** = ဇေတဝန်မည်သော၊ အားလုံး တုန်လှုပ်မှု၊ အရောင်အဝါ ထွန်းလင်းမှုစသည်ဖြစ်လောက်အောင် မြတ်စွာဘုရားအတွက် အလွန်ထူးခြားထင်ရှားသော အချိန်အခါများဖြစ်၏။ ထိုအချိန်အခါများစွာတို့တွင် ဤနေရာ၌ “**ဧကံ သမယံ**” အရ တရားဟောရာ အချိန်အခါကို ယူရမည်စသည်ဖြင့် အဋ္ဌကထာ၌ဖွင့်သေး၏။ ထိုအဖွင့်များအရ **ဧကံ သမယံ** ကို အနက်ပေးလိုလျှင်-

**ဧကံ** = မြတ်စွာဘုရားအတွက် ထင်ရှားသော အချိန်အခါများစွာတို့တွင် တစ်ပါးအပါအဝင်ဖြစ်သော၊ **သမယံ** = တရားဟောတော်မူရာ အချိန်အခါ၌၊ ဝါ = တရားဟောတော်မူရာ အချိန်အခါပတ်လုံး။ (တနည်း) **ဧကံ** = ဉာဏ်၏ကိစ္စပြုရာ၊ ကရုဏာ၏ကိစ္စပြုရာ အချိန်အခါတို့တွင် တစ်ပါးအပါအဝင်ဖြစ်သော၊ **သမယံ** = ကရုဏာ၏ ကိစ္စကိုပြုရာအချိန်အခါ၌၊ ဝါ = ကရုဏာ၏ကိစ္စကိုပြုရာ အချိန်အခါပတ်လုံး၊ (တနည်း) **ဧကံ** = မိမိ၏ အကျိုးစီးပွားပြုကျင့်ရာ၊ သူတစ်ပါး၏ အကျိုးစီးပွားပြုကျင့်ရာ အချိန်အခါတို့တွင် တစ်ပါးအပါအဝင်ဖြစ်သော၊ **သမယံ** = သူတစ်ပါးအကျိုးစီးပွား ပြုကျင့်ရာအချိန်အခါ၌၊ ဝါ = ပတ်လုံး။ (တနည်း) **ဧကံ** = စုဝေးနေကြသော ရဟန်းတို့ပြုရမည့် ငြိမ်သက် တိတ်ဆိတ်စွာနေခြင်း တရားဟောခြင်းဆိုင်ရာ အချိန်အခါတို့တွင် တစ်ပါးအပါအဝင်ဖြစ်သော၊ **သမယံ** = တရားဟောရာ အချိန်အခါ၌၊ ဝါ = ပတ်လုံး။ (တနည်း) **ဧကံ** = တရားဟောရာ တရားကျင့်ရာအချိန်အခါတို့တွင် တစ်ပါးအပါအဝင်ဖြစ်သော၊ **သမယံ** = တရားဟောရာ အချိန်အခါ၌၊ ဝါ = ပတ်လုံးဟု အနက်ဆိုပါ။

၁။ **သာဝတ္ထိယံ**။ ။ သမိပတ္ထစေတံ ဘုမ္မဝစနံ - ဟု အဋ္ဌကထာဖွင့်သောကြောင့် **သာဝတ္ထိယံ** ၌ **သတ္တမီဝိဘတ်**ကို **သမီပအနက်**ဟောဟု သိရ၏။ ထိုကြောင့် “**သာဝတ္ထိယံ** = သာဝတ္ထိမြို့တော်၏အနီး၌”ဟု **သတ္တမီဝိဘတ်**၏ **သမီပအနက်** ထင်ရှားအောင် အနက်ပြန်ဆိုသည်။

အကယ်၍ **သမီပအနက်** မပြန်ဆိုဘဲ “**သာဝတ္ထိယံ** = သာဝတ္ထိမြို့တော်၌”ဟု အနက်ပြန်ဆိုလျှင်ကား **သမီပျူပစာရ** ကြံရမည်။ သာဝတ္ထိမြို့တော်၏ အနီးအရပ်ဒေသဖြစ်သော ဇေတဝန်ကျောင်းတိုက်ကို သမီပ ဟုဆို၍ သာဝတ္ထိမြို့တော်ကိုကား သမီပီ (သမီပရှိသည်) ဟု ဆိုရ၏။ မြတ်စွာဘုရားသည် သမီပီဖြစ်သော သာဝတ္ထိမြို့တော်၌ သီတင်းသုံးနေတော်မူသည်မဟုတ်၊ သမီပဖြစ်သော ဇေတဝန်ကျောင်းတိုက်၌သာ သီတင်းသုံးနေတော်မူ၏။ ထို့ကြောင့် သမီပီ၏ သာဝတ္ထိဟူသောနာမည်ကို သမီပ ဇေတဝန ၌ ရွှေ့ပြောင်းတင်စားခေါ်ဝေါ်သော **သမီပျူပစာရ** ဟု ဆိုရသည်။

**ဣရဿ** နှင့် **ဤဒီဃ** ပါဌ်နှစ်မျိုး။ ။ ဤနေရာ၌ သက္ကတ အင်္ဂလိပ် အဘိဓာန်တို့၌ ပြထားသည့်အတိုင်း အဆုံးသရ၌ **ရဿ**, **ဒီဃ** နှစ်မျိုးဖြင့် သာဝတ္ထိ၊
## PAGE 11

ဝါဇေတမင်းသား၏ ဥယျာဉ်တောဖြစ်သော အနာထပိဏ္ဍိကဿ-အနာထပိဏ်သူဌေး၏၊ အာရာမေ=ကျောင်းတိုက်၌၊ ဝိဟရတိ=သီတင်းသုံးနေတော်

သာဝတ္ထိ"ဟု ပါဌ်နှစ်မျိုးဖြစ်သင့်၏။ ယထာ ကာကန္ဒဿ ဣသိနော နိဝါသဋ္ဌာန မာပိတာ နဂရီ ကာကန္ဒီ။ပ။ ကုသမ္ဖဿ နိဝါသဋ္ဌာနေ မာပိတာ ကောသင်္ချီတိ ဝုစ္စတို့၊ ဧဝံ သဝတ္ထဿ ဣသိနော့ နိဝါသဋ္ဌာနေ မာပိတာ နဂရီ သာဝတ္ထိတိ ဝုစ္စတိ၊ ဤသုတ်ဋီကာ (မူလပဏီ ဋ္ဌ၊ ပ-နှာ၊ ၆၂)။ "တေန နိဗ္ဗတ္တေ" ဟူသော မောဂ္ဂလ္လာန် (၄-ဏာဒိကဏ္ဍ၊ ၁၈-သုတ်)၌ ကုသမ္ပစသော ပုဒ်နောင် ဏပစ္စည်းသက်၍ ကုသဗ္ဗေန နိဗ္ဗတ္တာ ကောသမ္ဘီ နဂရီ ကာကန္ဒီ မာကန္ဒီ'ဟုရုပ်ပြီးပုံပြ၏။ ဏ'ပစ္စည်းသက်လျှင် နဒါဒိဤပစ္စည်း သက်ရိုးထုံးစံအတိုင်း "ဣတ္ထိယံ ဤ"ဟု နှိရုတ္တိ ဒီပနီ (၂၉၇)၌ ဆို၏။ ထို့ကြောင့် မောဂ္ဂလ္လာန်အတိုင်း သဝဏ္ဏေန နိဗ္ဗတ္တာ နဂရီ သာဝတ္ထိ (သဝတ္ထရသေ့သည် ဖြစ်စေအပ်, တည်ထောင်အပ်သောမြို့)ဟု နဒါဒိ ဤပစ္စည်းဖြင့်လည်း ပါဌ်ရှိနိုင်၏။

တနည်း-ကုန်သည်တွေ ဆုံမိကြ၍ "ဤမြို့၌ ဘာကုန်ပစ္စည်းရှိသလဲ" ဟု မေးကြသောအခါ ဘာမဆို အကုန်ရှိသည်ဟု ပြန်ပြောကြ၏။ ဤစကားကို အစွဲပြု၍ သာဝတ္ထိ (ဒြာဝတ္တိ) ဟုမြို့နာမည်တွင်လာ၏။

ထို့ကြောင့် "သဗ္ဗ ဧတ္ထ အတ္ထိတိ သာဝတ္ထိ"ဟု ဝစနတ္ထပြု။ ဤနည်း၌ သဗ္ဗနှင့် အတ္ထိကို ပေါင်းစပ်ပြီး (သဗ္ဗကို သာဝပြု၍) "သာဝတ္ထိ" ဟူ၍ ဣရဿသရဖြင့် ပါဌ်ရှိရ၏။

ဤနေရာမှ အဋ္ဌကထာ၊ ဋီကာတို့ဖွင့်သည့်အတိုင်း သဗ္ဗနှင့် အတ္ထိ (အန္တိ) ပေါင်းစပ်ထားကြောင်း ထင်ရှားပါလျက် အဘိဓာန်ဋီကာ (၂ဝဝ-ဂါထာ)၌ နဝါစက အတ္ထသဒ္ဓါဟု ဆိုပြီးလျှင် "သဗ္ဗ+အတ္ထ =သာဝတ္ထု)ပုဒ်နောင် ဣ'ပစ္စည်းသက်၍ သာဝတ္ထိဟု ရုပ်စီရင်လေ၏။ ပြခဲ့သော ဋ္ဌ၊ ဋီ အဖွင့်များအတိုင်း "သာဝတ္ထိယံ '=သဝတ္ထရသေ့၏ ကျောင်းနေရာ၌ တည်ထောင်အပ်သည်အဖြစ်ကြောင့် သာဝတ္ထိ မည်သော မြို့တော်၏အနီး၌၊ ဝါ=သက်ရှိသက်မဲ့ ပစ္စည်းဝတ္ထုအားလုံးစုံ အကုန် ရှိရာ၏အဖြစ်ကြောင့် သာဝတ္ထိမည်သော မြို့၏အနီး၌"ဟု ဝိဂြိုဟ်နက် ပေးလိုက ပေးပါ။

**၁။** အနာထပိဏ္ဍိကဿ အာရာမေ ဝိဟရတိ။ ။ **အနာထပိဏ္ဍိကဿ** =ခိုကိုးရာမဲ့သူ လူဆင်းရဲတို့အား ထမင်းရိက္ခာပေးတတ်သည်အဖြစ်ကြောင့် အနာထပိဏ်ဟု ခေါ်ဝေါ်အပ်သော သုဒတ္တမည်သော သူဌေး၏၊ **အာရာမေ** =လူရှင်ရဟန်းတို့ လာရောက်၍ ပျော်မွေ့ နေထိုင်ရာ ကျောင်းတိုက်၌၊ **ဝိဟရတိ** =လျောင်းထိုင်ရပ်သွား လေးပါးဣရိယာ ညီညာမျှကြောင်း ပြုပြင်ပြောင်း၍ ကိန်းအောင်းနေတော်မူ၏။ (ဝေါဟာရတ္ထအရှည်နက်) ဝါ=ဣရိယာပုထ်တဖြာ အနေကြာ၍ ညောင်းညာခံစာဒုက္ခများကို တခြားဣရိယာ ပုတ်တဖြာဖြင့်

## PAGE 12

မှု၏။ [အဖွင့်အနက်များကို အောက်ခြေအဓိပ္ပာယ်ခန်း၌ကြည့်] ပယ်ခွာရှောင်လွှဲ မယိုင်လဲအောင် ခန္ဓာကိုယ်ကို ဆောင်တော်မူ တည်တံ့စေ တော်မူ၏၊ ဝါ=မိမိ သူတစ်ပါး စီးပွားချမ်းသာ အဖြာဖြာကို ဆောင်တော်မူ ဖြစ်စေတော်မူ၏။ (ဌ၊ ဋီ'ဖွင့်နှစ်နည်း) ဤသို့လည်း အနက်ဆိုနိုင်၏။ ယင်းသို့ အနက်ပြန်ဆိုရာ၌- အနာထပိဏ္ဍိကပုဒ်၏ဝိဂြိုဟ်။ ။ "နိစ္စကာလံ အနာထာနံ ပိဏ္ဍမဒါသိ၊ တေန အနာထပိဏ္ဍိကောတိ သင်္ခယ ဂတော" ဟူသော မူလပဋ္ဌ (ပ-၆၂) အတိုင်း အနာထပိဏ္ဍိကပုဒ်ကို ဗဟုဿုတအဖြစ် ဝိဂြိုဟ် အနက်ပေးထားသည်။

ထိုအဋ္ဌကထာစာသွားအတိုင်း "အနာထာနံ ပိဏ္ဍ ဒဒါတီတိ အနာထပိဏ္ဍိကော" ဟူသော သဒ္ဒနီတိ(၇၆၄)သုတ်၌ရှိသော ဝါကျသည် ဝိဂြိုဟ်အစစ်မဟုတ်သေး။

သဒ္ဒတ္ထတော ပန ဒါတဗ္ဗဘာဝေန သဗ္ဗကာလံ ဥပဋ္ဌပိတော အနာထာနံ ပိဏ္ဍော ဧတဿ အတ္ထိတိ အနာထပိဏ္ဍိကော'ဟူသော မူလပဏီဋီ (ပ-၁၄၁) နှင့်အညီ "အနာထာနံ ပိဏ္ဍော အနာထပိဏ္ဍော=ခိုကိုးရာမဲ့သူ လူဆင်းရဲတို့ဘို့ ထမင်း၊ အနာထပိဏ္ဍော ဧတဿ အတ္ထိတိ အနာထပိဏ္ဍိကော=ခိုကိုးရာမဲ့သူ လူဆင်းရဲတို့ဘို့ အမြဲစီမံထားအပ်သော ထမင်းအစာရှိသော သူဌေး"ဟု ဝိဂြိုဟ် အစစ်ပြုပါ၊ ထိုသူဌေး၏ ငယ်နာမည်မှာ သုဒတ္တဖြစ်၏။

**ဝိဟရတိပုဒ်နက်ရှင်းလင်းချက်။** "ဝိဟရတိ နေတော်မူ၏" ဟူသော အနက်မှာ အများသုံးဝေါဟာရတ္ထဖြစ်၏။ အဋ္ဌကထာ၌ ဝိဟရတိပုဒ်ကို ဝိစ္ဆိဒ္ဓိ တွာ ဟရတိ ပဝတ္တေတိ (ပယ်ဖြတ်၍ ဆောင်၏။ အဆက်မပြတ်ဖြစ်စေ၏၊ တည်တံ့စေ၏)ဟုဖွင့်၏။ ထိုအဖွင့်နှင့်အညီ ဝိဟရတိမှ ဝိသဒ္ဒါသည် ဝိစ္ဆေဒ (ပယ်ဖြတ်ခြင်း)အနက်ကိုဟော၏။ လျောင်း၊ ထိုင်၊ ရပ်၊ သွားဟူသော လေးပါး သော ဣရိယာပုထ်တို့တွင် ထိုင်ခြင်းစသော ဣရိယာပုထ်တခုခုဖြင့် အနေကြာ၍ ညောင်းညာနာကျင်မှု ဒုက္ခဖြစ်လာလျှင် လျောင်းခြင်း၊ ရပ်ခြင်းစသော အခြား ဣရိယာပုထ် တမျိုးမျိုးဖြင့် ပြုပြင်ပြောင်းလဲကာ ထိုဒုက္ခကို ပယ်ဖြတ်ရ၏။

ဤသို့ပယ်ဖြတ်သည်ကို ဝိစ္ဆေဒဟုဆို၏။ ဟရဓာတ်၏ သဒ္ဒတ္ထမှာ ဆောင်ခြင်း အနက်ပင်တည်း။ ထိုညောင်းညာမှုဒုက္ခကို ပယ်ရှား၍ ခန္ဓာကိုယ်အတ္တဘောကို မယိုင်လဲအောင် ဆောင်ထားသည်ဟု ဆိုလို၏။ ပဝတ္တေတိကား အဓိပ္ပါယ် အနက်အဖွင့်တည်း။ ထိုပဝတ္တေတိဖြင့် ထိုဒုက္ခကို ပယ်ဖြတ်၍ ခန္ဓာကိုယ် အတ္တဘောကို အဆက်မပြတ် ဖြစ်စေ၏။ ကြာရှည်တည်တံ့စေ၏ဟု ဆိုလို၏။

{ဧကံ ဣရိယာပထဗာဓနံ အညေန ဣရိယာပထေန ဝိစ္ဆိန္ဒိတွာ အပရိပတတ္တံ အတ္တဘာဝံ ဟရတိ ပဝတ္တေတိ။)

ထို့ပြင် ဋီကာ၌ ဝိဟရတိမှ ဝိသဒ္ဒါကို ဝိဝိဓ အနက်ဟောကြံ၍ ဝိဝိဓဟိတသုခံ ဟရတိ ဥပနေတိ ဥပ္ပါဒေတိဟုဖွင့်၏။ ထို အဖွင့်များအားလုံးစုံအောင် ဝိဟရတိပုဒ်ကို အနက်ပေးထားသည်။

