## PAGE 13

**တတြ** =ထိုအခါ၌ (ဇေတဝန်ကျောင်းတိုက်၌ မြတ်စွာဘုရား သီတင်းသုံး နေတော်မူရာ ထိုအခါ၌၊) ဝါ=မြတ်စွာဘုရား သီတင်းသုံးနေတော်မူရာဖြစ်သော ထိုဇေတဝန်ကျောင်းတိုက်၌၊ ဝါ=ထိုတရားဟောခြင်းငှာ ရဟန်းတို့ကို မိန့်ခေါ် သင့်ရာ အရပ်ဒေသ အချိန်ကာလ၌၊ **ဘဂဝါ** -မြတ်စွာဘုရားသည်၊ **ဘိက္ခု** = ရဟန်းတို့ကို၊ "**ဘိက္ခဝေါ** =ရဟန်းတို့"၊ **ဣတိ** =ဤသို့၊ **အာမန္တေသိ** =မိန့်ခေါ် တော်မူပြီ၊ တတြခေါ်၌ ခေါသဒ္ဒါ အနက်မရှိ၊ ပဒပူရဏနိပါတ်မျှသာတည်း။] "**ဘဒန္တေ** =အရှင်ဘုရား" **ဣတိ** =ဤသို့၊ **တေ ဘိက္ခု** =ထိုရဟန်းတို့သည်၊ **ဘဂဝတော** =မြတ်စွာဘုရား၏၊ (အာမန္တနံ=မိန့်ခေါ်တော်မူခြင်းကို၊ ဝါ-အမိန့်

**၁။ ဒေါသဒ္ဓါအဖွင့်သုံးမျိုး။** ။ နိဿယခန်း၌ တတြပုဒ်ကို အဋ္ဌကထာ ဖွင့်သည့်အတိုင်း အနက်သုံးမျိုးပေးခဲ့၏။ ခေါသဒ္ဒါကိုလည်း ပဒပူရဏဟုဆိုခဲ့ သည်။ (တနည်း) **ဘဂဝါ** =သည်၊ **ဘိက္ခု** =တို့ကို၊ "**ဘိက္ခဝေါ** =တို့"၊ **ဣတိ** = ဤသို့၊ **အာမန္တေသိ ခေါ** (အာမန္တေသိ ဧဝ) = ဧကန်မိန့်ခေါ်တော်မူပြီးသည်သာ။

ဤသို့လည်း အနက်ဆိုနိုင်၏။ ဤနည်း၌ ခေါသဒ္ဒါအဝဓာရဏအနက်ဟော နိပါတ်ပုဒ်ဖြစ်၍ အာမန္တေသိနှင့်တွဲ၍ အနက်ဆိုရသည်။

ထိုခေါသဒ္ဒါကို အာဒိကာလ (တရားဒေသနာတော်၏ အစပျိုးအခြေ တည်ရာကာလ) အနက်ဟော ဟုလည်း အဋ္ဌကထာ၌ ဖွင့်သေး၏။ ထိုအာဒိ ကာလကို ဝါကျာရမ္ဘဟု ဋီကာဖွင့်၏။ (ဝါကျ = နောက်ထပ်ဆိုဖွယ်စကားရပ်ကို +အာရမ္ဘ=အားထုတ်ခြင်း၊ ဆက်လက်ဖော်ပြခြင်း) နောက်ထပ်ဆိုဖွယ် ရှိသည် ကို ပြဆိုဘို့ရန် စကားပျိုးလိုက်ခြင်း၊ ရှေ့နောက်စကားနှစ်ရပ် ဆက်သွယ်ခြင်းကို ဝါကျာရမ္ဘဟုလည်းကောင်း၊ ဥပညာသ (ဥပနျာသ)ဟုလည်းကောင်းခေါ်၏။

ထိုအာဒိကာလ အနက်အတွက် ထူးထူးထွေထွေ အနက်ယောဇနာဘို့ မလိုပါ။ ဋီကာ၌လည်း အဝဓာရဏ အနက်အတွက်သာ "အာမန္တေသိ ဧဝ" ဟု အနက်ယောဇနာပုံကိုပြ၍ အာဒိကာလအနက်အတွက် အနက်ယောဇနာပုံကို မပြသည်သာမက– ပဒပူရဏေန ဝစနာလင်္ကာရမတ္တံ ကတံ ဟောတိ၊ အာဒိ ကာလတ္ထေန ဝါကျဿ ဥပညာသမတ္တံ" ဟူ၍ အာဒိကာလအနှက်ကို ပူရဏနှင့် တတန်းစားတည်းထား၍ "မတ္တ" သဒ္ဒါဖြင့် ဖွင့်ပြထားသည်။ ထို ကြောင့် အာဒိကာလ ဝါကျာရမ္ဘအနက်၌ "တတြ ခေါ = သီတင်းသုံးနေတော်မူရာ ထိုအခါ၌ပင် (ထိုအခါမှာပဲ)"ဟု စကားပျိုးခြင်း၊ စကားဆက်စပ်ခြင်းသဘော သက်ရောက်ရုံမျှသာ အနက်ပြန်ဆိုပါလေ။

**၂။ ဘဂဝတော ပစ္စေဿာသုံ။** ။ ဘဂဝါ အာမန္တေသိ'ဟုဆိုခဲ့ပြီးဖြစ် သည့်အတိုင်း ဘဂဝတော ပစ္စာသုံ၌ – **ဘဂဝတော** = မြတ်စွာဘုရား၏"

## PAGE 14

စကားတော်ကို)၊ **ပစ္စသောသုံ** =ရှေးရှုနာယူကြကုန်ပြီ၊ ဝါ=စကားတုံ့ပြန် နာခံ ကြကုန်ပြီ၊ **ဘဂဝါ** =သည်၊ **ဇိတံ** -ဤတရားစကားတော်ကို၊ **အဝေါစ** =မိန့်တော် မူပြီး (ကိန္တိ=အဘယ်သို့၊ **အဝေါစ** -မိန့်တော်မူသနည်းဟူမှု) **ယထယိဒံ ဘိက္ခဝေ ဣတ္ထိရူပံ** 'ဟူသော ဥပမာနဝါကျကစ၍ အနက် ပေးရမည်။ **ယထယိဒံ** ကို **ယထာ+ဣဒံ** ဟု ပုဒ်ဖြတ်] **ဘိက္ခဝေ** =ရဟန်းတို့ **ဣဒံ ဣတ္ထိရူပံ** =ဤမိန်းမ၏ အဆင်းရူပါရုံသည်၊ (ဤမိန်းမခန္ဓာကိုယ်၏ စတု သမုဋ္ဌာနိကအဆင်း"နှင့် မိန်းမခန္ဓာကိုယ်၌ ဆင်ယင်ထားအပ်သော အဝတ် တန်ဆာ ပန်းနံ့သာ စသည်တို့၏ ကာယပဋိဗဒ္ဓ ဥတုဇအဆင်းသည်) **ပုရိသဿ** = (ရူပါရုံ၌ အထူးကြိုက်တတ်သော) ယောက်ျား၏၊ **စိတ္တံ** =ကုသိုလ်စိတ်ကို (ကာမ ရူပ အရူပ လောကုတ္တရာဟူ သော စတုဘူမက ကုသိုလ်စိတ်ကို) **ပရိယာဒါယ** =ယူဆောင်၍၊ ဝါ=ကုန်ခန်းစေ၍၊ ဝါ=ဖြစ်ခွင့်မရအောင် တားဆီးလျက်၊ **တိဋ္ဌတိ ယထာ** -တည်ရှိသကဲ့သို့ **ဣတ္ထိရူပါရုံ** သည် ကုသိုလ်စိတ် ဖြစ်ခွင့်မရ အောင်တားဆီး၏။ ယင်းသို့ တားဆီးသည်ကိုပင် "ယူဆောင်သည်၊ ကုန်ခန်း စေသည်"ဟု ဆိုလိုသည်။ ]

**ဧဝံ** =ဤအတူ၊ **ယံ** =အကြင်အဆင်းသည်၊ **ပုရိသဿ** =ယောက်ျား၏၊ **စိတ္တံ** =ကုသိုလ်စိတ်ကို၊ **ပရိယာဒါယ** =၍၊ ဝါ=၍၊ ဝါ=လျက်၊ **တိဋ္ဌတိ** =တည်ရှိ၏၊ **ဘိက္ခဝေ** =ရဟန်းတို့ **နာဟံ ဘိက္ခဝေ** မှ ဘိက္ခဝေကို ယခုမှ အနက်ပေးရသည်။]

ဟု သမ္ဗန်အနက်ပေး၍ "အာမန္တနံ" ပုဒ်ထည့်စပ်စေလိုသောကြောင့် "ဘဂဝတော ပစ္စာသူန္တိ ဘဂဝတော အာမန္တနံ ပဋိအသောသုံ"ဟု အဋ္ဌကထာဖွင့်၏။

သဒ္ဒါကျမ်းတို့၌ကား ပတိ အာရှေးရှိသော သုဓာတ်၏ယှဉ်ဘက်ပုဒ်၌ သမ္ပဒါန် ဖြစ်၏ဟု ဆိုကြ၏။ ထိုအလို– **ဘဂဝတော** =မြတ်စွာဘုရားအား၊ **ပစ္စာသုံ** =စကားတုံ့ပြန် နာခံကြကုန်ပြီ"ဟု အနက်ဆိုပါ။

**၁။ စတုသမုဋ္ဌာနိကအဆင်းနှင့် ဥတုအဆင်း။** ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသော အကြောင်းလေးပါးကြောင့်ဖြစ်သော ရူပါရုံကို စတုသမုဋ္ဌာနိက အဆင်းဟုခေါ်၏။ ထိုစတုသမုဋ္ဌာနိက အဆင်းသည် သက်ရှိသတ္တဝါတို့ ခန္ဓာကိုယ်၏ ပင်ကိုမူရင်း အဆင်း ဖြစ်သောကြောင့် သက်မဲ့အရာဝတ္ထုများ၌ မရှိနိုင်။ မိန်းမခန္ဓာကိုယ်၌ ဝတ်ဆင်ထားအပ်သော အဝတ်တန်ဆာစသည်တို့၏ ကာယပဋိဗဒ္ဓ အဆင်းရောင်ကား ဥတုဇ အဆင်းသာတည်း。

## PAGE 15

**အညံ** =မိန်းမ၏အဆင်းမှ တပါးသော၊ **တံ ဧကရူပမ္ပိ** =ထိုတခုသော အဆင်းကို သော်မျှလည်း၊ (ယောက်ျား၏ ကုသိုလ်စိတ်ကို ယူဆောင်နိုင်၊ ကုန်ခန်းစေနိုင်သော ထိုတခုတလေသော အဆင်းကိုသော်မျှလည်း) **အဟံ** =ငါသည်၊ **န သမနုပဿာမိ** အမြင်တော်မမူ၊ (သဗ္ဗညုတဉာဏ်စက္ခုဖြင့် အကုန်အစင် ကြည့်ရှု၍ပင် မြင်တော် မမူ။) **ဘိက္ခဝေ** -တို့၊ **ဣတ္ထိရူပံ** =မိန်းမ၏ အဆင်းရူပါရုံသည်၊ **ပုရိသဿ** =၏၊ **စိတ္တံ** =ကို၊ **ပရိယာဒါယ** =၍၊ **တိဋ္ဌတိ** =၏။ **ဣတိ** -ဤသို့၊ (အဝေါစ=မိန့်တော်မူပြီ) **ဧတဒဝေါစ** မှ အဝေါစသို့ ပြန်စပ်သည်။ ထို့နောက် ဣတိတလုံး အကျေ ကြံပြီးလျှင် "ဣတိ=ဤသို့၊ **သုတံ** =နာယူမှတ်မိထားအပ်ပါပြီ၊ (တနည်း) **ဣတိ** ဤသို့၊ **သုတံ** =နာယူမှတ်မိထားခြင်းသည်၊ **အဟောသိ** -ဖြစ်ပါပြီ" ဤသို့လည်း ဆက်လက်၍ အနက်ဆိုလိုက ဆိုနိုင်၏။ ဧဝံ မေ သုတံသို့ ပြန်၍ ဆက်စပ် နိဂုံးအုပ်လိုက်ခြင်းတည်း။] (*ယံ ဧဝံ ပုရိသဿ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ" ကား ဥပမေယျ ဝါကျ(နှိုင်းယှဉ်ခံရသော အနက်ဒြပ်ကို ဖော်ပြသော စကားရပ်)တည်း။

"ယထယိဒံ ဘိက္ခဝေ ဣတ္ထိရူပံ"ကား ဥပမာနဝါကျ (နှိုင်းယှဉ်ကြောင်း အနက် ဒြပ်ကိုပြသော စကားရပ်)တည်း။ ဥပမေယျဝါကျမှ ပုရိသဿ စိတ္တံစသော ပုဒ်တို့ကို ဥပမာန ဝါကျသို့လည်း ဆွဲယူအနက်ပေးရသည်။ ထိုကဲ့သို့ ဆွဲယူ မပေးလိုလျှင် ပြလတံ့သော နည်းအတိုင်းလည်း တိုတိုကျဉ်းကျဉ်း အနက်ပေး နိုင်ပါ၏။]

တနည်း- **ဘိက္ခဝေ** =တို့၊ **ဣဒံ ဣတ္ထိရူပံ ယထာ** =ဤမိန်းမ၏ အဆင်း ကဲ့သို့၊ **ဧဝံ** -ဤနည်းတူ ၊ **ယံ** =အကြင်အဆင်းသည်၊ **ပုရိသဿ** =၏၊ **စိတ္တံ** =ကို၊ **ပရိယာဒါယ** =၍၊ **တိဋ္ဌတိ** =၏၊ **ဘိက္ခဝေ** -တို့၊ **အညံ** =သော၊ **တံ ဧကရူပမ္ပိ** = လည်း၊ **အဟံ** =သည်၊ **နသမနုပဿာမိ** =မမူ၊ **ဘိက္ခဝေ** =တို့၊ **ဣတ္ထိရူပံ** =သည်၊ **ပုရိသဿ** =၏၊ **စိတ္တံ** =ကို၊ **ပရိယာဒါယ** =၍၊ **တိဋ္ဌတိ** =၏၊ **ဣတိ** -ဤသို့၊ (**အဝေါစ** =မိန့်တော်မူပြီ၊ **ဣတိ** =ဤသို့ **သုတံ** =နာယူမှတ်မိထားအပ်ပါပြီ) **ပဌမံ** =ပဌမ စိတ္တပရိယာဒါနသုတ်တည်း။ ရူပါရုံ၊ သဒ္ဒါရုံ စသော အာရုံငါးပါး တို့တွင် ရူပါရုံ၌ အထူးကြိုက်တတ်သော "ရူပဂရုက" ယောက်ျားနှင့် စပ်၍ ဤပဌမသုတ်ကို ဟောတော်မူသည်၊ "စိတ္တံ ပရိယာဒါယ"ဟူသော ပါဠိကို အစွဲပြု၍ စိတ္တပရိယာဒါနသုတ်ဟု ခေါ်၏။ နိပါတေသု ဧကကနိပါတော အာဒိ၊ သုတ္တေသု စိတ္တပရိယာဒါနသုတ္တံ။ အဋ္ဌကထာ]
