## PAGE 16

၂။ **ဘိက္ခဝေ**=တို့၊ **ဣဒံ(အယံ) ဣတ္ထိသဒ္ဓေါ**=ဤမိန်းမ၏ အသံသည်၊ ဝါ=ဤမိန်းမ၏ စကားပြောသံ၊ သီချင်းဆိုသံစသော စိတ္တဇအသံ၊ မိန်းမသည် ဝတ်ဆင်ထားအပ်သော အဝတ်တန်ဆာနှင့် တီးမှုတ်အပ်သော တူရိယာ စသည်တို့၏ ဥတုဇအသံသည်၊ **ပုရိသဿ** = (သဒ္ဒါရုံ၌ အထူးကြိုက်တတ်သော) ယောက်ျား၏၊ **စိတ္တံ**=ကုသိုလ်စိတ်ကို၊ **ပရိယာဒါယ**၍၊ ဝါ=၍၊ ဝါ=လျက်၊ **တိဋ္ဌတိ ယထာ**=ကဲ့သို့၊ **ဧဝံ**=ဤအတူ၊ **ယံ (ယော သဒ္ဓေါ)**=အကြင် အသံသည်၊ **ပုရိသဿ** = ယောက်ျား၏၊ **စိတ္တံ**=ကို၊ **ပရိယာဒါယ**=၍၊ **တိဋ္ဌတိ**=၏၊

**ဘိက္ခဝေ**=တို့၊ **အညံ** = မိန်းမ၏ အသံမှ တစ်ပါးသော၊ **တံ ဧကသဒ္ဒမ္ပိ**=ထိုတစ်ခုအသံကိုသော်မျှလည်း၊ (ယောက်ျား၏ ကုသိုလ်စိတ်ကို ယူဆောင်နိုင် ကုန်ခန်းစေနိုင်သော ထိုတစ်ခုတလေသော အသံကို သော်မျှလည်း) **အဟံ**=ငါသည်၊ **န သမနုပဿာမိ**=မမြင်၊ **ဘိက္ခဝေ**=တို့၊ **ဣတ္ထိသဒ္ဓေါ** = မိန်းမ၏ အသံသည်၊ **ပုရိသဿ**=၏၊ **စိတ္တံ**=ကို၊ **ပရိယာဒါယ**=၍၊ **တိဋ္ဌတိ**=၏၊ **ဣတိ**=သို့၊ (**အဝေါစပြီ**) [အကယ်၍ **ဥပမေယျဝါကျ**မှ ပုဒ်တို့ကို ဆွဲမယူဘဲ တိုတိုကျဉ်းကျဉ်း အနက်ပေးလိုလျှင် ပြလတ္တံ့သော နည်းအတိုင်းဆိုပါ။

တနည်း- **ဘိက္ခဝေ**=တို့၊ **ဣဒံ (အယံ) ဣတ္ထိသဒ္ဓေါယထာ**=ဤမိန်းမ၏ အသံကဲ့သို့၊ **ဧဝံ**=ဤနည်းတူ၊ **ယံ (ယော သဒ္ဓေါ)**=အကြင် အသံသည်၊ **ပုရိသဿ**=၏၊ **စိတ္တံ**=ကို၊ **ပရိယာဒါယ**၍၊ **တိဋ္ဌတိ**=တည်၏၊ **ဘိက္ခဝေ**=တို့၊ **အညံ**=သော၊ **တံ ဧကသဒ္ဒမ္ပိ**=လည်း၊ **နသမနုပဿာမိ**=မမြင်၊ **ဘိက္ခဝေ**=တို့၊ **ဣတ္ထိသဒ္ဓေါ**=သည်၊ **ပုရိသဿ**=၏၊ **စိတ္တံ**=ကို၊ **ပရိယာဒါယ**=၍၊ **တိဋ္ဌတိ**=၏၊ **ဣတိ**=သို့၊ (**အဝေါစပြီ**၊ **ဣတိ**=သို့၊ **သုတံ**=ပြီ) **ဒုတိယံ**=နှစ်ခုမြောက် **စိတ္တပရိယာဒါနသုတ်**တည်း။ (အာရုံငါးပါးတို့တွင် **သဒ္ဒါရုံ**၌ အထူးကြိုက်တတ်သော “**သဒ္ဒဂရုက**” ယောက်ျားနှင့်စပ်၍ ဟောတော်မူအပ်သော **စိတ္တပရိယာဒါနသုတ်**တည်း။)

၃။ ဤနေရာမှ စ၍ ထူးသော ပုဒ်တို့ကိုသာ အနက်ရေးတော့မည်] **ဣဒံ(အယံ) ဣတ္ထိဂန္ဓော**-ဤမိန်းမ၏ အနံ့**ဂန္ဓာရုံ**သည်၊ ဝါ=ဤမိန်းမ ခန္ဓာကိုယ်၏ **စတုသမုဋ္ဌာနိက**အနံ့နှင့် မိန်းမခန္ဓာကိုယ်၌ ဆင်ယင်ထားအပ်သော အဝတ်တန်ဆာ ပန်းနံ့သာ စသည်တို့၏ ဥတုဇအနံ့သည်၊ **ပုရိသဿ**=(အနံ့၌အထူးကြိုက်တတ်သော) ယောက်ျား၏။ ပ။ **ဧဝံ**=တူ၊ **ယံ (ယော ဂန္ဓော)** = အကြင်အနံ့သည်၊ **ပုရိသဿ**=၏။ ပ။ **အညံ**=မိန်းမ၏ အနံ့မှ တစ်ပါးသော၊ **တံ ဧကဂန္ဓမ္ပိ**=ထိုတစ်ခုသော အနံ့ ကိုသော်မျှလည်း၊ (ယောက်ျား၏

## PAGE 17

ကုသိုလ်စိတ်ကို ယူဆောင်နိုင် ကုန်ခန်းစေနိုင်သော ထိုတစ်ခုတလေသော အနံ့ကိုသော်မျှလည်း)။ ပ။ **ဣတ္ထိဂန္ဓော**=မိန်းမ၏ အနံ့သည်၊ ပ။ **တိဋ္ဌတိ**=၏၊ **ဣတိ**=သို့၊ (**အဝေါစပြီ**) **တတိယံ**=သုံးခုမြောက် **စိတ္တပရိယာဒါနသုတ်**တည်း။ (အာရုံငါးပါးတို့တွင် **ဂန္ဓာရုံ**၌ အထူးကြိုက်တတ်သော **ဂန္ဓဂရုက** ယောက်ျားနှင့် စပ်၍ ဟောတော်မူအပ်သော တတိယ **စိတ္တပရိယာဒါနသုတ်**တည်း။) (ဒုတိယနည်း အနက်ပေးပုံလည်း သိလောက်ပြီ။

၄။ **ဣဒံ (အယံ) ဣတ္ထိရသော**= ဤမိန်းမ၏ အရသာ **ရသာရုံ**သည်၊ ဝါ=ဤမိန်းမခန္ဓာကိုယ်၏ **စတုသမုဋ္ဌာနိက** အရသာ, မိန်းမနှုတ်ခမ်း၌ရှိသော တံတွေးရည် ကွမ်းရည်စသည်နှင့် မိန်းမက ချက်ပြုတ်ပေးအပ်သော **ယာဂု** ထမင်းစသည်တို့၏ အရသာသည်၊ သက်ရှိသတ္တဝါတို့၏ ခန္ဓာကိုယ်မှ ကင်းကွာ မသွားသေးသော **ရသာရုံ**အဆက်ဆက်နှင့် အချို့ရုပ်အဆက်ဆက်တို့သည် **စတုသမုဋ္ဌာနိက**တွင် ပါဝင်နိုင်၏။ ခန္ဓာကိုယ်တွင်းမှ ကင်းကွာ၍ တစ်သီးတစ်ခြားစီ ဖြစ်သွားလျှင်ကား **ဥတုဇ**သာ ဖြစ်နိုင်တော့၏။] **ပုရိသဿ**=(အရသာ၌ အထူးကြိုက်တတ်သော) ယောက်ျား၏။ ပ။ **ဧဝံ**=တူ၊ **ယံ(ယော ရသော)**=အကြင် အရသာသည်။ ပ။ **အညံ**=မိန်းမ၏ အရသာမှ တစ်ပါးတခြားသော၊ **တံ ဧကရသမ္ပိ**=ထိုတစ်ခုသော အရသာကိုမျှသော်လည်း။ ပ။ **ဣတ္ထိရသော** = မိန်းမ၏ အရသာသည်။ ပ။ **စတုတ္ထံ**-လေးခုမြောက် **စိတ္တပရိယာဒါနသုတ်**တည်း။ [**ရသဂရုက**ယောက်ျားနှင့် စပ်၍ ဟောသည်။

၅။ **ဣဒံ (အယံ)ဣတ္ထိဖောဋ္ဌဗ္ဗော**--ဤမိန်းမ၏ အတွေ့ **ဖောဋ္ဌဗ္ဗာရုံ**သည်၊ ဝါ = ဤမိန်းမခန္ဓာကိုယ်၏ **စတုသမုဋ္ဌာနိက**အတွေ့နှင့် မိန်းမခန္ဓာကိုယ်၌ ဆင်ယင်ထားအပ်သော အဝတ်တန်ဆာ ပန်းစသည်တို့၏ **ဥတုဇ**အတွေ့ သည်၊ **ပုရိသဿ**=(အတွေ့၌ အထူးကြိုက်တတ်သော) ယောက်ျား၏။ ပ။ **ဧဝံ**=တူ၊ **ယံ (ယော ဖောဋ္ဌဗ္ဗော)**=အကြင်အတွေ့သည် ၊ပ။ **အညံ**=မိန်းမ၏ အတွေ့မှ တစ်ပါးတခြားသော၊ **တံ ဧကဖောဋ္ဌဗ္ဗမ္ပိ**-ထိုတစ်ခုသော အတွေ့ကိုသော်မျှလည်း။ ပ။ **ဣတ္ထိဖောဋ္ဌဗ္ဗော**-မိန်းမ၏ အတွေ့သည်။ ပ။ **ပဉ္စမံ**=ငါးခုမြောက် **စိတ္တပရိယာဒါနသုတ်**တည်း။ **ဖောဋ္ဌဗ္ဗဂရုက** ယောက်ျားနှင့် စပ်၍ ဟောသည်]

၆။ **ဣဒံ ပုရိသရူပံ**=ဤယောက်ျား၏ အဆင်းသည်၊ ဝါ=ဤယောက်ျား ခန္ဓာကိုယ်၏ **စတုသမုဋ္ဌာနိက** အဆင်းနှင့် ယောက်ျားခန္ဓာကိုယ်၌ ဆင်ယင်ထားအပ်သော အဝတ်တန်ဆာ နံ့သာပျောင်း စသည်တို့၏ **ဥတုဇ** အဆင်းသည်၊ **ဣတ္ထိယာ**=(ရူပါရုံ၌ အထူးကြိုက်တတ်သော) မိန်းမ၏၊ **စိတ္တံ**=ကုသိုလ်စိတ်ကို

## PAGE 18

ပ။ **ဧဝံ**=တူ၊ **ယံ**=အကြင်အဆင်းသည်၊ **ဣတ္ထိယာ**=မိန်းမ၏၊ **စိတ္တံ**=ကို ပ **အညံ**= ယောက်ျား၏ အဆင်းမှတစ်ပါး တစ်ခြားသော၊ **တံ ဧကရူပမ္ပိ**=ထိုတစ်ခုသော အဆင်းကိုသော်မျှလည်း၊ (မိန်းမ၏ ကုသိုလ်စိတ်ကို ယူဆောင်နိုင် ကုန်ခန်း စေနိုင်သော ထိုတစ်ခုသော အဆင်းကို သော်မျှလည်း) **အဟံ**=ငါသည်၊ **န သမနုပဿာမိ**=မမြင်၊ **ဘိက္ခဝေ**=တို့၊ **ပုရိသရူပံ** = ယောက်ျား၏ အဆင်း**ရူပါရုံ**သည်၊ **ဣတ္ထိယာ** = ၏၊ ။ပ။ **ဆဋ္ဌံ**=ခြောက်ခုမြောက် **စိတ္တပရိယာဒါနသုတ်**တည်း၊ (အာရုံငါးပါးတို့တွင် **ရူပါရုံ**၌ အထူးကြိုက်တတ်သော **ရူပဂရုက** မိန်းမနှင့် စပ်၍ ဟောတော်မူအပ်သော **ဆဋ္ဌစိတ္တပရိယာဒါနသုတ်**တည်း။) ကျန်သုတ်များကို ဤနည်းမှီ၍ အနက်ဆိုလေ။] **ပဌမော** = ရှေးဦးစွာသော၊ **ရူပါဒိဝဂ္ဂေါ** = **ရူပါဒိဝဂ်**တည်း။

**၂-နိဝရဏပ္ပဟာနဝဂ်**

၁၁။ **ဘိက္ခဝေ**=တို့၊ **ယေန (ဓမ္မေန)**=အကြင် တရားသဘောဖြင့်၊ ဝါ= အကြင်တရားသဘောကြောင့်၊ (ပုဂ္ဂိုလ်၊ သတ္တဝါ၊ သူ၊ ငါ စသည်မဟုတ်သော အကြင်တရားသဘောကြောင့်) **အနုပ္ပန္နော**=မဖြစ်သေးသော၊ (အာဂန္တုကဝတ် စသော ဝိနည်းကျင့်ဝတ်ကို ပြုကျင့်ဆောင်ရွက်နေခြင်း, ကျမ်းဂန်ကို သင်ယူ ပို့ချခြင်း စသော အကြောင်းကြောင့် ဖြစ်ခွင့်မရသော၊ ဝါ=ထိုဘဝ၌ မခံစားဖူးသေးသော အာရုံနှင့် မတွေ့ရ၍ မဖြစ်သေးသော၊) **ကာမစ္ဆန္ဒော** ဝါ=ကာမစ္ဆန္ဒ **နီဝရဏ**သည်လည်း၊ ဝါ=ကာမဂုဏ်အာရုံတို့၌ လိုချင်တတ်သော တဏှာရာဂသည်လည်း၊ **ဥပ္ပဇ္ဇတိ**=ဖြစ်ပေါ်လာ၏။ (အာဂန္တုကဝတ်စသော ဝိနည်းကျင့်ဝတ် ပျက်ကွက်ခြင်း, ကျမ်းဂန်သင်ယူ ပို့ချမှု ကင်းကွာခြင်း စသောအကြောင်းကြောင့် ဖြစ်ပေါ်လာ၏။ ဝါ=ထိုဘဝ၌ မခံစားဖူးသေးသော အာရုံနှင့် တွေ့ကြုံခြင်းကြောင့် ဖြစ်ပေါ်လာ၏၊) **ဥပ္ပန္နော**=ဖြစ်ပြီးသော၊ ဝါ=ဖြစ်ပြီးသော **ကာမစ္ဆန္ဒ**နှင့် အလားတူသော၊ **ကာမစ္ဆန္ဒော** ဝါ=သည်လည်း၊ **ဘိယျောဘာဝါယ**=ထပ်ကာ ထပ်ကာ တိုး၍ဖြစ်ခြင်းငှာ၊ **ဝေပုလ္လာယ**=ပြန့်ပွားများပြားသည် အဖြစ်ငှာ၊ **သံဝတ္တတိ** =ဖြစ်၏။

**ဘိက္ခဝေ**=တို့၊ **ဣဒံ သုဘနိမိတ္တံ** ယထာ-ဤ**သုဘနိမိတ်**ကဲ့သို့၊ ဝါ

၁။ **သုဘနိမိတ္တ**ပုဒ် **ဝစနတ္ထ**သုံးမျိုး ။ ။ *သုဘုံ=တင့်တယ်သော၊

