## PAGE 19

**၂’နီဝရဏပ္ပဟာနဝဂ်**

=ဤရာဂ၏အကြောင်းဖြစ်သော တင့်တယ်လှပသော အာရုံကဲ့သို့၊ ဝါ=ဤတင့်တယ်၏ဟု ယူဆအပ်သော အကြောင်းအာရုံကဲ့သို့၊ (**ဧဝံ**=ဤအတူ) **အညံ**=**သုဘနိမိတ်**မှ တစ်ပါးတခြားသော၊ **တံ ဧကဓမ္မမ္ပိ**=ထိုတစ်ခုသော တရားသဘောကိုမျှလည်း၊ (မဖြစ်သေးသော **ကာမစ္ဆန္ဒ**ကို ဖြစ်စေနိုင်၍ ဖြစ်ပြီးသော **ကာမစ္ဆန္ဒ**ကိုလည်း ထပ်တလဲလဲ ဖြစ်ပွားစေနိုင်သည့် ထိုတစ်ခုသော တရားသဘောကို မျှလည်း) **အဟံ**=ငါသည်၊ **နသမနုပဿာမိ**=မမြင်။

**ဘိက္ခဝေ**=တို့၊ **သုဘနိမိတ္တံ**=**သုဘနိမိတ်**ကို၊ ဝါ=ရာဂ၏ အကြောင်းဖြစ်သော တင့်တယ်သော အာရုံကို၊ **အယောနိသော** = ကုသိုလ်ဖြစ်ခြင်း၏ အကြောင်း မဟုတ်သောအားဖြင့်၊ ဝါ=လိုလား တောင့်တအပ်သော စီးပွားချမ်းသာ၏ အကြောင်းမဟုတ်သောအားဖြင့်၊

**နိမိတ္တံ**=**ကာမစ္ဆန္ဒရာဂ**၏ အကြောင်းဖြစ်သော **ရူပါရုံ**စသော အာရုံဟု **ဝစနတ္ထ**ပြု။ (တနည်း)**သုဘန္တိ ဂဏှနကံ သုဘံ** = တင့်တယ်လှပ၏ဟု ယူဆတတ်သော **ကာမစ္ဆန္ဒ**။ **သုဘဿ(သုဘန္တိ ဂဏှနဿ)နိမိတ္တံ သုဘနိမိတ္တံ**=တင့်တယ်၏ဟု ယူဆတတ်သော အခြား **ကာမစ္ဆန္ဒ**၏ အကြောင်း ဖြစ်သော **ကာမစ္ဆန္ဒ**။ ဤနည်းအလို… . **ကာမစ္ဆန္ဒ**သည် (၁)တင့်တယ်၏ဟု ယူဆတတ်သောကြောင့် **သုဘ**လည်းမည်၏။ (၂) တင့်တယ်၏ဟု ယူဆတတ်သော အခြား **ကာမစ္ဆန္ဒ**၏ အကြောင်း ဖြစ်သောကြောင့် **သုဘနိမိတ္တ**လည်း မည်၏။ ထို့ကြောင့် “**သုဘဉ္စ တံ သုဘနိမိတ္တဉ္စာတိ သုဘနိမိတ္တံ**” ဟု **ဝစနတ္ထ**ပြု၊ **သုဘ**တပုဒ် အကျေကြံ။

**သော ဟိ အတ္တနော ဂဟဏာကာရေန သုဘန္တိ, တေနာကာရေန ပဝတ္တနကဿ အညဿ ကာမစ္ဆန္ဒဿ နိမိတ္တတ္တာ သုဘနိမိတ္တန္တိ စ ဝုစ္စတိ**-ဟူသော ဤသုတ်ဋီကာနှင့် **မူလပဏ္ဏာသ**ဋီကာ၊ ပ’၃၇၃’စာသွားအတိုင်း **ဝစနတ္ထ**ပြုသည်။ **သုတ်မဟာဝါ**ဋီကာ၊ ၃၁၅’စာသွားအတိုင်းဆိုလျှင် **သုဘ**တပုဒ် အကျေမကြံဘဲ“**သုဘဉ္စ တံ နိမိတ္တဉ္စာတိ သုဘနိမိတ္တံ**” ဟုပြုလေ။ ဤဋီကာများအတိုင်း အနက်ပေးလိုလျှင်-

“**ဣဒံ သုဘနိမိတ္တံ ယထာ**=ဤတင့်တယ်လှပ၏ဟု ယူဆတတ်သော တရားလည်းဖြစ်၍ တင့်တယ်လှပ၏ဟု ယူဆတတ်သော အခြား**ကာမစ္ဆန္ဒ**၏ အကြောင်းလည်းဖြစ်သော **ကာမစ္ဆန္ဒ**ကဲ့သို့ "ဟု အနက်ဆိုပါ။

(တနည်း) **သုဘန္တိ ဂဏှနန္တိ သုဘံ၊ သုဘံ နိမိတ္တံ သုဘနိမိတ္တံ** = တင့်တယ်လှပ၏ဟု ယူဆအပ်သော အကြောင်းအာရုံ (ရာဂ၏အကြောင်းဖြစ်သော အာရုံ)၊ ဤသို့လည်း တတိယ**ဝစနတ္ထ**တစ်မျိုးပြုနိုင်၏၊ ထိုသုံးမျိုးတို့တွင် နိဿယခန်း၌ ပထမနှင့် တတိယ **ဝစနတ္ထ**အတိုင်း မြန်မာပြန်ဆိုခဲ့သည်။

## PAGE 20

**မနသိကရောတော** =စိတ်နှလုံး၌ သွင်းပိုက်ထားသောသူ၏၊ ဝါ=သူမှာ (**နိစ္စ၊ သုခ၊ အတ္တ၊ သုဘ**ဟု နှလုံးသွင်းသူမှာ) **အနုပ္ပန္နော**=သော၊ **ကာမစ္ဆန္ဒောစေဝ**=**ကာမစ္ဆန္ဒနီဝရဏ** သည်လည်း၊ **ဥပ္ပဇ္ဇတိ**=၏၊ **ဥပ္ပန္နော**=သော၊ **ကာမစ္ဆန္ဒောစ**=သည်လည်း ။ပ။ **သံဝတ္တတိ**=၏၊ **ဣတိ**=ဤသို့ (**အဝေါစ**=မိန့်တော်မူပြီ၊) **ပဌမံ**=ပဌမသုတ်တည်း။

၁၂။ **ဘိက္ခဝေ**=တို့၊ **ယေန (ဓမ္မေန)**=ဖြင့်၊ ဝါ-ကြောင့်၊ **အနုပ္ပန္နော**=သော၊ **ဗျာပါဒေါ** ဝါ **ဗျာပါဒနီဝရဏ**သည်လည်း၊ ဝါ=ထမင်း၏ ဖောက်ပြန်ပုပ်သိုးခြင်းကဲ့သို့ စိတ်၏ဖောက်ပြန်ခြင်းသို့ ရောက်ခြင်းသဘောဟူသော **ဒေါသ**သည်လည်း၊ **ဥပ္ပဇ္ဇတိ**=၏၊ **ဥပ္ပန္နော**=ဖြစ်ပြီးသော၊ ဝါ=ဖြစ်ပြီးသော **ဗျာပါဒ**နှင့်တူသော၊ **ဗျာပါဒေါ** ဝါ=**ဗျာပါဒနီဝရဏ**သည်လည်း။ ပ။ **သံဝတ္တတိ**-၏၊

၁။ **အယောနိသောမနသိကာရ**။ ။ **အယောနိသောမနသိကာရောတိ အနုပါယမနသိကာရော၊ ကုသလဓမ္မပ္ပဝတ္တိယာ အကာရဏဘူတော မနသိကာရောတိ အတ္ထော**။ ပ။ **တဒေဝါရမ္မဏံ အတ္တာနံ အနုဗဇ္ဈိတွာ ဥဒ္ဓမာရုံ မနသိကရောတိ ဌပေတီတိ မနသိကာရော**။ ဤသုတ်ဋီကာ။ **ဌပနတ္ထေပိ ကရောတိ သဒ္ဒါ ယုဇ္ဈတိ**။ **ခုဒ္ဒကဝတ္ထုဝိဘင်းမူလဋီကာ** (၂၂၄)။ **အာကင်္ခတဟိတသုခဿ ပတ္တိယာ အနုပါယဘူတော မနသိကာရော**။ **သုတ်မဟာဝါ**ဋီကာ၊ ၃၁၅။ ဤအဖွင့်များအတိုင်း အနက်ပေးသည်။ ဤသုတ်ဋီကာ၌ “**ဥပ္ပဇ္ဇမာနော**” ဟုလည်းကောင်း **ဝိဘင်း**အဋ္ဌကထာ (၄၈၂)၌ “**ဥပ္ပဇ္ဇမာနေ**”ဟု လည်းကောင်းပါဌ်ပျက်၏။ ဤနေရာ၌ **ယောနိသော၊ အယောနိသောမနသိကာရ**၏တရားကိုယ် အရကောက်နှင့်တကွ အကျယ်တဝင့် စိစစ်ချက်ကို နိဿယ စတုတ္ထတွဲ အစပိုင်း၌ ရေးထား၏၊ ထို၌ကြည့်လေ။

၂။ “မှာ”ဟူသော အသုံးအနှုန်း။ ။“မှာ”ဟူသော အသုံးအနှုန်းကို “၏”ဟူသော **သမ္ဗန်** အနက်နှင့် သဘောတူထား၍ အရာဌာနအားလျော်စွာ သုံးနှုန်းထား၏။ အများအားဖြင့် ဤနေရာမျိုး၌ “အား”ဟု **သမ္ပဒါန်**အနက်ကိုသာ မြန်မာနည်းအရ အသုံးပြုရိုးရှိသည်။ တနည်း-**မနသိကရောတော**=စိတ်နှလုံး၌ သွင်းပိုက်ထားသောသူ၏၊ **သန္တာနေ**=သန္တာန်၌၊ ဝါ=စိတ်အစဉ်၌” ဤသို့ **သန္တာနေ** ပုဒ်ထည့်၍သော်လည်း အနက်ဆိုပါ။ ဤနေရာ၌“မှာ”ဟူသော အသုံးအနှုန်းနှင့်စပ်၍ ရေးသင့်သမျှကို နိဿယစတုတ္ထတွဲ အစပိုင်းမှာပင် အမှာအထား အဖြစ်ဖြင့်ရေးထားပါသည်။

၃။**ဗျာပါဒ**၏ဝစနတ္ထ။ **ဗျာပါဒ = ဝိ + အာပါဒ**။ ဝိ=ဖောက်ပြန်ခြင်းသို့၊ အာပါဒ=ရောက်ခြင်း။ “**ဘတ္တဗျာပတ္တိ ဝိယ စိတ္တဿ ဗျာပဇ္ဇနံ ပကတိဝိဇဟန**
## PAGE 21

**ဘိက္ခဝေ**=တိုတို့၊ **ဣဒံ ပဋိဃနိမိတ္တံ ယထာ** -ဤဒေါသ၏ အကြောင်းဖြစ်သော အနိဋ္ဌာရုံကဲ့သို့၊ **ဝါ**=ဤနောက်နောက်ဒေါသ၏ အကြောင်းဖြစ်သော ရှေးရှေးဒေါသကဲ့သို့၊ (ဧဝံ-ဤနည်းတူ) **အညံ**=ပဋိဃနိမိတ်မှ တခြားသော၊ **တံ ဧကဓမ္မမ္ပိ**=ထိုတခုသော တရားသဘောကိုမျှလည်း၊ **အဟံ**=သည်၊ **န သမနုပဿာမိ**=မမူ၊ **ဘိက္ခဝေ**=တို့၊ **ပဋိဃနိမိတ္တံ**=ဒေါသ၏ အကြောင်းဖြစ်သော အနိဋ္ဌာရုံကို၊ **ဝါ**=ကို၊ **အယောနိသော**=ဖြင့်ပ။

**သံဝတ္တတိ**=၏ (အဝေါစ=ပြီ) ဒုတိယံ=ဒုတိယသုတ်တည်း။

**၁၃။** **အနုပ္ပန္နံ**=သော၊ **ထိနမိဒ္ဓံ** **ဝါ**၊=ထိနမိဒ္ဓနီဝရဏသည်လည်း၊ **ဝါ**=စိတ်နာမကျန်း မရွှင်လန်းခြင်း၊ ပျင်းရိလေးတွဲခြင်း သဘောနှင့် စေတသိက်နာမကျန်း မရွှင်လန်းခြင်း၊ အိပ်ငိုက်စေခြင်း သဘောသည်လည်း၊ **ဥပ္ပဇ္ဇတိ**=၏၊ **ဥပ္ပန္နံ**=သော၊ **ဝါ**=ဖြစ်ပြီးသော ထိနမိဒ္ဓ နီဝရဏနှင့်တူသော။ပ။ **သံဝတ္တတိ**=၏၊ **ဘိက္ခဝေ**=တို့၊ **ဣဒံ (အယံ) အရတိ ယထာ**=ဤ (တောကျောင်း၊ သမထဝိပဿနာ တရားတို့၌) မပျော်မွေ့ခြင်းကဲ့သို့လည်းကောင်း၊ **ဣဒံ (အသံ) ဘာဝေါ**”ဟူသော အဋ္ဌကထာအဖွင့်အတိုင်း နိဿယခန်း၌ အနက်ပြန်ဆိုထားသည်၊ ဋီကာ၌ကား “**ဗျာပဇ္ဇတိ တေန စိတ္တံ ပူတိကုမ္မာသာဒယော ဝိယ ပုရိမပကတိ ဇဟတီတိ ဗျာပါဒေါ**=ပုပ်သိုးသော မုယောမုန့်စသည်ကဲ့သို့ စိတ်၏ဖောက်ပြန်ခြင်းသို့ရောက်ကြောင်း (ရှေးပင်ကိုသဘောကို စွန့်ပစ်ကြောင်း) ဖြစ်သော ဒေါသ”ဟူ၍ ကရဏသာဓနပြု၏။

**၁။** **ပဋိဃနိမိတ္တံ**။ ။ **ပဋိဃဿ နိမိတ္တံ ကာရဏဘူတံ အာရမ္မဏံ ပဋိဃနိမိတ္တံ**=ဒေါသ၏အကြောင်းဖြစ်သော အနိဋ္ဌာရုံ။ (တနည်း) **ပဋိဃောယေဝ**-ရှေးရှေး ဒေါသသည်ပင်၊ **နိမိတ္တံ**-နောက်နောက်ဒေါသ၏ အကြောင်းတည်း၊ **ပဋိဃနိမိတ္တံ**=ရှေးရှေးဒေါသသည်ပင် နောက်နောက် ဒေါသ၏ အကြောင်း၊ **ဝါ**-နောက်နောက် ဒေါသ၏ အကြောင်းဖြစ်သော ရှေးရှေး (ဖြစ်ခဲ့ပြီးသော) ဒေါသ။

**၂။** **ထိနမိဒ္ဓံ**။ ။ ထိနပုဒ်ကို ထာဓာတ် ဣပစ္စည်း (တပစ္စည်း)၊ ထာ-မှ အာကို ဣပြု၊ တကို နပြု၍ ရုပ်ပြီးကြောင်း မောဂ္ဂလ္လာန်နိသျ (၅-ခါဒိကဏ္ဍ၊ ၁၁၄သုတ်) ၌မိန့်၏။ **ထိယနံ ထိနံ**=ထောပတ်ခဲကဲ့သို့ မပြန့်မကျဲ စိတ်၏ စုခဲတွဲစပ်ခြင်းသဘောဟု ဋီကာအဖွင့်အတိုင်း အနက်ဆိုနိုင်၏။ နိဿယခန်း၌ကား “**တတ္ထ ကတမံ ထိနံ၊ ယာ စိတ္တဿ အကလျတာ အကမ္မညတာ**” စသော ဓမ္မသင်္ဂဏီပါဠိတော်အတိုင်း အဓိပ္ပာယ် ပေါ်အောင် အနက်ပေးထားသည်။

**အကမ္မညဘာဝေန ဟိသတီတိ မိဒ္ဓံ**=မခံ့ကျန်းသည်အဖြစ်ဖြင့် နှိပ်စက်တတ်သော တရားရှိ

