## PAGE 22

**တန္ဒီ ယထာ**=ဤကုသိုလ်ကိစ္စ၌ ပျင်းရိ တွန့်ဆုတ်ခြင်းကဲ့သို့လည်းကောင်း၊ **ဣဒံ (အယံ) ဝိဇမ္ဘိတာ ယထာ** =ဤခန္ဓာကိုယ်ကို ထပ်တလဲလဲ လှုပ်ခါ လိမ်တွန် ဆန် ငင်ခြင်း ရှိသူ၏ အဖြစ်ကဲ့သို့လည်းကောင်း၊ **ဣဒံ (အယံ) ဘတ္တသမ္မဒေါ ယထာ**=ဤစားပြီး ထမင်းကြောင့် မူးယစ်ထိုင်းမှိုင်းခြင်းကဲ့သို့လည်းကောင်း၊ **ဝါ**=ဤထမင်းဆီ ယစ်ခြင်းကဲ့သို့လည်းကောင်း၊ **စေတသော**=စိတ်၏၊ **ဣဒံ လီနတ္တံ ယထာစ**=ဤတွန့်ဆုတ်သည်၏ အဖြစ်ကဲ့သို့လည်းကောင်း၊ (ဤပျံ့ပျူးမှုမရှိ၍ တွန့်ရှုံ့ကျုံ့ဝင်သည် အဖြစ်ကဲ့သို့လည်းကောင်း) (ဧဝံ=တူ) **အညံ**=အရတိ တန္ဒီ စသည်မှတပါးသော၊ **တံ ဧကဓမ္မမ္ပိ**=မျှလည်း။ပ။ **ဘိက္ခဝေ**=တို့၊ **လီနစိတ္တဿ**=တွန့်ဆုတ်သော စိတ်ရှိသူမှာ၊ **အနုပ္ပန္နံ**=သော၊ **ထိနမိဒ္ဓံ စေဝ**=သည်လည်း။ပ။

**၁၄၊ ၁၅။** **ဥဒ္ဓစ္စကုက္ကုစ္စံ ဝါ**=ဥဒ္ဓစ္စ ကုက္ကုစ္စနိဝရဏသည်လည်း၊ **ဝါ**=စိတ်ပျံ့လွင့်ခြင်း သဘောနှင့် နောင်တတဖန် ပူပန်ခြင်း သဘောသည်လည်း။ပ။ **ဘိက္ခဝေ**=တို့ **စေတသော**=စိတ်၏၊ **ဣဒံ (အယံ) အဝူပသမော ယထာ**=ဤမငြိမ်သက်ခြင်းကဲ့သို့၊ (ဧဝံ=တူ) **အညံ**=စိတ်မငြိမ်သက်ခြင်းမှ တပါးသော

**၁။** **ဝိဇမ္ဘိတာ (ကာ)**။ ။ **ဝိဇမ္ဘိတာ**ဟု (အဆုံး၌ ဒန္တဇ တဖြင့်) အရှိများ၏၊ **ဝိဇမ္ဘူနံ ပုနပ္ပုနံ ဖန္ဒနံ ဝိဇမ္ဘော**=(ခန္ဓာကိုယ်ကို) ထပ်တလဲလဲ လှုပ်ခါလိမ်တွန်ဆန့်ငင်ခြင်း၊ **ဝိဇမ္ဘော ယဿ အတ္ထိတိ ဝိဇမ္ဘီ**=ထပ်တလဲလဲ လှုပ်ခါလိမ်တွန်ဆန့်ငင်ခြင်းရှိသူ၊ **ဝိဇမ္ဘိနော ဘာဝေါ ဝိဇမ္ဘိတာ**=(ခန္ဓာကိုယ်ကို) ထပ်တလဲလဲလှုပ်ခါလိမ်တွန် ဆန့်ငင်ခြင်းရှိသူ၏အဖြစ်ဟုကြံပါ။ **ဝိဇမ္ဘိကာ**ဟု (ကဏ္ဌဇက-ဖြင့်) လည်း တွေ့ရ၏။ ဇဘိဓာတ် အျပစ္စည်းဖြင့် “**ဝိဇမ္ဘနံ ဝိဇမ္ဘိကာ**” ဟုကိတ်ပုဒ်သော်လည်းကောင်း၊ “**ဝိဇမ္ဘနံ ဝိဇမ္ဘော၊ ဝိဇမ္ဘော ဝေ ဝိဇမ္ဘိကာ**” ဟူ၍တဒ္ဓိတ်ပုဒ်သော်လည်းကောင်းကြံပါ။ **ဝိဇမ္ဘိကာ**=ခန္ဓာကိုယ်ကို ထပ်တလဲလဲလှုပ်ခါလိမ်တွန့်ဆန့်ငင်ခြင်း။

**၂။** **ဥဒ္ဓစ္စကုက္ကုစ္စံ**။ ။ **ဥဒ္ဓတဿ ဘာဝေါ ဥဒ္ဓစ္စ**=မငြိမ်မသက် ကြွတက်ပျံ့လွင့်သောစိတ် (ဝါ=သမ္ပယုတ်တရားအပေါင်း) ၏ ဖြစ်ကြောင်းသဘောတရား။ **ကရိယတေတိ ကတံ၊ ကုစ္ဆိတံ ကတံ ကုကတံ**=စက်ဆုပ်ဖွယ်ရာ ပြuကျင့်အပ်သောဒုစရိုက် သုစရိုက်တရား (ပြုခဲ့ပြီးသော ဒုစရိုက်နှင့် မပြုလိုက်မိသော သုစရိုက်တရား)။ ဤဝစနတ္ထအရ တိုက်ရိုက်အားဖြင့် ဒုစရိုက် သုစရိုက်တရားကို “**ကုကတ**” ဟု ဆိုရမည်ဖြစ်သော်လည်း ဤနေရာ၌ကား ထိုဒုစရိုက် သုစရိုက်ကိုအကြောင်းပြု၍ နောင်တရ ပူပန်နေသောစိတ်ကို “**ကုကတ**” ဟု ခေါ်ဆိုရမည်ဖြစ်ကြောင်း ဤသုတ်ဋီကာနှင့် ဝိသုဒ္ဓိမဂ်ဋီကာ (ဒု-၁၅၂) ၌ ဖွင့်၏။ အကြောင်းဖြစ်သော ဒုစရိုက် သုစရိုက်၏ **ကုကတ**ဟူသော နာမည်ကို အကျိုးဖြစ်သော

## PAGE 23

**i။ပ။** **ဘိက္ခဝေ**=တို့၊ **အပူပသန္တ စိတ္တဿ** (ဈာန်ဝိပဿနာတို့သည်) ငြိမ်သက်စေအပ်သောစိတ် မရှိသူမှာ ။ပ။ **ဝိစိကိစ္ဆာ ဝါ**=ဝိစိကိစ္ဆာ နိဝရဏသည်လည်း၊ **ဝါ**=ရတနာသုံးဖြာ အကျင့်သိက္ခာ စသည်တို့၌ သို့လော သို့လော တွေးတောယုံမှားခြင်း သဘောသည်လည်း ။ပ။ **ဘိက္ခဝေ**=တို့၊ **အယောနိသော**=ကုသိုလ်ဖြစ်ခြင်း၏ အကြောင်းမဟုတ်သောအားဖြင့်၊ **ဣဒံ (အယံ) မနသိကာရော ယထာ**=ဤနှလုံးသွင်းခြင်းကဲ့သို့၊ (ဤဥပါဒါနက္ခန္ဓာတို့၌ နိစ္စ၊ သုခ၊ အတ္တ၊ သုဘဟု နှလုံးသွင်းခြင်းကဲ့သို့) (ဧဝံ=တူ) **အညံ**=အယောနိသော မနသိကာရမှတပါးသော။ ပ။ **ဘိက္ခဝေ**=တို့၊ **အယောနိသော**=ဖြင့်၊ **မနသိကရောန္တော**=နှလုံးသွင်းသောသူမှာ ။ပ။

**၁၆။** **ကာမစ္ဆန္ဒော ဝါ**-သည်လည်း၊ **နုပ္ပဇ္ဇတိ**=မဖြစ်၊ **ဥပ္ပန္နော**=သော၊ **ကာမစ္ဆန္ဒော ဝါ**=ကာမစ္ဆန္ဒနีဝရဏကိုလည်း၊ **ပဟီယတိ**=ပယ်ရှားအပ်၏၊ (တဒင်္ဂပဟာန်၊ ဝိက္ခမ္ဘနပဟာန်၊ သမုစ္ဆေဒပဟာန်၊ ပဋိပ္ပဿဒ္ဓိပဟာန်၊ နိဿရဏပဟာန်တို့ဖြင့် ပယ်ရှားအပ်၏) **ဘိက္ခဝေ**တို့၊ **ဣဒံ အသုဘနိမိတ္တံ ယထာ** =ဤအသုဘနိမိတ်ကဲ့သို့၊ **ဝါ**=ဤအသုဘဈာန်၏ အကြောင်းအာရုံကဲ့သို့၊ (ဧဝံ=တူ) **အညံ**=အသုဘနိမိတ်မှတပါးသော။ ပ။ **ဘိက္ခဝေ**=တို့၊ **အသုဘနိမိတ္တံ**=အသုဘနိမိတ်ကို၊ **ဝါ**=ကို၊ **ယောနိသော**=ကုသိုလ်ဖြစ်ခြင်း၏ အကြောင်းအားဖြင့်၊ **ဝါ**=လိုလား တောင့်တအပ်သော စီးပွားချမ်းသာကို ရခြင်း၏ အကြောင်းအားဖြင့်၊ စိတ်၌ ရွှေ့ပြောင်းတင်စားသော ကာရဏူပစာရတည်း။ **ကုကတဿ ဘာဝေါ ကုက္ကုစ္စ**=စက်ဆုပ်ဖွယ်ရာ ပြုကျင့်အပ်သော ဒုစရိုက်သုစရိုက်ကို အာရုံပြု၍နောင်တရ ပူပန်နေသောစိတ်၏ ဖြစ်ကြောင်းသဘောတရား။ ။

**၁။** **အသုဘနိမိတ္တံ**။ ။ **အသုဘဿ (အသုဘဇ္ဈာနဿ) နိမိတ္တံ အသုဘနိမိတ္တံ**=အသုဘပဌမဈာန်၏အကြောင်းအာရုံဖြစ်သော ဥဒ္ဓုမာတက အလောင်းကောင်စသော သက်မဲ့အသုဘဆယ်ပါးတည်း။ **ကာယဂတာသတိ**၏ အာရုံဖြစ်သော **ကေသာ**၊ **လောမာ**စသော သက်ရှိအသုဘအာရုံကိုလည်း သုတ်မဟာဝါဋီကာ (၃၁၆) စသည်တို့၌ ထည့်သွင်းယူ၏။ (တနည်း) **ဣဒံ အသုဘနိမိတ္တံ ယထာ**-ဤမတင့်တယ်သော ဥဒ္ဓုမာတက သူသေကောင် စသော အကြောင်းအာရုံကဲ့သို့ [**အသုဘမေဝ ဝါ နိမိတ္တံ အသုဘနိမိတ္တံ**] **ဝါ**=ဤမတင့်တယ်သော ဥဒ္ဓုမာတကစသည်ကို အာရုံပြုသော ပဌမဈာန်ကဲ့သို့။ ဤနောက်ဆုံးအနက်မှာ ဋီကာ၌ဌာနူပစာရအဖြစ်ဖြင့် ဖွင့်သည်ကို နည်းမှီး၍ ပဌမဈာန်ကို တိုက်ရိုက်ရအောင်ပေးလိုက်သော အနက်တည်း။]

## PAGE 24

**မနသိကရောန္တော**=စိတ်နှလုံး၌ သွင်းပိုက်ထားသောသူ၏၊ **ဝါ**=သူမှာ၊ (အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘဟု နှလုံးသွင်းသောသူမှာ) [အသုဘနိမိတ်ကို အသုဘဟုနှလုံးသွင်းခြင်းကို ဤနေရာ၌ အလိုရှိအပ်၏၊ တနည်းအားဖြင့် အနိစ္စ, ဒုက္ခ, အနတ္တဟု နှလုံးသွင်းခြင်း သုံးမျိုးကိုလည်း ထိုအသုဘနိမိတ်နှင့် သင့်လျော်သည်ပင် (တဒနုကူလပင်) ဖြစ်သောကြောင့် ထည့်သွင်းယူနိုင်သည်ဟူ၍ ဋီကာတို့ ဖွင့်တော်မူကြ၏။ သို့သော် အောက်ခြေအဓိပ္ပာယ်ခန်း၌ ပြထားသည့်အတိုင်း **အသုဘနိမိတ္တပုဒ်**အရ ပဌမဈာန်ကို ယူသောနည်း၌ကား ထိုအသုဘနိမိတ္တဖြစ်သော ပဌမဈာန်ကို အနိစ္စ ဒုက္ခ အနတ္တဟု နှလုံးသွင်းခြင်း သုံးမျိုးသည်တဒနုကူလဖြစ်ရုံမျှမက တိုက်ရိုက်ပင် သက်ဆိုင်သည်ဟု ယူဆ၏။ ထို့ပြင်ထိုအသုဘနိမိတ္တ ပဌမဈာန်ကို စိတ်နှလုံး၌သွင်းပိုက်ထားခြင်း (ထိုပဌမဈာန်ကိုဖြစ်ပွားစေခြင်း) ဟူသော အနက်ကိုလည်း **ယောနိသောမနသိကာရ**ဟု ဆိုလိုကြောင်းကို “**အသုဘဘာဝနာနုယောဂေါ**” ဟူသော အဋ္ဌကထာဖြင့် သိနိုင်ပါ၏။

“**အပိစ ဆ ဓမ္မာ**” စသော အဋ္ဌကထာအဖွင့်ကို ကြည့်ပါလေ ။။

**၁၇။** **ဘိက္ခဝေ**-တို့၊ **စေတောဝိမုတ္တိ** =ဆန့်ကျင်ဘက် နိဝရဏစသည်တို့မှ ယှဉ်ဘက်စိတ်၏ လွတ်ကင်းကြောင်းဖြစ်သော၊ **ဝါ**=ဗျာပါဒ ပရိယုဋ္ဌာန အားလုံးမှ ယှဉ်ဘက်စိတ်၏ လွတ်ကင်းကြောင်းဖြစ်သော၊ **ဗျာပါဒပရိယုဋ္ဌာန**=ဒေါသဗျာပါဒ၏ ထကြွဖြစ်ပေါ်လာခြင်း၊ **ဝါ**=ထကြွဖြစ်ပေါ်လာသောဒေါသဗျာပါဒါ

**၁။** **စေတောဝိမုတ္တိပုဒ်ဝိဂြိုဟ် စိစစ်ချက်**။ ။ **နီဝရဏာဒီဟိ ပစ္စနီကဓမ္မေဟိ(သဗ္ဗဗျာပါဒပရိယုဋ္ဌာနေနဝါ) ဝိမုစ္စတိ ဧတာယာတိ ဝိမုတ္တိ**’ဟု ကရဏသာဓနဝိဂြိုဟ်ပြုပြီးနောက် “**စေတသော ဝိမုတ္တိ စေတောဝိမုတ္တိ**” ဟု ဆနွှဲတပ္ပုရိသ်တွဲ၍ **စေတောဝိမုတ္တိ**အရ (ဈာန်သုံးပါး လေးပါးနှင့်ယှဉ်သော) မေတ္တာကို ယူရမည်။ သို့မှသာ မေတ္တာပုဒ်နှင့် စေတောဝိမုတ္တိပုဒ်တို့ အရတူတုလျာဓိကရဏ ဖြစ်နိုင်မည်။ အဋ္ဌကထာ၌လည်း “**ယသ္မာ ပန (ဧတာယ) တံသမ္ပယုတ္တံ စိတ္တံ**” ဟု ဧတာယပါဌ် ပါရှိသင့်၏။

အကယ်၍ ဧတာယပါဌ် မပါသော ယခုလက်ရှိစာသွားအတိုင်းဆိုလျှင် **ဝိမုတ္တိ**ပုဒ်ကို ကတ္တုသာဓနဝစနတ္ထပြုကာ (**တံသမ္ပယုတ္တစိတ္တသင်္ခါတံ**) **စေတော စ တံ ဝိမုတ္တိ စာတိ စေတောဝိမုတ္တိ**ဟု ကမ္မဓာရယ်တွဲ၍ **စေတောဝိမုတ္တိ**အရ (မေတ္တာကို မယူရတော့ဘဲ) မေတ္တာနှင့်ယှဉ်ဘက်စိတ်ကို ယူရပေတော့မည်။ သို့ဖြစ်လျှင် မေတ္တာပုဒ်ကို **စေတောဝိမုတ္တိ**ပုဒ်နှင့် အရတူအောင် မေတ္တာယ သမ္ပယုတ္တာမေတ္တာဟု နောက်ထပ် တဒ္ဓိတ်ဆင့်ရပေတော့မည်။

သို့သော် ဋ္ဌ၊ ဋီတို့၌ ထိုကဲ့သို့ တဒ္ဓိတ်ဆင့် မပြကြပါ။ ထိုကြောင့် အဋ္ဌကထာ၌ ဧတာယနှင့် ယာယပါဌ်တခုခု ကျနေရစ်ဟန်တူ၏။ အပရအန္တရာသံဃာတဝဂ် ဋ္ဌ၊ ဋီတို့ကိုလည်း လှမ်းကြည့်ပါ၊ အကယ်၍ ယခုလက်ရှိ အဋ္ဌကထာ အဖွင့်ကိုကြည့်၍ ပါဠိတော်ကိုအနက်ပေးလိုလျှင်ကား “**မေတ္တာ**=မေတ္တာ

