## PAGE 25

**ဣဒံ (အယံ) မေတ္တာ ယထာ**=ဤမေတ္တာကဲ့သို့၊ (ဤအပ္ပနာသို့ရောက်သော တိကစတုက္ကဇ္ဈာနိကမေတ္တာကဲ့သို့) (ဧဝံ=တူ) **အညံ**=မေတ္တာစေတော ဝိမုတ္တိမှတပါးသော။ ပ။ **ဘိက္ခဝေ**=တို့၊ **စေတောဝိမုတ္တိ** = သော **မေတ္တံ**=မေတ္တာကို၊ **ယောနိသော**=ဖြင့်၊ **မနသိကရောန္တော**=စိတ်နှလုံး၌ သွင်းပိုက်ထားသော ပုဂ္ဂိုလ်မှာ [**ယောနိသော မနသိကရောတောတိ တံ မေတ္တံ စေတောဝိမုတ္တိ ဝုတ္တလက္ခဏေန ဥပါယမနသိကာရေန မနသိကရောန္တဿ**” ဟူသော အဋ္ဌကထာ အဖွင့်ဖြင့် ထိုမေတ္တာစေတောဝိမုတ္တိကို အနိစ္စ ဒုက္ခစသည်ဖြင့် နှလုံးသွင်းခြင်းကိုပင် **ယောနိသောမနသိကာရ** ဆိုလိုသည်ဟု စဉ်းစားမိ၏၊ ထိုမေတ္တာစေတောဝိမုတ္တိကို စိတ်နှလုံး၌ သွင်းပိုက်ထားခြင်း (ဝါ=မေတ္တာဘာဝနာ ပွားများအားထုတ်ခြင်း) ကိုလည်း **ယောနိသောမနသိကာရ**ဟု ဆိုသင့်ပါ၏၊ “**အပိစ ဆ ဓမ္မာ ဗျာပါဒဿ ပဟာနာယ သံဝတ္တန္တိ**” ဟူသော အဋ္ဌကထာအဖွင့်ကို ကြည့်ပါလေ]

**၁၈၊ ၁၉၊ ၂၀။** **ဣဒံ (အယံ) အာရမ္ဘ ဓာတု ယထာ** =ဤဦးစွာအစအားထုတ်တတ်သော ဝိရိယဓာတ်ကဲ့သို့လည်းကောင်၊ **ဣဒံ (အယံ) နိက္ကမဓာတု ယထာ**=ဤကောသဇ္ဇမှ ထွက်မြောက်၍ အာရမ္ဘဓာတ်ထက် အားကောင်းသောဝိရိယဓာတ်ကဲ့သို့လည်းကောင်း၊ [**ကောသဇ္ဇ**=ပျင်းရိတွန့်ဆုတ်ခြင်းသဘော] နှင့် ယှဉ်သော၊ **ဣဒံ (အယံ) စေတောဝိမုတ္တိ ယထာ**= ဤဆန့်ကျင်ဘက်နီဝရဏစသည်တို့မှ လွတ်ကင်းသော အပ္ပနာဈာန်စိတ်ကဲ့သို့” ဟု ပေးရပေလိမ့်မည်။

**၁။** **အာရမ္ဘဓာတု**စသည်။ ။ **အာရမ္ဘနံ အာရမ္ဘော**၊ **အာရမ္ဘတီတိဝါ အာရမ္ဘော**၊ **အတ္တနော သဘာဝံ ဓာရေတီတိ ဓာတု**၊ **အာရမ္ဘော စ သော ဓာတု စာတိ အာရမ္ဘဓာတု**-ဟု ဝစနတ္ထပြု၍ “**အာရမ္ဘဓာတု**=ရှေးဦးအစ အားထုတ်တတ်၍ မိမိသဘောကို ဆောင်ထားတတ်သော ဝီရိယ”ဟု အနက်ဆိုနိုင်၏။ **ကောသဇ္ဇတော နိက္ခမတီတိ နိက္ကမော**၊ **နိက္ကမော ဓာတု နိက္ခမဓာတု**=ပျင်းရိမှုမှထွက်မြောက်သော ဝိရိယဓာတ်သဘော၊ ဝါ=ပျင်းရိမှုမှ ထွက်မြောက်တတ်၍မိမိသဘောကိုဆောင်ထားတတ်သော ဝီရိယ။ **ပရံ ပရံ ဌာနံ အက္ကမတီတိ ပရက္ကမော**၊ **ပရက္ကမော ဓာတု ပရက္ကမဓာတု**=တဆင့်ထက် တဆင့်မြင့်သောနေရာသို့ တက်ရောက်တတ်သော ဝီရိယဓာတ်သဘော၊ ဝါ=တဆင့် . . .တက်ရောက်တတ်၍ မိမိသဘောကို ဆောင်ထားတတ်သော ဝီရိယ-ဟုအနက်ဆိုပါ။
## PAGE 26

**ဣဒံ (အယံ) ပရက္ကမဓာတု ယထာ** ဤဆင့်ကဲဆင့်ကဲ မြင့်သောဌာနသို့ တက်ရောက်တတ်၍ **နိက္ကမဓာတ်**ထက် အားကောင်းသော **ဝီရိယဓာတ်**ကဲ့သို့ လည်းကောင်း (**ဧဝံ**=တူ) **အဇ္ဈာ**=**အာရမ္ဘဓာတ်**စသော **ဓာတ်**သုံးပါးမှ တပါးသော ။ပ။ **ဘိက္ခဝေ**=တို့၊ **အာရဒ္ဓဝီရိယဿ**=ပြီးမြောက်စေအပ်သော ဝီရိယရှိသော ပုဂ္ဂိုလ်မှာ၊ ဝါပြည့်စုံသော ဝီရိယရှိသော ပုဂ္ဂိုလ်မှာ၊ အဓိပ္ပာယ် အတူတူပင်တည်း။ ရာဓ ဓာတ်ကြံပါ] ဝါ=အားထုတ်အပ်သော ဝီရိယရှိသော ပုဂ္ဂိုလ်မှာ ရဘ ဓာတ်ကြံပါ] ။ပ။ **စေတသော**=စိတ်၏၊ **ဣဒံ (အယံ) ဝုပသမော ယထာ**=ဤ (ဈာန်ဝိပဿနာတို့ကြောင့်) ငြိမ်သက်ခြင်းကဲ့သို့ (**ဧဝံ**=တူ) **အဇ္ဈ**=**စေတသော ဝုပသမ**မှ တပါးသော ။ပ။ **ဘိက္ခဝေ**=တို့၊ **ဂုပသန္တ စိတ္တဿ**= (ဈာန်ဝိပဿနာတို့သည်) ငြိမ်သက်စေအပ်သော စိတ်ရှိသော ပုဂ္ဂိုလ်မှာ ။ပ။ **ယောနိသော** အဖြင့်၊ **ဣဒံ (အယံ) မနသိကာရော ယထာ**=ဤနှလုံးသွင်းခြင်းကဲ့သို့၊ (ဤ **ဥပါဒါနက္ခန္ဓာ**တို့၌ **အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ**ဟု နှလုံးသွင်းခြင်းကဲ့သို့) (**ဧဝံ**=တူ) **အသံ**= **ယောနိသော မနသိကာရ**မှ တခြားသော ။ပ။ **ဝိစိကိစ္ဆာ ဝိစိကိစ္ဆာ နီဝရဏ**ကို၊ **ပဟီယတိ**=ပယ်ရှားအပ်၏။ **ဣတိ**=ဤသို့ (အဝေါစ ပြီ) **ဒသမံ** = ဆယ်ခုမြောက် **သုတ်**တည်း။ **ဒုတိယော**= နှစ်ခုမြောက်သော၊ **နီဝရဏပ္ပဟာနဝဂ္ဂေါ**=နီဝရဏပ္ပဟာနဝဂ်တည်း။

### ၃-အကမ္မနိယဝဂ်

**၂၁။ ဘိက္ခဝေ**=ရဟန်းတို့၊ **ဣဒံ စိတ္တံ**=ဤဝိပါကဝဋ်နှင့် စပ်၍ဖြစ်သော စိတ်သည်၊ ဝါ=ဤ**တေဘူမက ဝဋ်**ဒုက္ခ၏ အလိုကျဖြစ်သော စိတ်သည် [**ဝဋ္ဋနိဿိတ**ဖြစ်သော လောကီကုသိုလ် အကုသိုလ်စိတ်များ ဖြစ်သင့်၏] **အဘာဝိတံ**=သမထ ဝိပဿနာအစွမ်းဖြင့် မဖြစ်ပွားစေအပ်သည်၊ (**ဟုတွာ**=ဖြစ်၍၊ ဝါ=ဖြစ်ခြင်းကြောင့်၊) **အကမ္မနိယံ**=ဝဋ်ဒုက္ခမှ ထွက်မြောက်ကြောင်း ကောင်းသောအမှုကိစ္စ၌ မခိုင်ခံ့ မလျောက်ပတ်သည်၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း **ဒါန သီလ ဘာဝနာ** အမှုကိစ္စအတွက် မလျောက်ပတ်သည်။ **ကမ္မ**=အမှု၌ + **နိယ** (ကျ) = ခံ့သည် လျောက်ပတ်သည်။ မောဂ္ဂလာန်၊ ၄-ဏာဒိကဏ္ဍ၊ ၇၃-သုတ်နှင့် သဒ္ဒနီတိ၊ ၇၈၃-သုတ်] **ဟောတိ ယထာ**=ဖြစ် သကဲ့သို့၊ **ဧဝံ**=ဤအတူ၊ **ယံ**=အကြင်တရားသဘောသည်၊ **အဘာဝိတံ**=သမထ ဝိပဿနာအစွမ်းဖြင့် မဖြစ်ပွားစေအပ်သည်။ (**ဟုတွာ**-၍၊ ဝါ=ကြောင့်) **အကမ္မနိယံ**=သည်၊ **ဟောတိ**=၏၊ **ဘိက္ခဝေ**=တို့၊ **အဇ္ဈ**=ဝိပါကဝဋ်နှင့်စပ်၍ဖြစ်သော

## PAGE 27

စိတ်မှ တပါးသော၊ **တံ ဧကဓမ္မမ္ပိ**=ထိုတခုသော တရားသဘောကိုမျှလည်း၊ (ထို သမထ ဝိပဿနာ ဘာဝနာဖြင့် မဖြစ်ပွားစေအပ်သည်ဖြစ်၍ **အကမ္မနိယ** ဖြစ်သော တရားသဘော တခုတလေမျှကိုပင်) **အဟံ**=ငါသည်။ **နသမနုပဿာမိ**=မြင်တော်မမူ။ (သဗ္ဗညုတ ဉာဏစက္ခုဖြင့် အကုန်အစင်ကြည့်၍ပင် မြင်တော်မမူ) **ဘိက္ခဝေ**=တို့၊ **စိတ္တံ**=ဝိပါကဝဋ်နှင့် စပ်၍ဖြစ်သောစိတ်သည်၊ **အဘာဝိတံ**=သည်၊ (**ဟုတွာ**) **အကမ္မနိယံ**=သည်၊ **ဟောတိ**=၏၊ **ဣတိ**=ဤသို့ (အဝေါစ =မိန့် တော်မူပြီ) ·

တနည်း – **ဘိက္ခဝေ** = တို့၊ **ဣဒံ စိတ္တံ ယထာ** = ဤဝိပါက ဝဋ်နှင့် စပ်၍ဖြစ်သော စိတ်ကဲ့သို့၊ **ဧဝံ**=တူ၊ **ယံ**=အကြင်တရားသဘောသည်၊ **အဘာဝိတံ**=သည်၊ (**ဟုတွာ**) **အကမ္မနိယံ**=သည်၊ **ဟောတိ**=၏၊ **ဘိက္ခဝေ**=တို့။ **အဇ္ဈ**=သော၊ **တံ ဧကံ ဓမ္မမ္ပိ**=မျှလည်း၊ **အဟံ**=သည်၊ **န သမနုပဿာမိ**=မမူ၊ **ဘိက္ခဝေ** =တို့၊ **စိတ္တံ**=သည်၊ **အဘာဝိတံ**=သည်၊ (**ဟုတွာ**-၍) **အကမ္မနိယံ**=သည်၊ **ဟောတ**ိ =၏၊ **ဣတိ** (အဝေါစ) **ပဌမံ**=တည်း။

**၂၂။ ဘိက္ခဝေ**=တို့၊ **ဣဒံ စိတ္တံ** =ဤလောကုတ္တရာတရား ကိုးပါးနှင့် စပ်၍ဖြစ်သော စိတ်သည်၊ **ဘာဝိတံ** = သမထဝိပဿနာအစွမ်းဖြင့် ဖြစ်ပွားစေ အပ်သည်။ (**ဟုတွာ**-၍၊ ဝါ=ကြောင့်) **ကမ္မနိယံ**=ဝဋ်ဒုက္ခမှ ထွက်မြောက်ကြောင်း ကောင်းသော အမှုကိစ္စ၌ ခိုင်ခံ့လျောက်ပတ်သည်၊ **ဟောတိ ယထာ**=ကဲ့သို့၊ **ဧဝံ**=တူ၊ **ယံ**=အကြင်တရားသဘောသည်၊ **ဘာဝိတံ**=သည်၊ (**ဟုတွာ**) **ကမ္မနိယံ** =သည်၊ **ဟောတိ** ၏၊ **ဘိက္ခဝေ** = တို့၊ **အဇ္ဈ** = လောကုတ္တရာ တရားကိုးပါး နှင့် စပ်၍ ဖြစ်သော စိတ်မှတပါးသော၊ **တံ ဧကဓမ္မမ္ပိ** = မျှလည်း၊ (သမထ ဝိပဿနာ ဘာဝနာအစွမ်းဖြင့် ဖြစ်ပွားစေအပ်၍ **ကမ္မနိယ**ဖြစ်သော ထိုတရား သဘော တခုတလေမျှကိုပင်) **အဟံ**=သည်၊ **န သမနုပဿာမိ**=မမူ၊ **ဘိက္ခဝေ** =တို့၊ **စိတ္တံ**=လောကုတ္တရာတရား ကိုးပါးနှင့်စပ်၍ဖြစ်သော စိတ်သည်၊ **ဘာဝိတံ** (**ဟုတွာ**) **ကမ္မနိယံ ဟောတိ ဣတိ** အဝေါစ) [ဒုတိယနည်း ဆိုလိုက နည်းမှီ ဆိုပါ] **ဒုတိယံ**=တည်း။

**၂၃၊ ၂၄။ ဘိက္ခဝေ**=တို့၊ **ဣဒံ စိတ္တံ**=ဤဝိပါကဝဋ်နှင့် စပ်၍ဖြစ်သော စိတ်သည်၊ **အဘာဝိတံ**=သည်၊ (**ဟုတွာ**) **မဟတော**=ကြီးမားများပြားစွာသော၊ **အနတ္ထာယ**=အကျိုးစီးပွားမဲ့ အလို့ငှါ၊ (ပဋိသန္ဓေ၊ အို၊ နာ၊ သေ စသော ဒုက္ခ ဟူသော အကျိုးစီးပွားမဲ့ အလို့ငှါ) **သံဝတ္တတိ ယထာ**=ဖြစ်သကဲ့သို့ **ဧဝံ**=ဤနည်းတူ၊ **ယံ** = သည်၊ **အဘာဝိတံ** = သည်၊ (**ဟုတွာ**) **မဟတော** = သော၊

