## PAGE 28

**အနတ္ထာယ**=ငှါ၊ **သံဝတ္တတိ**=ဖြစ်၏။ **ဘိက္ခဝေ**=တို့၊ **အဇ္ဈ**=ဝိပါကဝဋ်နှင့် စပ်၍ဖြစ်သော စိတ်မှတပါးသော၊ **တံ ဧကဓမ္မမ္ပိ** = မျှလည်း ။ပ။ **ဘိက္ခဝေ** တို့၊ **စိတ္တံ** =ဝိပါကဝဋ်နှင့် စပ်၍ ဖြစ်သော စိတ်သည်၊ **မဟတော** = သော၊ **အနတ္ထာယ**=ငှါ၊ **သံဝတ္တတ**ိ=၏၊ **ဣတိ** (အဝေါစ) **တတိယံ**=တည်း။ ။ **ဘိက္ခဝေ**=တို့၊ **ဣဒံ စိတ္တံ**=ဤလောကုတ္တရာတရား ကိုးပါးနှင့် စပ်၍ဖြစ်သော စိတ်သည်၊ **ဘာဝိတံ**=သည်၊ (**ဟုတွာ**) **မဟတော**=သော၊ **အတ္ထာယ**=အကျိုး စီးပွားအလို့ငှါ၊ (မဂ်ဖိုလ်နိဗ္ဗာန် ချမ်းသာဟူသော အကျိုးစီးပွားအလို့ငှါ) **သံဝတ္တတိ ယထာ**=သို့၊ **ဧဝံ**=တူ ။ပ။ **ဘိက္ခဝေ**=တို့၊ **အဇ္ဈ**=လောကုတ္တရာ တရားကိုးပါးနှင့် စပ်သော စိတ်မှတပါးသော ။ပ။ **စတုတ္ထံ**။

**၂၅၊ ၂၈။ ဘိက္ခဝေ**=တို့၊ **ဣဒံ စိတ္တံ**=ဤဝိပါကဝဋ်နှင့် စပ်၍ဖြစ်သော စိတ်သည်၊ **အဘာဝိတံ** = သည်၊ **အပါတုဘူတံ** = ထင်ရှားဖြစ်ပေါ်လာသည် မမည်သည်၊ ဝါ=ထင်ရှားဖြစ်ပေါ်လာရာ မရောက်သည်၊ (**ဟုတွာ**-၍,) **မဟတော** =သော၊ **အနတ္ထာယ**=ငှါ၊ **သံဝတ္တတိ ယထာ**=သို့၊ [ဝိပါကဝဋ်နှင့် စပ်၍ဖြစ်သော စိတ်သည် လောကုတ္တရာ၏ အခြေခံပါဒကဈာန်၊ ဝိပဿနာ၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တို့၌ ပြေးဝင်ချဉ်းကပ်ခြင်းငှာ မစွမ်းနိုင်။ သို့ဖြစ်၍ ထိုစိတ်သည် **ဥပ္ပါဒ်၊ ဌီ၊ ဘင်**အားဖြင့် ဖြစ်လာသည် မှန်သော်လည်း သာမန် ဖြစ်ရိုးဖြစ်စဉ်မျှသာ ဖြစ်သောကြောင့် **ဘာဝိတ၊ ပါတုဘူတ**ဟု ဆိုခြင်းငှာ မထိုက်တန်။ ဥပမာအားဖြင့် မိဘတို့၏ တာဝန်ကို ဆောင်ရွက်နိုင်စွမ်းမရှိသော သားကို လောက၌ ထွန်း ထွန်းပေါက်ပေါက် သားကောင်းတယောက်ဟု ပြောဆိုခြင်းငှာ မထိုက်တန် သကဲ့သို့တည်း။] ။ပ။

**ဘိက္ခဝေ** = တို့၊ **ဣဒံ စိတ္တံ** = ဤလောကုတ္တရာတရား ကိုးပါးနှင့် စပ်၍ဖြစ်သော စိတ်သည်၊ **ဘာဝိတံ**=သည်၊ **ပါတုဘူတံ**=ထင်ရှားဖြစ်ပေါ်လာ သည်မည်သည်၊ လောကုတ္တရာ၏ အခြေခံ ပါဒကဈာန် စသည်တို့၌ပြေးဝင် ချဉ်းကပ်ခြင်းငှာ စွမ်းနိုင်သောကြောင့် **ဘာဝိတ၊ ပါတုဘူတ** မည်သည် ဟူလို။] (**ဟုတွာ**=ဖြစ်၍,) **မဟတော**=သော၊ **အတ္ထာယ**=ငှါ၊ **သံဝတ္တတိ ယထာ**=သို့။ ။ပ။ **အဘာဝိတံ**=သည်၊ **အဗဟုလီကတံ**=ကြိမ်ဖန်များစွာ ဖြစ်ပွားစေမှု မပြု အပ်သည်၊ (**ဟုတွာ**-၍၊ ဝါ=ကြောင့်) ။ပ။ **ဘာဝိတံ**=သည်၊ **ဗဟုလီကတံ**= ကြိမ်ဖန်များစွာ ဖြစ်ပွားစေမှုပြုအပ်သည်၊ (**ဟုတွာ**-၍၊ ဝါ=ကြောင့်) ။ပ။

**၂၉၊ ၃၀။ အဘာဝိတံ**=သည်၊ **အဗဟုလီကတံ**=သည်၊ (**ဟုတွာ**-၍၊ ဝါ=ကြောင့်) **ဒုက္ခာဝဟံ**=(ပဋိသန္ဓေနေ၊ အို၊ နာ၊ သေ)ဒုက္ခကို သယ်ဆောင်

## PAGE 29

တတ်သည်။[**အဓိ+ဝဟ+အ**။ ဝ-၌ ရဿဖြင့် ရှိရ၏။ **ဒုက္ခ အဓိပ္ပတိ အာ ဟရတီတိ ဒုက္ခာဝဟံ**။ (တနည်း) **ဒုက္ခာဓိဝါဟံ**=လောကုတ္တရာ၏ အခြေခံပါဒက ဈာန်စသော အရိယတရားသို့ ရှေးရှုခက်ခဲသဖြင့် ပို့ဆောင်အပ်သည်။ **အဓိ+ ဝဟ+ဏ**။ **ဒုက္ခ** = ခက်ခဲသောအားဖြင့် +**အဓိဝါဟ**=ပို့ဆောင်အပ်သောစိတ်။ ဤနည်း၌ ဝါ-ဟု ဗုဒ္ဓိဖြင့် ရှိရ၏။ **ဒုက္ခေန အဓိဝါဟီယတိ ပေသိယတီတိ ဒုက္ခာဓိဝါဟံ**။] ။ပ။ **သုခါဝဟံ**=သုခတခုမှ သုခတခုသို့ ပို့ဆောင်တတ်သည်၊ ဝါ=အဆင့်ဆင့်မြင့်သော သုခသို့ပို့ဆောင်တတ်သည်။ လူ့ချမ်းသာမှ နတ် ချမ်းသာသို့၊ နတ်ချမ်းသာမှ ဈာန်ချမ်းသာသို့၊ ဈာန်ချမ်းသာမှ ဝိပဿနာချမ်းသာ သို့ ဝိပဿနာချမ်းသာမှ မဂ်ချမ်းသာသို့၊ မဂ်ချမ်းသာမှ ဖိုလ်ချမ်းသာသို့ ဖိုလ်ချမ်းသာမှ နိဗ္ဗာန်ချမ်းသာသို့ ပို့ဆောင်တတ်သည်ဟူလို] (တနည်း) **သုခါ ဓိဝါဟံ**=လောကုတ္တရာ၏ အခြေခံပါဒကဈာန် စသော အရိယတရားသို့ ရှေးရှု လွယ်ကူသဖြင့် ပို့ဆောင်အပ်သည် ။ပ။ **တတိယော**=သုံးခုမြောက်သော၊ **အကမ္မ နိယဝဂ္ဂေါ**=အကမ္မနိယဝဂ်တည်း။

**၃၁၊ ၄၀။ ဣဒံ စိတ္တံ**=သည်၊ ရှေးကအတိုင်း ဖော်ဆိုပါ။] **အဒန္တ** ဘာဝနာဖြင့် မဆုံးမအပ်သည်၊ ဝါ=ဘာဝနာနှင့် ကင်းကွာခြင်းကြောင့် မယဉ် ကျေးသည်၊ (**ဟုတွာ**-၍၊ ဝါ=ကြောင့်) **မဟတော** ။ပ။ **ဒန္တ**=ဘာဝနာဖြင့် ဆုံးမအပ်သည်။ ဝါ=ဘာဝနာအစွမ်းကြောင့် ယဉ်ကျေးသည်၊ (**ဟုတွာ**) ။ပ။ **အဂုတ္တံ**=သတိ သံဝရဖြင့် မထိန်းကျောင်းအပ်သည်၊ (**ဟုတွာ**) ။ပ။ **ဂုတ္တံ**= သတိသံဝရဖြင့် ထိန်းကျောင်းအပ်သည် ။ပ။ **အရက္ခိတံ**=သတိ သံဝရဖြင့် မစောင့်ရှောက်အပ်သည် ။ပ။ **ရက္ခိတံ**=သတိသံဝရဖြင့် စောင့်ရှောက်အပ်သည် ။ပ။ **အသံဝုတံ**=သတိဟူသော တံခါးရွက်ဖြင့် မပိတ်ဆီးအပ်သည် ။ပ။ **သံဝုတံ** =သတိဟူသော တံခါးရွက်ဖြင့် ပိတ်ဆီးအပ်သည် ။ပ။ **ဣဒံ စိတ္တံ** = သည်၊ **အဒန္တ**=သည်၊ **အဂုတ္တံ** ၊ **အရက္ခိတံ**=သည်၊ **အသံဝုတံ**=သည်၊ (**ဟုတွာ** =၍၊ ဝါ=ကြောင့်) ။ပ။ **စတုတ္ထော**=လေးခုမြောက်သော၊ **အဒန္တ ဝဂ္ဂေါ**=တည်း။

### ၅-ပဏိဟိတက္ခဝဂ်

**၄၁။ ဘိက္ခဝေ**=တို့၊ **သေယျထာပိ**=ဥပမာပြရသော်ကား၊ **မိစ္ဆာပဏိ ဟိတ**=လွဲမှားစွာ ထားအပ်သော (အမြီးချွန်ကို အထက်သို့ လှည့်ထောင်၍

## PAGE 30

မထားအပ်သော) **သာလိသူကံ** ဝါ=သလေးစပါး၏ အမြီးချွန်သည်သော်လည်း ကောင်း၊ **သူကပုဒ်**၏ ဝိနိစ္ဆယကို တိကနိပါတ် စာပိုဒ် ၇၁-သုတ်၌ကြည့်၊] **ယဝသူကံ ဝါ**=မုယောစပါး၏ အမြီးချွန်သည်သော်လည်းကောင်း၊ **ဟတ္ထိနာ ဝါ**=လက်ဖြင့်သော်လည်းကောင်း၊ **ပါဒေန ဝါ**=ခြေဖြင့်သော်လည်းကောင်း၊ **အက္ကန္တံ** =နင်းအပ် ဖိနှိပ်အပ်သည်။ (သမာနံဖြစ်လသော်) "ခြေထောက်ဖြင့်၊ **အက္ကန္တ** =နင်းအပ်"ဟုလည်းကောင်း၊ "လက်ဖြင့်၊ **ဥပီဠိတ**=ဖိနှိပ်အပ်"ဟု လည်းကောင်း **သုံးနှုန်း**ရိုးရှိ၏။ လက်ဖြင့် နင်းအပ်ဟု သုံးနှုန်းရိုးမရှိ။ သို့သော် "ဖိနှိပ်အပ်" ဟူသည်လည်း "နင်းအပ်"ဟူသည်ကဲ့သို့ပင် ဖြစ်သောကြောင့် သဒိသောပစာရ ရန္နီနည်းအားဖြင့် **ဥပီဠိတ**ကိုလည်း **အက္ကန္တ**ဟု သုံးနှုန်းထားသည်။] **ဟတ္ထိနာ ဝါ** =လက်ကိုလည်းကောင်း၊ **ပါဒံ ဝါ**=ခြေကိုလည်းကောင်း၊ **ဘေစ္ဆတိ**=ထိုးဖောက် လတ္တံ့၊ **လောဟိတံ ဝါ**=သွေးကိုလည်း၊ **ဥပ္ပါဒေဿတိ**=ဖြစ်စေလတ္တံ့၊ ဝါ=ယို ထွက်စေလတ္တံ့ ၊ **ဣတိ ဧတံ ဌာနံ**=ဤသို့သော အကြောင်းသည်(လက်ခြေ တို့ကို ထိုးဖောက်ခြင်း၊ သွေးထွက်စေခြင်းဟူသော ဤအကြောင်းသည်) **န ဝိဇ္ဇတိ**=မရှိနိုင်၊ ဝါ=မဖြစ်နိုင်။

**တံ**=ထိုသို့ မရှိနိုင်ခြင်းသည်၊ **ကိဿ ဟေတု**=အဘယ်အကြောင်း ကြောင့်နည်းဟူမူ၊ **ဘိက္ခဝေ**=တို့၊ **သူကဿ**=အမြီးချွန်၏၊ ဝါ=ကို၊ **မိစ္ဆာပဏိ ဟိတတ္တာ**=လွဲမှားစွာ ထားအပ်သည် အဖြစ်ကြောင့်တည်း၊ **ဘိက္ခဝေ**=တို့၊ **ဧဝ မေဝံ**=ဤအတူပင်၊ **ဝတ** = စင်စစ်အားဖြင့်၊ **သော ဘိက္ခု** = ထိုရဟန်းသည်၊ **မိစ္ဆာပဏိဟိတေန**=လွဲမှားစွာထားအပ်သော (လူနတ်ဘဝ စည်းစိမ်ဟူသော ဝဋ်ဒုက္ခကို တောင့်တသောအားဖြင့် လွဲမှားစွာ ထားအပ်သော) **စိတ္တေန**=စိတ်ဖြင့်၊ **အဝိဇ္ဇာ** = အဝိဇ္ဇာထုထည်ကြီးကို၊ (သစ္စာလေးပါး၊ အတိတ် အနာဂတ်ဖြစ်သော ခန္ဓာအာယတနတရား၊ ပဋိစ္စသမုပ္ပါဒ်တရားတို့၌ မသိတတ်သော အဝိဇ္ဇာထုထည် ကြီးကို၊) **ဘေစ္ဆတိ**=ဖြိုဖျက်လတ္တံ့၊ **ဝိဇ္ဇာ**=အရဟတ္တမဂ်ဉာဏ် ဝိဇ္ဇာကို၊ **ဥပ္ပါ ဒေဿတိ**=ဖြစ်စေလတ္တံ့၊ **နိဗ္ဗာနံ**=နိဗ္ဗာန်ကို၊ **သစ္ဆိကရိဿတိ**=မျက်မှောက်ပြု လတ္တံ့၊ **ဣတိ ဧတံ ဌာနံ** = ဤသို့သော အကြောင်းသည်၊ (အဝိဇ္ဇာထုထည်ကြီးကို ဖြိုဖျက်ခြင်း၊ အရဟတ္တမဂ်ဉာဏ်ဝိဇ္ဇာကို ဖြစ်စေခြင်း၊ နိဗ္ဗာန်ကို မျက်မှောက် ပြုခြင်းဟူသောဤအကြောင်းသည်) **န ဝိဇ္ဇတိ**=နိုင်၊ **တံ**=သည်၊ **ကိဿ ဟေတု** =မူ၊ **ဘိက္ခဝေ**=တို့၊ **စိတ္တဿ**=စိတ်၏၊ ဝါ=စိတ်ကို၊ **မိစ္ဆာပဏိဟိတတ္တာ**= တည်း၊ **ဣတိ**=ဤသို့၊ (အဝေါစ=မိန့် တော်မူပြီ) **ပဌမံ**=တည်း။
