## PAGE 31

**၄၂။ ဘိက္ခဝေ**=တို့၊ **သေယျထာပိ**=ကား၊ **သမ္မာပဏိဟိတံ**=ကောင်းစွာထားအပ်သော၊ သာလိသူကံ ဝါကောင်း။ ပ။. **ဣတိ ဧတံ ဌာနံ**=သည်၊ ဝိဇ္ဇတိ=ရှိနိုင်၏။ ဝါ=ဖြစ်နိုင်၏၊ **တံ** = ထိုသို့ ရှိနိုင်ခြင်းသည်။ ပ။ **ဘိက္ခဝေ**=ရဟန်းတို့၊ **သူကဿ**=၏၊ ဝါ=ကို၊ **သမ္မာပဏိဟိတတ္တာ**=ကောင်းစွာထားအပ်သည် အဖြစ်ကြောင့်တည်း။ ပ။ **သမ္မာပဏိဟိတေန**=ကောင်းစွာထားအပ်သော (နိဗ္ဗာန်ကို တောင့်တသောအားဖြင့် ကောင်းစွာထားအပ်သော) **စိတ္တေန**=စိတ်ဖြင့်။ ပ။

**၄၃။ ဘိက္ခဝေ**=တို့၊ **အဟံ**=ငါသည်၊ **ဣဓ**=ဤလောက၌၊ **ဧကစ္စံ**=အချို့သော၊ **ပဒုဋ္ဌစိတ္တံ**=ဒေါသသည် ဖျက်ဆီးအပ်သောစိတ်ရှိသော၊ **ပုဂ္ဂလံ**=ပုဂ္ဂိုလ်ကို၊ **ဧဝံ**=ဤသို့၊ **စေတသာ** = ငါ၏စိတ်ဖြင့်၊ (ငါ၏ စေတောပရိယဉာဏ်နှင့်တကွဖြစ်သော စိတ်ဖြင့်၊ ဝါ=ငါ၏ သဗ္ဗညုတဉာဏ်နှင့်တကွဖြစ်သောစိတ်ဖြင့်) **စေတော**-ထိုပုဂ္ဂိုလ်၏စိတ်ကို၊ **ပရိစ္စ**=ခွဲခြား၍၊ **ပဇာနာမိ**-သိတော်မူ၏။ (**ကိန္တိ**=အဘယ်သို့၊ **ပဇာနာမိ**=သိတော်မူသနည်းဟူမူ၊) **ဣမမှိ သမယေ**=ပဒုဋ္ဌစိတ်ဖြစ်ရာ ဤအခါ၌၊ **အယံ ပုဂ္ဂလော** ဤပုဂ္ဂိုလ်သည်၊ **ကာလံ**=သေခြင်းကို၊ **စေ ကရေယျ** အကယ်၍ ပြုငြားအံ့၊ (**ဧဝံ သတိ**=ဤသို့ပြုသည်ရှိသော်၊ **အသံ ပုဂ္ဂလော**=ဤပုဂ္ဂိုလ်ကို၊) **အာဘတံ**=တနေရာရာသို့ ဆောင်ယူ၍၊ **နိက္ခိတ္တော ယထာ**=ချထားအပ်သကဲ့သို့၊ **ဧဝံ**-ဤအတူ၊ (**အတ္တနော**=မိမိ၏၊ **ကမ္မုနာ**=အကုသိုလ်ကံသည်၊) ဤနေရာ၌ ပဒုဋ္ဌစိတ်နှင့် ယှဉ်သော အကုသိုလ်ကံတည်း။] **နိရယေ** = ငရဲ၌၊ **နိက္ခိတ္တော** = ချထားအပ်ပြီ၊ (**ဣတိ** = ဤသို့၊ **ပဇာနာမိ** = သိတော်မူ၏၊) **တံ** = ထိုသို့ငရဲ၌ ချထားခံရခြင်းသည်၊ **ကိဿ ဟေတု**=မူ၊ **ဘိက္ခဝေ**=တို့၊ **ဟိ (ယသ္မာ)** = အကြင်ကြောင့်၊ **အဿ**=ထိုပုဂ္ဂိုလ်၏၊ **စိတ္တံ**=စိတ်ကို၊ **ပဒုဋ္ဌံ** = ဒေါသသည် ဖျက်ဆီးအပ်ပြီ၊ (**ဣတိ**=ထို့ကြောင့်ပေတည်း။)

**ဘိက္ခဝေ**=တို့၊ **ပန**=အမှန်တကယ်ပင်၊ **စေတောပဒေါသဟေတု**=စိတ်၏ဖောက်ပြန် ပျက်စီးခြင်းဟူသော အကြောင်းကြောင့်၊ **ဧဝံ**=ဤသို့၊ ဝါ=ဤသို့ **ယထာဘတံ**။ပ။ **နိရယေ**’ဟု ဟောတော်မူခဲ့သည့်အတိုင်း၊ **ဣဓ**=ဤလောက၌၊ **ဧကစ္စေ** =အချို့ကုန်သော၊ **သတ္တာ**=သတ္တဝါတို့သည်၊ **ကာယဿ**=ဥပါဒိန္နကိုယ်ခန္ဓာ၏၊ **ဘေဒါ**=ပျက်စီးခြင်းဟူသော၊ **မရဏာ**=သေခြင်းမှ၊ ဝါ=သေသည်မှ၊ **ပရံ**=နောက်၌၊ ဝါ=နောက်ဖြစ်သော ဘဝသစ်ခန္ဓာကိုယူခြင်း၌၊

## PAGE 32

ဝါ…နောက်ထပ်ယူအပ်သော ဘဝသစ်ခန္ဓာကိုယ်၌၊ [တနည်း-**ကာယ**=ဥပါဒိန္န ကိုယ်ခန္ဓာ၏ တည်တံ့ကြောင်း **ဇီဝိတိန္ဒြေ**၏။ **ဘေဒါ**=ပျက်စီးကြောင်းဖြစ်သော၊ **မရဏာ**=စုတိစိတ်မှ၊ (သေခြင်းသဘောတရားဖြစ်သော စuတိစိတ်မှ) **ပရံ**=နောက်၌၊ ဝါ-နောက်ဖြစ်သော ပဋိသန္ဓေစိတ်၌။] **အပါယံ**- လိုချင်ဖွယ်အခြင်းအရာအားဖြင့် ဖြစ်တတ်သော သုခမှကင်းသော၊ ဝါ=သုခ၏ ဖြစ်ပေါ်လာရာ ကုသိုလ်မှကင်းသော၊ **ဒုဂ္ဂတိ**=ဒုက္ခ၏ဖြစ်ရာ တည်ရာဖြစ်သော၊ ဝါ=

**၁။ ကာယပုဒ်အဖွင့်နှစ်မျိုး။** ။ပဌမနည်းအလို **ကာယ**အရ ဥပါဒိန္နခန္ဓာကိုယူရ၏။ ဤဒုတိယနည်း၌ကား **ကာယ**ပုဒ်အရ ထိုဥပါဒိန္နခန္ဓာငါးပါး၏တည်တံ့ကြောင်းဖြစ်သော ရုပ်သက် နာမ်သက် **ဇီဝိတိန္ဒြေ**တိုင်အောင်ယူရ၏။ အကျိုးခန္ဓာ၏ **ကာယ**ဟူသော နာမည်ကို အကြောင်း**ဇီဝိတိန္ဒြေ**အပေါ်၌ ရွှေ့ပြောင်းမှည့်ခေါ်သော ဖလူပစာရတည်း။ အဋ္ဌကနိပါတ်စာပိုဒ်(၁၁) ဝေရဉ္စသုတ်၌လည်း ရေးဦးအံ့။

**၂။ အပါယံ ဒုဂ္ဂတိ ဝိနိပါတံ နိရယံ။** ။ **ဣဋ္ဌာကာရေန ဧတိ ပဝတ္တတိတိ အယော**=လိုချင်ဖွယ် အခြင်းအရာအားဖြင့် ဖြစ်တတ်သောသုခ။ (တနည်း) **တိ ဣမသ္မာ သုခန္တိ အယော** = သုခ၏ ဖြစ်ပေါ်လာရာ ကောင်းမှု (နတ်ပြည်နိဗ္ဗာန်၏ အကြောင်းဖြစ်သော ကုသိုလ်)၊ **အယတော အပေတောတိ အပါယော**။ ဋီကာ၌ ဆင့်ပဉ္စမီဗဟုဗွီဟိတွဲသေး၏။

**ဒုက္ခဿ ဂတိ ပဝတ္တိဋ္ဌာနန္တိ ဒုဂ္ဂတိ**၊ **ဒုဋ္ဌေနဝါ ကမ္မုနာ နိဗ္ဗတ္တာ ဂတိ ဒုဂ္ဂတိ**။ နိဿယခန်း၌ ဤဝိဂြိုဟ်များအတိုင်း အနက်ပြန်ဆိုထားသည်၊ တိုက်ဆိုင်ကြည့်ပါ။ **ဝိနိပါတ**၌’**ဝိ** (ဝိဝသ)=မိမိအလိုဆန္ဒmပါဘဲ+ **နိပါတ**=ကျရောက်ရာဘဝ(နေထိုင်ရသောဘဝ)။ **ဒုက္ကဋကာရိနော ဧတ္ထ ဝိပသော နိပါတန္တိတိ ဝိနိပါတော**=မကောင်းမှုပြုသူတို့ မိမိအလိုဆန္ဒမပါဘဲ ကျရောက်ရာဖြစ်သောဘဝ။

တနည်း-**ဝိ** (ဝိနဿန္တု)=ကိုယ်အင်္ဂါကြီးငယ် ပျက်စီးလျက်+**နိပါတ**=ကျရောက်ရာဘဝ။ **ဝိနဿန္တာ သမ္ဘိဇ္ဇမာနင်္ဂပစ္စင်္ဂါ နိပတန္တိ ဧတ္ထာတိ ဝါ ဝိနိပါတော**။ ဋီကာ၌ကား “**ကာရဏာဝသေန ဝိဝိဓံ ဝိကာရေနစ နိပါတိယန္တိ ဧတ္ထာတိ ဝိနိပါတော**=ညှင်းပန်းနှိပ်စက်ခံရခြင်းအားဖြင့် (ညှင်းဆဲနှိပ်စက်ခံရဘို့အတွက်အမျိုးမျိုးအဖုံဖုံ ဖောက်လွှဲဖောက်ပြန်အားဖြင့် ကျရောက်စေအပ်ရာဘဝ”ဟုဝစနတ္ထပြု၏။ **ဣယတိ အဿာဒိယတီတိ အယော** = သာယာဖွယ်သုခ။ **အပ္ပကောပိ နတ္ထိ အဃော သုခံ ဧတ္ထာတိ နိရယော**။

## PAGE 33

ပျက်စီးသော အကုသိုလ်ကံကြောင့်ဖြစ်ရသော ဘုံဘဝဖြစ်သော၊ **ဝိနိပါတံ**=မကောင်းမှုပြုသူတို့ မိမိအလိုဆန္ဒမပါဘဲ ကျရောက်ရာဖြစ်သော၊ ဝါ=ကိုယ်အင်္ဂါ ခြေလက် ပျက်စီးလျက် ကျရောက်ရာဖြစ်သော၊ **နိရယံ**=(သာယာဖွယ်သုခအနည်းငယ်မျှ မရှိရာ) ငရဲသို့၊ **ဥပပဇ္ဇန္တိ**=ကပ်ရောက်ကြကုန်၏၊ ဝါ=လားရောက်ကြရကုန်၏၊ (တနည်း) **နိရယံ** = ငရဲ၌၊ **ဥပပဇ္ဇန္တိ**=ဖြစ်ကြကုန်၏။ **ဣတိ (အဝေါစ)** **အပါယ**စသော ပုဒ် တို့၏ နောက်ထပ်အနက်ပေးနည်းကိုတိကနိပါတ်စာပိုဒ်-၅၉-တိကဏ္ဏသုတ်၌ ကြည့်ပါ။

==

**၄၄။ ဧကစ္စံ**=သော၊ **ပသန္နစိတ္တံ**=သဒ္ဓါဖြင့် ကြည်လင်သော စိတ်ရှိသော၊ **ပုဂ္ဂလံ**=ကိုပ။ **ဣမမှိ သမယေ**=ပသန္နစိတ်ဖြစ်ရာ ဤအခါ၌။ ပ။ **ဧဝံ**=ဤအတူ၊ (**အတ္တနော**= မိမိ၏၊ **ကမ္မုနာ**=ကုသိုလ်ကံသည်) **သဂ္ဂ**=နတ်ပြည်၌၊ **နိက္ခိတ္တော**=ချထားအပ်ပြီ၊ (**ဣတိ**=သို့၊ **ပဇာနာမိ**=၏) **တံ**=ထိုသို့ နတ်ပြည်၌ချထားခံရခြင်းသည်၊ **ကိဿ ဟေတု**=မူ၊ **ဘိက္ခဝေ**=တို့၊ **ဟိ (ယသ္မာ)** ကြောင့်၊ **အဿ**=ထိုပုဂ္ဂိုလ်၏၊ **စိတ္တံ**-စိတ်သည်၊ **ပသန္နံ**=သဒ္ဓါဖြင့် ကြည်လင်၏၊ (**ဣတိ** =ထို့ကြောင့်ပေတည်း) **ဘိက္ခဝေ**=တို့၊ **ပန**=အမှန်တကယ်ပင်။ **စေတောပသာဒဟေတု**=စိတ်ကြည်လင်ခြင်းဟူသော အကြောင်းကြောင့်၊ **ဧဝံ**-ဤသို့၊ ဝါ=ဤသို့ **ဘတံ**။ ပ။ **သဂ္ဂေ**-ဟု ဟောတော်မူခဲ့သည့်အတိုင်း။ပ။ **မရဏာ**-မှ၊ **ပရံ**-၌၊ **သုဂတိ**=သုခ၏ ဖြစ်ရာဘုံဘဝဖြစ်သော၊ ဝါ=ဒုက္ခမပါ သုခသို့သာရောက်ကြရာ

**၁။ လူပြည်နတ်ပြည်နှစ်မျိုးလုံး သုဂတိဆိုမဆို။** ။ **သဂ္ဂ** = **သု**+**အဂ္ဂ**။ **ရူပါဒိသမ္ပတ္တိဟိ သုဋ္ဌ အဂ္ဂေါတိ သဂ္ဂေါ**။ (တနည်း) **သဂ္ဂ**=**သဟ**+**အဂ္ဂ**။ **သဟ အဂ္ဂေဟိ မနာပိယရူပါဒီဟိ ယော ဝတ္တတိတိ သဂ္ဂေါ**။ တိကနိပါတ်စာပိုဒ်-၅၉-သုတ်၌ကား ဒိဗ္ဗစက္ခုအဘိညာဉ်ခန်း အဋ္ဌကထာဖွင့်သည့်အတိုင်း **သုဂတိ**ပုဒ်အရ လူ့ပြည်နတ်ပြည်နှစ်မျိုးလုံးယူ၍ အနက်ပေးရမည်ဖြစ်၏။ ဤသုတ်၌ကား “**ယထာဘတံ နိက္ခိတ္တော ဧဝံ သဂ္ဂေ**"ဟု ဟောတော်မူသောကြောင့်လည်းကောင်း၊ “**သုခမေဝ ဧတ္ထ ဂစ္ဆန္တိ၊ န ဒုက္ခန္တိ ဝါ သုဂတိ**”ဟု ဋီကာ၌ ဧဝသဒ္ဒါနှင့်တကွ ဝိဂြိုဟ်ပြုထားသောကြာင့်လည်းကောင်း **သုဂတိ**အရ နတ်ပြည်ကိုသာယူထားပါသည်။ ဤနည်းတူပင် ပဉ္စကနိပါတ် စာပိုဒ်-၃၁-သုမနသုတ်ပါဠိတော်ရင်း၌ပင် **သုဂတိ**အရ နတ်ပြည်ကိုသာ တိုက်ရိုက်ယူထားသည်ကိုထောက်လျှင်“**သုဂတိ သစ္စံ လောကံ**”ဟု ဟောထားသောပါဠိတော်များစွာတို့၌ နတ်ပြည်ကိုသာ ယူရမည်ဖြစ်ပါသည်။

