## PAGE 34

ဖြစ်သော၊ **သဂ္ဂ**=ရူပါရုံ အစရှိသော သမ္ပတ္တိတို့ဖြင့် လွန်စွာမြင့်မြတ်သော၊ ဝါ=မြတ်သောစိတ်ကြိုက် ရူပါရုံစသည်တို့နှင့်တကွဖြစ်သော၊ **လောကံ**=နတ်ပြည်,နတ်ဘဝသို့ ၊ **ဥပပဇ္ဇန္တိ** =ကပ်ရောက်ကြရကုန်၏၊ ဝါ=လားရောက်ကြရကုန်၏၊ (တနည်း) **လောကံ**=နတ်ပြည်,နတ်ဘဝ၌၊ **ဥပပဇ္ဇန္တိ**=ဖြစ်ကြရကုန်၏။ **ဣတိ (အဝေါစ)**

**၄၅။ ဘိက္ခဝေ**= တို့၊ **သေယျထာပိ**=ကား၊ **ဥဒကရဟဒေါ**=ရေအိုင်သည်၊ **အာဝိလော**=နောက်ကျုနေသည်၊ **လူဠိတော**=(လေကြောင့်) မငြိမ်မဝပ် ဗောင်ဗင်ခတ်နေသည်။ **ကလလီဘူတော** ညွန်အနယ်ထသည်အဖြစ် သို့ရောက်နေသည်။ (**အဿ**=ဖြစ်ငြားအံ့) **တတ္ထ**=ထိုရေအိုင်၌၊ **စက္ခုမာ**=မျက်စိ အမြင်ရှိသော၊ **ပုရိသော**= ယောက်ျားသည်၊ **တီရေ**=ကမ်း၌၊ **ဌိတော**=ရပ်သည်၊ ဝါ ရပ်၍ကြည့်သည်၊ (**သမာနော**=ဖြစ်လသော်) **သိပ္ပံသမ္ဗုကမ္ပိ**=ယောက်သွား၊ ခရုကိုလည်းကောင်း၊ [**သိပ္ပံ**=ယောက်သွား၊ **သမ္ဗုက**=ခရု။ အစဉ်အလာဆိုရိုးအနက်တည်း၊ အဘိဓာန်နိသျသစ် (၆၇၆-ဂါထာ) ၌မူ “**သိပ္ပံ**=ကနုကမာ၊ **သမ္ဗုက**=ယောက်သွား” ဟုပြန်ဆို၏။] **သက္ခရ**+**ကဋ္ဌလ**မျှ၊ ကျောက်စရစ်+အိုးခြမ်းကွဲကိုလည်းကောင်း၊ **မစ္ဆဂုမ္ဗိမ္ပိ**=ငါးအုပ်စုကိုလည်းကောင်း၊ **စရန္တမ္ပိ**=သွားနေသည်ကိုလည်းကောင်း၊ **တိဋ္ဌန္တမ္ပိ**=ရပ်နေသည်ကိုလည်းကောင်း၊ **နပသေယျ**=မမြင်နိုင်ရာ၊ **တံ**=ထိုသို့ မမြင်နိုင်ခြင်းသည်၊ **ကိဿ ဟေတု**=မူ၊ **ဘိက္ခဝေ**=တို့၊ **ဥဒကဿ** ရေ၏၊ **အာဝိလတ္တာ**=နောက်ကျနေသည် အဖြစ်ကြောင့်ပေတည်း။ ပ။

**အာဝိလေန**=(နီဝရဏငါးပါးတို့ကြောင့်) နောက်ကျနေသော၊ **စိတ္တေန**=စိတ်ဖြင့်၊ **အတ္တတ္တံ ဝါ** မိမိ၏ အကျိုးစီးပွားကိုလည်း၊ (မိမိ၏ မျက်မှောက်တမလွန်ဘဝ၌ဖြစ်သော လောကီလောကုတ္တရာ အကျိုးစီးပွားကိုလည်း) **ဥဿတိ**

**၁။ အတ္တတ္ထ ပရတ္ထ, ဥဘယတ္ထ။** ။**အတ္တတ္တံ**စသောပုဒ်တို့ကို အဋ္ဌကထာ၌ နှစ်နည်းဖွင့်ထားရာ လွယ်ကူသောနည်းကိုသာ နိဿယခန်း၌ အနက်ပေးထားသည်။ (တနည်း)“**အတ္တတ္တံ ဝါ**=မိမိ၏ မျက်မှောက်ဘဝ၌ ဖြစ်သော လောကီလောကုတ္တရာ ရောနှောသော အကျိုးစီးပွားကိုလည်း၊ **ဥဿတိ**=တ္တံ့၊ **ပရတ္ထံ ဝါ**=မိမိ၏ တမလွန်ဘဝ၌ဖြစ်သော လောကီ လောကုတ္တရာ ရောနှောသောအကျိုးစီးပွားကိုလည်း၊ **ဥဿတိ**=တ္တံ့၊ [**ပရတ္ထ** ပရလောကေ အတ္ထော ပရတ္ထော။] **ဥဘယတ္ထ ဝါ**=မိမိ၏နှစ်မျိုးစုံသော မျက်မှောက်တမလွန်ဘဝ၌ဖြစ်သော လောကီလောကုတ္တရာ ရောနှောသော အကျိုးစီးပွားကိုလည်း၊ **ဥဿတိ**=တ္တံ့”။

## PAGE 35

=သိနိုင်လတ္တံ့၊ **ပရတ္တံ ဝါ**-သူတပါး၏ အကျိုးစီးပွားကိုလည်း(သူတပါး၏မျက်မှောက် တမလွန် ဘဝ၌ ဖြစ်သော လောကီလောကုတ္တရာ အကျိုးစီးပွားကိုလည်း) **ဥဿတိ**=တ္တံ့ ၊ **ဥဘယတ္ထံ ဝါ**=မိမိ သူတပါးနှစ်ဦးသား အကျိုးစီးပွားကိုလည်း၊ (မိမိ သူတပါး နှစ်ဦးသား၏ မျက်မှောက်တမလွန် လောကီလောကုတ္တရာ အကျိုးစီးပွားကိုလည်း) **ဥဿတိ**=တ္တံ ၊ **မနုဿဓမ္မာ**=လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက်၊ **ဥတ္တရိ** = လွန်မြတ်သော၊ **အလမရိယဉာဏဒဿနဝိသေသံ ဝါ** = အရิယာပုဂ္ဂိုလ်တို့အား သင့်လျော်သောဉာဏ်အမြင်အထူးကိုလည်း၊ ဝါ-အရိယာပုဂ္ဂိုလ်အဖြစ်ကို ပြုခြင်းငှာ စွမ်းနိုင်သော ဉာဏ်အမြင်ထူးကိုလည်း၊ **သစ္ဆိကရိဿတိ** = မျက်မှောက်ပြုနိုင်လတ္တံ့၊ **ဣတိ ဧတံ ဌာနံ**=ဤအကြောင်းသည်၊ **နဝိဇ္ဇတိ**-မရှိနိုင်၊ ဝါ=မဖြစ်နိုင်။ **တံ**=ထိုသို့မရှိနိုင်ခြင်းသည်၊ **ကိဿ ဟေတု**=မူ၊ **ဘိက္ခဝေ**=တို့၊ **စိတ္တဿ**=စိတ်၏၊ **အာဝိလတ္တာ**=နောက်ကျသည် အဖြစ်ကြောင့်တည်း၊ **ဣတိ (အဝေါစ)**။

**၄၆။ ၄၇။ ဥဒကရဟဒေါ**=သည်၊ **အစ္ဆော**=မပျစ်မတွဲ ကျဲသည်၊ ဝါ=ကြည်လင်သည်၊ **ဝိပ္ပသန္နော**=အထူးကြည်လင်သည်၊ **အနာဝိလော**=မနောက်ကျုသည်။ (**အဿ**= အံ့)။ပ။ **တိဋ္ဌန္တမ္ပိ**=လည်းကောင်း၊ **ပဿေယျ**=မြင်နိုင်ရာ၏၊ **တံ**=ထိုသို့မြင်နိုင်ခြင်းသည်။ပ။ **အနာဝိလတ္တာ**=မနောက်ကျသည်အဖြစ်ကြောင့်ပေတည်း။ပ။ **အနာဝိလေန**=(နီဝရဏငါးမျိုးမှ လွတ်ကင်းသဖြင့်) မနောက်ကျုသော။ပ။ **ယာနိ ကာနိစိ ရုက္ခဇာတာနံ**=အားလုံးစုံသောသစ်ပင်တို့သည် (**သန္တိ**=ရှိကုန်၏၊) **ရုက္ခဇာတာနံ**-၌ နဝိဘတ်ကို ပဌမာအနက်၌သက်။ **ဇာတသဒ္ဒါ** အနက်အထူးမရှိ။] **တေသံ**=ထိုအားလုံးသော သစ်ပင်တို့တွင်၊ **ဖန္နနော**=ကြို့ပင်ကို၊ **မုဒုတာယစေဝ**=နူးညံ့သည် အဖြစ် အားဖြင့်လည်းကောင်း၊ **ကမ္မညတာယ**

**၁။ အလမရိယဉာဏဒဿနဝိသေသ။** ။**ဒိဗ္ဗစက္ခုဉာဏ်**, **ဝိပဿနာဉာဏ်**, **မဂ်ဉာဏ်**, **ဖိုလ်ဉာဏ်**, **ပစ္စဝေက္ခဏာဉာဏ်**တို့ကို **အလမရိယဉာဏဒဿနဝိသေသ**ခေါ်သည်ဟု အဋ္ဌကထာဖွင့်၏။ ထိုပုဒ်၏ ဝစနတ္ထကား’**အလံ ယုတ္တော အရိယာနံ အရိယဘာဝါယာတိ အလမရိယော**=အရိယာတို့အား အရိယာပုဂ္ဂိုလ်ဖြစ်ဘို့ရန်သင့်လျော်သော။ (တနည်း) **အရိယာယ အရိယဘာဝါယ အလံ သမတ္တောတိ အလမရိယော** အရိယာ ပုဂ္ဂိုလ်၏ အဖြစ်ဟူသော အကျိုးငှာ(အရိယာပုဂ္ဂိုလ်ဖြစ်ဘို့ရန်) စွမ်းနိုင်သော။ **အလမရိယော စ သော ဉာဏဒဿနဝိသေသော စာတိ အလမရိယဉာဏဒဿနဝိသေသော**။
## PAGE 36

**စ**=အမှုကိစ္စ၌ လျောက်ပတ်သည်အဖြစ်အားဖြင့်လည်းကောင်း၊ **အဂ္ဂေါ**=အကောင်းမြတ်ဆုံးဟူ၍၊ **အက္ခာယတိ**=ပြောဆိုအပ်၏။ [ယဒိဒံ အနက်မရှိ]

**ဘိက္ခဝေ**=တို့၊ **ဧဝမေဝံ**=ပင်၊ **ဣဒံ စိတ္တံ ယထာ**=(သမထ ဝိပဿနာအစွမ်းဖြင့် ဖြစ်ပွားစေအပ်သော) ဤစိတ်ကဲ့သို့၊ **ဧဝံ**=ဤအတူ၊ **ယံ**=အကြင် တရားသဘောသည်၊ **ဘာဝိတံ**=(သမထဝိပဿနာအစွမ်းဖြင့်) ဖြစ်ပွားစေအပ်သည်။ **ဗဟုလီကတံ**=(သမထဝိပဿနာအစွမ်းဖြင့်) ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သည်။ (ဟုတွာ=၍၊ ဝါ=ကြောင့်) **မုဒုစ**=နူးညံ့သည်လည်းကောင်း၊ **ကမ္ဗညဉ္စ**=(သမထဝိပဿနာ အမှုကိစ္စ၌) ခိုင်ခံ့ လျောက်ပတ်သည်လည်းကောင်း၊ **ဟောတိ**=၏။

**အညံ**=သမထဝိပဿနာ အစွမ်းဖြင့် ဖြစ်ပွားစေအပ်သော စိတ်မှတစ်ပါးသော၊ **တံ ဧကဓမ္မမ္ပိ**= မျှလည်း၊ **အဟံ**=သည်၊ **န သမနုပဿာမိ**=မမှု၊ **ဘိက္ခဝေ**=တို့၊ **စိတ္တံ**=စိတ်သည်၊ **ဘာဝိတံ**=သည်၊ **ဗဟုလီကတံ**=သည်၊ (ဟုတွာ) **မုဒုစ**=လည်းကောင်း၊ **ဟောတိ**=၏။

**၄၈။** **ဘိက္ခဝေ**=တို့၊ **ဣဒံ စိတ္တံ ယထာ**=ဤစိတ်ကဲ့သို့ [စိတ်အားလုံးတည်း]၊ **ဧဝံ**=တူ၊ **ယံ**=အကြင်တရားသဘောသည်၊ **လဟုပရိဝတ္တံ**=လျင်မြန်စွာ ပြောင်းလဲတတ်၏။ **အညံ**=စိတ်မှ တစ်ပါးသော၊ **တံ ဧကဓမ္မမ္ပိ**=လည်း၊ **အဟံ**=သည်၊ **န သမနုပဿာမိ**=မမူ၊ **ဘိက္ခဝေ**=တို့ (စိတ္တဿ=စိတ်၏၊ လဟုပရိဝတ္တတာယ=လျင်မြန်စွာပြောင်းလဲတတ်သည် အဖြစ်၌၊ ဝါ-အပြောင်းအလဲ)။

၁။ စိတ္တံပုဒ်၏နောက်တစ်နည်းအဖွင့်။ ။ တစ်နည်းအားဖြင့် စိတ္တံ-အရ အဘိညာဉ်၏အခြေခံ စတုတ္ထဈာန်စိတ်ကိုယူ၍ ဤသို့လည်းအနက်ဆိုနိုင်၏။

**ဘိက္ခဝေ**=တို့၊ **ဧဝမေဝံ**=ပင်၊ **ဣဒံ စိတ္တံ ယထာ**=ဤအဘိညာဉ်၏အခြေခံ စတုတ္ထဈာန်စိတ်ကဲ့သို့၊ **ဧဝံ**=တူ၊ **ယံ**=အကြင်တရားသဘောသည်၊ **ဘာဝိတံ**=သမထ၏ အစွမ်းဖြင့် ဖြစ်ပွားစေအပ်သည်။ **ဗဟုလီကတံ**=သမထ၏အစွမ်းဖြင့် ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သည်၊ (ဟုတွာ) **မုဒုစ**=နူးညံ့သည် လည်းကောင်း၊ **ကမ္ဗညတာ**=အဘိညာဉ် အမှုကိစ္စ၌ ခိုင်ခံ့လျောက်ပတ်သည်လည်းကောင်း၊ **ဟောတိ**=၏၊ **အညံ**=အဘိညာဉ်၏ အခြေခံ စတုတ္ထဈာန်စိတ်မှတစ်ပါးသော။ **တံ ဧကဓမ္မမ္ပိ**=မျှလည်း၊ **အဟံ**=သည်၊ **န သမနုပဿာမိ**=မမူ၊ **ဘိက္ခဝေ**=တို့၊ **စိတ္တံ**=အဘိညာဉ်၏ အခြေခံစတုတ္ထဈာန်စိတ်သည်၊ **ဘာဝိတံ**=သမထ၏အစွမ်းဖြင့် ဖြစ်ပွားစေအပ်သည်။ **ဗဟုလီကတံ**=သည်။ ပ။ **ဟောတိ**=၏-ဟု အနက်ဆိုပါ။

