## PAGE 37

လျင်မြန်ခြင်း၌၊ ဝါ=ခြင်း၏) **ဥပမာပိ**=ဥပမာကိုမျှလည်း၊ **ယာဝဉ္စ**=အလွန်အကဲပင် [ဣဒံ အနက်မရှိ]၊ **န သုကရာ**=လွယ်ကူစွာမပြုအပ်၊ ဝါ=ပြုဘို့မလွယ်ကူ၊ **စိတ္တံ**=စိတ်သည်၊ **ယာဝ**=အလွန်အကဲပင်၊ **လဟုပရိဝတ္တံ**=လျင်မြန်စွာ ပြောင်းလဲတတ်၏။ **ဣတိ**=သို့ (အဝေါစ)။

**၈။** ရှစ်ခုမြောက်သုတ်တည်း။

**၄၉-၅၀။** **ဘိက္ခဝေ**=တို့၊ **ဣဒံ စိတ္တံ**=ဤဘဝင်စိတ်သည်၊ **ပဘဿရံ**=ပြိုးပြိုးပြက် ထွက်သောအရောင်ရှိ၏။ ဝါ=ပင်ကိုသဘောအားဖြင့် ဖြူစင်၏။ **တဉ္စခေါ**=ထိုဘဝင်စိတ်သည်လည်း၊ **အာဂန္တုကေဟိ**=ဧည့်သည် ဖြစ်ကုန်သော (ဘဝင်စိတ်နှင့် အတူတကွဖြစ်သည်မဟုတ်ဘဲ ဘဝင်စိတ်၏နောက်ဝယ် ဇောခဏရောက်မှ ဖြစ်ကြသောကြောင့် ဧည့်သည်ဟုခေါ်ဆိုအပ်ကုန်သော) **ဥပက္ကိလေသေဟိ**=ရာဂစသော အညစ်အကြေးတို့ကြောင့် (စိတ်အစဉ်ကိုပူးကပ်၍ နှိပ်စက်တတ် ပူပန်စေတတ်သော ရာဂစသောအညစ်အကြေးတို့ကြောင့်) **ဥပက္ကိလိဋ္ဌံ**=မည်းညစ်ရ၏။ ။ ပ။ **ဥပက္ကိလေသေဟိ**=တို့မှ၊ **ဝိပ္ပမုတ္တံ**=ကင်းလွတ်၏။ (ဇောခဏ၌ ဖြစ်သောကုသိုလ်စိတ်၏အစွမ်းဖြင့် ကင်းလွတ်၏။) **ဣတိ** (အဝေါစ)။

**၁၀။** ဒသမသုတ်တည်း။

#### ၅-ပဏိဟိတအစ္ဆဝဂ္ဂ

၁။ အာဂန္တုကဟုခေါ်ဆိုရခြင်း၏အကြောင်း။ ။ ရာဂအစရှိသော အကုသိုလ် အညစ်အကြေး(ဥပက္ကိလေသ)တို့သည် ဘဝင်စိတ်နှင့် စိတ္တုပ္ပါဒ်တစ်ခုတည်း၌ အတူတကွ ဖြစ်ကြ (သဟဇာတ, သံသဋ္ဌဖြစ်ကြ)သည်မဟုတ်ဘဲ ဘဝင်စိတ်ဖြစ်ပြီးနောက် ဇောခဏရောက်မှသာ ဖြစ်ကြ၏။ ထို့ကြောင့် ရာဂစသည်တို့ကို အာဂန္တုက (ဧည့်သည်)ဟု ခေါ်ဆိုရသည်။ **အာဂန္တုကေဟီတိ အသဟဇာတေဟိ ပုဗ္ဗေ ဇဝနက္ခဏေ ဥပ္ပဇ္ဇနကေဟိ။** [အဋ္ဌကထာ]

၂။ ဥပက္ကိလိဋ္ဌဖြစ်ရပုံ။ ။ ပြခဲ့သည့်အတိုင်း ရာဂစသည်တို့သည် ဘဝင်စိတ်နှင့် သဟဇာတ သံသဋ္ဌဖြစ်ကြသည် မဟုတ်သောကြောင့် တိုက်ရိုက်မuချ (နိပ္ပရိယာย)အားဖြင့် ဘဝင်စိတ်သည် ရာဂစသည်တို့ကြောင့် ဥပက္ကိလိဋ္ဌဖြစ်သည်မဟုတ်၊ သို့သော် ဘဝင်စိတ်သည် ရာဂစသည်တို့နှင့် ဧကသန္တတိ ပရိယာပန္န (တစ်ခုတည်းသော စိတ်အစဉ်၌ ပါဝင်နေသည်)ဖြစ်ရကား အကျင့်သီလ ဖြူစင်နေသော ဆရာမိဘပင်ဖြစ်စေကာမူ တပည့်ဆိုး, သားသမီးဆိုးတို့ကြောင့် နာမည်ပျက်ရသကဲ့သို့ ပင်ကိုကဖြူစင်နေသော ဘဝင်စိတ်သည်လည်း ရာဂစသည်တို့ကြောင့် ဥပက္ကိလိဋ္ဌဖြစ်ရသည်။ **ဘဝင်္ဂစိတ္တဿ နိပ္ပရိယာယတော**

## PAGE 38

#### ၆-အစ္ဆရာသင်္ဃာတဝဂ္ဂ

**၅၁။** **ဘိက္ခဝေ**=တို့။ ပ။ **ဥပက္ကိလိဋ္ဌံ**=၏။ **တံ**=ထိုဘဝင်စိတ်ကို၊ (အာဂန္တုကဖြစ်သော ရာဂအစရှိသော အညစ်အကြေးတို့ကြောင့် မည်းညစ်ရသော ထိုဘဝင်စိတ်ကို) အဋ္ဌကထာ၌ “**တံ** ဘဝင်္ဂစိတ္တံ”ဟူ၍ ပြီးခဲ့သော **စိတ္တံ**ကိုပင် ပြန်စွဲဆိုသော ပက္ကန္တ ဝိသယ “**တ**” သဒ္ဒါအဖြစ်ဖြင့် ဖွင့်ပြတော်မူ၏။ ဤနိဿယ ပထမအကြိမ် ရိုက်တုန်းကမူ “**တံ**=ထိုအနက်သဘောကို (အာဂန္တုကဖြစ်သော ရာဂစသော အညစ်အကြေးတို့ကြောင့် ဖြူစင်သော ဘဝင်စိတ်၏ မည်းညစ်ရခြင်းဟူသော ထိုအနက်သဘောကို)” ဟူ၍ ဥပက္ကိလိဿနကိရိယာကို စွဲဆိုသော အနုဘူတဝိသယ “**တ**” သဒ္ဒါအဖြစ်ဖြင့် အနက်ပြန်ဆိုခဲ့၏။ ယင်းသို့ အနက်ပြန်ဆိုခဲ့ခြင်းမှာ “**ယထာဘူတံ နပ္ပဇာနာတီတိ ဣဒဉ္စ ဘဝင်္ဂစိတ္တံ ဧဝံ အာဂန္တုကေဟိ ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌံ နာမ ဟောတိ။ ဧဝံ ဝိပ္ပမုတ္တံ နာမာတိ ယထာသဘာဝတော န ဇာနာတိ**” ဟူသော အဋ္ဌကထာအဖွင့်မှ အာကာရကို ကံပြု၍ အနက်ပြန်ဆိုခဲ့ခြင်း ဖြစ်သည်။

**အဿုတဝါ**=အကြားအမြင် သုတမရှိသော၊ ဝါ=အာဂမသုတ, အဓိဂမ။ **ဥပက္ကိလေသေဟိ ဥပက္ကိလိဋ္ဌတာ နာမ နတ္ထိ အသံသဋ္ဌဘာဝတော၊ ဧကသန္တတိ ပရိယာပန္နတာယ ပန သိယာ ဥပက္ကိလိဋ္ဌတာပရိယာယော။** [ဋီကာ]

၁။ သုတနှစ်မျိုး။ ။ ခန္ဓာ, ဓာတ်, အာယတန, ပစ္စယာကာရ (ပဋိစ္စသမုပ္ပါဒ်), သတိပဋ္ဌာန် အစရှိသော တရားဒေသနာတို့ကို ဆရာ့ထံချဉ်းကပ်သင်ယူခြင်းကြောင့် ပါဠိနှင့် အဓိပ္ပါယ်တို့ကို သုတမယဉာဏ်စွမ်းဖြင့် သိနားလည်ခြင်းကို “အာဂမ”ဟု ခေါ်၏။ **အတ္ထဓမ္မာနံ**=အနက် အဓိပ္ပါယ်နှင့်ပါဠိတို့ကို၊ **အာဂမနံ သုတမယဉာဏဝသေန အဝဗုဇ္ဈနံ အာဂမော။** ဋီကာအဖွင့်အတိုင်း ပြဆိုထားခြင်းဖြစ်၏။ ပဋိသမ္ဘိဒါမဂ် အဋ္ဌကထာ (ဒု-၅၀) ၌မူ “မြတ်စွာဘုရား တရားဒေသနာတော်ကို အာဂမခေါ်သည်” ဟု ဖွင့်၏။

မဂ်ဖိုလ်နိဗ္ဗာန်ကို (သို့မဟုတ် မဂ်ဖိုလ်နိဗ္ဗာန်ကို ကိုယ်တိုင်ဒိဋ္ဌ သိမြင်ခြင်းကို) “အဓိဂမ” ဟုခေါ်၏။ **မဂ္ဂဖလနိဗ္ဗာနာနံ သစ္ဆိကိရိယာ အဓိဂမော။** [ဤသုတ်ဋီကာ] **မဂ္ဂဖလနိဗ္ဗာနာနိ အဓိဂမော။** [မူလပဏ်ဋီ (ပ-၆၁)]

ကိလေသာကို ဖျက်ဆီးနိုင်စွမ်းရှိလောက်အောင် ပရိယတ်တရားတော်ကို နာယူသင်ကြားမှတ်သားမှု၊ ထိုတရားတော်အတိုင်း လိုက်နာကျင့်ကြံမှုပြုသော ပုဂ္ဂိုလ်ကို “အာဂမသုတရှိသူ” ဟu ခေါ်၏။ မဂ်ဖိုလ်နိဗ္ဗာန်ကို ကိုယ်တိုင်သိမြင်သော

## PAGE 39

သုတ မရှိသော၊ ဝါ=မြတ်စွာဘုရား တရားဒေသနာတော်ကို နာယူမှတ်သားပြီးသူ မဂ်ဖိုလ်နိဗ္ဗာန်ကို ကိုယ်တိုင်မျက်မှောက်ပြု သိမြင်ပြီးသူမဟုတ်သော၊ **ပုထုဇ္ဇနော**=အန္ဓပုထုဇဉ်ပုဂ္ဂိုလ်သည်၊ ဝါ = အဝိဇ္ဇာလွှမ်းဖိ၍ အကန်းပကတိဖြစ်သော ပုထုဇဉ်ပုဂ္ဂိုလ်သည်၊ **ယထာဘူတံ**=အဖြစ်မှန်သဘောအတိုင်း (အာဂန္တုကဖြစ်သော ရာဂအစရှိသော အညစ်အကြေးတို့ကြောင့် မည်းညစ်ရခြင်းဟူသော အဖြစ်မှန်သဘောအတိုင်း)၊ **နပ္ပဇာနာတိ**=မသိ (အာဂမသုတ, အဓိဂမသုတ အစွမ်းဖြင့် မသိ)။ **တသ္မာ**=ထိုသို့ မသိသည်အဖြစ်ကြောင့်၊ **အဿုတဝတော**=အကြားအမြင်သုတ မရှိသော၊ ဝါ=အာဂမသုတ, အဓိဂမသုတမရှိသော၊ **ပုထုဇ္ဇနဿ**=အန္ဓပုထုဇဉ်မှာ၊ **စိတ္တဘာဝနာ**=စိတ်ကိုဖြစ်ပွား တိုးတက်စေတတ်သော ဝိပဿနာသည် (အာဂန္တုက အညစ်အကြေးတို့ကြောင့် မည်းညစ်ရခြင်းဟူသော အဖြစ်မှန် အနက်သဘောကို သိနိုင်ကြောင်း စိတ္တဘာဝနာ ဝိပဿနာသည်) **နတ္ထိ**=မရှိ၊ **ဣတိ**=ဤသို့၊ (**အဟံ**=ငါသည်) **ဝဒါမိ**=မိန့်ဆို၏၊ **ဣတိ**=သို့ (အဝေါစ=မိန့်တော်မူပြီ)။

**၅၂။** **ဘိက္ခဝေ**=တို့။ ပ။ **ဝိပ္ပမုတ္တံ**=ကင်းလွတ်၏၊ **တံ**=ထိုဘဝင်စိတ်ကို (အာဂန္တုကရာဂ စသည်တို့မှ ကင်းလွတ်သော ထိုဘဝင်စိတ်ကို)။ **သုတဝါ**=ပုဂ္ဂိုလ်ကို “အဓိဂမသုတရှိသူ” ဟုခေါ်၏။ “အကြားအမြင်သုတရှိသူ” ဟူသော စကား၌ အာဂမသုတကို “အကြား” ဟုလည်းကောင်း၊ အဓိဂမသုတကို “အမြင်” ဟုလည်းကောင်းဆိုလိုသည်။

ဤနေရာဝယ် **သုတဝါ** ၌ **ဝန္တ** ပစ္စည်းသည် ရှိသည်ဆိုရုံမျှ အရှိဟူသော အတ္ထိတာမတ္တအနက်ကို ဟောသည်မဟုတ်၊ (၁) ချီးမွမ်းရလောက်သော အရှိဟူသော ပသံသာဝိသိဋ္ဌအတ္ထိအနက်၊ (၂) အလွန်အကျူးအထူးရှိဟူသော အတိသယတ္ထဝိသိဋ္ဌအတ္ထိအနက်တို့ကို ဟော၏။ ထို့ကြောင့် အာဂမသုတ, အဓိဂမသုတနှင့် ချီးမွမ်းရလောက်အောင် ပြည့်စုံသူ၊ အလွန်အကျူး အထူးပြည့်စုံသူကို **သုတဝါ** (**သုတဝန္တ**) ဟုဆိုလိုသည်။ **သုတံ ယဿ အတ္ထိတိ သုတဝါ** [သုတပုဒ်၊ ဝန္တုပစ္စည်းတည်း။] တစ်နည်းအားဖြင့် သုဓာတ်၊ တဝန္တုပစ္စည်းဖြင့် ကိတ်ပုဒ်ကြံ၍ “**သုဏီတိ သုတဝါ**” ဟုပြု။ **သောတဗ္ဗယုတ္တံ သုတွာ** (နာယူထိုက်သော ပရိယတ်တရားတော်ကို နာယူမှတ်သား၍၊) **ကတ္တဗ္ဗနိပ္ပတ္တိဝသေန** (ပြုထိုက်သော ကျင့်ကြံမှုကိစ္စပြီးစီးခြင်း၏ အစွမ်းဖြင့်၊) **သုဏိ**=နာယူမှတ်သားပြီး သိမြင်ပြီးလေပြီ၊ **ဣတိ**=ထို့ကြောင့်၊ **သုတဝါ**=သုဘဝန္တုမည်၏။ **န သုတဝါ အဿုတဝါ။**

