## PAGE 40

အကြားအမြင်သုတရှိသော၊ ဝါ=အာဂမသုတ၊ အဓိဂမသုတရှိသော၊ ဝါ=မြတ်စွာဘုရား တရားတော်ကို နာယူမှတ်သားပြီးသူ၊ မဂ်ဖိုလ်နิဗ္ဗာန်ကို ကိုယ်တိုင်မျက်မှောက် သိမြင်ပြီးသူဖြစ်သော၊ **အရိယသာဝကော**=အရိယာသူတော်ကောင်းဖြစ်သော တပည့်သည်၊ ဝါ ဗုဒ္ဓမြတ်စွာ အရိယာသူတော်ကောင်း၏ တပည့်သည်၊ **ယထာဘူတံ**=တိုင်း (အာဂန္တုကရာဂ စသည်တို့မှ ကင်းလွတ်ခြင်းဟူသော အဖြစ်မှန် သဘောအတိုင်း) **ပဇာနာတိ**=သိ၏၊ **တသ္မာ**=ထိုသို့ သိသည်အဖြစ်ကြောင့်၊ **သုတဝတော**=ရှိသော၊ **အရိယသာဝကဿ**=တပည့်မှာ၊ **စိတ္တဘာဝနာ**=စိတ်ကိုဖြစ်ပွား တိုးတက်စေနိုင်သော ဗလဝဝိပဿနာသည်၊ **အတ္ထိ**=ရှိ၏၊ **ဣတိ**=ဤသို့ (**အဟံ**=သည်) **ဝဒါမိ**=၏၊ **ဣတိ**=သို့ (အဝေါစ=ပြီ)။

**၅၃-၅၅။** **ဘိက္ခဝေ**=တို့၊ **ဘိက္ခု**=ရဟန်းသည်၊ **အစ္ဆရာသင်္ဃာတမတ္တမ္ပိ**=လက်ဖျောက်တစ်ချက်တီးခိုက် လောက်မျှသော်လည်း၊ ဝါ=လက်ဖျစ်တစ်တွက်ခန့်အခိုက်အတန် လောက်မျှသော်လည်း၊ **မေတ္တာစိတ္တံ**=မေတ္တာနှင့်ယှဉ်သော စိတ်ကို၊ **စေ အာသေဝတိ**=အကယ်၍ မှီဝဲ ငြားအံ့၊ **ဘိက္ခဝေ**=တို့၊ (ဧဝံ သတိ=ဤသို့မှီဝဲသည်ရှိသော်) **အယံ ဘိက္ခု**=ဤမေတ္တာစိတ်ကို မှီဝဲသော ရဟန်းကို၊ **အရိတ္တဇ္ဈာနော**=မကင်းကွာသော ဈာန်ရှိလျက်၊ **သတ္ถု**=မြတ်စွာဘုရား၏၊ **သာသနကရော**=သွန်သင်ညွှန်ကြားမှုကို လိုက်နာပြုကျင့်လျက် (လက်ဖျစ်တစ်တွတ်ခန့် လောက်မျှပင် မေတ္တာစိတ်ကို မှီဝဲရန် သွန်သင်ညွှန်ကြားမှု အနုသာသနိကို လိုက်နာကျင့်သုံးလျက်)၊ **ဩဝါဒပတိကရော**=အဆုံးအမကို လိုက်နာကျင့်သုံးလျက် (လက်ဖျစ် . . . .မှိဝဲရန် အဆုံးအမကို လိုက်နာကျင့်သုံးလျက်)၊ **ဝိဟရတိ**=နေသောသူဟူ၍။ **အမောဃံ**=အချည်းနှီးမဟုတ်ဘဲ၊ **ရဋ္ဌပိဏ္ဍံ**=တိုင်းသူပြည်သားတို့၏

၁။ အမောဃရဋ္ဌပိဏ္ဍပရိဘောဂ။ ။ တိုင်းသူပြည်သားတို့ ဆွမ်းကိုစားရာ၌ ဘာ့ကြောင့် အမောဃဖြစ်သနည်း (ဘာကြောင့် အမောဃရဋ္ဌပိဏ္ဍပရိဘောဂဖြစ်သနည်း) ဟူမူ၊ (၁) လက်ဖျစ်တစ်တွက်ခန့်မျှ မေတ္တာပို့လိုက်ခြင်းအားဖြင့် ထိုရဟန်းသည် ကျွေးယူစားခြင်းမျိုး မဟုတ်တော့ဘဲ ရဋ္ဌပိဏ္ဍကို မိမိပိုင်အမွေပစ္စည်းကဲ့ như စားပိုင်ခွင့်ရှိ၍သာ စားခြင်းဖြစ်၏။ ထို့ကြောင့်လည်း အမောဃရဋ္ဌပိဏ္ဍပရိဘောဂဖြစ်၏။ [အမောဃ=မစားထိုက်ဘဲ အလကားစားခြင်းမဟုတ်ဘဲ + ရဋ္ဌပိဏ္ဍပရိဘောဂ မေတ္တာပို့ခြင်းဖြင့် ရဋ္ဌပိဏ္ဍကို ပိုင်ရှင်အဖြစ်ဖြင့်စားထိုက်၍စားခြင်း] (၂) ထိုမျှလောက်မေတ္တာပို့ခြင်းဖြင့် ဒါယကာတို့အလှūဒါနကို ကြီးမားသော အကျိုးဖြစ်ထွန်းစေခြင်းကြောင့်လည်း အမောဃရဋ္ဌပိဏ္ဍပရိဘောဂဖြစ်၏။ [အမောဃ=အကျိုးကျေးဇူးဘာမျှမရ အလကား သက်သက်မျှမဖြစ်စေဘဲ + ရဋ္ဌပိဏ္ဍပရိဘောဂ ရဋ္ဌပိဏ္ဍကို ဘုန်းပေးခြင်း]
## PAGE 41

**ဆွမ်းကို**၊ ဝါ=တိုင်းသူပြည်သားတို့ထံမှ ရအပ်သော ဆွမ်းကို၊ **ဘုဉ္စတိ**=စားသောသူဟူ၍၊ **ဝုစ္စတိ**=ခေါ်ဆိုအပ်၏။ **ယေ**=အကြင်ရဟန်းတို့သည်၊ **နှံ**=ထိုမေတ္တာစိတ်ကို၊ **ဗဟုလိကရောန္တိ**=ကြိမ်ဖန်များစွာ မှီဝဲမှုပြုကြကုန်၏၊ (**တေသု**=ထိုရဟန်းတို့၌၊) **ဝါဒေါ**=အထူးပြောဆိုဖွယ် စကားသည်၊ (ရဋ္ဌပိဏ္ဍကို အချည်းနှီးမဟုတ်ဘဲ စား၏ဟု အထူးပြောဆိုဖွယ် စကားသည်၊) **ကော ပန (အတ္ထိ)**=အဘယ်မှာရှိတော့အံ့နည်း၊ (**နတ္ထိဝ**=မရှိတော့သည်သာတည်း)။ **ဣတိ (အဝေါစ)**။ ပ ။

**စေ ဘာဝေတိ**=အကယ်၍ ဖြစ်ပွားစေအံ့၊ **ဘိက္ခဝေ**=တို့၊ (**ဧဝံ သတိ**=ဤသို့ ဖြစ်ပွားစေသည် ရှိသော်) **အယံ ဘိက္ခု**=ဤဖြစ်ပွားစေသော ရဟန်းကို။ ပ။ **ဗဟုလီကရောန္တိ**=ကြိမ်ဖန်များစွာ ဖြစ်ပွားစေမှု ပြုကြကုန်၏။ ပ။

**စေမနသိ ကရောတိ**=အကယ်၍ နှလုံးသွင်းအံ့၊ **ဘိက္ခဝေ**=တို့၊ (**ဧဝံ သတိ**=ဤသို့ နှလုံးသွင်းသည်ရှိသော်) **အယံ ဘိက္ခု**=ဤနှလုံးသွင်းသော ရဟန်းကို။ **ဗဟုလီကရောန္တိ**=ကြိမ်ဖန်များစွာ နှလုံးသွင်းမှုပြုကြကုန်၏။

**၅၆-၇။** **ဘိက္ခဝေ** = ရဟန်းတို့၊ **ယေကေစိ** = အားလုံးကုန်သော၊ **အကုသလာ** = အကုသိုလ်ဖြစ်ကုန်သော၊ **အကုသလဘာဂိယာ** = အကုသိုလ်သို့ ချဉ်းကပ်ပါဝင်ကုန်သော (သဟဇာတပစ္စည်း ဥပနိဿယပစ္စည်း၏ အစွမ်းဖြင့် အကုသိုလ်သို့ ချဉ်းကပ်ပါဝင်ကုန်သော) **အကုသလပက္ခိကာ** = အကုသိုလ်အသင်းအပင်း၌ ဖြစ်ကုန်သော၊ (သဟဇာတပစ္စည်း, ဥပနိဿယပစ္စည်းအစွမ်းဖြင့် အကုသိုလ်အသင်းအပင်း၌ ပါဝင်ကုန်သော၊) **ဓမ္မာ** = တရားတို့သည် (သန္တိ=ရှိကုန်၏)။

**သဗ္ဗေ** = အားလုံးစုံကုန်သော၊ **တေ (ဓမ္မာ)** = ထိုတရားတို့သည်၊ **မနောပုဗ္ဗင်္ဂမာ** = စိတ်ဟူသော ရှေ့ဆောင်ရှေ့သွား ပဓာနတရားရှိကုန်၏။ စိတ်သည်။ **တေသံ ဓမ္မာနံ** = ထိုတရားအားလုံးတို့၏၊ **ပဌမံ** = အဦးအစ ပဓာနအနေအားဖြင့်၊ **ဥပ္ပဇ္ဇတိ** = ဖြစ်၏။ **အကုသလာ** = အကုသိုလ်ဖြစ်ကုန်သော၊ **ဓမ္မာ** = တို့သည်၊ **အနုဇီဝ** = အတူတသိုက် နောက်လိုက်တို့သာတည်း။ ပ။

**ကုသလာ** = စတုဘူမက ကုသိုလ်ဖြစ်ကုန်သော၊ (ကာမ၊ ရူပ၊ အရူပ၊ လောကုတ္တရာဟူသော ဘုံအဆင့်လေးမျိုး၌ဖြစ်သော ကုသိုလ်ဖြစ်ကုန်သော) **ကုသလဘာဂိယာ** = စတုဘူမကကုသိုလ်သို့ ချဉ်းကပ်ပါဝင်ကုန်သော၊ **ကုသလပက္ခိကာ** = စတုဘူမက ကုသိုလ်အသင်းအပင်း၌ ဖြစ်ကုန်သော၊ **ဓမ္မာ** = တို့သည်၊ (သန္တိ)။ ပ။ **ကုသလာ** = စတုဘူမက ကုသိုလ်ဖြစ်ကုန်သော၊ **ဓမ္မာ** = တို့သည်၊ **အနုဇီဝ** တည်း။

**၅၈၊ ၆၀။** **ဘိက္ခဝေ** = တို့၊ **ယေန ဓမ္မေန** = အကြင် တရားသဘောဖြင့်၊ ဝါ=ကြောင့်၊ **အနုပ္ပန္နာ** = မဖြစ်သေးကုန်သော၊ **အကုသလာ** = အကုသိုလ်ဖြစ်ကုန်သော၊

## PAGE 42

**ဓမ္မာ** = တရားတို့သည်လည်း၊ **ဥပ္ပဇ္ဇန္တိ** = ဖြစ်ကုန်၏။ **ဥပ္ပန္နာ** = ဖြစ်ပြီးကုန်သော၊ **ကုသလာ** = လောကီကုသိုလ်ဖြစ်ကုန်သော၊ **ဓမ္မာ** = လည်း၊ (ဈာန်ဝိပဿနာတရားတို့သည်လည်း) **ပရိဟာယန္တိ** = ဆုတ်ယုတ်ကုန်၏။

**ဘိက္ခဝေ** = တို့၊ **ဣဒံ (အယံ) ပမာဒေါ ယထာ** = ဤသတိကင်းပေါ့ မေ့လျော့ခြင်း သဘောကဲ့သို့၊ ဝါ=ဤသတိသမ္ပဇည၏ ဆန့်ကျင်ဘက်ဖြစ်သော မေ့လျော့ပေါ့ဆခြင်း သဘောဟူသော အကုသိုလ်စိတ္တုပ္ပါဒ်ကဲ့သို့၊ (**ဧဝံ** = ဤအတူ) **အညံ** = **ပမာဒ** မှ တပါးတခြားသော၊ **တံ ဧကဓမ္မမ္ပိ** = ထိုတခုသော တရားသဘောကိုမျှလည်း (မဖြစ်သေးသော အကုသိုလ်တရားတို့ကို ဖြစ်စေ၍ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ဆုတ်ယုတ်စေသော ထိုတခုသော တရားသဘောကိုမျှလည်း)။ ပ။

**ဘိက္ခဝေ** = တို့၊ **ပမတ္တဿ** = သတိကင်းပေါ့ မေ့လျော့သောသူ၏၊ ဝါ=သူမှာ၊ **အနုပ္ပန္နာ** = ကုန်သော၊ **အကုသလာ** = ကုန်သော၊ **ဓမ္မာစေဝ** = တရားတို့သည်လည်း၊ **ဥပ္ပဇ္ဇန္တိ** = ၏၊ **ဥပ္ပန္နာ** = ကုန်သော၊ **ကုသလာ** = ကုန်သော၊ **ဓမ္မာစ** = လည်း၊ **ပရိဟာယန္တိ** = ၏။ ပ။

**ဣဒံ (အယံ) အပ္ပမာဒေါ ယထာ** = ဤမမေ့လျော့ကြောင်း သတိကဲ့သို့၊ (**ဧဝံ** = တူ) **အညံ** = **အပ္ပမာဒ** မှ တပါးသော။ ပ။ **ဘိက္ခဝေ** = တို့၊ **အပ္ပမတ္တဿ** = မမေ့လျော့သောသူ၏၊ ဝါ=သူမှာ။ ပ။

**ဣဒံ ကောသဇ္ဇံ ယထာ** = ဤပျင်းရိသူ၏ အဖြစ်ကဲ့သို့၊ (ဤပျင်းရိသူ၏ ဖြစ်ကြောင်း ထိနမိဒ္ဓကဲ့သို့) (**ဧဝံ** = တူ) **အညံ** = **ကောသဇ္ဇ** မှ တပါးသော။ ပ။ **ကုသီတဿ** = ပျင်းရိသောသူမှာ [စက်ဆုတ်ဖွယ် တွန့်ဆုတ်တတ်သောသူမှာ။ ကု+သဒ+အ။ သဒဓာတ်ကို သိဒပြု၊ ဒကိုတပြု။ ကုစ္ဆိတံ သိဒတီတိ ကုသီတော၊ ကုသိတဿဘာဝေါ ကောသဇ္ဇံ]။ ပ။

#### ၆-အစ္ဆရာသင်္ဃာတဝဂ်

**၁။ ပမာဒနှင့် အပ္ပမာဒ။** ။ သတိ၏ဆန့်ကျင်ဘက် (သို့မဟုတ်-သတိ၊ သမ္ပဇညနှစ်ပါးလုံး၏ ဆန့်ကျင်ဘက်) ဖြစ်သော အကုသိုလ်စိတ္တုပ္ပါဒ်ကို **ပမာဒ** (မေ့လျော့ခြင်းသဘော) ဟုခေါ်၏။ **ပမာဒေါ ပန သတိယာ သတိသမ္ပဇညဿ ဝါ ပဋိပက္ခဘူတော အကုသလစိတ္တုပ္ပါဒေါ ဒဋ္ဌဗ္ဗော။ ဋီကာ။**

**န ပမဇ္ဇတိ ဧတေနာတိ အပ္ပမာဒေါ**... မမေ့လျော့ကြောင်း သဘောတရား၊ ယခင်ပမာဒမည်သော အကုသိုလ်စိတ္တုပ္ပါဒ်၏ ဆန့်ကျင်ဘက်ဖြစ်သော သတိမကင်းကွာခြင်း သဘောတည်း၊ တရားကိုယ်အနက် တိတိကျကျပြရလျှင်-အမြဲမပြတ် စွဲကပ်တည်နေသော သတိကို **အပ္ပမာဒ** ဟုခေါ်၏။ **အတ္ထတော နိစ္စံ ဥပဋ္ဌိတာယ သတိယာ ဧတံ နာမံ။**

