## PAGE 43

**၆၀-၆၄။** **ဣဒံ (အယံ) ဝီရိယာရမ္ဘော ယထာ** = ဤသမ္မပ္ပဓာန်ဝီရိယကို အားထုတ်ခြင်းကဲ့သို့၊ ဝါ=ဤကုသိုလ်ကိစ္စကို အားထုတ်တတ်သော သမ္မပ္ပဓာန်ဝီရိယကဲ့သို့၊ (**ဧဝံ** = တူ) **အညံ** = **ဝီရိယာရမ္ဘ** မှ တပါးသော။ ပ။ **ဘိက္ခဝေ** = တို့၊ **အာရဒ္ဓဝီရိယဿ** = ၏။ ဝါ=မှာ။ [စာပိုဒ် (၁၈) သုတ် ပြန်ကြည့်။ ပ။]

**ဣဒံ (အယံ) မဟိစ္ဆတာ ယထာ** = ဤအားကြီးသော လိုချင်မက်မောမှုရှိသူ၏ အဖြစ်ကဲ့သို့၊ ဝါ=ဤလောဘအလိုရမ္မက်အားကြီးခြင်း ကဲ့သို့၊ (**ဧဝံ** = တူ) **အညံ** = **မဟိစ္ဆတာ** မှ တပါးသော။ ပ။ **ဘိက္ခဝေ** = တို့၊ **မဟိစ္ဆဿ** = အားကြီးသော လိုချင်တပ်မက်မောမှု ရှိသောသူ၏၊ ဝါ=သူမှာ။ ပ။

**ဣဒံ (အယံ) အပိစ္ဆတာ ယထာ** = ဤလိုချင်မက်မောမှု မရှိသူ၏ ဖြစ်ကြောင်း အလောဘကဲ့သို့၊ **နတ္ထိ ဣစ္ဆာ ဧတဿာတိ အပ္ပစ္ဆော**၊ အပိစ္ဆဿ ဘာဝေါ (ဖြစ်ကြောင်း အလောဘသည်) **အပိစ္ဆတာ**။ [အပ္ပသဒ္ဒါ အဘာဝအနက်ဟော]။ ပ။ **အပ္ပစ္ဆဿ** = လိုချင်မက်မောမှုမရှိသောသူ၏၊ ဝါ=သူမှာ။ ပ။

**ဣဒံ (အယံ) အသန္တုဋ္ဌိတာ ယထာ** = ဤကိုယ်ပိုင်ပစ္စည်းဖြင့် ရောင့်ရဲကျေနပ်မှု မရှိသူ၏ ဖြစ်ကြောင်း လောဘကဲ့သို့။ ပ။ **အသန္တုဋ္ဌဿ** = ကိုယ်ပိုင်ပစ္စည်းဖြင့် မရောင့်ရဲသောသူ၏၊ ဝါ=သူမှာ။ ပ။

**၆၅၊ ၇၀။** **ဣဒံ (အယံ) သန္တုဋ္ဌိတာ ယထာ** = ဤကိုယ်ပိုင်ပစ္စည်းဖြင့် ရောင့်ရဲကျေနပ်မှုရှိသောသူ၏ ဖြစ်ကြောင်း အလောဘကဲ့သို့၊ **သေန သကေန တုဋ္ဌိ ဧတဿာတိ သန္တုဋ္ဌိ**။ [“သန္တုဋ္ဌိ”မှ နိဂ္ဂဟိတ်လာ၊ ဝန္တပြု၍ သန္တုဋ္ဌိဖြစ်သည်ဟု ကြံပါ။ သန္တုဋ္ဌိဿ ဘာဝေါ သန္တုဋ္ဌိတာ] ဝါ=ဤထင်ရှားရှိသော ပစ္စည်းဖြင့် ရောင့်ရဲကျေနပ်မှုရှိသောသူ၏ ဖြစ်ကြောင်း အလောဘကဲ့သို့ [**သန္တေန တုဋ္ဌိ ဧတဿာတိ သန္တုဋ္ဌိ** စသည်ပြု၊ “သန္တုဋ္ဌိ”မှ တကိုချေ၍ သန္တုဋ္ဌိပြီးသည်ဟု ကြံပါ] ဝါ=ဤ (အပိုအမိုအလိုမရှိ) မျှတရုံ အသင့်အတင့်လောက်ဖြင့် ရောင့်ရဲကျေနပ်မှုရှိသောသူ၏ ဖြစ်ကြောင်း အလောဘကဲ့သို့ [**သမမေဝ တုဋ္ဌိ ဧတဿာတိ သန္တုဋ္ဌိ**။ သံသဒ္ဒါ သမအနက်ဟောကြံလေ။ သီလက္ခန်ဋီကာ (၂၅၅)၌ “သမမေဝ စ တုဿနကော”ဟု ဝသဒ္ဒါပါ၏၊]။ ပ။

**သန္တုဋ္ဌဿ** = ကိုယ်ပိုင်ပစ္စည်းဖြင့် ရောင့်ရဲတတ်သောသူမှာ၊ ဝါ=ထင်ရှားရှိသော ပစ္စည်းဖြင့်ရောင့်ရဲသောသူမှာ၊ ဝါ=ဤမျှတရုံ အသင့်အတင့်လောက်ဖြင့် ရောင့်ရဲသောသူမှာ။ ပ။

[စာပိုဒ် ၆၆။ ၆၇ သုတ်တို့ကို စာပိုဒ် ၁၁၊ ၁၂၊ ၁၅ သုတ် စသည်ကို နည်းမှီး၍ အနက်ဆိုပါ]။

**ဣဒံ အသမ္ပဇညံ ယထာ** = ဤကောင်းစွာ ခွဲခြားမသိသူ၏ ဖြစ်ကြောင်း

## PAGE 44

**မောဟ** ကဲ့သို့။ ပ။ **အသမ္ပဇာနဿ** = ကောင်းစွာခွဲခြား မသိသော သူမှာ။ ပုန **ဣဒံ သမ္ပဇညံ ယထာ** = ဤကောင်းစွာ ခွဲခြားသိသောသူ၏ ဖြစ်ကြောင်း ပညာကဲ့သို့။ ပ။ **သမ္ပဇာနဿ** = ကောင်းစွာခွဲခြားသိသောသူ၏၊ ဝါ=မှာ။

**ဣဒံ (အယံ) ပါပမိတ္တတာ ယထာ** = ဤယုတ်မာသော မိတ်ဆွေရှိသူ၏ ဖြစ်ကြောင်း အကုသိုလ်ကဲ့သို့ [ယုတ်မာသော မိတ်ဆွေတို့ကို ကြည်ဖြူနှစ်သက် လက်ခံပေါင်းသင်း စိတ်ညွတ်ကိုင်းခြင်း အခြင်းအရာအားဖြင့် ဖြစ်သော အကုသိုလ်နာမက္ခန္ဓာလေးပါးကို ပါပမိတ္တတာဟု ခေါ်သည်]။ ပ။ **အညံ** = ပါပမိတ္တတာမှ တပါးသော။ ပ။ **ပါပမိတ္တဿ** = ယုတ်မာသော မိတ်ဆွေ ရှိသူမှာ။ ပ။

#### ၈-ကလျာဏမိတ္တာဒိဝဂ်

**၇၁၊ ၇၂။** **ဣဒံ (အယံ) ကလျာဏမိတ္တတာ ယထာ** = ဤကောင်းသော မိတ်ဆွေရှိသူ၏ ဖြစ်ကြောင်း ကုသိုလ်တရားကဲ့သို့၊ [ကုသိုလ်နာမ်ခန္ဓာလေးပါးတည်း]။ ပ။ **ကလျာဏမိတ္တဿ** = ကောင်းသော မိတ်ဆွေရှိသူမှာ။ ပ။

**ဘိက္ခဝေ** = တို့၊ **အကုသလာနံ ဓမ္မာနံ** = အကုသိုလ်ဖြစ်ကုန်သော တရားတို့ကို၊ **ဣဒံ (အယံ) အနုယောဂေါ ယထာ** = ဤအားထုတ်ခြင်းကဲ့သို့၊ **ကုသလာနံ ဓမ္မာနံ** = စတုဘူမက ကုသိုလ်ဖြစ်ကုန်သော တရားတို့ကို၊ **ဣဒံ (အယံ) အနနုယောဂေါ ယထာ** = ဤအားမထုတ်ခြင်းကဲ့သို့ (**ဧဝံ** = တူ) **အညံ** = အကုသိုလ်တရားတို့ကို အားထုတ်ခြင်း, ကုသိုလ်တရားတို့ကို အားမထုတ်ခြင်းမှ တပါးသော။ ပ။

**ဘိက္ခဝေ** = တို့၊ **အကုသလာနံ ဓမ္မာနံ** = ကုန်သော တရားတို့ကို၊ **အနုယောဂါ** = အားထုတ်ခြင်းကြောင့်၊ **ကုသလာနံ ဓမ္မာနံ** = တို့ကို၊ **အနနုယောဂါ** = အားမထုတ်ခြင်းကြောင့်၊ **အနုပ္ပန္နော** = ကုန်သော၊ **အကုသလာ**။ ပ။

**၇၄-၇၅။** **အနုပ္ပန္နော** = ကုန်သော၊ **ဗောဇ္ဈင်္ဂါ** ဝါ = (စတုဘူမကဖြစ်သော) -

**၁။ ဗောဇ္ဈင်္ဂပုဒ်၏ ဝစနတ္ထ။** ။ **ဗောဇ္ဈင်္ဂ** = ဗောဓိ + အင်္ဂ။ **စတ္တာရိ အရိယသစ္စာနိ ဗုဇ္ဈတိ ပဋိဝိဇ္ဈတီတိ ဗောဓိ** = အရိယသစ္စာလေးပါးတို့ကို ထိုးထွင်းသိတတ်သော အရိယသာဝက။ (တနည်း) **သမ္မောဟနိဒ္ဒါတော ဗုဇ္ဈတိ ဝုဋ္ဌာတီတိ ဗောဓိ** = ပြင်းထန်စွာ တွေဝေသော မောဟဟူသော အိပ်ပျော်ခြင်းမှ နိုးကြားတတ်သော အရိယသာဝက။ **ဗောဓိဿ အင်္ဂါတိ ဗောဇ္ဈင်္ဂါ** = ထိုအရိယသာဝက၏ အကြောင်းတရားများ (ဗောဇ္ဈင်တရား ခုနှစ်ပါးတည်း)။ ဤ၌

## PAGE 45

**ဗောဇ္ဈင်တရားတို့သည်လည်း**၊ ဝါ=အရိယသစ္စာလေးပါးတို့ကို ထိုးထွင်းသိတတ်သော အရိယသာဝက၏ အကြောင်းတရားတို့သည်လည်း၊ ဝါ=အရိယသစ္စာ လေးပါးတို့ကို ထိုးထွင်းသိကြောင်းဖြစ်သော တရားခုနစ်ပါး အားလုံးပေါင်း၏ အစိတ်အပိုင်း တရားတို့သည်လည်း၊ [ကျန်သော ဝိဂြိုဟ်နက်များကို အောက်ခြေ အဓိပ္ပါယ်ခန်း၌ ကြည့်ပါ] **နုပ္ပဇ္ဇန္တိ** = မဖြစ်ကုန်၊ **ဥပ္ပဇ္ဇန္တိ** = ဖြစ်ကုန်၏။ **ဥပ္ပန္နာ** = ဖြစ်ပြီးကုန်သော၊ **ဗောဇ္ဈင်္ဂါ** ဝါ = ဗောဇ္ဈင်တရားတို့သည်လည်း၊ **ဘာဝနာပါရိပူရိံ** = ဖြစ်ပွားစေခြင်းကိစ္စ၏ ပြည့်စုံခြင်းသို့၊ ဝါ=ဖြစ်ပွားတိုးတက်အောင် အားထုတ်ခြင်းကိစ္စ၏ ပြီးပြည့်စုံခြင်းသို့၊ **န ဂစ္ဆန္တိ** = မရောက်တော့ကုန်၊ [ဥပ္ပန္နဗောဇ္ဈင်တရားများ ဖြစ်ပွားတိုးတက်အောင် အားထုတ်ဖို့ကိစ္စသည် ဆုံးခန်းအထိ ပြီးပြည့်စုံခြင်းသို့ မရောက်ဟူလို။]။ ပ။ **ဂစ္ဆန္တိ** = ရောက်ကုန်၏။ ပ။

**၇၆။** **ဘိက္ခဝေ** = တို့၊ **ယဒိဒံ (ယာ အယံ) ဉာတိပရိဟာနိ** = အကြင်ဆွေမျိုးတို့ ယုတ်လျော့ခြင်းသည်၊ (**အတ္ထိ** = ရှိ၏) **ဧသာ ပရိဟာနိ** = ထိုဆွေမျိုးတို့ ယုတ်လျော့ခြင်းသည်၊ **အပ္ပမတ္တကာ** = အနည်းငယ်သော အတိုင်းအရှည်ရှိ၏၊ ဝါ=မပြောလောက်ဖွယ် အနည်းငယ်သော ယုတ်လျော့ခြင်းမျိုးသာတည်း၊ **ဘိက္ခဝေ** = တို့၊ (**သာသနေ** = ငါဘုရား၏ သာသနာတော်၌၊) **ပရိဟာနိနံ** = ယုတ်လျော့ခြင်း အားလုံးတို့တွင်။ **ယဒိဒံ (ယာ အယံ) ပညာပရိဟာနိ** = အကြင်ပညာ-“အကြောင်း”ဟူသည် သစ္စာလေးပါးကို ထိုးထွင်းသိခြင်း၏ အကြောင်းတည်း။

**အင်္ဂသဒ္ဒါသည် ကာရဏအနက်ကိုဟော၏။**

(တနည်း) **စတ္တာရိ အရိယသစ္စာနိ ဗုဇ္ဈန္တိ ယာယ ဓမ္မသာမဂ္ဂီယာတိ ဗောဓိ** = သစ္စာလေးပါးတို့ကို ထိုးထွင်းသိကြောင်း တရားအပေါင်း (ထိုဗောဇ္ဈင်ခုနစ်ပါး အားလုံးပေါင်းတည်း။) **သမ္မောဟနိဒ္ဒါတော ဗုဇ္ဈတိ ဝုဋ္ဌာတိ ယာယ ဓမ္မသာမဂ္ဂီယာတိ ဝါ ဗောဓိ** = သမ္မောဟဟူသော အိပ်ပျော်ခြင်းမှ နိုးကြားထမြောက်ကြောင်း တရားအပေါင်း။ **ဗောဓိယာ အင်္ဂါတိ ဗောဇ္ဈင်္ဂါ** = ထိုတရားအပေါင်း (ဗောဓိ) ၏ အစိတ်အပိုင်းတရားများ၊ (ဗောဇ္ဈင်တရား ခုနှစ်ပါး အားလုံးပေါင်း၌ တခုစီ တခုစီအနေအားဖြင့် ပါဝင်သော အသီးအသီးသော ဗောဇ္ဈင်တရားများတည်း။) ဤနည်း၌ အင်္ဂသဒ္ဒါ အဝယဝအနက်ဟောဖြစ်၏။

-(တနည်း) **စတ္တာရိ အရိယသစ္စာနိ ဗုဇ္ဈန္တီတိ ဗောဓိယော**၊ **ဗောဓိယော ဧဝ အင်္ဂါ ဗောဇ္ဈင်္ဂါ** = အရိယသစ္စာလေးပါးတို့ကို ထိုးထွင်းသိတတ်သော အကြောင်းတရားများ (သစ္စာလေးပါးကို ထိုးထွင်းသိခြင်း၏ အကြောင်းဖြစ်သော ဗောဇ္ဈင်တရားများ)။
