## PAGE 46

**ယုတ်လျော့ခြင်းသည်**၊ (အကြင်ကမ္မဿကတာပညာ၊ ဈာန်ပညာ၊ ဝိပဿနာပညာ၊ မဂ်ပညာ၊ ဖိုလ်ပညာတို့ ယုတ်လျော့ခြင်းသည်၊) (အတ္ထိ-ရှိ၏) **ဧတံ**=ထိုပညာယုတ်လျော့ခြင်းသည်။ (ပရိဟာနိနံ = ယုတ်လျော့ခြင်း အားလုံးကို အောက်၊) **ပဋိကိဋ္ဌိ**=ယုတ်နိမ့်ဆုံးပေတည်း။

**၇၇၊ ၈၀။** **ဘိက္ခဝေ**=တို့၊ **ယဒိဒံ** (**ယာ အယံ**) **ဉာတိဝုဒ္ဓိ**=အကြင်ဆွေမျိုး တိုးပွားခြင်းသည်၊ (အတ္ထိ) **ဧသော ဝုဒ္ဓိ**=ထိုဆွေမျိုး တိုးပွားခြင်းသည်၊ **အပ္ပမတ္တိကာ**=၏၊ **ဝါ**=မပြောလောက်ဖွယ် အနည်းငယ်သော တိုးပွားခြင်းမျိုးသာတည်း၊ **ဘိက္ခဝေ**=တို့၊ (သာသနေ=ငါဘုရားသာသနာတော်၌) **ဝုဒ္ဓိနံ**=တိုးပွားခြင်းဟူသမျှတို့တွင်၊ **ယဒိဒံ** (**ယာ အယံ**) **ပညာဝုဒ္ဓိ**=အကြင် ပညာတိုးပွားခြင်းသည်၊ (အကြင်ကမ္မဿကတာ စသော ပညာငါးမျိုး တိုးပွားခြင်းသည်) (အတ္ထိ) **ဧတံ** (**ဧသော ဝုဒ္ဓိ**)=ထိုပညာတိုးပွားခြင်းသည်။ [**ဧတဒဂ္ဂ**=**ဧတံ**+**အဂ္ဂ** (**ဝုဒ္ဓိနံ**=တိုးပွားခြင်းဟူသမျှတို့ ထက်၊) **အဂ္ဂ** (**အဂ္ဂါ**)=အမြတ်ဆုံးပေတည်း၊ **ဝါ**=သာလွန် ထူးချွန်ဆုံးပေတည်း၊ **ဘိက္ခဝေ**=တို့၊ **တသ္မာ**=ထို့ကြောင့်၊ **ဝါ**=ထိုသို့ ပညာဝုဒ္ဓိ၏ အသာလွန်ဆုံး ဖြစ်ခြင်းကြောင့်၊ **ဝါ**=ထိုသို့ ဆွေမျိုးတိုးပွားခြင်း၏ ယခု တစ်ဘဝအတွက်မျှ သေးသိမ်လှ၍ နတ်ပြည်နှင့် မဂ်တရားသို့ ပို့ဆောင်နိုင်သော တိုးပွားခြင်းမျိုး မဟုတ်သည် အဖြစ်ကြောင့်၊ **ဣဟ**=ဤသာသနာတော်၌၊ **တသ္မာ**+**ဣဟ**-ပုဒ်ဖြတ်၊ တ-အာဂုံ] (**ဝေါ**=သင်တို့သည်၊) **ဧဝံ**=ဤသို့ နှလုံးသွင်း၍၊ **သိက္ခိတဗ္ဗ**=ကျင့်ကြံအားထုတ်ရမည်၊ (**ကိန္တိ**=အဘယ်သို့ နှလုံးသွင်း၍၊ **သိက္ခိတဗ္ဗ**=ကျင့်ကြံအားထုတ်ရမည်နည်းဟူမူ၊ **မယံ**=ငါတို့သည်၊) **ပညာဝုဒ္ဓိယာ**=ပညာတိုးပွားခြင်းဖြင့်၊ **ဝဒ္ဓိဿာမ**=တိုးပွားကုန်အံ့၊ **ဣတိ**=ဤသို့ နှလုံးသွင်း၍။ (**သိက္ခိတဗ္ဗ**=ကျင့်ကြံအားထုတ်ရမည်၊)

[အထက်သို့ ပြန်အုပ်သည်] **ဘိက္ခဝေ**=တို့၊ **ဝေါ**=သင်တို့သည်။ **ဧဝံဟိ**=ဤသို့ နှလုံးသွင်း၍သာလျှင်၊ **သိက္ခိတဗ္ဗ**မည်။ ပ။ **ယဒိဒံ** (**ယာ အယံ**) **ဘောဂပရိဟာနိ**=အကြင်စည်းစိမ်ဥစ္စာ ဆုတ်ယုတ်ခြင်းသည်။ ပ။ **ယဒိဒံ** (**ယာ အယံ**) **ဘောဂဝုဒ္ဓိ**=အကြင်စည်းစိမ်ဥစ္စာ တိုးပွားခြင်းသည်။ ပ။ **ယဒိဒံ** (**ယာ အယံ**) **ယသောပရိဟာနိ**=အကြင်အခြံအရံ ဆုတ်ယုတ်ခြင်းသည်၊ (အတ္ထိ) **ဧသာ ပရိဟာနိ**=ထိုအခြံအရံ ဆုတ်ယုတ်ခြင်းသည်၊ **အပ္ပမတ္တိကာ**၏၊ **ဝါ**=တည်း။

ပ။ **အဋ္ဌမော**=ရှစ်ခုမြောက်သော၊ **ကလျာဏမိတ္တာဒိဝဂ္ဂေါ**=ဝဂ်တည်း။

## PAGE 47

#### ၉-ပမာဒါဒိဝဂ်

**၈၁၊ ၉၆။** **ယဒိဒံ** (**ယာ အယံ**) **ယသောဝုဒ္ဓိ**=အကြင် အခြံအရံ တိုးပွားခြင်းသည်။ ပ။ **ဘိက္ခဝေ**=တို့၊ **ဣဒံ** (**အယံ**) **ပမာဒေါ** **ယထာ**=ဤသတိလွတ်ကင်း မေ့လျော့ခြင်းကဲ့သို့၊ **ဧဝံ**=ဤအတူ၊ **ယော**=အကြင်တရားသဘောသည်၊ **မဟတော**=ကြီးမားများပြားလှစွာသော၊ **အနတ္ထာယ**=အကျိုးစီးပွားမဲ့အလို့ငှာ၊ **သံဝတ္တတိ**=ဖြစ်၏၊ တနည်း– **ဘိက္ခဝေ**=တို့၊ **ဣဒံ** (**အယံ**) **ပမာဒေါ**=ဟူခြင်းသည်၊ **မဟတော**=သော၊ **အနတ္ထာယ**=ငှာ၊ **သံဝတ္တတိ** **ယထာ**=ဖြစ်သကဲ့သို့၊ **ဧဝံ**=တူ၊ **ယော**=အကြင်တရားသဘောသည်၊ **မဟတော**=သော၊ **အနတ္ထာယ**=ငှာ၊ **သံဝတ္တတိ**=၏၊] **ဘိက္ခဝေ**=တို့၊ **အညံ**=ပမာဒမှ တစ်ပါးသော၊ **တံ** **ဧကဓမ္မမ္ပိ**=လည်း၊ **အဟံ**=သည်၊ **န** **သမနုပဿာမိ**=မမြင် [စာပိုဒ် ၅၈၊ ၅၉၊ ၆၀ နှင့် ဝီရိယာရမ္ဘဝဂ်ကိုလည်း ပြန်ကြည့်ပါ]။ ပ။

**စာပိုဒ် ၉၀ သုတ်၌**-**ဘိက္ခဝေ**=တို့၊ **အယောနိသော**=ဖြင့်၊ **ဣဒံ** (**အယံ**) **မနသိကာရော** **ယထာ**=ခြင်းကဲ့သို့ [စာပိုဒ် ၁၅ ကြည့်] **ဧဝံ**=တူ၊ **ယော**=အကြင်တရားသဘောသည်။ ပ။ **အညံ**=အယောနိသော မနသိကာရမှ တစ်ပါးသော။ ပ။ **န** **သမနုပဿာမိ**=မမြင်၊ **ဘိက္ခဝေ**=တို့၊ **အယောနိသော**=ဖြင့်၊ **မနသိကာရော**=သည်၊ **မဟတော**။ ပ။

**စာပိုဒ် ၉၆ ၌**-**ဘိက္ခဝေ**=တို့၊ **အကုသလာနံ**=ကုန်သော၊ **ဓမ္မာနံ**=တို့ကို၊ **ဣဒံ** (**အယံ**) **အနုယောဂေါ** **ယထာ**=ကဲ့သို့၊ **ကုသလာနံ**=ကုန်သော၊ **ဓမ္မာနံ**=တို့ကို၊ **ဣဒံ** (**အယံ**) **အနနုယောဂေါ** **ယထာ**=သို့၊ **ဧဝံ**=တူ၊ **ယော**=အကြင်တရားသဘောသည်၊ **မဟတော**။ ပ။ **အညံ**=အကုသိုလ်တရားတို့ကို အားထုတ်ခြင်း၊ ကုသိုလ်တရားတို့ကို အားမထုတ်ခြင်းမှ တစ်ပါးသော။ ပ။ **န** **သမနုပဿာမိ**=မမြင်၊ **ဘိက္ခဝေ**=တို့၊ **အကုသလာနံ**=ကုန်သော၊ **ဓမ္မာနံ**=တို့ကို၊ **အနုယောဂေါ**=အားထုတ်ခြင်းသည်၊ **ကုသလာနံ**=ကုန်သော၊ **ဓမ္မာနံ**=တို့ကို၊ **အနနုယောဂေါ**=အားမထုတ်ခြင်းသည်၊ **မဟတော**။ ပ။ **သံဝတ္တတိ**=ဖြစ်၏၊ **ဣတိ** (**အဝေါစ**) **သောဠသမံ**=၁၆ ခုမြောက်သုတ်တည်း။ ပ။ **သတ္တရသမံ**=၁၇ ခုမြောက် သုတ်တည်း၊ **နဝမော**=ကိုးခုမြောက်သော၊ **ပမာဒါဒိဝဂ္ဂေါ**=ပမာဒါဒိဝဂ်တည်း။

## PAGE 48

#### ၁၀-ဒုတိယပမာဒါဒိဝဂ်

**၉၈။** **ဘိက္ခဝေ**=ရဟန်းတို့၊ (**ပမာဒေါ**=သတိလွတ်ကင်း မေ့လျော့ခြင်းသည်။) **အဇ္ဈတ္တိကံ**=အဇ္ဈတ္တသန္တာန်၌ ဖြစ်သော၊ **ဝါ**=မိမိ၏ ရုပ်နာမ်ခန္ဓာအစဉ်၌ ဖြစ်ပေါ်နေသော၊ **အင်္ဂ**=အကြောင်းတရားတည်း၊ **ဣတိ**=ဤသို့ ဆင်ခြင်စဉ်းစားတော်မူခြင်းကို၊ **ကရိတွာ**=ပြုတော်မူပြီး၍၊ **ဝါ**=ပြုတော်မူခြင်းကြောင့် [**န** **သမနုပဿာမိ**-၌ စပ်] **ဘိက္ခဝေ**=တို့၊ **ဣဒံ** (**အယံ**) **ပမာဒေါ** **ယထာ**=ဤသတိလွတ်ကင်း မေ့လျော့ခြင်းကဲ့သို့၊ **ဧဝံ**=တူ၊ **ယံ**=အကြင်အကြောင်းတရားသည်၊ **မဟတော**=သော၊ **အနတ္ထာယ**=ငှာ၊ **သံဝတ္တတိ**=၏၊ **အညံ**=ပမာဒမှ တစ်ပါးသော၊ **တံ** **ဧကင်္ဂမ္ပိ**=ထိုတစ်ခုသောအကြောင်းကိုမျှလည်း (**အဟံ**=ငါသည်) **န** **သမနုပဿာမိ**=မမြင်၊

[ဆိုလိုရင်းကား ရဟန်းတို့ . . . . ငါသည် “ပမာဒသည် သတ္တဝါတို့၏ မိမိတို့ ရုပ်နာမ်ခန္ဓာအစဉ်၌ ဖြစ်ပေါ်နေသော အကြောင်းတရားဖြစ်၏” ဟု စဉ်းစားဆင်ခြင်တော်မူပြီးနောက် ပမာဒကဲ့သို့ ကြီးစွာသောအကျိုးမဲ့ကို ဖြစ်စေတတ်သော အခြားအကြောင်းတစ်မျိုးကိုမျှ မြင်တော်မမူဟူလို။] **ဘိက္ခဝေ**=တို့၊ **ပမာဒေါ**=သည်၊ **မဟတော**=သော၊ **အနတ္ထာယ**=ငှာ၊ **သံဝတ္တတိ**=၏၊ **ဣတိ**=ဤသို့၊ (အဝေါစ-မိန့်တော်မူပြီ)။

**၉၉၊ ၁၀၀။** **ဘိက္ခဝေ**=တို့၊ (**အပ္ပမာဒေါ**=မမေ့လျော့ကြောင်း သတိသည်။) **အဇ္ဈတ္တိကံ**=သော၊ **အင်္ဂ**=တည်း၊ **ဣတိ**=ကို၊ **ကရိတွာ**=၍၊ **ဝါ**=ကြောင့်၊ **ဘိက္ခဝေ**=တို့၊ **ဣဒံ** (**အယံ**) **အပ္ပမာဒေါ** **ယထာ**=ကဲ့သို့၊ **ဧဝံ**=တူ၊ **ယံ**=အကြင်အကြောင်းတရားသည် ။ ပ ။ **အညံ**=အပ္ပမာဒမှ တစ်ပါးသော ။ ပ ။

**စာပိုဒ် ၁၀၀ သုတ်၌**-**ဘိက္ခဝေ**=တို့၊ (**ကောသဇ္ဇံ**=ပျင်းရိသူ၏ အဖြစ်သည်၊) **အဇ္ဈတ္တိကံ**။

**၁။ အဇ္ဈတ္တိကပုဒ် ဝစနတ္ထ**။ ။**အတ္တာနံ အဓိကိစ္စ ပဝတ္တံ အဇ္ဈတ္တံ**=မိမိခန္ဓာကိုယ်ကို စွဲမှီရည်စူး၍ဖြစ်သော (ငါ၏ခန္ဓာကိုယ်ကလေးဟု စွဲမက်ခံရဘို့ ရည်ရွယ်တောင့်တနေသကဲ့သို့ဖြစ်သော စိတ်၊ စေတသိတ်၊ ရုပ်ဟူသော) နိယကဇ္ဈတ္တတရားအပေါင်း။ ၎င်းကိုပင် မိမိသန္တာန် (မိမိရုပ်နာမ်ခန္ဓာအစဉ်)ဟု ခေါ်၏။ **အဇ္ဈတ္တေ ဘဝံ-အဇ္ဈတ္တိကံ**=မိမိသန္တာန် (မိမိရုပ်နာမ်ခန္ဓာအစဉ်)ဟူသော ထိုနိယကဇ္ဈတ္တ၌ ဖြစ်ပေါ်နေသော အကြောင်းတရား၊ (ဤသုတ်မှ ပမာဒနှင့် နောက်နောက်သုတ်တို့မှ အပ္ပမာဒ ကောသဇ္ဇမှစ၍ သမ္ပဇညတိုင်အောင်သော အကြောင်းတရားများတည်း)

