## PAGE 49

**စာပိုဒ် ၁၀၁-၌**-**ဘိက္ခဝေ**=တို့၊ (**ဝီရိယာရမ္ဘော**=သမ္မပ္ပဓာန်ဝီရိယကို အားထုတ်ခြင်းသည်၊) **အဇ္ဈတ္တိကံ**=သော၊ **အင်္ဂ**=တည်း၊ ဤနည်းအားဖြင့် **အဇ္ဈတ္တိကံ** ပုဒ်၏ ရှေ့ဝယ် ပါဠိတစ်ပုဒ် အပိုထည့်စွက်ပေးရာ၌ ပြလတံ့သော **ယထယိဒံ** စသော ဝါကျဆီသို့ လှမ်းမျှော်ကြည့်ပြီး ထည့်ပါ။

**၁၀၂၊ ၁၀၉။** ဤ၌ မြှုပ်ကွက်ပေယျာလကို ဖော်လိုလျှင်- **ယထယိဒံ** **ဘိက္ခဝေ** **မဟိစ္ဆတာ**။ **မဟိစ္ဆတာ** **ဘိက္ခဝေ** **မဟတော** **အနတ္ထာယ** **သံဝတ္တတိတိ** **ပဉ္စမံ**။ **အဇ္ဈတ္တိကံ** **ဘိက္ခဝေ** **အင်္ဂန္တိ** **ကရိတွာ** **နာညံ** **ဧကင်္ဂမ္ပိ** **သမနုပဿာမိ**၊ **ယံ** **ဧဝံ** **မဟတော** **အတ္ထာယ** **သံဝတ္တတိ**၊ **ယထယိဒံ** **ဘိက္ခဝေ** **အပိစ္စတာ**။ **အပ္ပိစ္စတာ** **ဘိက္ခဝေ** **မဟတော** **အတ္ထာယ** **သံဝတ္တတိတိ**။ **ဆဋ္ဌံ**။ ထို့နောက် “အသန္တုဋ္ဌိတာ” အတွက် တစ်သုတ်ကိုလည်းကောင်း၊ သန္တုဋ္ဌိတာ စသည်အတွက် တစ်သုတ်စီ တစ်သုတ်စီကိုလည်းကောင်း ဖော်ပါ။

**၁၁၀၊ ၁၁၁။** **ဘိက္ခဝေ**=တို့၊ (**ပါပမိတ္တတာ**=ယုတ်မာသော မိတ်ဆွေရှိသူ၏ ဖြစ်ကြောင်း အကုသိုလ်သည်။) **ဗာဟိရံ**=အဇ္ဈတ္tသန္တာန်မှ အပြင်အပ သူတစ်ပါးသန္တာန်၌ဖြစ်သော၊ **ဝါ**=အဇ္ဈတ္တသန္တာန်မှ အပြင်အပ သူတစ်ပါးရုပ်နာမ်ခန္ဓာအစဉ်၌ဖြစ်သော၊ **အင်္ဂ**=တည်း၊ **ဣတိ**=ဤသို့ ဆင်ခြင်စဉ်းစားတော်မူခြင်းကို၊ **ကရိတွာ**=၍၊ **ဝါ**=ကြောင့်၊ **ဘိက္ခဝေ**=တို့၊ **ဣဒံ** (**အယံ**) **ပါပမိတ္တတာ** **ယထာ**=ကဲ့သို့။ ပ။ **ဘိက္ခဝေ**=တို့၊ (**ကလျာဏမိတ္တတာ**=ကောင်းသောမိတ်ဆွေရှိသူ၏ ဖြစ်ကြောင်းကုသိုလ်သည်) **ဗာဟိရံ**=သော၊ **အင်္ဂ**=တည်း။ ပ။ **စုဒ္ဒသမံ**=၁၄ ခုမြောက်သုတ်တည်း။

**၁၁၂။** **ဘိက္ခဝေ**=တို့၊ (**အကုသလာနံ**=ကုန်သော၊ **ဓမ္မာနံ**=တို့ကို၊ **အနုယောဂေါ**=သည်၊ **ကုသလာနံ**=ကုန်သော၊ **ဓမ္မာနံ**=တို့ကို၊ **အနနုယောဂေါ**=သည်) **အဇ္ဈတ္တိကံ**=သော၊ **အင်္ဂ**=တည်း၊ **ဣတိ**=ကို၊ **ကရိတွာ**=၍၊ **ဝါ**=ကြောင့်၊ **ဘိက္ခဝေ**=တို့၊ **အကုသလာနံ**=ကုန်သော၊ **ဓမ္မာနံ**=တို့ကို၊ **ဣဒံ** (**အယံ**) **အနုယောဂေါ** **ယထာ**=သို့၊ **ကုသလာနံ**=ကုန်သော၊ **ဓမ္မာနံ**=တို့ကို၊ **ဣဒံ** (**အယံ**) **အနနုယောဂေါ** **ယထာ**=သို့၊ **ဧဝံ**=တူ၊ **ယံ**=အကြင်အကြောင်းတရားသည်၊ **မဟတော**=သော၊ **အနတ္ထာယ**=ငှာ၊ **သံဝတ္တတိ**=၏၊ **အညံ**=အကုသိုလ်တရားတို့ကို အားထုတ်ခြင်း၊ ကုသိုလ်တရားတို့ကို အားမထုတ်ခြင်းမှ တစ်ပါးသော၊ **တံ** **ဧကင်္ဂမ္ပိ**=ထိုတစ်ခုသော အကြောင်းကိုမျှလည်း၊ (**အဟံ**=သည်) **န** **သမနုပဿာမိ**=မမြင်၊ **ဘိက္ခဝေ**=တို့၊ **အကုသလာနံ**=ကုန်သော၊ **ဓမ္မာနံ**=တို့ကို၊ **အနုယောဂေါ**=သည်၊ **ကုသလာနံ**=ကုန်သော၊ **ဓမ္မာနံ**=တို့ကို၊ **အနနုယောဂေါ**=သည်၊ **မဟတော**=သော၊ **အနတ္ထာယ**

## PAGE 50

**သံဝတ္တတိ**=၏၊ **ဣတိ**=သို့ (**အဝေါစ**) **ပန္နရသမံ**=၁၅ ခုမြောက်သုတ်တည်း။

**၁၁၄၊ ၁၂၉။** **ဘိက္ခဝေ**=တို့၊ **ဣဒံ** (**အယံ**) **ပမာဒေါ** **ယထာ**=သို့၊ **ဧဝံ**=တူ၊ **ယော**=အကြင်တရားသဘောသည်၊ **သဒ္ဓမ္မဿ**=သူတော်ကောင်းတရားဟူသော သာသနာတော်၏၊ **သမ္မောသာယ**=မေ့ပျောက်ပျက်စီးခြင်းငှာ၊ **အန္တရဓာနာယ**=ကွယ်ပခြင်းငှာ၊ **သံဝတ္တတိ**=၏၊ **ဘိက္ခဝေ**=တို့၊ **အညံ**=ပမာဒမှ တစ်ပါးသော။ ပ။ **သတ္တရသမံ**=၁၇ ခုမြောက်သုတ်တည်း။ ပ။ **ဌိတိယာ**=ကြာမြင့်စွာ တည်တံ့ခြင်းငှာ၊ **အသမ္မောသာယ**=မမေ့ပျောက်ခြင်းငှာ၊ **အနန္တရဓာနာယ**=မကွယ်ပခြင်းငှာ။ ပ။ **အဋ္ဌာရသမံ**=၁၈ ခုမြောက်သုတ်တည်း။ ပ။ **ဧကူနဝီသတိမံ**=တစ်ဆယ့်ကိုးခုမြောက်သုတ်တည်း။ ပ။ **ဝီသတိမံ**=၂၀ ခုမြောက်သုတ်တည်း။ ပ။ **ဧကတ္တိသတိမံ**=၃၁ ခုမြောက်သုတ်တည်း။ ပ။ **ဗာတ္တိသတိမံ**=၃၂ ခုမြောက်သုတ်တည်း။ **စတုက္ကောဋိကံ**=စတုက္ကောဋိကသုတ် အပေါင်းသည်၊ **ဝါ**=လေးမျိုးသော အစွန်းအနားအပိုင်းအခြားရှိသော သုတ်အပေါင်းသည်၊ **ဝါ**=လေးမျိုးသော အစွန်းအနားတို့ဖြင့် ပိုင်းခြားကန့်သတ် အနားကွပ်ထားအပ်သော သုတ်အပေါင်းသည်၊ **နိဋ္ဌိတံ**=ပြီးပြီ။

**၁၃၀။** **အဓမ္မ**, **ဓမ္မ**, **အဝိနယ** စသော ပုဒ်တို့ကို သုတ္တန်ဒေသနာတော်နည်း၊ ဝိနည်းဒေသနာတော်နည်းဟူ၍ အဋ္ဌကထာ၌ နှစ်နည်းဖွင့်ထား၏။ ဤနိသျ၌ တာဝန်ကျေပြွန်အောင် (နောက်ထပ်သီးသန့်အဓိပ္ပာယ်ရေးစရာလည်း မလိုအောင်) ထိုအဖွင့်များအတိုင်း ရှည်လျားစွာ အနက်ပေးထား၏။ သို့သော် ရှည်လျားသောအနက်ကို မမှတ်လိုလျှင် ပထမဦးဆုံးပေးထားသော တိုတိုကျဉ်းကျဉ်း အနက်ကိုသာ မှတ်ရန်ဖြစ်ပါသည်။]

**၁။ စတုက္ကောဋိကံ**။ ။**ကောဋိသဒ္ဒါ**သည် အစွန်းအနား အပိုင်းအခြားအနက်ဟောတည်း၊ (၁) **အနုယောဂေါ** **အကုသလာနံ**။ (၂) **အနနုယောဂေါ** **ကုသလာနံ**။ (၃) **အနုယောဂေါ** **ကုသလာနံ**။ (၄) **အနနုယောဂေါ** **အကုသလာနံ** ဟူသော လေးချက်ကို စတုတ္ထောင့် (လေးခုသော အစွန်းအနားကွပ်)ဟု ခေါ်၏။ **နာဟံ** **ဘိက္ခဝေ** **အညံ** **ဧကဓမ္မမ္မိ** **သမနုပဿာမိ**-စသည်ဖြင့် ဟောတော်မူအပ်သော သုတ်တို့ကို ထိုလေးချက်ဖြင့် အဆုံးသတ် အနားကွပ်ထား၏။ ထို့ကြောင့် ယင်းသုတ်တို့ကို **စတုက္ကောဋိက**ဟု ခေါ်၏။ **စတဿော** **ကောဋိယော** **ဧတဿာတိ** **စတုက္ကောဋိကံ**။
## PAGE 51

**၁၃၀။** **ဘိက္ခဝေ** = တို့၊ **ယေ တေ ဘိက္ခု** = အကြင်ရဟန်းတို့သည်၊ **အဓမ္မံ** = ဖြူစင်သန့်ရှင်း အပြစ်ကင်းသော တရားမဟုတ်သည်ကို၊ ဝါ = ဖြူစင်သန့်ရှင်း အပြစ်ကင်းသော ကုသိုလ်ကမ္မပထတရား စသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်သော ယုတ်မာမည်းညစ် အပြစ်ရှိသော အကုသိုလ်ကမ္မပထတရား၊ ဥပါဒါန်၊ နိဝရဏ စသောတရားကို၊ **ဓမ္မောတိ** = ဖြူစင်သန့်ရှင်း အပြစ်ကင်းသောတရားဟူ၍၊ **ဒီပေန္တိ** = ပြောပြကြကုန်အံ့။

(တနည်း) **အဓမ္မံ** = မှန်ကန်တိကျစွာ ဖော်ပြအပ်သောတရား မဟုတ်ဘဲ လျှော့ကာတိုးကာ လွဲမှားစွာ ဖော်ပြအပ်သောတရားကို။ ဝါ = သတိပဋ္ဌာန်တရားလေးပါး၊ သမ္မပ္ပဓာန်တရားလေးပါး စသည်ဖြင့် ဘုရားဟောတော်မူသည့်အတိုင်း မှန်ကန်တိကျစွာ ဖော်ပြထားသည်မဟုတ်ဘဲ သတိပဋ္ဌာန်တရားသုံးပါး၊ သမ္မပ္ပဓာန်တရား ငါးပါး စသည်ဖြင့် လျှော့ကာတိုးကာ လွဲမှားစွာ ဖော်ပြအပ်သောတရားကို၊ **ဓမ္မောတိ** = အပိုအလိုမရှိ မှန်ကန်တိကျစွာ ဖော်ပြအပ်သောတရားဟူ၍၊ **ဒီပေန္တိ** = အံ့။ [ဤကားသုတ္တန်ဒေသနာတော်နည်းတည်း]။

(တနည်း) **အဓမ္မံ** = ဝိနည်းတရားတော်နှင့်အညီ မပြုအပ်သော အဓမ္မကံကို၊ ဝါ = စောဒနာမှု အပြစ်ကိုသတိရစေမှုတို့ကို မပြုမူ၍ အပြစ်ကိုလည်း ဝန်မခံပါဘဲလျက် မဟုတ်မမှန်သောပြစ်မှု အကြောင်းရင်း ဝတ္ထုဖြင့် တဖက်သတ်ဆုံးဖြတ်အပ်သော အဓမ္မကံကို၊ **ဓမ္မောတိ** = ဝိနည်းတရားတော်နှင့် အညီ

၁။ သုတ္တန်ဒေသနာတော်နည်း အဓမ္မ။ ။ ဒသ အကုသလကမ္မပထာ သံကိလိဋ္ဌဓမ္မတာယ ဝေါဒါနဓမ္မပဋိပက္ခတ္တာ “အဓမ္မော”တိ ဒဿိတာ၊ တထာ ဥပါဒါနာဒယော။ သာရတ္ထဋီကာ၊ တ၊ ၄၂၁။

၂။ ဝိနည်းဒေသနာတော်နည်း ဓမ္မနှင့် အဓမ္မ။ ။ **ဓမ္မေန ကတ္တဗ္ဗ ကမ္မံ ဓမ္မော** = ဝိနည်းတရားတော်ဖြင့် (ဝိနည်း တရားတော်နှင့်အညီ) ပြုအပ်သောကံ၊ ဓမ္မကမ္မံဟု ဆိုလိုလျက် ကမ္မပုဒ်ချေထားသည်ဟု ကြံပါ။ န ဓမ္မော အဓမ္မော။ **ဝိနယပရိယာယေန ပန ဘူတေန ဝတ္ထုနာ စောဒေတွာ သာရေတွာ ယထာပဋိညာယ ကတ္တဗ္ဗိ ကမ္မံ ဓမ္မော နာမ။ အဘူတေန ဝတ္ထုနာ အစောဒေတွာ အသာရေတွာ အပဋိညာယ ကတ္တဗ္ဗ ကမ္မံ အဓမ္မော နာမ။** (အဋ္ဌကထာ) **ကတ္တဗ္ဗ ကမ္မံ ဓမ္မော နာမာတိ ယထာဓမ္မံ ကရဏတော ဓမ္မော နာမ** သာရတ္ထနှင့် ဥပရိပဏ်ဋီကာ။ ၂၄၅။

