## PAGE 52

ပြုအပ်သော ဓမ္မကံဟူ၍၊ ဝါ = စောဒနာမှ အပြစ်ကို သတိရစေမှုတို့ကို ပြုပြီးနောက် အပြစ်ကိုလည်း ဝန်ခံခြင်းကြောင့် ဟုတ်မှန်သော ပြစ်မှုအကြောင်းရင်း ဝတ္ထုဖြင့် ဆုံးဖြတ်အပ်သော ဓမ္မကံဟူ၍။ **ဒီပေန္တိ** = အံ့။ ဤကားဝိနည်း ဒေသနာတော်နည်း။

**ဘိက္ခဝေ** = တို့၊ **တေ ဘိက္ခူ** = ထိုရဟန်းတို့သည်၊ **ဗဟုဇနအဟိတာယ** = များစွာသော သတ္တဝါအပေါင်း၏ စီးပွားမဲ့အလို့ငှာ၊ **ဗဟုဇနအသုခါယ** = များစွာသော သတ္တဝါအပေါင်း၏ မချမ်းသာခြင်းငှာ၊ **ဗဟုနော** = များစွာသော၊ **မနုဿာနံ** = သတ္တဝါအပေါင်း၏။ **အနတ္ထာယ** = မကြီးပွားခြင်းငှာ ဝါ အကျိုးမဲ့အလို့ငှာ။ **အဟိတာယ** = စီးပွားမဲ့အလို့ငှာ၊ **ဒေဝမနုဿာနံ** = နတ်လူတို့၏၊ **ဒုက္ခာယ** = ဆင်းရဲခြင်းငှာ၊ **ပဋိပန္နော** = ကျင့်သူတို့ပေတည်း။

**ဘိက္ခဝေ** = တို့၊ **တေ ဘိက္ခု** = တို့သည်၊ **ဗဟုံ** = များစွာသော၊ **အပုညံ စ** = မကောင်းမှု အကုသိုလ်ကိုလည်း၊ **ပသဝန္တိ** = မိမိသန္တာန်၌ ဖြစ်စေကြကုန်၏။ ဝါ = ရရှိကြကုန်၏။ **တေ** = ထိုရဟန်းတို့သည်၊ **ဣမံ သဒ္ဓမ္မံ စ** = ဤသူတော်ကောင်းတရားကိုလည်း၊ **အန္တရဓာပေန္တိ** = ကွယ်ပျောက်စေကုန်၏။ ဣတိ(အဝေါစ)။

**တေတ္တိံသတိမ** (၃၃) ခုမြောက်သုတ်တည်း။

**၁၃၁။** **ဘိက္ခဝေ** = တို့။ **ယေ တေ ဘိက္ခု** = တို့သည်၊ **ဓမ္မံ** = ဖြူစင်သန့်ရှင်း အပြစ်ကင်းသောတရားကို၊ ဝါ = ဖြူစင်သန့်ရှင်း အပြစ်ကင်းသော ကုသိုလ်ကမ္မပထတရား၊ ဗောဓိပက္ခိယတရားကို၊ **အဓမ္မောတိ** = ဖြူစင်သန့်ရှင်း အပြစ်ကင်းသော တရား မဟုတ်ဟူ၍၊ **ဒီပေန္တိ** = အံ့။

(တနည်း) **ဓမ္မံ** = အပိုအလိုမရှိ မှန်ကန်တိကျစွာ ဖော်ပြအပ်သော တရားကို၊ **အဓမ္မောတိ** = မှန်ကန်တိကျစွာ ဖော်ပြအပ်သော တရားမဟုတ်ဟူ၍၊ **ဒီပေန္တိ** = အံ့။ [သုတ္တန်ဒေသနာတော်နည်းတည်း]

(တနည်း) **ဓမ္မံ** = ဝိနည်းတရားတော်နှင့်အညီ ပြုအပ်သော ဓမ္မကံကို။ ဝါ = စောဒနာမှု၊ အပြစ်ကိုသတိရစေမှုတို့ကို ပြုပြီးနောက် အပြစ်ကိုလည်း ဝန်ခံခြင်းကြောင့် ဟုတ်မှန်သောပြစ်မှု အကြောင်းရင်းဝတ္ထုဖြင့် ဆုံးဖြတ်အပ်သော ဓမ္မကံကို၊ **အဓမ္မောတိ** = အဓမ္မကံဟူ၍၊ ဝါ = ဝိနည်းတရားတော်နှင့်အညီ ပြုအပ်သောဓမ္မကံ မဟုတ်ဟူ၍၊ **ဒီပေန္တိ** = အံ့။ [ဝိနည်း ဒေသနာတော်နည်းတည်း]။ပ။

**စတုတ္တိံသတိမ** (၃၄) ခုမြောက်သုတ်တည်း။

**၁၃၂-၁၃၉။** **အဝိနယံ** = ရာဂစသည်ကို နှိပ်ကွပ်ပယ်ရှားတတ်သည် မဟုတ်သော အကုသိုလ်ကို၊ **ဝိနယောတိ** = ရာဂ စသည်ကို နှိပ်ကွပ်ပယ်ရှားတတ်သော ကုသိုလ်ဟူ၍၊ **ဒီပေန္တိ** = အံ့။ [သုတ္တန်ဒေသနာတော်နည်းတည်း]

## PAGE 53

(တနည်း) **အဝိနယံ** = ဝိနည်းကံတို့၏ ထမြောက်အောင်မြင်ကြောင်းမဟုတ်သော ဝတ္ထုဝိပတ္တိစသည်ကို၊ **ဝိနယောတိ** = ဝိနည်းကံတို့၏ ထမြောက်အောင်မြင်ကြောင်းဖြစ်သော ဝတ္ถုသမ္ပတ္တိ စသည်ဟူ၍၊ **ဒီပေန္တိ** = အံ့။ [ဝိနည်းဒေသနာတော်နည်းတည်း]။ပ။

**ဝိနယံ** = ရာဂစသည်ကို နှိပ်ကွပ်ပယ်ရှား တတ်သော ကုသိုလ်တရားကို၊ **အဝိနယောတိ** = ရာဂစသည်ကို နှိပ်ကွပ်ပယ်ရှားတတ်သည် မဟုတ်သော အကုသိုလ်တရားဟူ၍၊ **ဒီပေန္တိ** = အံ့။ [သုတ္တန်နည်း]

(တနည်း) **ဝိနယံ** = ဝိနည်းကံတို့၏ ထမြောက်အောင်မြင်ကြောင်းဖြစ်သော ဝတ္ထုသမ္ပတ္တိစသည်ကို၊ **အဝိနယောတိ** = ဝိနည်းကံတို့၏ ထမြောက်အောင်မြင်ကြောင်းမဟုတ်သော ဝတ္ထုဝိပတ္တိ စသည်ဟူ၍၊ **ဒီပေန္တိ** = အံ့။ [ဝိနည်းဒေသနာတော်နည်း]။ပ။

**တထာဂတေန** = မြတ်စွာဘုရားသည်၊ **အဘာသိတံ** = ဟောတော်မမူအပ်သော၊ **အလပိတံ** = မိန့်မြွက်တော်မမူအပ်သော၊ **ဝစနံ** = တရားစကားကို၊ ဝါ =

၁။ **အဝိနယံ ဝိနယောတိ ဒီပေန္တိ**။ ။ ဝိနယပရိယာယေန ဝတ္ထုသမ္ပတ္တိ ဉတ္တိသမ္ပတ္တိ။ပ။ ပရိသာသမ္ပတ္တိတိ အယံ ဝိနယော နာမ။ (အဋ္ဌကထာ)။ ဝတ္ထုသမ္ပတ္တိအာဒိဝသေန သဗ္ဗေသံ ဝိနယကမ္မာနံ အကုပ္ပတာတိ အာဟ “**ဝတ္ထုသမ္ပတ္တိ။ ပ! အယံ ဝိနယော နာမာ**”တိ။ (သာရတ္ထဋီကာ၊ တ၊ ၄၂၁။)။ ဝိနယပုဒ်၏ မုချအနက်မှာ ဥပသမ္ပဒါကံ၊ ဥပုသ်ပဝါရဏာကံ စသောဝိနည်းကံများဖြစ်၏။ သို့သော် ဤနေရာ၌ ဝိနယပုဒ်အရ ထိုဝိနည်းကံတို့ကိုသာ မယူဘဲ ထိုကံတို့၏ အောင်မြင်ကြောင်း မပျက်စီးကြောင်း (အကုပ္ပ) ဖြစ်သော ဝတ္ထုသမ္ပတ္တိ ဉတ္တိသမ္ပတ္တိ စသည်တို့ကိုပါ ဖလူပစာရအားဖြင့် ယူရမည်ဟု ဋ္ဌ၊ ဋီတို့ မိန့်ဆိုလိုဟန်ရှိသည်။

ဥပရိပဏ်ဋီကာ၌မူ “**အယံ ဝိနယော နာမ ယထာဝိနယကရဏတော**” ဟု (ဓမ္မပုဒ်တုန်းကအတိုင်းပင်) ဖွင့်ထား၏။ (သာရတ္ထ၌ ထိုအဖွင့်မပါ) ထိုအဖွင့်အတိုင်းဆိုလျှင် “**ဝိနယေန ကတ္တဗ္ဗ ကမ္မံ ဝိနယော** (ဝိနည်းတရားတော်ဖြင့် ပြုအပ်သောကံ)” ဟု ပြုရလိမ့်မည်။ အနက်ကိုလည်း “**အဝိနယံ** = ဝိနည်းတရားတော်နှင့်အညီ ပြုအပ်သည်မဟုတ်သော ဥပသမ္ပဒါစသောကံကို၊ ဝါ ဝိပတ္တိ စသည်တို့ကြောင့် မအောင်မြင်သော ဥပသမ္ပဒါစသောကံကို၊ **ဝိနယောတိ** = ဝိနည်းတော်နှင့်အညီ ပြုအပ်သောကံဟူ၍၊ ဝါ = ဝတ္ထုသမ္ပတ္တိစသည်တို့ကြောင့် အောင်မြင်သော ကံဟူ၍၊ **ဒီပေန္တိ** = အံ့” စသည်ဖြင့် အနက်ပေးရလိမ့်မည်။ အဋ္ဌကထာမှ သမ္ပတ္တိပုဒ်တို့ကိုလည်း ကာရဏူပစာရ ကြံရလိမ့်မည်။
## PAGE 54

**သတိပဋ္ဌာန်တရားသုံးပါး** **သမ္မပ္ပဓာန်တရားငါးပါး** စသည်ဖြင့် လျှော့ကာ တိုးကာ လွဲမှားစွာ ဖော်ပြအပ်သော သုတ္တန်တရားကို၊ ဝါ=ပါရာဇိကအာပတ်သုံးပါး သံဃာဒိသေသ်အာပတ် ၁၄ ပါး စသည်ဖြင့် လျှော့ကာ တိုးကာ လွဲမှားစွာ ဖော်ပြအပ်သော ဝိနည်းတရားကို၊ **တထာဂတေန**=သည်၊ **ဘာသိတံ**=ဟောတော်မူအပ်သော၊ **လပိတံ**=မိန့်မြွက်တော်မူအပ်သော၊ **ဝစနန္တိ**=တရားစကားဟူ၍၊ ဝါ=အပိုအလိုမရှိ မှန်ကန်တိကျစွာ ဖော်ပြအပ်သော တရားဟူ၍၊ ဒီပေန္တိ=အံ့။ ပ။

**တထာဂတေန**=သည်၊ **ဘာသိတံ**=သော၊ **လပိတံ**=သော၊ **ဝစနံ**=တရားစကားကို၊ ဝါ=သတိပဋ္ဌာန်လေးပါး စသည်ဖြင့် မှန်ကန်တိကျစွာ ဖော်ပြအပ်သော သုတ္တန်တရားကို၊ ဝါ=ပါရာဇိကအာပတ်လေးပါး စသည်ဖြင့် မှန်ကန်တိကျစွာ ဖော်ပြအပ်သော ဝိနည်းတရားကို၊ **တထာဂတေန**=သည်၊ **အဘာသိတံ**=သော၊ **အလပိတံ**=သော၊ **ဝစနန္တိ**=တရားစကားဟူ၍၊ ဝါ=လျှော့ကာ တိုးကာ လွဲမှားစွာ ဖော်ပြအပ်သော တရားဟူ၍၊ ဒီပေန္တိ=အံ့။ ပ။

**တထာဂတေန**=သည်၊ **အနာစိဏ္ဏံ**=မလေ့ကျက်အပ်သော အစဉ်အလာအကျင့်ကို၊ ဝါ=မလေ့ကျက်အပ်သော အစဉ်အလာအကျင့်ဖြစ်သော နေ့စဉ်ဖလသမာပတ် မဟာကရုဏာသမာပတ် မဝင်စားခြင်း၊ ဗုဒ္ဓစက္ခုဖြင့် သတ္တလောကကို မကြည့်ရှုခြင်း၊ အတ္ထုပ္ပတ္တိအားလျော်စွာ တရားမဟောခြင်းဟူသော တာဝန်မဲ့နေခြင်းကို၊ [ဤကား သုတ္တန်နည်းတည်း] ဝါ=မလေ့ကျက်အပ်သော အစဉ်အလာ အကျင့်ဖြစ်သော (ဝါကျွတ်သောအခါ ပင့်ဖိတ်သော ဒါယကာကို) မပန်ကြားဘဲ ခရီးဒေသစာရီ လှည့်လည်ခြင်း၊ ပဝါရဏာမပြုဘဲ ခရီးဒေသစာရီ လှည့်လည်ခြင်း၊ အာဂန္တုကရဟန်းတို့အား ဦးစွာစ၍ ကျန်းမာသာရေး စသည်မေးမှု ပဋိသန္တာရမပြုခြင်း ဟူသော လောကဝတ္တရား ပျက်ကွက်မှုကို၊ [ဤကား ဝိနည်းဒေသနာတော်နည်း]

**တထာဂတေန**=သည်၊ **အာစိဏ္ဏန္တိ**=လေ့ကျက်အပ်သော အစဉ်အလာအကျင့်ဟူ၍၊ ဒီပေန္တိ=အံ့။ ပ။

**တထာဂတေန**=သည်၊ **အာစိဏ္ဏံ**=လေ့ကျက်အပ်သော အစဉ်အလာအကျင့်ကို၊ ဝါ=လေ့ကျက်တော်မူအပ်သော အစဉ်အလာအကျင့်ဖြစ်သော နေ့စဉ်ဖလသမာပတ် မဟာကရုဏာသမာပတ် ဝင်စားတော်မူခြင်း၊ ဗုဒ္ဓစက္ခုဖြင့် သတ္တလောကကို ကြည့်ရှုတော်မူခြင်း၊ အတ္ထုပ္ပတ္တိအားလျော်စွာ တရားဟောတော်မူခြင်းကို၊ ဝါ=လေ့ကျက်တော်မူအပ်သော အစဉ်အလာ အကျင့်ဖြစ်သော (ဝါကျွတ်ပြီးနောက် ပင့်ဖိတ်သော ဒါယကာကို) ပန်ကြားပြီး ပဝါရဏာပြုပြီးမှသာ

