## PAGE 58

ရှေးဘုရားတို့နှင့် မခြားတမူ အလားတူ ကြွလာတော်မူသော မြတ်စွာဘုရားပေတည်း။ [**သမ္မာ** = မှန်ကန်စွာ + **သံ** = ကိုယ်တော်တိုင် + **ဗုဒ္ဓ** = အားလုံးစုံ အကုန်သိတော်မူသော။ **တထာ** = ထိုရှေးဘုရားတို့အတူ + **အာဂတော** = ကြွလာတော်မူသော မြတ်စွာဘုရား] **ဘိက္ခဝေ** = ရဟန်းတို့၊ **အယံ ဧကပုဂ္ဂလော** = ဤတစ်ဦးတည်းသော ပုဂ္ဂိုလ်သည်၊ လောကေ = လူသတ္တလောက၌။ ပ။ **သုခါယ** = ငှာ **ဥပ္ပဇ္ဇတိ** = ၏။ **ဣတိ (အဝေါစ)**

၁၇၁။ **ဘိက္ခဝေ** = ရဟန်းတို့၊ **လောကသ္မိံ** = လူသတ္တလောက၌၊ **ဧကပုဂ္ဂလဿ** = တစ်ဦးတည်းသော ပုဂ္ဂိုလ်၏။ **ပါတုဘာဝေါ** = ထင်ရှားဖြစ်ခြင်းကို၊ (မယ်တော်ဝမ်းမှ ဖွားမြင်တော်မူခြင်း၊ အရိယာနွယ်စစ် ဘုရားဖြစ်တော်မူခြင်းအားဖြင့် နှစ်ကြိမ်တိတိ ထင်ရှားဖြစ်တော်မူခြင်းကို) **ဒုလ္လဘော** = ခဲယဉ်းသဖြင့် ရအပ်၏၊ ဝါ = ရနိုင်ခဲ၏၊ **ကတမဿ** = အဘယ်သို့သော၊ **ဧကပုဂ္ဂလဿ**-၏ (**ပါတုဘာဝေါ** = ကို၊ **ဒုလ္လဘော** = အပ်သနည်းဟူမူ၊ ဝါ = ရနိုင်ခဲသနည်းဟူမူ) **အရဟတော** = ကိလေသာရန်သူတို့မှ ဝေးကွာတော်မူသော၊ **သမ္မာသမ္ဗုဒ္ဓဿ** = အမှားမပါ မှန်စွာပိုင်နိုင် ကိုယ်တိုင်စတွင် ကုန်စင်ခပင်း ကျန်ကြွင်းမရှိ သိမြင်တော်မူသော၊ **တထာဂတဿ** = မြတ်စွာဘုရား၏၊ (**ပါတုဘာဝေါ** = ကို၊ **ဒုလ္လဘော** = အပ်၏၊ ဝါ = ရ၏) **ဘိက္ခဝေ** = ရဟန်းတို့၊ **လောကသ္မိံ** = ၌၊ **ဣမဿ ဧကပုဂ္ဂလဿ** = ဤတစ်ဦးတည်းသော ပုဂ္ဂိုလ်၏၊ **ပါတုဘာဝေါ** = ကို၊ **ဒုလ္လဘော**။

၁၇၂-၃။ **ဘိက္ခဝေ** = ရဟန်းတို့။ ပ။ **ဥပ္ပဇ္ဇမာနော** = သော်၊ **အစ္ဆရိယမနုဿော** = 

#### ၁။ အစ္ဆရိယမနုဿောအဖွင့်လေးနည်း။

(၁) **အစ္ဆရိယမနုဿော** = တောင်ထက်မျက်ကန်း တက်လှမ်းသည့်ပမာ တရံတခါသာဖြစ်ပေါ်လာနိုင်သော ချီးမွမ်းအံ့သြဖွယ် လူပုဂ္ဂိုလ်ထူးသည်၊ 
(၂) ဝါ = လက်ဖျစ်တီး၍ငေးမောကြည့်ရှုရလောက်သော အံ့သြဖွယ်လူပုဂ္ဂိုလ်ထူးသည်၊ 
(၃) ဝါ = မဖြစ်စဖူး ချီးကျူးအံ့သြထိုက်သောဂုဏ်တို့နှင့်ပြည့်စုံသော လူပုဂ္ဂိုလ်ထူးသည်။ 
(၄) ဝါ = မည်သူတဦးမျှ မပြုကျင့်နိုင်သော မြင့်မြတ်သော အကျင့်ဂုဏ်ထူးတို့ကို လွန်ကဲစွာပြုကျင့်ဆည်းပူးတော်မူသော လူပုဂ္ဂိုလ်ထူးသည်’ဟု အဖွင့်များအတိုင်း အနက်အမျိုးမျိုးဆိုရာ၏။

တွဲစပ်ကြည့်ရန် ပုဒ်နက်ရှင်းလင်းချက်မှာ-
(၁) **အစ္ဆရိယောတိ အန္ဓဿ ပဗ္ဗတာရောဟဏံ ဝိယ နိစ္စံ န ဟောတီတိ အတ္ထော**၊ အယံ တာဝ သဒ္ဒနယော (အစ္ဆရိယ မနိစ္စေ၊ ၆၊ ၁။ ၁၄၇-သုတ်

## PAGE 59

**အစ္ဆရိယမနုဿော** = ချီးမွမ်းအံ့သြဖွယ် လူပုဂ္ဂိုလ်ထူးသည်၊ (ဟုတွာ = ဖြစ်၍၊) **ဥပ္ပဇ္ဇတိ**-၏။ ပ။ **ဘိက္ခဝေ** = ရဟန်းတို့၊ **ဧကပုဂ္ဂလဿ**-၏။ **ကာလကိရိယာ** = ပရိနိဗ္ဗာန်စံတော်မူခြင်းသည်၊ ဝါ = တခုသော အချိန်အခါ၌ ပရိနိဗ္ဗာန်စံမှု အထင်အရှားပြုတော်မူခြင်းသည်၊ ၄၅-ဝါ ကာလပတ်လုံး ပိဋကသုံးဖြာ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် တို့ကို မနေမနားဟောကြားတော်မူကာ သတ္တဝါတို့ကို နိဗ္ဗာန်တရား မျက်ဝါးထင်ထင် သိမြင်စေတော်မူခြင်းဖြင့် စိတ်တော်အလိုဆန္ဒ ပြည့်ဝတော်မူရာ တခုသော အချိန်အခါ၌ ပရိနိဗ္ဗာန်စံမှု အထင်အရှားပြုတော်မူခြင်းသည်-ဟု ဌ. ဋီကာအဖွင့်အတိုင်း အကျယ်တဝင့် အနက်ဆိုနိုင်၏၊ [**ကာလေ** = တခုသော အချိန်အခါ၌၊ **ကိရိယာ** = အထင်အရှားပြုတော်မူခြင်း၊]

**ပါဏိနိသဒ္ဒါ**ကျမ်းတို့၌လာသောနည်း။) ဤနည်း၌ အစ္ဆရိယသဒ္ဓါသည် အနိစ္စတာ (အနဘိဏှဝုတ္တိက) အနက်ကိုဟောသော ရဋီသဒ္ဒါဖြစ်၍ ဓာတ်ပစ္စည်းခွဲကာ ဝိဂြိုဟ်ပြုဘို့ပင်မလို။ သို့သော် “နိစ္စံ န ဟောတိ”ဟူသော အဋ္ဌကထာနှင့် “ဗဟုသော လောကေ န စိဏ္ဏာ န ပဝတ္တာ။ ပ။ နိဗ္ဗတ္တိ”ဟူသော အင်္ဂုတ္တိုရ်ဋီကာ၊ ဒု-၄၅’ကိုထောက်၍” န စရတိ န နိစ္စံ ဟောတိ ကဒါစိဒေဝ ဟောတီတိ အစ္ဆရိယော”ဟု ပြုနိုင်၏။ န + စရ + ဗျဉ္စ။ စ ကို ဆ ပြု၊ ဒွိတ္တပြု။

(၂) (တနည်း) **အန္တရာယ ယောဂေါ အစ္ဆရိယော** (**အစ္ဆရံ ပဟရိတွာ ပဿိတဗ္ဗောတိ အတ္တော**)ဟု ဝစနတ္ထပြု၍ အန္တရာယောဂ္ဂ’ဟု ဆိုလိုလျက် နိရုတ္တိနည်းဖြင့် ယောဂ္ဂပုဒ်ချေ။ ရာမှ အာကို ဣပြု။ ယလာ၍ အစ္ဆရိယဟု ရုပ်ပြီး၏။ သို့မဟုတ်-အစ္ဆရာသဒ္ဒါနောင် တဒ္ဓိတ် ဣယပစ္စည်းသက်၍ ရုပ်ပြီးစေရာ၏။

(၃) (တနည်း) **အစ္ဆရိယာ ဂုဏဓမ္မာ ဧတသ္မိံ သန္တိတိ အစ္ဆရိယော**-ဟုပြု၊ (အစ္ဆရိယ + ဏ)။ အစ္ဆရိယဂုဏ်တို့ကို စတုက္ကနိပါတ် စာပိုဒ် ၁၂၇-သုတ်၌ကြည့်။

(၄) (တနည်း) **အနညသာဓာရဏေ ဂုဏဓမ္မ အာစိဏ္ဏဝါတိ အစ္စရိယော**၊ (သို့မဟုတ်) **အနညသာဓာရဏေ ဂုဏဓမ္မေ အာဘုသော အစရီတိ အစ္ဆရိယော**’ဟုပြု၊ (အာ + စရ = စျ)။ ထောမနိဓိ၌ အာဣတိ စရိယ အဘိနီယတေ (အားဟု ပြုအပ်သောအရာ)ဟု ဆို၏။ သဒ္ဓါကြီး၌ရုပ်ပြီးပုံကို **အာပုဗ္ဗစရဿ စ** သုတ်၌ ကြည့်ပါ။
## PAGE 60

**သမ္မာ** = သော၊ **သမ္မာ**
**ဗဟုနော** = များစွာသော၊ **ဇနဿ** = သတ္တဝါအပေါင်းကို၊ **အနုတပ္ပါ** = ထပ်တလဲလဲ ပူဆွေးဝမ်းနည်းစေသည်။ **ဟောတိ** = ဖြစ်၏၊ **ကတမဿ** = သော၊ **ဧကပုဂ္ဂလဿ**-၏၊ (ကာလကိရိယာသည်၊ **ဗဟုနော** = သော၊ **ဇနဿ**-ကို၊ **အနုတပ္ပါ** = သည်၊ **ဟောတိ** = ဖြစ်သနည်းဟူမူ) **အရဟတော သမ္ဗုဒ္ဓဿ** = သော၊ **တထာဂတဿ**-၏၊ (ကာလကိရိယာ = သည်၊ **ဗဟုနော** = သော၊ **ဇနဿ**-ကို၊ **အနုတပ္ပါ** = သည်၊ **ဟောတိ** = ၏) **ဘိက္ခဝေ** = တို့၊ **ဣမဿ ဧကပုဂ္ဂလဿ**။ ပ။ **ဟောတိ**။

**၁၇၄။** **ဥပ္ပဇ္ဇမာနော** = သော်၊ **အဒုတိယော** = တချိန်တည်း၌ နှစ်ဆူမြောက် သဗ္ဗညုဘုရားရှင် မရှိသည်၊ **အသဟာယော** = အတူတကွဖြစ်နိုင်သောအဖော်မရှိသည်၊ (ခန္ဓာကိုယ်အတ္တဘောအားဖြင့် လည်းကောင်း၊ ထိုးထွင်းသိအပ်သောတရားတို့ဖြင့် လည်းကောင်း၊ မိမိနှင့် အရည်အချင်းညီမျှ အတူတကွဖြစ်နိုင် [၁။ **အသဟာယော** စသည်တို့၏ ဝိဂြိုဟ်။ ။ **အသဟာယော** စသည်တို့၏ အနက်များကို ဤဝိဂြိုဟ်များနှင့် တိုက်ဆိုင်၍ မှတ်ပါ] } **သဟ အယတိ ပဝတ္တတိတိ သဟာယော**၊ **အတ္တဘာဝေန ဝါ ပဋိဝိဒ္ဓဓမ္မေဟိ ဝါ နတ္ထိ ကောစိ သဒိသော သဟာယော ဧတဿာတိ အသဟာယော**။ **ဟတ္ထာဒိအဝယဝတော ပဋိ ပဋိ** (ထပ်တူ ထပ်တူ) **မိနိတဗ္ဗာတိ ပဋိမာ** (**အတ္တဘာဝေါ**)။ **အတ္တနော အတ္တဘာဝသဒိသာ အညာ ပဋိမာ နတ္ထိ ဧတဿာတိ အပ္ပဋိမော**။ **ပဋိနိဓိဘာဝေန သမော ပဋိသမော** = ပုံတူကိုယ်စားအဖြစ်ဖြင့် တူသောသူ (အတ္တဘောချင်းတူသောသူ)။ **နတ္ထိ ကောစိ အတ္တဘာဝေန ပဋိသမော တဿာတိ အပ္ပဋိသမော** = အတ္တဘောအားဖြင့် ပုံတူကိုယ်စားအဖြစ်ဖြင့် တူသောသူ ပုံတူကိုယ်စားထားရလောက်အောင် ခန္ဓာကိုယ်ချင်းတူသောသူ) ရှိတော်မမူသော မြတ်စွာဘုရား။

(**ဓမ္မဘာဂဿ ဓမ္မကောဋ္ဌာသဿ**) **ပဋိပက္ခော ဓမ္မဘာဂေါ ပဋိဘာဂေါ**၊ **နတ္ထိ ပဋိဘာဂေါ ယဿာတိ အပ္ပဋိဘာဂေါ** = ဆန့်ကျင်ဘက်တရားအဖို့ ရှိတော်မမူသော မြတ်စွာဘုရား။ **အဟံ ဗုဒ္ဓေါတိ ပဋိညာယ သမတ္တော ပုဂ္ဂလော ပဋိပုဂ္ဂလော**။ အဋ္ဌကထာ စာသွားကြည့်၍ ဝိဂြိုဟ်ပြုသည်။ ဋီကာ၌ကား “**သီလာဒိဂုဏေတိ ပဋိဗိမ္ဗဘူတော ပုဂ္ဂလော ပဋိပုဂ္ဂလော**” ဟု ဝိဂြိုဟ်ပြု၏။ **နတ္ထိ ပဋိပုဂ္ဂလော ယဿာတိ အပ္ပဋိပုဂ္ဂလော**။ **အသမေဟိ အတီတာနာဂတ သဗ္ဗညုဗုဒ္ဓေဟိ ဝ သာ အသမသာ**။

