## PAGE 61

သော အဖော်မရှိသည်၊) **အပ္ပဋိမော** = (လက်ခြေစသော ကိုယ်အင်္ဂါအားဖြင့်) ထပ်တူညီမျှ နှိုင်းယှဉ်ဖွယ် အခြားအတ္တဘော မရှိသည်၊ ဝါ = (လက်ခြေစသော ကိုယ်အင်္ဂါအားဖြင့်) ထပ်တူညီမျှ နှိုင်းယှဉ်ကြည့်ဖို့ရာ ရုပ်ပွားဆင်းတု ပြုလုပ်နိုင်သူမရှိသည်။

**အပ္ပဋိသမော** = ပုံတူကိုယ်စားအနေအားဖြင့် တူသောသူမရှိသည်၊ **အပ္ပဋိဘာဂေါ**- (မိမိဟောကြားထားအပ်သော တရားအဖွဲ့၏) ဆန့်ကျင်ဘက်တရားအဖို့ကို ဟောကြားနိုင်သူ မရှိသည်။ သတိပဋ္ဌာန် တရားလေးပါးဟု ဟောထား၏။ လေးပါးမဟုတ်၊ သုံးပါးသာရှိ၏ စသည်ဖြင့် ဆန့်ကျင်ဘက်ဟောကြားနိုင်သူ မရှိဟူလို **အပ္ပဋိပုဂ္ဂလော** = ငါဘုရားဟု ပဋိညာဉ်ပြုနိုင်သူ တန်းတူရည်တူ အခြားပုဂ္ဂိုလ်မရှိသည်၊ ဝါ = သီလစသော ဂုဏ်အားဖြင့် မခြားတန်းတူ ကိုယ်စားပြုနိုင်သူ ပုဂ္ဂိုလ်မရှိသည်။ **အသမော** = မည်သည့်ပုဂ္ဂိုလ်တစ်ဦးနှင့်မျှ တူတော်မမူသည်၊ **အသမသမော** = မည်သည့်ပုဂ္ဂိုလ် တစ်ဦးနှင့်မျှ တူတော်မမူကြသော အတိတ် အနာဂတ် သဗ္ဗညုဘုရားတို့နှင့်သာ တူတော်မူသည်၊ **ဒွိပဒါနံ** = ခြေနှစ်ချောင်းရှိသော သတ္တဝါတို့တွင်း၊ ဝါ = တို့ထက်၊ **အဂ္ဂေါ** = အမြတ်ဆုံးပုဂ္ဂိုလ်သည်၊ (**ဟုတွာ** = ဖြစ်၍) **ဥပ္ပဇ္ဇတိ** ဖြစ်ထွန်းလာတော်မူ၏။

**၁၇၅၊ ၁၈၆။** ဤ၌ သုတ်ပေါင်း ၁၂ သုတ်ကို ရောနှောကာ ချုံးထား၏၊ တသုတ်စီခွဲလိုလျှင် “**ဧကပုဂ္ဂလဿ ဘိက္ခဝေ ပါတုဘာဝါ မဟတော စက္ခုဿ ပါတုဘာဝေါ ဟောတိ**။ **ကတ ဧကပုဂ္ဂလဿ**? **တထာဂတဿ အရဟတော သမ္မာသမ္ဗုဒ္ဓဿ**။ **ဣမဿ ခေါ ဘိက္ခဝေ ဧကပုဂ္ဂလဿ ပါတုဘာဝါ မဟတော စက္ခုဿ ပါတုဘာဝေါ ဟောတီတိ**။ (ဤတွင် တသုတ်ပြီး၏၊ ထို့နောက်) **ဧကပုဂ္ဂလဿ ဘိက္ခဝေ ပါတုဘာဝါ မဟတော အာလောကဿ ပါတုဘာဝေါ ဟောတိ**၊ **ကတမဿ ဧကပုဂ္ဂလဿ**- စသည်ဖြင့် အာလောကအတွက် တသုတ်ဆိုပါ။ တို့အတူ **ဩဘာသ** စသည် အတွက်လည်း ဤနည်းမှီး၍ ဆိုပါ။

**ဘိက္ခဝေ** = တို့၊ **ဧကပုဂ္ဂလဿ**-၏၊ **ပါတုဘာဝါ** = ထင်ရှားဖြစ်ခြင်းကြောင့်၊ **မဟတော** = ကြီးမားမြင့်မြတ်သော၊ **စက္ခုဿ** = ပညာမျက်စိ၏၊ **ပါတုဘာဝေါ** = ထင်ရှားဖြစ်ခြင်းသည်၊ **ဟောတိ**-ဖြစ်၏၊ **ကတမဿ** = သော၊ **ဧကပုဂ္ဂလဿ** = ၏၊ (**ပါတုဘာဝါ** = ကြောင့်၊ **မဟတော**-သော၊ **စက္ခုဿ**-၏၊ **ပါတုဘာဝေါ** = သည်၊ **ဟောတိ** = ဖြစ်သနည်းဟူမူ၊) **အရဟတော** = သော၊ **သမ္မာသမ္ဗုဒ္ဓဿ** = သော၊ **တထာဂတဿ**-၏။ (**ပါတုဘာဝါ** = ကြောင့်၊ **မဟတော**။ ပ။ **ဟောတိ** = ၏၊) **ဘိက္ခဝေ** = တို့၊ **ဣမဿ ဧကပုဂ္ဂလဿ**-၏၊ **ပါတုဘာဝါ**-

## PAGE 62

ကြောင့်၊ **မဟတော** = သော၊ **စက္ခုဿ** = ၏၊ **ပါတုဘာဝေါ** = သည်၊ **ဟောတိ** = ၏၊ **ဣတိ** (**အဝေါစ**)

**ဘိက္ခဝေ** = တို့၊ **ဧကပုဂ္ဂလဿ** = ၏၊ **ပါတုဘာဝါ** = ကြောင့်၊ **မဟတော** = သော၊ **အာလောကဿ** = ပညာအရောင်၏။ ပ။ **ဩဘာသဿ** = ပညာအလင်း၏။ ပ။ **ဆ** [OCR_UNCERTAIN: ဆနွှဲ -> ဆ] = ခြောက်ပါးကုန်သော၊ **အနုတ္တရိယာနံ** = အမြတ်ဆုံးဖြစ်သော **ဒဿန**, **သဝန** စသည်တို့၏၊ ဝါ = အမြတ်ဆုံး ဖူးမြင်ဖွယ် ဘုရားရူပကာယတော်, ကြားနာဖွယ် ဘုရားတရားတော် စသည်တို့၏၊ **နတ္ထိ ဣမေဟိ ဥတ္တရံတိ အနုတ္တရာနိ** = မိမိထက် သာလွန်မြင့်မြတ်သော အခြားသော **ဒဿန**, **သဝန** စသည်မရှိသော **ဒဿန**, **သဝန** စသော ခြောက်မျိုး။ **အနုတ္တရာနိ ဧဝ အနုတ္တရိယာန်**။ ဋီကာ၌ “**ဒဿန** = ဘုရားဖူးမြင်ရခြင်း၊ **သဝန** = တရားနာရခြင်း” စသည်ဖြင့် မဖွင့်ဘဲ “**ဒဿန** = ဖူးမြင်ဖွယ် ဘုရားရူပကာယတော်။ **သဝန** = ကြားနာဖွယ် ဘုရားတရားတော်” စသည်ဖြင့် ဖွင့်၏။ **ပါတုဘာဝ** ပုဒ်နှင့် ဆီလျော်အောင် ဖွင့်ဟန်တူသည်။ ဆက္ကနိပါတ် စာပိုဒ်-၈၊ အနုတ္တရိယသုတ်၌လည်း ကြည့်]။ ပ။

**စတုန္နံ** = လေးပါးကုန်သော၊ **ပဋိသမ္ဘိဒါနံ** = ပဋိသမ္ဘိဒါဉာဏ်တို့ကို၊ ဝါ = **အတ္ထ**, **ဓမ္မ**-စသည်တို့၌ ခွဲခြားသိမြင်တတ်သော ဉာဏ်တို့ကို၊ [စတုက္ကစာပိုဒ် ၁၇၂-၌ ကြည့်] **သစ္ဆိကိရိယာ** = မျက်မှောက်ပြုခြင်းသည်၊ **ဟောတိ**-၏။ ပ။

**အနေကဓာတုပဋိဝေဓော** = များစွာသော ဓာတ် ၁၈ ပါးတို့ကို ထိုးထွင်းသိမြင်ခြင်းသည်၊ **ဟောတိ** = ၏။ ပ။ **နာနာဓာတုပဋိဝေဓော** = အမျိုးမျိုးသောအကြောင်းဖြင့် အမျိုးမျိုးသော ဓာတ် ၁၈ ပါးတို့ကို ထိုးထွင်းသိမြင်ခြင်းသည်။ ပ။ **ဝိဇ္ဇာဝိမုတ္တိဖလသစ္ဆိကိရိယာ** = **ဝိဇ္ဇာဝိမုတ္တိ** မည်သော ဖိုလ်ကို မျက်မှောက်ပြုခြင်းသည်၊ ဝါ = ဖိုလ်ဉာဏ်ဟူသော **ဝိဇ္ဇာ**, ၎င်းမှ ကြွင်းသော ဖိုလ်သမ္ပယုတ်စိတ္တုပ္ပါဒ်ဟူသော **ဝိမုတ္တိ** မည်သော ဖိုလ်ကို မျက်မှောက်ပြုရခြင်းသည်၊ [ဖိုလ်စိတ္တုပ္ပါဒ် ၃၇ ပါးကို **ဝိဇ္ဇာဝိမုတ္တိဖလ** (**ဝိဇ္ဇာဝိမုတ္တိ** မည်သော ဖိုလ်) ဟု ခေါ်၏၊ ထို ၃၇ ပါးတို့တွင် ဖိုလ်ဉာဏ်သည် **ဝိဇ္ဇာ** မည်၏၊ ၎င်းဖိုလ်ဉာဏ်မှ ကြွင်းသော ၃၆ ပါးသည် **ဝိမုတ္တိ** မည်၏]။ ပ။ **သောတာပတ္တိဖလသစ္ဆိကိရိယာ** = **သောတာပတ္တိဖိုလ်** ကို မျက်မှောက်ပြုခြင်းသည်။ ပ။ [သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းသည် စသည်ဖြင့် ဆိုပါ]။

**၁၈၇။** **ဘိက္ခဝေ** = တို့၊ **ဣဒံ** (**အယံ**) **သာရိပုတ္တော ယထာ** = **သာရိပုတ္တရာ** ကဲ့သို့၊ **ဧဝံ** = ဤအတူ၊ **ယော** = အကြင်ပုဂ္ဂိုလ်သည်၊ **တထာဂတေန** = မြတ်စွာဘုရားသည်၊ **ပဝတ္တိတံ** = လည်စေတော်မူအပ်ပြီးသော၊ **အနုတ္တရံ** = မိမိထက်
## PAGE 63

သာလွန်မြင့်မြတ်သော တရားစက်ဝန်းမရှိသော၊ ဝါ=အမြတ်ဆုံးတရားစက်ဝန်း ဖြစ်သော၊ **ဓမ္မစက္ကံ**=တရားစက်ဝန်းကို၊ ပဋိဝေဓဉာဏ်, ဒေသနာဉာဏ်ဟူသော တရားစက်ဝိုင်းကို) သမ္မဒေဝ = ဟုတ်မှန်သော အကြောင်းနည်းလမ်းဖြင့်သာ လျှင်၊ အနုပ္ပဝတ္တေတိ=နောက်ထပ်ဆက်ခါလည်စေ၏၊ ဘိက္ခဝေ=တို့၊ အညံ= သာရိပုတြာမှတပါးသော၊ တံ ဧကပုဂ္ဂလမ္ပိ-ထိုတဦးသောပုဂ္ဂိုလ်ကိုမျှလည်း၊ အဟံ=ငါသည်၊ နသမနုပဿာမိ=မြင်တော်မမှု၊ ဘိက္ခဝေ=တို့၊ သာရိပုတ္တော =သည်၊ **တထာဂတေန**=သည်၊ ပဝတ္တိတံ=သော။ ပ။ အနုပ္ပဝတ္တေတိ=၏၊ ဣတိ(အဝေါစ) တေရသမော=၁၃-ခုမြောက်သော၊ ဧကပုဂ္ဂလဝဂ္ဂေါ-ဝဂ်တည်း။

## ၁၄-ဧတဒဂ္ဂဝဂ်

### ၁-ပထမဝဂ်

**၁၈၈။** ဘိက္ခဝေ=ရဟန်းတို့၊ မမ=ငါ၏၊ သာဝကာနံ=တပည့်ဖြစ်ကုန် သော၊ ရတ္တညူနံ = (ရဟန်းပြုချိန်မှစ၍ ကာလရှည်လျားစွာ) ညဉ့်တို့ကို သိကုန်သော၊ ဘိက္ခုနီ=ရဟန်းတို့ တွင်၊ [ဧတဒဂ္ဂံ၌စပ်] ယဒိဒံ (ယော အယံ) အညာသိကောဏ္ဍညော = အကြင်အညာသိကောဏ္ဍညသည်၊ ဝါ = အကြင် (အားလုံးသော သာဝကတို့၏ ရှေးဦးစွာ) သစ္စာလေးပါးတို့ကို သိပြီးသော ကောဏ္ဍညသည် (အတ္ထိ-ရှိ၏။) ဧတံ (ဧသော)=ထိုအညာသိကောဏ္ဍညသည်၊ အဂ္ဂ (အဂ္ဂေါ)-အမြတ်ဆုံးရဟန်းပေတည်း၊ ဝါအထက်တန်းအရောက်ဆုံး ရဟန်းပေတည်း၊ ဝါ=အသာဆုံးရဟန်းပေတည်း။ [ဧတဒဂ္ဂံ = ဧတံ + အတ္ထံ။ အညာသိ=သစ္စာလေးပါးကို သိပြီးသော+ကောဏ္ဍညော=ကောဏ္ဍညရဟန်း”] (တနည်း) ဘိက္ခဝေ=တို့၊ မမ=၏၊ သာဝကာနံ=ကုန်သော၊ ရတ္တညူနံ

၁။ ဘိက္ခူနံ၌ ဝိဘတ်အနက်။ ။ ဤဒုတိယနည်း၌ ဆဋ္ဌီ နံဝိဘတ်ကို နိဒ္ဓါရဏအနက်နှင့် ဝိဘတ္တအပါဒါန်အနက်ဟောကြံ၍ “မမ သာဝကာနံ ဘိက္ခူနံ ရတ္တညူနံ” ပုဒ်တို့ကို နှစ်ကြိမ်အနက် ဆိုသည်။ နောက်သုတ်များမှ “မမ သာဝကာနံ ဘိက္ခူနံ မဟာပညာနှံ”စသော ဆဋ္ဌိဝိဘန္တ ပုဒ်များကိုလည်း ဤနည်းအတိုင်း နှစ်ကြိမ်အနက် ဆိုလိုက ဆိုပါ။ သို့သော် အဋ္ဌကထာ၌ကား ဝိဘတ္တအပါဒါန်အနက်ကို မဖွင့်ပြဘဲ–ပဌမံ ဓမ္ံ ပဋိဝိဒ္ဓဘိက္ခူနံ အန္တ ရေ မမ ပုတ္တော ကောဏ္ဍညော အဂ္ဂေါ”ဟူ၍ အန္တ ရေပုဒ်ထည့်စွက်ကာ နိဒ္ဓါရဏအနက် ကိုသာ ဖွင့်ပါသည်။

