## PAGE 64

=ကုန်သော၊ ဘိက္ခူနံ တို့တွင်၊ ယဒိဒံ (ယော အယံ) အညာသိ ကောဏ္ဍညော =သည်၊ (အတ္ထိ=၏) ဧတံ(ဧသော)-သည်၊ (မမ=၏၊ သာဝကာနံ=ကုန်သော၊ ရတ္တညူနံ=ကုန်သော၊ ဘိက္ခူနံ=ရဟန်းတို့ထက်၊) အခွံ (အဂ္ဂေါ)=တည်း။

**၁၈၉။** ဧတဒဂ္ဂမှ စ၍ ဘိက္ခူနံတိုင်အောင် မြှုပ်ထားသည်၊ “ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ မဟာပညာနံ ယဒိဒံ သာရိပုတ္တော"ဟု ဖော်ဆိုပါ။ နောက်သုတ်များ၌လည်း ဤအတိုင်းပင်တည်း။] ဘိက္ခဝေ-တို့၊ မမ=ငါ၏၊ သာဝကာနံ=ကုန်သော၊ မဟာပညာနံ=ကြီးမားသောပညာရှိကုန်သော၊ ဘိက္ခုနံ=တို့တွင်၊ ယဒိဒံ (ယော အယံ) သာရိပုတ္တော=အကြင်သာရိပုတြာသည်၊ (အတ္ထိ=ရှိ၏) ဧတံ (ဧသော) = ထိုသာရိပုတြာသည်၊ အဂ္ဂ (အဂ္ဂါ)=တည်း။

**၁၉၀။** ဣဒ္ဓိမန္တာနံ = ကြီးသော တန်ခိုးရှိကုန်သော၊ ဘိက္ခူနံ။ ပ။

**၁၉၁။** ဓုတဝါဒါနံ=ကိလေသာတို့ကို ခါတွက်ဖျက်ဆီးတတ်သော ဓုတင် အကျင့်ဖြင့် ပြောဆိုဆုံးမတတ်ကုန်သော၊ ဝါ=ကိလေသာတို့ကို ခါတွက်ဖျက်ဆီး

ရတ္တညူပုဒ်၏ ဆိုလိုရင်း(၃)နည်း။ ။ရတ္တိယော ဇာနန္တိတိ ရတ္တညူ။ ထိုအချိန်က သာဝကရဟန်းအားလုံးတို့တွင် အရှင်အညာသိကောဏ္ဍညသည် ရဟန်းဘဝသက်တမ်း အကြာမြင့်ဆုံးထေရ်ကြီး (စိရပဗ္ဗဇိတ)ဖြစ်ကြောင်းကို ဤရတ္တညူဟူသော ဂုဏ်ပုဒ်ဖြင့် ဖော်ထုတ်ချီးကျူးတော်မူ၏။ .(တနည်း) သစ္စာလေးပါး ထိုးထွင်းသိရာအချိန်ကာလကို “ရတ္တိ”ဟုဆို၏။ အရှင်ကောဏ္ဍည သည် အခြားသာဝကအားလုံးထက် သစ္စာလေးပါးကို သိချိန်ကာလအစောဆုံး သာဝကဖြစ်၏။ ထို့ကြောင့် ရတ္တညူပါဌ်ဖြင့်· ကြာမြင့်စွာသော ကာလမှစ၍ ထိုရတ္တိကို သိသောပုဂ္ဂိုလ်ဟု ချီးကျူးတော်မူ၏။ ဤအလို “ရတ္တညုန်=သစ္စာ လေးပါး ထိုးထွင်းသိရာညဉ့်အခါကို ကြာမြင့်စွာသော ကာလမှစ၍ သိကုန် သော”ဟု အနက်ဆိုပါ။ (တနည်း)ရဟန္တာပုဂ္ဂိုလ်အားလုံးအတွက် ညဉ့်နေ့ကို ပိုင်းခြားသိပုံမှာ ထင်ရှားပြီးဖြစ်ရကား ရတ္တညူပါဌ်ဖြင့် ညဉ့်ကာလသိပုံကို ချီးမွမ်းတော်မူလိုရင်း မဟုတ်။ ထိုညဉ့်နေ့ကာလအားဖြင့် အစောဆုံး သစ္စာလေးပါးကို သိသော ရဟန္တာ (ပဌမခီဏာသဝ) ဟုသာ ချီးမွမ်းတော်မူလိုရင်းဖြစ်၏။ ထို့ကြောင့် ဤနည်းအလို “ရတ္တညူနံ = ပဌမခိဏာသဝဖြစ်လျက် ညဉ့်အရေအတွက်ကို သိကုန်သော”ဟု အနက်ဆိုပါ။

## PAGE 65

တတ်သော ရှေ့ပိုင်းကုသိုလ်နှင့်တကွသော အရိယမဂ်ကို ဟောပြောတတ်ကုန် သော၊ ဘိက္ခူနံ [ကိလေသေ ခုနာတိတိ ခုတော၊ စုတေန ဓုတင်္ဂဓမ္မေန ဝဒန္တိ သြဝဒန္တီတိ ဓုတဝါဒါ၊ ခုတံ ဝါ သပုဗ္ဗဘာဂံ အရိယမဂ္ဂ ဝဒန္တိ ကထေန္တိတိ ဓုတဝါဒါ] ။

**၁၉၂။** ဒိဗ္ဗစက္ခုကာနံ=ဒိဗ္ဗစက္ခုအဘိညာဉ်ရှိကုန်သော၊ ဘိက္ခူနံ ။ ပ။

**၁၉၃။** ဘိက္ခဝေ=တို့၊ မမ=၏၊ သာဝကာနံ=ကုန်သော၊ ဥစ္စာကုလိကာနံ =မြင့်မြတ်သောအမျိုး၌ ဖြစ်ကုန်သော၊ ဘိက္ခူနံ=တို့တွင်၊ ကာဠိဂေါဓာယ ကာဠိဂေါဓာမိဖုရား၏၊ ဝါ=မည်းနက်သော အဆင်းရှိသော ဂေါဓာမည်သော မိဖုရား၏၊ ပုတ္တော=သားဖြစ်သော၊ ယဒိဒံ (ယောအယံ) ဘဒ္ဒိယော=အကြင် ဘဒ္ဒိယသည်၊ (အတ္ထိ) ဧတံ (ဧသော)=ထိုဘဒ္ဒိယသည်၊ အခွံ=တည်း။

**၁၉၄။** ဘိက္ခဝေ=တို့။ ပ။ မဉ္ဇူဿရာနံ=ချိုသာသောအသံ ရှိကုန်သော၊ [မဉ္စူ = ချိုသာသော+သရ=အသံ] ဘိက္ခူနံ = တို့တွင်၊ ယဒိဒံ (ယောအယံ) လကုဏ္ဍကဘဒ္ဒိယော=အကြင်လကုဏ္ဍကဘဒ္ဒိယသည်၊ (အတ္ထိ)။ ပ။

**၁၉၅။** သီဟနာဒိကာနံ ခြင်္သေ့မင်း၏ ဟောက်ခြင်းကဲ့သို့ ရဲရဲတင်းတင်း ပြောဆိုခြင်း ရှိကုန်သော၊ ဘိက္ခုနံ။ ပ။

**၁၉၆။** ဓမ္မကထိကာနံ=တရားဟောပုဂ္ဂိုလ်ဖြစ်ကုန်သော၊ ဘိက္ခုနံ=တို့တွင်၊ မန္တာဏိပုတ္တော=မန္တာဏီပုဏ္ဏေးမ၏သားဖြစ်သော၊ ယဒိဒံ (ယောအယံ) ပုဏ္ဏော=အကြင်ပုဏ္ဏသည်။ ပ။

**၁၉၇။** ဘိက္ခဝေ=တို့၊ မမ=၏၊ သာဝကာနံ=ကုန်သော၊ သံခိတ္တေန=အကျဉ်းချုပ်အားဖြင့်၊ ဘာသိတဿ= မြတ်စွာဘုရား ဟောကြားတော်မူအပ်ပြီးသော တရား၏၊ ဝိတ္ထာရေန=အကျယ် တဝင့်အားဖြင့်၊ အတ္ထိ-အနက်အဓိပ္ပါယ်ကို၊ ဝိဘဇန္တာနံ=ဝေဘန်ခွဲခြား ဟောကြား တတ်ကုန်သော၊ ဘိက္ခူနံ တို့တွင်၊ ယဒိဒံ (ယောအယံ) မဟာကစ္စာနော= အကြင်မဟာကစ္စာနသည်၊ (အတ္ထိ) ဧတံ (ဧသော)-သည်၊ အခွံ (အဂ္ဂေါ)=တည်း၊ ဣတိ=ဤသို့၊ (အဝေါစ=မိန့် တော်မူပြီ။)

### ၂-ဒုတိယဝဂ်

**၁၉၈။** မနောမယံ=အဘိညာဉ်စိတ်သည် ဖြစ်စေအပ်သော၊ ကာယံ= ခန္ဓာကိုယ်ကို၊ အဘိနိမ္မိနန္တာနံ = ဖန်ဆင်းကုန်သော၊ ဘိက္ခူနံ။ ပ။

**၁၉၉။** ...
## PAGE 66

#### အင်္ဂုတ္တိုရ်ပါဠိတော်နိဿယ (ဧကက)

**စေတောဝိဝဋ္ဋကုသလာနံ** = ရူပါဝစရဈာန်သမာဓိစိတ်ကို ဖြစ်ပွားစေခြင်း၌ ကျွမ်းကျင်ကုန်သော၊ ဘိက္ခူနံ။ ပ။ ၂၀၀။ 

**သညာဝိဝဋ္ဋကုသလာနံ** = အရူပါဝစရဈာန်သညာကို ဖြစ်ပွားစေခြင်း၌ ကျွမ်းကျင်ကုန်သော။

**၁။ စေတောဝိဝဋ္ဋကုသလာနံ။** ။ ဤ၌ ဝိဝဋ္ဋသဒ္ဒါအတွက် ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ်ဟူရာ၌ကဲ့သို့ နိဗ္ဗတ္တန, ဝနန အနက်ကိုလည်းကောင်း၊ ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ၊ ပ-၄၅၊ ၃၀၁-၌ကဲ့သို့ ပရာဝဋန (ပရမ္မုခဘာဝ) အနက်ကိုလည်းကောင်း ယူသင့်၏။ ဝိဝဋနံ ဝိဝဋော = ဖြစ်ပွားစေခြင်း၊ စေတသော ဝိဝဋ္ဋာ စေတောဝိဝဋ္ဌော = ရူပါဝစရဈာန်သမာဓိစိတ်ကို ဖြစ်ပွားစေခြင်း၊ စေတောဝိဝဋ္ဋေ ကုသလော စေတောဝိဝဋ္ဋကုသလော။

**၂။ သညာဝိဝဋ္ဋကုသလာနံ။** ။ ဤ၌ သညာဝိဝဋပုဒ်ကို ဝစနတ္ထနှစ်မျိုး ဖွင့်ပြရမည်ဖြစ်၏။ ထိုတွင် (၁) သညာနံ ဝိဝဋော သညာဝိဝဋ္ဌော = အရူပါဝစရဈာန်သညာတို့ကို ဖြစ်ပွားစေခြင်း။ ဤဝစနတ္ထအလို အရူပါဝစရဈာန်သညာတို့ကို ဖြစ်ပွားစေခြင်း၌ ကျွမ်းကျင်လိမ်မာသူကို သညာဝိဝဋကုသလ ဟုခေါ်သည်။ 

(၂) ထိုနောက်တဖန်-ဝိသေသတော ဝဋနံ ဝိဝဋော = (ရုပ်နာမ်အာရုံ နိဗ္ဗာန်အာရုံ၌ စိတ်ကို) အထူးအားဖြင့် ဖြစ်စေခြင်း၊ သညာဟိ ဝိဝဋ္ဋတွာ (ပရာဝတ္တေတွာ ဝိဂမတွာ) ဝိဝဋော သညာဝိဝဋ္ဌော = (မိန်းမ ယောက်ျားစသည်ဟုလည်းကောင်း၊ နိစ္စ သုခ အတ္တ သုဘ ဟုလည်းကောင်း မှတ်ထင်ခြင်းဟူသော) သညာတို့မှ စိတ်ကိုခွဲခွါ၍ ရုပ်နာမ်အာရုံ, နိဗ္ဗာန်အာရုံ၌ အထူးအားဖြင့် ဖြစ်စေခြင်း။ ဤဝစနတ္ထအလို ဝိပဿနာအရာ၌ ကျွမ်းကျင်သူကို သညာဝိဝဋကုသလဟု ဆိုလို၏။ 

ထို့ကြောင့် နိဿယခန်း၌ အနက် sုံးမျိုးပေးထားသော်လည်း တတိယအနက်မှာ ဒုတိယအနက်နှင့် အဓိပ္ပာယ်အတူတူပင်တည်း။ ဤသို့ဝစနတ္ထနှစ်မျိုးပြုပြီးနောက် သညာဝိဝဋတပုဒ်တည်းဖြင့် ထို (၁) (၂) ဝစနတ္ထနှစ်မျိုးလုံး ယူနိုင်အောင် “သညာဝိဝဋော စ သညာဝိဝဋော သညာဝိဝဋာ” ဟု ဧကသေသ် ပြုရမည်။ ထိုနောက် “သညာဝိဝဋေသု ကုသလာ သညာဝိဝဋ္ဌကုသလာ” ဟု သမာသ်တွဲပါ။ 

အနက်ကိုလည်း “သညာဝိဝဋကုသလာနံ = အရူပါဝစရဈာန်သညာတို့ကို ဖြစ်ပွားစေခြင်း, ဣတ္ထိပုရိသသညာ, နိစ္စသညာစသည်တို့မှ စိတ်ကိုခွဲခွါ၍ ရုပ်နာမ်အာရုံနှင့် နိဗ္ဗာန်အာရုံ၌ အထူးအားဖြင့်ဖြစ်စေခြင်း၌ ကျွမ်းကျင်ကုန်သော” ဟူ၍ ဝစနတ္ထနှစ်မျိုးလုံး ပေါင်းဆိုရမည်ဖြစ်၏။ နိဿယခန်း၌ကား လွယ်ကူအောင်ခွဲပေးထားသည်။

