## PAGE 70

(မူအပ်သည့်အတိုင်း အားလုံးသောပုဒ်တို့ကို သိနိုင်သော လွန်ကဲသောမှတ်ဉာဏ်ရှိကုန်သော) : **ဘိက္ခူနံ**။ပ။ **ဧတံ** (**သော**) (**အဂ္ဂေါ**)=တည်း။

ထိုအာနန္ဒာသည် အင်္ဂုတ္တိုရ်အဋ္ဌကထာ၌ **ဧကပဒေနေဝ** = ရပ်သောခြေဖြင့်သာလျှင်ဟုပင် အနက်ပြန်ဆိုတော်မူ၏၊ ထို့ကြောင့် ဆိုလိုရင်းမှာလည်း “အရှင်အာနန္ဒာထေရ်မြတ်သည် မရွှေ့ပြောင်းဘဲ ရပ်တည်နေသော ခြေဖြင့်သာလျှင် ရပ်၍ ထိုဂါထာပေါင်း တစ်သောင်းငါးထောင်တို့ကို (နွယ်ပန်းများကို တနေရာတည်း၌ရပ်၍ ဆွဲငင်ယူလိုက်သကဲ့သို့) သင်ယူပို့ချ ဟောပြောနိုင်စွမ်းရှိသည်”ဟူ၍ မြန်မာပြန်ရသောကြောင့် ထိုအဋ္ဌသာလိနီသည်လည်း အင်္ဂုတ္တိုရ်အဋ္ဌကထာနှင့် အတူတူပင်တည်း။

အဋ္ဌသာလိနီဘာသာဋီကာ(ပ–၈၃)၌မူ “**ဋ္ဌိတပဒေနေဝ**=တည်မြဲတိုင်းသော ဣရိယာပုထ်အဖို့ဖြင့်သာလျှင်၊ **ဌတွာ** = ရပ်၍”ဟု အနက်ပြန်ဆိုပြီးလျှင် “**ပဒသဒ္ဒါ**သည် အဖို့အစုအနက်ဟော၊ ဣရိယာပုထ်လေးပါးတွင် တည်မြဲတိုင်းသော ဣရိယာပုထ်အဖို့ အစုတခုခုဖြင့်ဟူလို”ဟု မိန့်ဆိုပြီးနောက် “ညောင်းညာသည့်အတွက် အခြားဣရိယာပုထ်သို့မပြောင်းရဘဲ ရပ်နေလျှင် ထိုရပ်မြဲဣရိယာပုထ်ဖြင့်လည်းကောင်း, ထိုင်နေလျှင် ထိုထိုင်မြဲဣရိယာပုထ်ဖြင့် လည်းကောင်း ထိုဂါထာပုဒ်များကို သင်ယူနိုင်, ဟောပြောပို့ချနိုင်သည်ဟူလို”ဟူ၍ ထိုဘာသာဋီကာ၌ အဓိပ္ပါယ်ရှင်းပြတော်မူ၏။

သို့သော် ထိုင်ခြင်း, အိပ်ခြင်း, သွားခြင်း ဣရိယာပုထ် သုံးမျိုးတို့သည် အချိန်အကြာကြီး ဖြစ်နိုင်ရကား ထိုဣရိယာပုတ်သုံးမျိုးဖြင့် သင်ယူပို့ချဟောပြောနိုင်သည် ဆိုခြင်းမှာ အရှင်အာနန္ဒာကို ချီးမွမ်းရာ မရောက်နိုင်၊ ထို့အပြင် “**ဌိတပဒေနေဝ ဌတွာ**”ဟု ရှိရာတွင် **ဌိတပဒေနေဝ**၌ **ပဒသဒ္ဒါ**အတွက် ခြေဟူသော အနက်ကိုယူမှသာလျှင် “**ဌတွာ**=ရပ်၍”ဟူသောအနက်နှင့် ဆီလျော်ပါ၏။ ယင်းသို့မဟုတ်ဘဲ ဆရာတော်များမိန့်တော်မူသည့်အတိုင်း **ဌိတပဒပုဒ်**အရ ဣရိယာပုထ်လေးပါးလုံးကို ယူလိုက်ပါက သွားခြင်း, ထိုင်ခြင်း, အိပ်ခြင်း ဣရိယာပုထ်သုံးမျိုးတို့သည် “**ဌတွာ**=ရပ်၍”ဟူသောအနက်နှင့် မဆီလျော်လှပေ၊ အကယ်၍ ရောက်ဆဲဣရိယာပုထ်တခုမှ အခြားဣရိယာပုထ် တခုသို့မပြောင်းလဲဘဲ ရပ်တန့်ထားသည်ကို “**ဌတွာ**=ရပ်၍”ဟု ဆိုလိုပါသည်။

## PAGE 71

**၂၂၂။ ဓိတိမန္တာနံ** = လွန်ကဲသော ဝိရိယရှိကုန်သော၊ (မြတ်စွာဘုရား တရားကို သင်ယူခြင်း, ရွတ်အံခြင်း, မှတ်သားဆောင်ရွက်ထားခြင်း မြတ်စွာဘုရားအား ဝတ်ကြီးဝတ်ငယ် ပြုစုခြင်းတို့၌ လွန်ကဲသော ဝီရိယရှိကုန်သော)။

မတ်တပ်ရပ်သည်ကို မဆိုလိုပါဟု ငြင်းဆိုနိုင်သော်လည်း **ဧကပဒုဒ္ဓါရေ** (**ဧကပဒုဒ္ဓါရေတိ ဧကသ္မိံ ပဒုဒ္ဓါရဏက္ခဏေ**)ဟူသော ပြလတ္တံ့သော မူလပဏ္ဏာသအဋ္ဌကထာဋီကာတို့နှင့်တကွ ပြခဲ့သောအနက်အဓိပ္ပာယ်များအရ **ပဒသဒ္ဒါ**အတွက် ခြေဟူသောအနက်ကို ယူခြင်းသာလျှင် အသင့်ယုတ္တိရှိပါ၏။ ထို့ကြောင့် **ပဒသဒ္ဒါ**အတွက် အဖို့ အစုဟူသော ဘာသာဋီကာအနက်နှင့် ဣရိယာပုထ်ဟူသော အချို့ဆရာတို့အနက်များ ဖြစ်သင့်မဖြစ်သင့် စဉ်းစားသင့်ပါသည်။

**မူလပဏ္ဏာသအဋ္ဌကထာ**။ ။ ဤနေရာဝယ် မူလပဏ္ဏာသအဋ္ဌကထာ၊ ဒု-၂၃၇(မဟာဝေဒလ္လသုတ်)၌ “**တထာ ယာယ ဝါ တာယ ဝါ အပ္ပမတ္တိကာယ ပညာယ သမန္နာဂတော ဘိက္ခု စတူဟိ မာသေဟိ စတုပ္ပဒိကမ္ပိ ဂါထံ ဂဟေတုံ န သက္ကောတိ၊ မဟာပညော ပန ဧကပဒေ ဌတွာ ပဒသတံ ပဒသဟဿမ္ပိ ဂဏှာတိ၊ အာနန္ဒတ္ထေရော ပန မဟာပညတာယ ဧကပဒုဒ္ဓါရေ သကိဒေဝ သုတွာ ပုနု အပုစ္ဆန္တော သဋ္ဌိပဒသဟဿာနိ ပန္နရသဂါထာသဟဿာနိ ဝဏ္ဏိယာ ပုပ္ဖါနိ အာကဍ္ဎိတွာ ဂဏှန္တော ဝိယ ဧကပ္ပဟာရေနေဝ ဂဏှာတိ၊ ဂဟိတဂဟိတံ ပါသာဏေ ခတလေခါ ဝိယ သုဝဏ္ဏဃဋေ ပက္ခိတ္တ သီဟဝသာ ဝိယ စ ဂဟိတာကာရေနေဝ တိဋ္ဌတိ၊ တေနေဝ နံ ဘဂဝါ ဧတဒဂ္ဂံ ဌပေသိ**”ဟူ၍ မိန့်တော်မူ၏။

ဤမူလပဏ္ဏာသအဋ္ဌကထာ၌ ပုဂ္ဂိုလ်သုံးမျိုးပြထားသည်ကို တွေ့ရ၏။

(၁) မလောက်လေးမလောက်စား သေးသေးမွှားမွှား ဉာဏ်ကလေးမျှသာရှိသော (ဉာဏ်ထိုင်းသော) ပုဂ္ဂိုလ်။

(၂) ဉာဏ်pညာထက်မြက်သော မဟာပညပုဂ္ဂိုလ်။

(၃) ထို့ထက်ဉာဏ်ပညာထက်မြက်သော အရှင်အာနန္ဒာဟူ၍ ပုဂ္ဂိုလ်သုံးမျိုး တွေ့ရ၏။

ယင်းသုံးမျိုးကို ဂဏန်းစဉ်ပြပြီး မူလပဏ္ဏာသအဋ္ဌကထာကို မြန်မာပြန်ရသော်-

(၁) ဉာဏ်ထိုင်းသော ပုဂ္ဂိုလ်သည် လေးပါဒရှိသော ဂါထာတပုဒ်မျှကိုပင် လေးလတိတိ ကျက်မှတ်သော်လည်း မမှတ်မိ မရရှိနိုင်ဘဲဖြစ်နေ၏။

(၂) မဟာပညပုဂ္ဂိုလ်သည်ကား ဧကပဒဟုခေါ်သော ခြေဖဝါးချနင်းရာ တနေရာတည်း၌
## PAGE 72

**ပ။ ၂၂၃-ဥပဋ္ဌာကာနံ** = မြတ်စွာဘုရားအား လုပ်ကျွေးပြုစုကုန်သော။

**ပ။ ၂၂၄-မဟာပရိသာနံ** = များသောအခြံအရံပရိသတ်ရှိကုန်သော။

**ပ။ ၂၂၅-ကုလပ္ပသာဒကာနံ** = အမျိုးဒါယကာတို့ကို ကြည်ညိုစေတတ်ကုန်သော။

**ပ။ ၂၂၆-အပ္ပါဗာဓာနံ** = အနာရောဂါ မရှိကုန်သော။

ပ။ မရွှေ့မပြောင်းဘဲရပ်လျှင် (ထိုဧကပဒ အခိုက်အတန့် အတွင်း၌ ဂါထာတပုဒ်မျှ သာမက) ပဒသတဟုခေါ်သော ဂါထာ(၂၅)ပုဒ်ကိုလည်းကောင်း၊ ပဒသဟဿဟုခေါ်သော ဂါထာပေါင်း(၂၅၀)ကိုလည်းကောင်း နှုတ်တက်ရအောင် ကျက်မှတ်နိုင်၏။

(၃) အရှင်အာနန္ဒာထေရ်မြတ်သည်ကား မဟာပညပုဂ္ဂိုလ်ဖြစ်သောကြောင့် ဧကပဒုဒ္ဓါရဟုခေါ်သော ခြေထောက်ကြွမြှောက်ရာ အခိုက်အတန့် အချိန်ပိုင်းကလေး တခုအတွင်း၌ ဂါထာပေါင်းတစ်သောင်းငါးထောင်တို့ကို တကြိမ်ကြားလိုက်ရုံမျှဖြင့် နောက်ထပ်မေးမြန်းရခြင်းမရှိဘဲ ကြားလိုက်သည်နှင့် တပြိုင်နက် နှုတ်တက်ရအောင် မှတ်ယူနိုင်၏။ တကြိမ်တည်းဖြင့် ပန်းအားလုံးကို နွယ်ဖြင့် ဆွဲငင် ယူလိုက်သည်နှင့်တူ၏။

ထိုနှုတ်တက်မှတ်ယူလိုက်ပြီးသမျှ ဂါထာများကား ဘယ်တော့မျှ မေ့ပျောက်ခြင်း မရှိတော့ဘဲ ကျောက်သားပေါ်၌ ထွင်းထားအပ်သော အက္ခရာအရေးအသားကဲ့သို့လည်းကောင်း၊ ရွှေအိုး၌ထည့်ထားအပ်သော ခြင်္သေ့ဆီကဲ့သို့လည်းကောင်း နဂိုမူလမှတ်သားထားသည့်အတိုင်း အမြဲတည်ရှိနေ၏။ ထို့ကြောင့်ပင် မြတ်စွာဘုရားသည် အရှင်အာနန္ဒာထေရ်ကို အမြတ်ဆုံးအသာဆုံး ပုဂ္ဂိုလ်ဟူသော ဧတဒဂ်ရာထူး၌ထားတော်မူ၏။ (ဤကား မူလပဏ္ဏာသ အဋ္ဌကထာ ယခုစာမူအတိုင်း မြန်မာပြန်လိုက်ခြင်းတည်း)။

လက်ရှိပါဠိတပုဒ် စဉ်းစားဖွယ်။ ။ ယခုတွေ့ရသော ထိုမူလပဏ္ဏာသ အဋ္ဌကထာ၌ “ဧကပဒေ”ဟုလည်းကောင်း၊ “ဧကပဒုဒ္ဓါရေ”ဟု လည်းကောင်း ပါဠိနှစ်မျိုးတွေ့ရ၏။ ယင်းသို့တွေ့ရသည့်အတိုင်းဆိုလျှင် မဟာပညပုဂ္ဂိုလ်အတွက် “ဧကပဒေ”ဟုသတ်မှတ်ဖေါ်ပြပြီး အရှင်အာနန္ဒာအတွက်ကိုမူ “ဧကပဒုဒ္ဓါရေ”ဟု သတ်မှတ်ဖေါ်ပြသည်ဟု ဆိုရမည်ဖြစ်၏။

ထို့ကြောင့် အတော်အတန်ထူးခြားသော မဟာပညပုဂ္ဂိုလ်၏ ဧကပဒသည် ထို့ထက်သာလွန်ထူးခြားသော အရှင်အာနန္ဒာ၏ ဧကပဒုဒ္ဓါရနှင့် အနက်အဓိပ္ပါယ် ထပ်တူညီမျှမဖြစ်နိုင်၊ ဧကပဒုဒ္ဓါရပုဒ်နှင့် အနက်တူအောင် ဧကပဒပုဒ်၌ ဥဒ္ဓါရပုဒ် ကျေပျောက်နေသည်ဟုလည်း မဆိုနိုင်၊ ထို့ကြောင့် မူလပဏ္ဏာသအဋ္ဌကထာ၌ရှိသော ပဒေပုဒ်ကိုလည်း ပြခဲ့သော ယခင် အင်္ဂုတ္တိုရ်အဋ္ဌကထာဝါကျတုန်းက အတိုင်းပင်

