## PAGE 73

**၂၂၇-ပုဗ္ဗေနိဝါသံ** = ရှေး၌ နေအပ်ခဲ့ဘူးသော ခန္ဓာအစဉ်ကို၊ အနုဿရန္တာနံ = အစဉ်လျှောက်၍ အောက်မေ့နိုင်ကုန်သော။

**ပ။ ၂၂၈-ဝိနယဓရာနံ** = ဝိနည်းကိုဆောင်ကုန်သော။

**ပ။ ၂၂၉-ဘိက္ခုနောဝါဒကာနံ** = ဘိက္ခုနီတို့ကို ဆုံးမတတ်ကုန်သော။

**ပ။ ၂၃၀-ဣန္ဒြိယေသု** = စက္ခုစသော ဣန္ဒြေခြောက်ပါးတို့၌၊ **ဂုတ္တဒွါရာနံ** = လုံခြုံစွာ ပိတ်ဆီးအပ်သော ဒွါရရှိကုန်သော။

**ပ။ ၂၃၁-ဘိက္ခု**

“ဧကပဒေ = ခြေဖဝါးချနင်းရာ တနေရာတည်း၌”ဟူ၍ အနက်ပြန်ဆိုရတော့မည်ဖြစ်၏၊ သို့သော် မိမိစဉ်းစားမိသည်ကား-

ယခုလက်ရှိစာမူ၌ “ဧကပဒေ၊ ဧကပဒုဒ္ဓါရေ”ဟူ၍ ပါဠိနှစ်မျိုးတွေ့နေရသော်လည်း ထိုမူလပဏ္ဏာသအဋ္ဌကထာ၏ ဋီကာ (ဒု-၂၅၅)၌ “ဧကပဒုဒ္ဓါရေတိ ဧကသ္မိံ ပဒုဒ္ဓါရဏက္ခဏေ = ခြေကြွမြှောက်ရာ အခိုက်အတန့် အချိန်ပိုင်းကလေး တခုအတွင်း၌”ဟူ၍ ဧကပဒုဒ္ဓါရေပုဒ်ကိုသာ ဖွင့်ပြပြီး ဧကပဒေပုဒ်ကိုကား မဖွင့်ပြခဲ့ပေ၊ ယင်းသို့ဋီကာ မဖွင့်ခဲ့သည်ကိုထောက်လျှင် ဧကပဒေပုဒ်၏နေရာ၌လည်း “ဧကပဒုဒ္ဓါရေ”ဟုပင် ရှိသင့်မည်ဖြစ်၏။

ယင်းသို့ရှိခဲ့လျှင် (၃) အရှင်အာနန္ဒာအတွက်သာမက (၂)မဟာပည ပုဂ္ဂိုလ်အတွက်လည်း “ဧကပဒုဒ္ဓါရေ” ဟုပင် ပါဠိရှိရမည်ဖြစ်ပြီး ထို(၂)အတွက် မူလပဏ္ဏာသအဋ္ဌကထာဝါကျကို မြန်မာပြန်လျှင်လည်း “မဟာပညပုဂ္ဂိုလ်သည် ခြေကြွမြှောက်သည့်အခိုက်အတန့် အချိန်ပိုင်းကလေးတခုအတွင်း (ဧကပဒုဒ္ဓါရအတွင်း)၌ ဂါထာ(၂၅)ပုဒ်ကိုလည်းကောင်း၊ ဂါထာပေါင်း(၂၅၀)ကိုလည်းကောင်း နှုတ်တက်ရအောင်မှတ်သား နိုင်၏”ဟု မြန်မာပြန်ရမည်ဖြစ်၏။

အဋ္ဌကထာချင်း အဆိုအမိန့် တူမတူတိုက်ဆိုင်။ ။ ထို့အပြင် ယခင် အဋ္ဌသာလိနီအဋ္ဌကထာ၌ ဖေါ်ပြထားသော “ဋ္ဌိတပဒေနေဝ” ဟူသောပုဒ်သည် မူလပဏ္ဏာသအဋ္ဌကထာမှ “ဧကပဒုဒ္ဓါရေ” ဟူသောပုဒ်နှင့် သဒ္ဒါချင်းအလွန် ကွဲပြားခြားနားသောကြောင့် “ဌိတာ = ရပ်တည်”ဟူသောအနက်နှင့် “ဥဒ္ဓါရ = ကြွမြှောက်” ဟူသော အနက်သည်လည်း အလွန်ကွဲပြားခြားနား၏။ ထိုကြောင့် ဌိတပဒေနေဝပုဒ်နှင့် ဧကပဒုဒ္ဓါရေပုဒ်တို့သည် မည်သည့်နည်းနှင့်မျှ အနက်အဓိပ္ပါယ်အတူတူ မဖြစ်နိုင်၊ သို့ဖြစ်လျှင်အရှင်အာနန္ဒာတပါးတည်း၏ ဉာဏ်စွမ်းရည်ကိုဖေါ်ပြသော အဋ္ဌသာလိနီ၊ အင်္ဂုတ္တိုရ်အဋ္ဌကထာဟူသော ကျမ်းစာနှစ်စောင် နှင့် မူလပဏ္ဏာသအဋ္ဌကထာတို့သည် အနက်အဓိပ္ပါယ် တထပ်တည်းတူသည်ဟု မဆိုနိုင်။

## PAGE 74

**သြဝါဒကာနံ** = ရဟန်းတို့ကို ဆုံးမတတ်ကုန်သော။

**ပ။ ၂၃၂-တေဇောဓာတုကုသလာနံ** = တေဇောဓာတ်ကို ဝင်စားခြင်း၌ ကျွမ်းကျင်ကုန်သော၊ ဝါ = တေဇောကသိဏဈာန်ကို ဝင်စားခြင်း၌ ကျွမ်းကျင်ကုန်သော။

**ပ။ ၂၃၃-ပဋိဘာနေယျကာနံ** = မြတ်စွာဘုရားအား တရားဒေသနာတော် ထင်ပေါ်လာခြင်းကို ဖြစ်စေနိုင်ကုန်သော၊ [ရာဓထေရ်ကို တွေ့မြင်ရခြင်း၊ သူ၏ပြဿနာ မေးမြန်းခြင်းတို့ကြောင့် မြတ်စွာဘုရားမှာ ရာဓသံယုတ်ဆိုင်ရာ သိမ်မွေ့သော အကြောင်းအရာများ ထင်ပေါ်လာသည်]။

**ပ။ ၂၃၄-လူခစီဝရဓရာနံ** = (ဓားဖြတ်၊ အပ်ချည် ချုပ်သီ၊ ဆိုးငြား ဤသုံးပါးကြောင့်) အကြမ်းစား အညံ့စားဖြစ်သော ပံသုကူသင်္ကန်းကို ဆောင်ကုန်၊ ဝတ်ရုံကုန်သော။

ပ။ ထိုအပြင်အင်္ဂုတ္တိုရ်အဋ္ဌကထာ၌ ပါရှိသော ဧကပဒေပုဒ်၌ ဥဒ္ဓါရပုဒ် အကျေကြံလျှင် အင်္ဂုတ္တိုရ်အဋ္ဌကထာ အမိန့်စကားသည် မူလပဏ္ဏာသအဋ္ဌကထာ အမိန့်စကားနှင့် တထပ်တည်းတူသည်ဟု ဆိုနိုင်စရာရှိပေ၏။ သို့သော် အင်္ဂုတ္တိုရ်အဋ္ဌကထာစကားသည် ဆန်းဂိုဏ်းကိုငဲ့ရသော ဂါထာလည်းမဟုတ်၊ နှုတ်ဖြင့်ဟောသော တရားလည်းမဟုတ်၊ လက်ဖြင့်ရေးထားသော စုတ္တိယ စကားပြေသက်သက်သာဖြစ်၏။

ထို့ကြောင့် မူလပဏ္ဏာသအဋ္ဌကထာစကားနှင့် တထပ်တည်း တူညီစေလိုလျှင် ဥဒ္ဓါရပုဒ်ကိုဖြုတ်မချခဲ့ဘဲ မူလပဏ္ဏာသအဋ္ဌကထာ ကဲ့သို့ပင် “ဧကပဒုဒ္ဓါရေ”ဟူ၍ ဥဒ္ဓါရေပုဒ်ကို တိုက်ရိုက်ထည့်စွက်ရေးခဲ့မည်သာ ဖြစ်၏။ ယခုမူ ယင်းသို့မရေးခဲ့သည်ကိုထောက်လျှင် ထိုအင်္ဂုတ္တိုရ်အဋ္ဌကထာ စကားသည် မူလပဏ္ဏာသအဋ္ဌကထာနှင့်တထပ်တည်း တူညီမှုမဖြစ်နိုင်၊ အဋ္ဌသာလိနီနှင့်သာ တထပ်တည်းတူညီမှုဖြစ်နိုင်၏။

သို့ရာတွင် ဂါထာပေါင်းတစ်သောင်းငါးထောင်ကို နှုတ်တက်ဆောင်ယူမှတ်သားနိုင်စွမ်းရှိသော အရှင်အာနန္ဒာအတွက် မူလပဏ္ဏာသအဋ္ဌကထာ၌ ဧကပဒုဒ္ဓါရဖြင့် အချိန်ကန့်သတ်ပြီး အဋ္ဌသာလိနီနှင့် အင်္ဂုတ္တိုရ်အဋ္ဌကထာတို့၌ ဧကပဒ၊ ဌိတပဒတို့ဖြင့် အချိန်ကန့်သတ်သည်ဟူ၍ ဤမျှလောက်သာ ကွဲပြားခြားနားသောကြောင့် တထပ်တည်း မတူဟုသာဆိုနိုင်ပြီး ထိုအဋ္ဌကထာများ တကျမ်းနှင့်တကျမ်း ဆန့်ကျင်သည်ဟု မဆိုနိုင်ပါ။ တထပ်တည်း မတူခြင်းမှာလည်း ထိုပါဠိတော်များကို ကျက်မှတ်ဆောင်ယူကြသော ဘာဏကထေရ်ချင်း မတူသောကြောင့်ဖြစ်တန်ရာ၏။
## PAGE 75

၂၃၅-**ဘိက္ခဝေ**=တို့၊ **မမ**=ငါ၏၊ **သာဝိကာနံ**=တပည့်မ ဖြစ်ကုန်သော၊ **ရတ္တညူနံ**=ကုန်သော၊ **ဘိက္ခုနီနံ**=ရဟန်းမတို့တွင်၊ **ယဒိဒံ (ယာအယံ) မဟာပဇာပတိဂေါတမီ**=အကြင် မဟာပဇာပတိ ဂေါတမီသည်၊ (အတ္ထိ) **ဧတံ (ဧသာ)**=ထို မဟာပဇာပတိ ဂေါတမီသည်၊ **အဂ္ဂ (အဂ္ဂါ)** = အမြတ်ဆုံးရဟန်းမပေတည်း၊ ဝါ=တည်း။

၂၃၆-**ဘိက္ခဝေ**=တို့၊ **မမ**=၏၊ **သာဝိကာနံ**=ကုန်သော၊ **မဟာပညာနံ** =ကြီးမားသော ပညာရှိကုန်သော၊ **ဘိက္ခုနီနံ**=တို့တွင်၊ **ယဒိဒံ (ယာအယံ) ခေမာ** = အကြင်ခေမာသည်၊ (အတ္ထိ) **ဧတံ (ဧသာ)** = ထိုခေမာသည်၊ **အဂ္ဂ (အဂ္ဂါ)**=တည်း။

၂၃၇-**ဣဒ္ဓိမန္တာနံ**=ကြီးသော တန်ခိုးရှိကုန်သော၊ **ဘိက္ခုနီနံ**=တို့တွင်။ ပ။

၂၄၃-**ယဒိဒံ (ယာအယံ) ဘဒ္ဒါကုဏ္ဍလကေသာ**=အကြင်ဘဒ္ဒါကုဏ္ဍလကေသာသည်။ ပ။

၂၄၄၊ **ပုဗ္ဗေနိဝါသံ**=ကို၊ **အနုဿရန္တာနံ**=အစဉ်လျှောက်၍ အောက်မေ့နိုင်ကုန်သော၊ **ဘိက္ခုနီနံ**=တို့တွင်၊ **ယဒိဒံ (ယာအယံ) ဘဒ္ဒါကာပိလာနီ** အကြင်ဘဒ္ဒါကာပိလာနီသည်။ ပ။

၂၄၅-**မဟာဘိညာပတ္တာနံ** = (တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းအထိ အောက်မေ့နိုင်ခြင်းအားဖြင့်) ကြီးမားကျယ်ပြန့်သော ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်သို့ ရောက်ကုန်သော။ ပ။

၂၄၇-**ယဒိဒံ (ယာအယံ) သိင်္ဂါလကမာတာ**=အကြင်သိင်္ဂါလက၏ မယ်တော်သည်။ ပ။

### ၁၄-ဧတဒဂ္ဂဝဂ်၊ ၆-ဆဋ္ဌဝဂ်

၂၄၈-**ဘိက္ခဝေ**-တို့၊ **မမ**=၏၊ **သာဝကာနံ**=ကုန်သော၊ **ပဌမံ**=အားလုံးသော ပုဂ္ဂိုလ်တို့၏ ရှေးဦးစွာ၊ **သရဏံ**=ကိုးကွယ်အားထားရာဟူ၍၊ **ဂစ္ဆန္တာနံ**=ဆည်းကပ်ကြကုန်သော၊ **ဥပါသကာနံ**=သီတင်းသည်ဒါယကာတို့တွင်၊ **တပုဿ ဘလ္လိကာ**=တပုဿ, ဘလ္လိကမည်ကုန်သော၊ **ယဒိဒံ (ယေ ဣမေ) ဝါဏိဇာ**=အကြင်ကုန်သည် ညီနောင်တို့သည်၊ (သန္တိ=ရှိကြကုန်၏၊) **ဧတံ (ဧတေ)**=ထိုကုန်သည်ညီနောင်တို့သည်၊ **အဂ္ဂ (အဂ္ဂါ)**=အမြတ်ဆုံး တပည့်တို့ပေတည်း။

၂၄၉-**ဘိက္ခဝေ**=တို့၊ **မမ**=၏၊ **သာဝကာနံ**=ကုန်သော၊ **ဒါယကာနံ**=အလှူဒါနပေးကမ်းတတ်ကုန်သော၊ **ဥပါသကာနံ**=တို့တွင်၊ **အနာထပိဏ္ဍိကော**=ခိုကိုးရာမဲ့သူ လူဆင်းရဲတို့အား ထမင်းရိက္خာပေးတတ်သော၊ **သုဒတ္တော**=သုဒတ္တမည်သော၊

