## PAGE 76

**ယဒိဒံ (ယောအယံ) ဂဟပတိ**=အကြင် အိမ်ရှင်သူကြွယ်သည်၊ (အတ္ထိ=ရှိ၏၊) **ဧတံ (ဧသော)**= ထိုအိမ်ရှင်သူကြွယ်သည်၊ **အဂ္ဂ (အဂ္ဂေါ)**=အမြတ်ဆုံးပေတည်း။

၂၅၀-**ဘိက္ခဝေ**=တို့၊ **မမ**=၏။ **သာဝကာနံ**=ကုန်သော၊ **ဓမ္မကထိကာနံ** =တရားဟောကုန်သော၊ **ဥပါသကာနံ**=တို့တွင်၊ **မစ္ဆိကာသဏ္ဍိကော**=မစ္ဆိကာသဏ္ဍမြို့သားဖြစ်သော၊ **စိတ္တော**=စိတ္တမည်သော၊ **ယဒိဒံ (ယောအယံ) ဂဟပတိ** =သည်း (အတ္ထိ) **ဧတံ (ဧသော)**=ထိုစိတ္တသူကြွယ်သည်။ ပ။

၂၅၁-**ဘိက္ခဝေ**=တို့၊ **မမ**=၏။ **သာဝကာနံ**=ကုန်သော၊ **စတူဟိ**=လေးမျိုးကုန်သော၊ **သင်္ဂဟဝတ္ထုဟိ**=ချီးမြှောက်ထောက်ပံ့ခြင်းဟူသော အကြောင်းတရားတို့ဖြင့်၊ ၎င်းလေးမျိုးကို စတုက္ကစာပိုဒ် ၃၂-ကြည့် **ပရိသံ**=ပရိသတ်ကို၊ **သင်္ဂဏှန္တာနံ**=ချီးမြှောက်ထောက်ပံ့ကုန်သော၊ **ဥပါသကာနံ**=တို့တွင်၊ **ဟတ္ထကော**=ဟတ္တကမည်သော၊ **ယဒိဒံ (ယောအယံ) အာဠဝကော** = အကြင်အာဠဝကသည်၊ (အတ္ထိ) **ဧတံ (ဧသော)**=ထိုဟတ္ထက အာဠဝကသည်၊ **အဂ္ဂ (အဂ္ဂေါ)**=တည်း။

၂၅၂-**ပဏီတဒါယကာနံ**=မွန်မြတ်သော အရသာရှိသော ထောပတ်စသော အားဆေးတို့ကို ပေးလှူတတ်ကုန်သော၊ **ဥပါသကာနံ**=တို့တွင်၊ **သက္ကော**=သာကီဝင်မင်းဖြစ်သော။ **ယဒိဒံ (ယောအယံ) မဟာနာမော**=အကြင်မဟာနာမသည်။ (အတ္ထိ)။ ပ။

၂၅၃-**မနာပဒါယကာနံ**=မိမိစိတ်ကြိုက် ဘောဇဉ်ကို ပေးလှူတတ်ကုန်သော၊ **ဥပါသကာနံ**=တို့တွင်၊ **ဝေသာလိကော**=ဝေသာလီမြို့သားဖြစ်သော၊ **ဥဂ္ဂေါ**-ဥဂ္ဂမည်သော၊ **ယဒိဒံ (ယောအယံ) ဂဟပတိ**။ ပ။

၂၅၄-**သံဃုပဋ္ဌာကာနံ**=သံဃာ့အလုပ်အကျွေး ဖြစ်ကုန်သော၊ **ဥပါသကာနံ**=တို့တွင်၊ **ဟတ္ထိဂါမကော**=ဟတ္ထိရွာသားဖြစ်သော၊ **ဥဂ္ဂတော**=ဥဂ္ဂတမည်သော၊ **ယဒိဒံ (ယောအယံ) ဂဟပတိ**။ ပ။

၂၅၅-**အဝေစ္စပသန္နာနံ**=ရတနာသုံးပါး ဂုဏ်တော်တို့ကို ဟုတ်မှန်စွာသိ၍ ကြည်ညိုကုန်သော၊ ဝါ=ရတနာသုံးပါးဂုဏ်တော်တို့၌ မလှုပ်မယိုင်မြဲခိုင်စွာဉာဏ်သက်ဝင်၍ ကြည်ညိုကုန်သော၊ **ဥပါသကာနံ**။ [**အဝေစ္စ**=အဝ+ဣ+တွာ=ဟုတ်မှန်စွာသိ၍၊ ဝါ=ဉာဏ်ဖြင့် သက်ဝင်၍+**ပသန္န**=ကြည်ညိုသူ]။ ပ။

၂၅၆-**ပုဂ္ဂလပ္ပသန္နာနံ**=ပုဂ္ဂိုလ်၌ ကြည်ညိုကုန်သော၊ (မြတ်စွာဘုရား၌ ပုဂ္ဂိုလ်စွဲအားဖြင့် ကြည်ညိုကုန်သော) **ဥပါသကာနံ**=တို့တွင်၊ **ကောမာရဘစ္စော**=အဘယမင်းသားသည် ကောက်ယူမွေးစားအပ်သော၊ **ယဒိဒံ (ယောအယံ) ဇီဝကော**=သည်။ ပ။

၂၅၇-**ဝိဿာသကာနံ**=မြတ်စွာဘုရားနှင့် အကျွမ်းတဝင် ပြောဆိုတတ်ကုန်သော၊ **ဥပါသကာနံ**=တို့တွင်၊ **နကုလပိတာ**=နကုလပိတုမည်သော၊ ဝါ=နကုလသူငယ်၏ ဖခင်ဖြစ်သော၊ **ယဒိဒံ (ယောအယံ) ဂဟပတိ**။ ပ

## PAGE 77

၂၅၈-**ဘိက္ခဝေ**=တို့၊ **မမ**=၏၊ **သာဝိကာနံ**=တပည့်မ ဖြစ်ကုန်သော၊ **ပဌမံ**=စွာ၊ **သရဏံ**=၍၊ **ဂစ္ဆန္တာနံ**=ဆည်းကပ်ကုန်သော၊ **ဥပါသိကာနံ**=သီတင်းသည် ဒါယိကာမတို့တွင်၊ **သေနိယဓီတာ**=သေနိယသူကြွယ်၏ သမီးဖြစ်သော၊ **ယဒိဒံ (ယာအယံ) သုဇာတာ**=အကြင်သုဇာတာသည်၊ (အတ္ထိ-ရှိ၏) **ဧတံ (ဧသာ)**=ထို သုဇာတာသည်၊ **အဂ္ဂါ**=တည်း။

၂၅၉-**ဘိက္ခဝေ**=တို့။ ပ။ **ဒါယိကာနံ**=အလှူဒါနပေးကမ်းတတ်ကုန်သော၊ **ဥပါသိကာနံ**=တို့တွင်၊ **မိဂါရမာတာ**=မိဂါရ၏ မယ်တော်ဖြစ်သော၊ (မိဂါရသူဋ္ဌေးသည် အမိအရာ၌ ထားအပ်သည်အဖြစ်ကြောင့် မိဂါရမယ်တော်မည်သော၊ ဝါ-မိဂါရမည်သောအကြီးဆုံးသား၏ မိခင်ဖြစ်သောကြောင့် မိဂါရမယ်တော်မည်သော)။ ပ။

၂၆၀-**ဗဟုဿုတာနံ**= များစွာသော ပရိယတ္တိဓမ္မသုတ ရှိကုန်သော၊ **ဥပါသိကာနံ**။ ပ။

၂၆၁-**မေတ္တာဝိဟာရီနံ**=မေတ္တာဖြင့်နေလေ့ရှိကုန်သော၊ **ဥပါသိကာနံ**။ ပ။

၂၆၂-**ဈာယီနံ**=ဈာန်ဝင်စားလေ့ရှိကုန်သော၊ **ဥပါသိကာနံ**=တို့တွင်၊ **နန္ဒမာတာ**=နန္ဒ၏ မိခင်ဖြစ်သော။ ပ။

၂၆၃-**ပဏီတဒါယိကာနံ**=မွန်မြတ်သော အရသာရှိသော အာဟာရဝတ္ထုတို့ကို ပေးလှူတတ်ကုန်သော၊ **ဥပါသိကာနံ**=တို့တွင်၊ **ကောလိယဓီတာ**=ကောလိယမင်းသမီးဖြစ်သော။ ပ။

၂၆၄-**ဂိလာနုပဋ္ဌာကီနံ**=ဂိလာနရဟန်းအား လုပ်ကျွေးပြုစုကုန်သော၊ **ဥပါသိကာနံ**=တို့တွင်၊ **သုပ္ပိယာ**=သုပ္ပိယာမည်သော၊ **ယဒိဒံ (ယာအယံ) ဥပါသိကာ**=အကြင် သီတင်းသည် ဒါယိကာမသည်၊ (အတ္ထိ)။ ပ။

၂၆၅-**ယဒိဒံ (ယာအယံ) ကာတိယာနီ**=အကြင်ကာတိယာနီသည်၊ (အတ္ထိ)။ ပ။

၂၆၆-**ဝိဿာသိကာနံ** =မြတ်စွာဘုရားနှင့် အကျွမ်းတဝင် ပြောဆိုတတ်ကုန်သော၊ **ဥပါသိကာနံ**=တို့တွင်၊ **နကုလမာတာ**=နကုလမာတုမည်သော၊ ဝါ=နကုလ၏ မိခင်ဖြစ်သော၊ **ယဒိဒံ (ယာအယံ) ဂဟပတာနီ**=အကြင်အိမ်ရှင်သူကြွယ်မသည်၊ (အတ္ထိ)။ ပ။

၂၆၇-**အနုဿဝပ္ပသန္နာနံ**=တစ်ဆင့်စကားကြားခြင်းဖြင့် ရတနာသုံးပါး၌ ကြည်ညိုကြကုန်သော၊ **ဥပါသိကာနံ**=တို့တွင်၊ **ကုရရဃရိကာ**=ကုရရဃရမြို့၌နေသော၊ **ကာဠိ**=ကာဠီမည်သော၊ **ယဒိဒံ (ယာအယံ) ဥပါသိကာ**=အကြင် သီတင်းသည်မသည်၊ (အတ္ထိ) **ဧတံ (ဧသာ)**=ထိုသီတင်းသည်မသည်၊ **အဂ္ဂါ**=တည်း။

**ဣတိ (အဝေါစ)**။ ပ။ **ဧတဒဂ္ဂဝဂ္ဂေါ**=ဧတဒဂ္ဂဝဂ်သည်၊ **နိဋ္ဌိတော**=ပြီးပြီ။
## PAGE 78

#### ၁၅-အဋ္ဌာနပါဠိ၊ ၁-ပဌမဝဂ်

**၂၆၈။** **ဘိက္ခဝေ** = ရဟန်းတို့၊ [ယံ ဒိဋ္ဌိသမ္ပန္နော၌ ယံကို အနက်ပေးအံ့၊ အဋ္ဌာနံပုဒ်နှင့် အနဝကာသောပုဒ်ဟူ၍ နှစ်ပုဒ်ရှိသောကြောင့် ထို “ယံ” ကို နှစ်ကြိမ်အနက်ဆိုရမည်။]

**ယံ** (ယေန ဌာနေန) = အကြင်အကြောင်းကြောင့်၊
**ယံ** (ယေန အဝကာသေန) = အကြင်အခွင့်အလမ်းကြောင့်၊
**ဒိဋ္ဌိသမ္ပန္နော** = သောတာပတ္တိမဂ်ဉာဏ်အမြင်နှင့် ပြည့်စုံသော၊
**ပုဂ္ဂလော** = သောတာပန်ပုဂ္ဂိုလ်သည်၊
**ကဉ္စိ** = တစုံတခုသော၊
**သင်္ခါရံ** = သင်္ခတသင်္ခါရသို့၊ (ကာမ၊ ရူပ၊ အရူပ လောကုတ္တရာဟူသော စတုဘူမက သင်္ခတသင်္ခါရသို့၊ ဝါ = ကာမ၊ ရူပ၊ အရူပဟူသော တေဘူမက သင်္ခတသင်္ခါရသို့) ဝါ = ကို၊
**နိစ္စတော** = မြဲ၏ဟူ၍၊
**ဥပဂစ္ဆေယျ** = ကပ်ရောက်ရာ၏၊ ဝါ = ယူဆရာ၏၊ [အဋ္ဌာနမေတံ၌ ဧတံကို ယခုအနက်ပေးရမည်။]

**ဧတံ** (ဌာနံ) = (မြဲ၏ဟု ကပ်ရောက်ခြင်းဟူသော) ဤအကြောင်းသည်၊
**အဋ္ဌာနံ** = မရအပ်၊ မရနိုင်သော အကြောင်းတည်း။ [အဝိဇ္ဇမာနံ ဌာနံ အဋ္ဌာနံ။ အသဒ္ဒါ အနုပလဗ္ဘနအနက်ဟောဟု ဝိဘင်းအနုဋီကာ၊ ၂ဝ၇ ၌ ဖွင့်၏] ဝါ = မရှိနိုင်၊ မဖြစ်နိုင်သော အကြောင်းတည်း၊ [နတ္ထိ ဌာနံ အဋ္ဌာနံ။ ဤ၌ကား အသဒ္ဒါ အဘာဝအနက်ဟောဟု ဖွင့်၏။]

**ဧသော** (အဝကာသော) = (မြဲ၏ဟု ကပ်ရောက်ခြင်းဟူသော) ဤအခွင့်အလမ်းသည်၊
**အနဝကာသော** = မရအပ်၊ မရနိုင်သော အခွင့်အလမ်းတည်း၊ ဝါ = မရှိနိုင်၊ မဖြစ်နိုင်သောအခွင့်အလမ်းတည်း၊ [အဋ္ဌာနမေတံ၌ ဧတံကိုပင် ဧသော (အဝကာသော) ဟူ၍ ပုလ္လိင်ပြောင်းလဲ၍ အနက်ဆိုသည်။]

**ဧတံ ဌာနံ** = (မြဲ၏ဟု ကပ်ရောက်ခြင်းဟူသော) ဤအကြောင်းသည်၊ [နေတံ = နေ+ဧတံ] နဝိဇ္ဇတိ = မရှိ၊ နေတံ ဌာနံ ဝိဇ္ဇတိဟူသော ဝါကျကို အနက်ပေးသည်။]

ထို့နောက်–“ဌာနဉ္စ ခေါ ဧတံ ဘိက္ခဝေ”၌ ဘိက္ခဝေကို အနက်ပေးရမည်။ ထို့နောက် “ယံ ပုထုဇ္ဇနော” စသည်ကို အနက်ပေးရမည်။]

**ဘိက္ခဝေ** = ရဟန်းတို့၊
**ယံ** (ယေန ဌာနေန) = အကြင်အကြောင်းကြောင့်၊
**ပုထုဇ္ဇနော** = ပုထုဇဉ်ပုဂ္ဂိုလ်သည်၊
**ကဉ္စိ** = တစုံတခုသော၊
**သင်္ခါရံ** = တေဘူမက သင်္ခတ သင်္ခါရသို့၊ ဝါ = ကို၊ [ပုထုဇဉ်အတွက် လောကုတ္တရာ မရနိုင်သောကြောင့် စတုဘူမက-ဟု မဆိုရ]
**နိစ္စတော** = မြဲ၏ဟူ၍၊
**ဥပဂစ္ဆေယျ** = ကပ်ရောက်ရာ၏။ [ထို့နောက် – “ဌာနဉ္စ ခေါ ဧတံ” ကို အနက်ပေးအံ့၊]

**ဧတံ ဌာနံ စ** = (ပုထုဇဉ်အတွက် မြဲ၏ဟု ကပ်ရောက်ခြင်းဟူသော) ဤအကြောင်းသည်ကား၊
**ဝိဇ္ဇတိခေါ** = ရှိသည်သာ၊ [ထို့နောက် “ဌာနမေတံ”ကို အနက်ပေးရမည်]

**ဧတံ ဌာနံ** = (ပုထုဇဉ်အတွက်မြဲ၏ဟု ကပ်ရောက်ခြင်းဟူသော) ဤအကြောင်းသည်၊

