## PAGE 79

**ဝိဇ္ဇတိ** = ရှိ၏၊ **ဣတိ** = ဤသို့၊ (အဝေါစ = မိန့်တော်မူပြီ၊)

[“ဧတံဌာနံ = ဤကပ်ရောက်ခြင်း၏ အကြောင်းသည်”ဟုလည်း အဘေဒဘေဒူပစာရအနက် ဆိုနိုင်၏၊ ဥဒရဿ ကာရဏာ-ဝမ်း၏အကြောင်း၊ ဝါ = ဝမ်းဟူသော အကြောင်း၊ ဒါရူနှံ ကိစ္စာ (ကာရဏာ) စသည်တို့ကဲ့သို့တည်း၊ ဒုကနိပါတ် စာပိုဒ် ၁-သုတ်လည်းကြည့်။]

**၂၆၉။** **သုခတော** = သုခဟူ၍၊ **ဥပဂစ္ဆေယျ** = ကပ်ရောက်ရာ၏၊
**ဧတံ ဌာနံ** = (သုခဟု ကပ်ရောက်ခြင်းဟူသော) ဤအကြောင်းသည်၊ **အဋ္ဌာနံ** = မရနိုင်သော အကြောင်းတည်း၊
**ဧသော အဝကာသော** = (သုခဟု ကပ်ရောက်ခြင်းဟူသော) ဤအခွင့်အလမ်းသည်၊ **အနဝကာသော** = မရနိုင်သော အခွင့်အလမ်းတည်း။ ပ။

**၂၇ဝ။** **ကဉ္စိ** = တစုံတခုသော၊ **ဓမ္မံ** = (ကသိုဏ်းစသော ပညတ်နှင့်တကွသော) စတုဘူမကတရားသို့၊ ဝါ = (ကသိုဏ်းစသောပညတ်နှင့်တကွသော) တေဘူမက တရားသို့၊
**အတ္တတော** = အတ္တကောင်ဟူ၍။ ဝါ = ခိုင်မြဲသောအနှစ်သာရ အမာခံအသက်ရှင်ကောင်ဟူ၍၊ ပ။

**ပုထုဇ္ဇနော** = ပုထုဇဉ်ပုဂ္ဂိုလ်သည်၊ **ကဉ္စိ** = တစုံတခုသော၊ **ဓမ္မံ** = (ပညတ်နှင့်တကွသော) တေဘူမကတရားသို့။ ပ။

**၂၇၁။** **မာတရံ** = မွေးမိခင်ရင်းကို၊ **ဇီဝိတာ** = ရုပ်နာမ်နှစ်ချက် အသက်ဇီဝိန်မှ၊ **ဝေါရောပေယျ** = ခွဲခွာဖယ်ရှားရာ၏၊
**ဧတံ ဌာနံ** = (ခွဲခွာဖယ်ရှားခြင်းဟူသော) ဤအကြောင်းသည်၊ **အဋ္ဌာနံ** = မရနိုင်သော အကြောင်းတည်း၊
**ဧသော အဝကာသော** = (ခွဲခွာဖယ်ရှားခြင်းဟူသော) ဤအခွင့်အလမ်းသည်၊ **အနဝကာသော**။ ပ။

**ပိတရံ** = ဖခင်အရင်းကို။ ပ။
**အရဟန္တံ** = လူသားဖြစ်သော ရဟန္တာကို။ ပ။

**၂၇၄။** **တထာဂတဿ** = မြတ်စွာဘုရား၏၊ (ဇီဝမာနက သရီရေ = သက်တော်ရှင်ဆဲ ကိုယ်တော်၌)
**ပဒုဋ္ဌစိတ္တော** = ဒေါသသည် ဖျက်ဆီးအပ်သော သတ်လိုစိတ်ရှိသည် (ဟုတွားဖြစ်၍)၊
**လောဟိတံ** = သွေးကို (ယင်ငယ်တကောင် သောက်လောက်ရုံမျှ သွေးကိုသော်မျှပင်)၊
ဥပ္ပါဒေယျ = ဖြစ်စေရာ၏၊
ဧတံ ဌာနံ = (သွေးကိုဖြစ်စေခြင်းဟူသော) ဤအကြောင်းသည်။ ပ။

**၂၇၅။** **သံဃံ** = သံဃာကို၊ (တသိမ်တည်း၌ တည်နေသော သမာနသံဝါသက သံဃာကို)
**ဘိန္တေယျ** = သင်းကွဲအောင် ခွဲရာ၏။ ပ။

၁။ မာတရံ ဇီဝိတာ ဝေါရောပေယျ။ ။ လူဖြစ်သော လူသတ်သမားက မိဘအရင်းကို သတ်မှသာ အာနန္တရိယကံထိုက်၏။ အရိယာပုဂ္ဂိုလ်များကား ငါးပါးသီလကို အသက်နှင့်လဲ၍ထိန်းသိမ်းကြသောကြောင့် မိဘကို မဆိုထားဘိ ပုရွက်ဆိတ်ကိုပင်မသတ်။ သို့ဖြစ်လျှင် ဘာ့ကြောင့် မာတရံ ဇီဝိတာ ဝေါရောပေယျ စသည်ဖြင့် အထူးတလည် ဆိုနေရသေးသနည်းဟူမူ၊ အမိသတ်ခြင်းစသော ပဉ္စာနန္တရိယကံတို့ကို မည်သည့် အကြောင်းကြောင့်မျှ မကျူးလွန်ကြတော့သော အရိယာပုဂ္ဂိုလ်တို့၏ သဒ္ဓါဗိုလ် ပညာဗိုလ်စသော ကုသိုလ်တရားတို့ အလွန်အားကောင်းသည် အဖြစ်ကိုပြခြင်းငှာလည်းကောင်း၊ ပုထုဇဉ်ပုဂ္ဂိုလ်တို့ကား ထိုကံတို့ကို ကျူးလွန်ကြဦးမည်ဖြစ်ရကား ပုထုဇဉ်အဆင့်အတန်း၏ အကုသိုလ်အပြစ် အလွန်ကြီးမားသော အောက်တန်းစား အဆင့်သာ ဖြစ်ကြောင်းကိုပြခြင်းငှာလည်းကောင်း ထိုကဲ့သို့ အထူးတလည် ဆိုထားသည်။

## PAGE 80

**၂၇၆။** **အညံ** = မြတ်စွာဘုရားမှ တပါးသော၊ **သတ္ထာရံ** = မိစ္ဆာအယူဝါဒဟောပြသော ဆရာကို၊ **ဥဒ္ဒိသေယျ** = (ငါ၏ဆရာဟု) ညွှန်ပြရာ၏။ ပ။

**၂၇၇။** **ဘိက္ခဝေ** = ရဟန်းတို့၊ **ယံ** (ယေန ဌာနေန) = အကြောင်းကြောင့်၊ **ယံ** (ယေန အဝကာသေန) = အကြောင်းကြောင့်၊
**ဧကိဿာ** = ဇာတိခေတ်အနေအားဖြင့် တခုတည်းသော၊ **လောကဓာတုယာ** = တသောင်းသော လောကဓာတ်၌၊ ဝါ = စကြဝဠာတိုက်တသောင်း၌၊
**ဒွေ** = နှစ်ဆူကုန်သော၊ **အရဟန္တော** = ပူဇော်အထူးကို ခံယူတော်မူထိုက်ကုန်သော၊
**သမ္မာသမ္ဗုဒ္ဓါ** = မြတ်စွာဘုရားတို့သည်။ အပုဂံ = ရှေ့လည်းမကျ၊ **အစရိမံ** = နောက်လည်းမကျ၊ [တနည်း—**အပုဗ္ဗ အစရိမံ** = တပြိုင်နက်တည်း ခဏ၌၊]
**ဥပ္ပဇ္ဇေယျုံ** = ပွင့်တော်မူကုန်ရာ၏။
**ဧတံ ဌာနံ** = (ဘုရားရှင်နှစ်ဆူတို့ တပြိုင်နက်တည်း ပွင့်တော်မူခြင်းဟူသော) ဤအကြောင်းသည်၊ **အဋ္ဌာနံ** = မရနိုင်သော အကြောင်းတည်း၊
**ဧသော အဝကာသော** = (ဘုရားရှင်နှစ်ဆူတို့ တပြိုင်နက်တည်းပွင့်တော်မူခြင်းဟူသော) ဤအခွင့်အလမ်းသည်၊ **အနဝကာသော**။

၁။ ပဒုဋ္ဌစိတ္တော။ ။ “ပဒုဋ္ဌစိတ္တောတိ ၀ဓကစိတ္တေန ပဒုဋ္ဌစိတ္တော” ဟူသော အဋ္ဌကထာ၌ “ဝဓကစိတ္တေန”ဟူသောအဖွင့်ဖြင့် ပဒုဋ္ဌစိတ်ဟူသည် ဝဓကစိတ်ပင်ဖြစ်သည်။ (ပဒုဋ္ဌစိတ္တပုဒ်အရ ၀ဓကစိတ်ကိုယူရမည်) ဟုသိစေလို၏။ ထိုကြောင့် အဋ္ဌကထာ၌ “ဝဓကစိတ္တေန = သတ်သောသူ၏စိတ်ဖြင့်၊ ဝါ = သတ်လိုစိတ်ဖြင့်၊ ပဒုဋ္ဌစိတ္တော = ပဒုဋ္ဌစိတ်ရှိသည်၊ ဝါ = ဒေါသသည် ဖျက်ဆီးအပ်သော စိတ်ရှိသည်”ဟူ၍ ဝဓကစိတ္တေနပုဒ်ကို ပဒုဋ္ဌစိတ္တောပုဒ်၏ အဘိန္နဝิသေသနကြံရမည်ဖြစ်၏၊ ဤအဖွင့်ဝါကျသည် “ပညဝါတိ ဝိပဿနာ ပညာယ ပညဝါ”ဟူသော အဖွင့်ဝါကျမျိုးပင်ဖြစ်၏။

တနည်းကြံရသော်—“ဝဓကစိတ္တေန = သတ်လိုစိတ်သည်၊ (ဒေါသမူစိတ်သည်) ပဒုဋ္ဌစိတ္တော = ဖျက်ဆီးအပ်သောပင်ကို မူရင်းစိတ်ရှိသည်”ဟူ၍ ဝဓကစိတ္တေနပုဒ်ကို ပဒုဋ္ဌပုဒ်၏ အဝုတ္တကတ္တားသော်လည်း ကြံသင့်၏၊ ယင်းသို့ကြံလျှင် ပင်ကိုမူရင်းဖြစ်သော ပဘဿရစိတ်ကို ဝဓကစိတ်က ဖျက်ဆီးသည်ဟု အနက်ယူသင့်၏။
## PAGE 81

အခွင့်အလမ်းသည်၊ အနဝကာသော=တည်း၊ ဧတံ ဌာနံ=သည်း นဝိဇ္ဇတိ=မရှိ၊ **ဘိက္ခဝေ**=တို့၊ ယံ (ယေန ဌာနေန)=ကြောင့်၊ ဧကိဿာတခုတည်းသော၊ **လောကဓာတုယာ**=စကြဝဠာ၌၊ ဧကောဝ=တဆူတည်းသာဖြစ်သော၊ **အရဟံ**=ပူဇော်အထူးကို ခံယူတော်မူထိုက်သော၊ **သမ္မာသမ္ဗုဒ္ဓေါ**=သည်၊ **ဥပ္ပဇ္ဇေယျ**=ပွင့်တော်မူနိုင်၏။

ဧတံ ဌာနံစ=(တဆူတည်းသာ ပွင့်တော်မူခြင်းဟူသော) ဤအကြောင်းသည်ကား၊ ဝိဇ္ဇတိ ခေါ=ရှိသည်သာ၊ ဧတံ ဌာနံ=သည်၊ ဝိဇ္ဇတိ=ရှိ၏၊ ဣတိ (အဝေါစ) ပဌမော=သော၊ **ဝဂ္ဂေါ**-ဝဂ်တည်း။

## ၁၅-အဋ္ဌာနပါဠိ
### ၂-ဒုတိယဝဂ်

၂၇၈၊ ၂၈၆။ **ဧကိဿာ**=တခုတည်းသော၊ **လောကဓာတုယာ**=လောကဓာတ်၌၊ ဝါ=စကြဝဠာ၌၊ **စက္ကဝတ္တီ**=စကြာရတနာကို လည်စေနိုင်ကုန်သော၊ ဝါ=စကြဝတေးမင်း ဖြစ်ကုန်သော၊ **ဒွေ**=နှစ်ဦးကုန်သော၊ **ရာဇာနော**=ဘုရင်မင်းတို့သည်။ ပ။ **ဥပ္ပဇ္ဇေယျ**=ဖြစ်ကုန်ရာ၏။ ပ။ **စက္ကဝတ္တီ**=စေနိုင်သော၊ ဝါ=သော၊ **ဧကော**=တဦးတည်းသော၊ **ရာဇာ**=ဘုရင်မင်းသည်၊ **ဥပ္ပဇ္ဇေယျ**=ဖြစ်နိုင်၏။ ပ။

**ဣတ္ထိ**=မိန်းမသည်၊ **အရဟံ**=သော၊ **သမ္မာသမ္ဗုဒ္ဓေါ**-သည်၊ **အဿ**=ဖြစ်ရာ၏။ ပ။ **ပုရိသော**=သည်။ ပ။ **အဿ**=ဖြစ်နိုင်၏။ ပ။ **ဣတ္ထိ**=သည်၊ **စက္ကဝတ္တိ**=သော၊ **ရာဇာ**=သည်၊ **အဿ**=ဖြစ်ရာ၏။ ပ။

**သက္ကတ္တံ**=သိကြားမင်းအဖြစ်ကို၊ **ကာရေယျ**=ပြုစေရာ၏။ သိကြားမင်းပြုလုပ် အုပ်ချုပ်ရာ၏ဟူလို။ [တိကနိပါတ်စာပိုဒ် (၇၁) သုတ်မှ ရဇ္ဇံ ကာရေယျ ၌ ရေးဦးမည်။]

ဧတံ ဌာနံ=သည်၊ **အဋ္ဌာနံ**=တည်း၊ ဧသော အဝကာသော=သည်၊ **အနဝကာသော**=တည်း၊ ထို့နောက် “နေတံ ဌာနံ ဝိဇ္ဇတိ၊ ဌာနဉ္စ ခေါ”စသည် ဆက်ဆို။ ပ။ **မာရတ္တံ**=မာရ်မင်း၏အဖြစ်ကို၊ **ကာရေယျ**=၏၊ [အဋ္ဌာနမေတံ စသည် ဖော်ဆို]။ ပ။ **ဗြဟ္မတ္တံ**-မဟာဗြဟ္မာ၏ အဖြစ်ကို။ ပ။

**ကာယဒုစ္စရိတဿ**=ကာယဒုစရိုက်အကုသိုလ်၏၊ ဝါ=ကာယဒွါရဖြင့် မကောင်းသဖြင့် ပြုကျင့်အပ်သော အကုသိုလ် ကာယကံသုံးပါး၏၊ **ဣဋ္ဌော**=အလိုရှိအပ်သော၊ **ကန္တော**=နှစ်သက်အပ်သော၊ **မနာပေါ**=စိတ်နှလုံးကို တိုးပွားစေတတ်သော၊ **ဝိပါကော**=အကျိုးသည်၊ **နိဗ္ဗတ္တေယျ**=ဖြစ်ရာ၏။ ပ။ အနိဋ္ဌော=အလိုမရှိအပ်သော။ ပ။

**ဝစီဒုစ္စရိတဿ**=ဝစီဒုစရိုက်အကုသိုလ်၏၊ ဝါ=ဝစီဒွါရဖြင့် မကောင်းသဖြင့် ပြုကျင့်အပ်သော

