## PAGE 82

အကုသိုလ် ဝစီကံလေးပါး၏။ ပ။ **မနောဒုစ္စရိတဿ**=မနောဒုစရိုက်အကုသိုလ်၏၊ ဝါ=မနောဒွါရဖြင့် မကောင်းသဖြင့် ပြုကျင့်အပ်သော အကုသိုလ် မနောကံ သုံးပါး၏။ ပ။

## ၁၅-အဋ္ဌာနပါဠိ
### ၃-တတိယဝဂ်

၂၈၇။ ၂၉၅။ **ကာယသုစရိတဿ**=ကာယသုစရိုက်ကုသိုလ်၏ ဝါ=ကာယဒွါရဖြင့် ကောင်းစွာပြုကျင့်အပ်သော ကုသိုလ်ကာယကံ သုံးပါး၏။ ပ။ **ဝစီသုစရိတဿ**=ဝစီသုစရိုက်ကုသိုလ်၏၊ ဝါ-ဝစီဒွါရဖြင့် ကောင်းစွာပြုကျင့်အပ်သော ကုသိုလ်ဝစီကံလေးပါး၏။ ပ။ **မနောသုစရိတဿ**=ကုသိုလ်၏၊ ဝါ=မနောဒွါရဖြင့် ကောင်းစွာပြုကျင့်အပ်သော ကုသိုလ်မနောကံသုံးပါး၏။ ပ။

**ကာယဒုစ္စရိတသမင်္ဂီ**=ကာယဒုစရိုက်နှင့် ပြည့်စုံသောသူသည်၊ **တစ္ဆိဒါနာ**=ထိုကာယဒုစရိုက်ဟူသော အကြောင်းကြောင့်၊ **တပ္ပစ္စယာ**-ထိုကာယဒုစရိုက်ဟူသောအကြောင်းပစ္စည်းကြောင့်၊ **ကာယဿ**၊ ၏၊ [စာပိုဒ်-၄၃၊ ၄၄-၌ ကြည့်။]။ ပ။ **ဥပပဇ္ဇေယျ**=လားရောက်ရာ၏၊ ဧတံ ဌာနံ=(နတ်ပြည်သို့ လားရောက်ခြင်းဟူသော) ဤအကြောင်းသည်၊ **အဋ္ဌာနံ**။ ပ။

**အဋ္ဌာနပါဠိ**-အဋ္ဌာနပုဒ်ဖြင့် ဟောကြားအပ်သော ပါဠိသည်၊ **နိဋ္ဌိတာ**=ပြီးပြီ။

# ၁၆-ဧကဓမ္မပါဠိ
### ၁-ပဌမဝဂ်

၂၉၆။ **ဘိက္ခဝေ** = တို့၊ **ဧကဓမ္မော** = တခုသောတရားသဘောသည်၊ ဝါ=ကို၊ **ဘာဝိတော**=ဖြစ်ပွားစေအပ်သည်၊ **ဗဟုလီကတော** ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်သည်၊ (သမာနော=ဖြစ်လသော်) **ဧကန္တ နိဗ္ဗိဒါယ**=မချွတ်ဧကန် သံသရာဝဋ်၌ ငြီးငွေ့ခြင်းငှာလည်းကောင်း၊ **ဝိရာဂါယ**=သံသရာဝဋ်၌ မတပ်မက်ခြင်းငှာလည်းကောင်း၊ ဝါ=ကိလေသာတို့၏ ကင်းကွာပျက်စီးခြင်းငှာလည်းကောင်း၊ **နိရောဓာယ**=(မဂ်ဉာဏ်ဖြင့်) ကိလေသာတို့၏ အပြီးသတ် ချုပ်ငြိမ်းခြင်းငှာလည်းကောင်း၊ ဝါ=သံသရာဝဋ်၏ ချုပ်ငြိမ်းခြင်းငှာလည်းကောင်း၊ **ဥပသမာယ**=ကိလေသာတို့၏ ကင်းငြိမ်းခြင်းငှာလည်းကောင်း၊ **အဘိညာယ**=

## PAGE 83

(အနိစ္စတာ စသော လက္ခဏာသုံးပါးသို့တင်၍) အထူးသိခြင်းငှာလည်းကောင်း၊ **သမ္ဗောဓာယ**=သစ္စာလေးပါးကို သိခြင်းငှာလည်းကောင်း၊ ဝါ=မဂ်ဉာဏ်လေးပါးကို ထိုးထွင်းမြင်သိ ရရှိခြင်းငှာလည်းကောင်း၊ **နိဗ္ဗာနာယ**=အနုပါဒိသေသနိဗ္ဗာန်အကျိုးငှာလည်းကောင်း၊ (ပဋိသန္ဓေနေခြင်း၏ အကြောင်းဖြစ်သော တဏှာစသည်မှ ကင်းသော ရုပ်နာမ်ခပ်သိမ်း ချုပ်ငြိမ်းခြင်းဟူသော အမတဓာတ် အနုပါဒိသေသနိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှာလည်းကောင်း) **သံဝတ္တတိ**=ဖြစ်၏၊

**ဧကဓမ္မော** = တခုသော တရားသဘောဟူသည်၊ **ကတမော** = အဘယ်နည်း၊ **ဗုဒ္ဓါနုဿတိ**=ဘုရားဂုဏ်တော်တို့ကို အာရုံပြု၍ ထပ်တလဲလဲ အောက်မေ့သော သတိပေတည်း၊ **ဘိက္ခဝေ** = တို့၊ **အယံ ဧကဓမ္မော** = ဤဗုဒ္ဓါနုဿတိဟူသော တခုသော တရားသဘောသည်၊ ဝါ=ကို၊ **ဘာဝိတော**=သည်။ ပ။

၂၉၇။ **ဓမ္မာနုဿတိ**=တရားဂုဏ်တော်တို့ကို အာရုံပြု၍ ထပ်တလဲလဲ အောက်မေ့သော သတိပေတည်း၊ **ဘိက္ခဝေ**-တို့၊ **အယံ ဧကဓမ္မော**=ဤဓမ္မာနုဿတိဟူသော တခုသောတရားသဘောသည်၊ ဝါ=ကို၊ ဘာဝိတော=သည်။ ပ။

**သံဃာနုဿတိ**=သံဃာ့ဂုဏ်တော်တို့ကို အာရုံ....တည်း။ ပ။ **သီလာနုဿတိ**=မိမိ၏ ဖြူစင်သောသီလကို အာရုံ . . . .တည်း။ ပ။ **စာဂါနုဿတိ**-မိမိ၏ စွန့်ကြဲပေးကမ်းလှူဒါန်းမှုကို အာရုံ ....တည်း။ ပ။ **ဒေဝတာနုဿတိ**=နတ်တို့၏ သဒ္ဓါသီလ အစရှိသောဂုဏ်နှင့်တူသော မိမိ၏သဒ္ဓါသီလအစရှိသောဂုဏ်တို့ကို အာရုံ . . . .တည်း၊ [နတ်တို့သည် သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာဂုဏ်တို့နှင့် ပြည့်စုံကြသဖြင့် နတ်ပြည်၌ဖြစ်ကြရ၏၊ ငါ့မှာလည်း ထိုဂုဏ်များရှိ၏ဟု နတ်တို့ကိုသက်သေပြု၍ မိမိ၏ သဒ္ဓါစသောဂုဏ်တို့ကို အောက်မေ့နေခြင်း တည်း။]။ ပ။

**အာနာပါနဿတိ**=ထွက်သက်ဝင်သက်လေတို့ကို အာရုံပြု၍ ရှုမှတ်သော သတိပေတည်း။ ပ။ **မရဏဿတိ**=သေခြင်းတရားကို အာရုံပြု၍ ဖြစ်သော သတိပေတည်း။ ပ။ **ကာယဂတာသတိ**=ဆံပင်၊ မွေးညင်းစသည်တို့၏ အစုအဝေး၌ အာရုံပြုလျက်ဖြစ်သော သတိတည်း။ **ဥပသမာနုဿတိ**=ဒုက္ခငြိမ်းရာ နိဗ္ဗာန်ကို အာရုံပြု၍ ထပ်တလဲလဲ အောက်မေ့သော သတိပေတည်း။ ဝါ= ကိလေသာတို့ကို ကင်းငြိမ်းစေတတ်သောအရိယမဂ်ကို အာရုံ ....တည်း။ ပ။

## ၁၆-ဧကဓမ္မပါဠိ
### ၂-ဒုတိယဝဂ်

၂၉၈။ ၃၀၁။ **ဘိက္ခဝေ**=တို့၊ **ဣဒံ** (အသံ) **မိစ္ဆာဒိဋ္ဌိ ယထာ**=ဤ (၆၂ ပါးသော) မှားယွင်းသော အယူကဲ့သို့၊ ဝါ=ဤမှားယွင်းစွာ မြင်တတ်သော သဘောတရားကဲ့သို့၊ [မိစ္ဆာ ဝိပရိတတော ပဿတီတိ မိစ္ဆာဒိဋ္ဌိ] ဝါ=ဤ
## PAGE 84

မှားယွင်းစွာမြင်ကြောင်း သဘောတရားကဲ့သို့၊ မိစ္ဆာ ပဿတိ ဧတာယာတိ မိစ္ဆာဒိဋ္ဌိ] ဝါ = ဤမှားယွင်းစွာမြင်ခြင်း သဘောတရားကဲ့သို့၊ [မိစ္ဆာ ဒဿနံ မိစ္ဆာဒိဋ္ဌိ] (ဧဝံ - ဤအတူ၊) အညံ = မိစ္ဆာဒိဋ္ဌိမှ တစ်ပါးသော။ ပ။ 

ဘိက္ခဝေ = တို့၊ မိစ္ဆာဒိဋ္ဌိကဿ = မှားယွင်းသော အယူရှိသောသူမှာ။ ပ။ ဣဒံ (အယံ) သမ္မာဒိဋ္ဌိ ယထာ = ဤမှန်ကန်သော ဉာဏ်အမြင်ကဲ့သို့၊ ဝါ = ဤမှန်ကန်စွာ မြင်တတ်သော ဉာဏ်ကဲ့သို့။ ပ။ သမ္မာဒိဋ္ဌိကဿ = မှန်ကန်သော ဉာဏ်အမြင်ရှိသောသူမှာ။ ပ။ 

**၃၀၂။** အနုပ္ပန္နော = သော၊ မိစ္ဆာဒိဋ္ဌိ ဝါ = မှားယွင်းသော အယူသည်လည်း၊ ဥပ္ပဇ္ဇတိ = ၏၊ ဥပ္ပန္နော = သော၊ မိစ္ဆာဒိဋ္ဌိ ဝါလည်း၊ ပဝနတိ = တိုးပွား၏။ ပ။ သမ္မာဒိဋ္ဌိ ဝါ = မှန်ကန်သော ဉာဏ်အမြင်သည်လည်း။ ပ။ 

**၃၀၄-၅။** ယေန (ဓမ္မေန) = ဖြင့်၊ ဝါ = ကြောင့်၊ သတ္တာ = သတ္တဝါတို့သည်၊ ကာယဿ။ပ။ ဥပပဇ္ဇန္တိ = လားရောက်ကုန်၏၊ ဘိက္ခဝေ = တို့၊ ဣဒံ (အယံ) မိစ္ဆာဒိဋ္ဌိ ယထာ = သို့ (ဧဝံ = တူ) အညံ = သော၊ တံ ဧကဓမ္မမ္ပိ = မျှလည်း။ပ။ 

ဘိက္ခဝေ = တို့၊ မိစ္ဆာဒိဋ္ဌိယာ = မှားယွင်းသော အယူနှင့်၊ သမန္နာဂတာ = ပြည့်စုံကုန်သော၊ သတ္တာ = သတ္တဝါတို့သည်။ ပ။ သမ္မာဒိဋ္ဌိယာ = မှန်ကန်သော ဉာဏ်အမြင်နှင့်။ ပ။

**၃၀၆။** ဘိက္ခဝေ = တို့၊ မိစ္ဆာဒိဋ္ဌိကဿ = မှားယွင်းသော အယူရှိသော၊ ပုရိသပုဂ္ဂလဿ = ယောက်ျားဖြစ်သော ပုဂ္ဂိုလ်သည်၊ [သမာဒိန္န-၌စပ်] ယဉ်စ ကာယကမ္မံ = အကြင်ကာယကံကိုလည်း၊ ယထာဒိဋ္ဌိ = မိစ္ဆာအယူ ဟူဟူသမျှ အားလျော်စွာ၊ သမတ္တံ = အပြည့်အစုံ၊ သမာဒိန္နံ = (အစ အလယ် အဆုံးတို့၌) ထပ်တူညီမျှ ယူအပ်ပြီ၊ [သံ = သမံ-ထပ်တူညီမျှ + အာဒိန္နံ = ယူအပ်ပြီ၊] ဝါ = ဆောက်တည်အပ်ပြီ၊ 

ယဉ္စ ဝစီကမ္မံ = အကြင်ဝစီကံကိုလည်း၊ ယာဒိဋ္ဌိ = စွာ၊ သမတ္တံ = စုံ၊ သမာဒိန္နံ = ပြီ၊ 

ယဉ္စ မနောကမ္မံ = အကြင်မနောကံကိုလည်း၊ ယထာဒိဋ္ဌိ = စွာ၊ သမတ္တံ = စုံ၊ သမာဒိန္နံ = ပြီ၊ 

(အဿ = ထိုမိစ္ဆာအယူရှိသူ၏) ယာ စ စေတနာ = (မိစ္ဆာဒိဋ္ဌိနှင့်တကွဖြစ်သော) အကြင်စေတနာသည်လည်းကောင်း၊ ယာ စ ပတ္ထနာ = (မိစ္ဆာဒိဋ္ဌိနှင့်တကွဖြစ်သော) အကြင်တောင့်တမှု တဏှာသည်လည်းကောင်း၊ ယော စ ပဏိဓိ = (စေတနာ ပတ္ထနာတို့၏အစွမ်းဖြင့်) အကြင်စိတ်ကို ထားခြင်းသည်လည်းကောင်း၊ ယေ စ သင်္ခါရာ = (စေတနာ စသည်တို့နှင့်ယှဉ်သော) အကြင်ဖဿ အစရှိသော သင်္ခါရတို့သည်လည်းကောင်း၊ (သန္တိ = ရှိကုန်၏၊) 

သဗ္ဗေ = အားလုံးကုန်သော၊ တေ ဓမ္မာ = ထိုတရားတို့သည်၊ (မိစ္ဆာဒိဋ္ဌိနှင့်တကွ ကံသုံးပါး, စေတနာ, ပတ္ထနာ, ပဏိဓိ, သင်္ခါရဟူသော ထိုတရားတို့သည်) အနိဋ္ဌာယ = အလိုမရှိအပ်သော အကျိုးဝိပါက်အလို့ငှာ၊ အကန္တာယ = မနှစ်သက်အပ်သောအကျိုးဝိပါက်အလို့ငှာ၊ အမနာပါယ = စိတ်နှလုံးကို မတိုးပွားစေတတ်သော အကျိုးဝိပါက်အလို့ငှာ၊ အဟိတာယ = စီးပွားမဲ့အလို့ငှာ၊ ဒုက္ခာယ = ဆင်းရဲခြင်းငှာ၊ သံဝတ္တန္တိ = ဖြစ်ကုန်၏၊ တံ = ထိုသို့ဖြစ်ခြင်းသည်၊

