## PAGE 88

အချိန်ကာလ အနည်းငယ်မျှရှိသည်သော်လည်းဖြစ်သော၊ **ဘဝံ**=(လူနတ်စသော) ဘဝပဋိသန္ဓေကို၊ **န ဝဏ္ဏေမိ**=မချီးမွမ်း၊ **အန္တမသော**=အောက်ထစ်ဆုံးအားဖြင့်၊ **အစ္စရာသင်္ဃာတမတ္တမ္ပိ**=လက်ဖျောက် တချက်တီးခိုက်လောက်မျှ ရှည်ကြာသည်သော်လည်း ဖြစ်သော၊ (**ဘဝံ**=ဘဝပဋိသန္ဓေကို၊ **န ဝဏ္ဏေမိ**=မချီးမွမ်း)။ ပ။

**မုတ္တံ**=ကျင်ငယ်သည်၊ **ဒုဂ္ဂန္ဓံ**=သည်၊ **ဟောတိ သေယျထာပိ**=သို့ပ။ **ခေဠော**=တံထွေးသည်၊ **ဒုဂ္ဂန္ဓော**=သည်၊ **ဟောတိ သေယျထာပိ**။ ပ။ **ပုဗ္ဗော**=ပြည်သည်။ ပ။ **လောဟိတံ**=သွေးသည်။ ပ။ **တတိယော ဝဂ္ဂေါ**=တည်း။

#### ၁၆-ဧကဓမ္မပါဠိ၊ ၄-စတုတ္ထဝဂ်

**၃၂၂။** **ဘိက္ခဝေ**=တို့၊ **သေယျထာပိ**=ကား၊ **ဣမသ္မိံ ဇမ္ဗုဒီပေ**=ဤသပြေကျွန်း၌၊ ဤသပြေပင်အမှတ်အသားဖြင့် ထင်ရှားသောကျွန်း၌။ [**ဇမ္ဗူယာ ပညာတော ဒီပေါ ဇမ္ဗုဒီပေါ**] **အာရာမရာမဏေယျကံ**=ပန်းခြံ သစ်သီးခြံတို့၏ ပျော်မွေ့ဖွယ်ကောင်းကုန်သည် အဖြစ်သည်လည်းကောင်း၊ ဝါ=ပျော်မွေ့ဖွယ်ပန်းခြံ သစ်သီးခြံသည်လည်းကောင်း၊ [**အာရာမ**=အာရာမ်၊ ခြံ **ဝနရာမဏေယျကံ**=တောတို့၏ ပျော်မွေ့ဖွယ်ကောင်းကုန်သည် အဖြစ်သည်လည်းကောင်း၊ ဝါ=ပျော်မွေ့ဖွယ်တောသည်လည်းကောင်း၊ **ဘူမိရာမဏေယျကံ**=မြေပြန့်မြေညီအရပ်တို့၏ ... ပျော်မွေ့ဖွယ်ကောင်းကုန်သည် အဖြစ်သည်လည်းကောင်း၊

**၁။** **အာရာမရာမဏေယျကံ**စသည်။ ။ ဤပုဒ်တို့၏ နောက်တနည်းအနက်မှာ သင့်လျော်၍ ပေးရသောအနက်တည်း။ ဝစနတ္ထကိုကား သဒ္ဒါအနေအထားသို့လိုက်၍ “**ရမိတဗ္ဗာတိ ရမဏီယာ၊ ရမဏီယာနံ ဘာဝေါ ရာမဏေယျံ** (**ဏျပစ္စည်း**) **တမေဝ ရာမဏေယျကံ**၊ **အာရာမာနံ ရာမဏေယျကံ အာရာမရာမဏေယျကံ**”ဟုပြု။ သဒ္ဒါကျမ်း ဟူသမျှတို့၏ ဘာဝတဒ္ဓိတ်ခန်းတို့၌ကား “**ရာမဏီယကံ**”ဟုချည်း ရုပ်စီရင်သည်။

**ဥဂ္ဂတံ ကူလံ ဥဿိတဘာဝေါ: ဧတဿာတိ ဥက္ကူလံ**=မြင့်တက် မိုမောက်သည်၏ အဖြစ်ရှိသောအရပ်၊ ဝါ=မြင့်မောက်သောအရပ်။ **ဝိဂတံ အပဂတံ ကူလံ ဧတဿာတိ ဝိကူလံ**=ကင်းသော မိုမောက်သည် အဖြစ်ရှိသောအရပ်၊ ဝါ=အချိုင့်ဝှမ်းအရပ်။ **ဒုက္ခေန ဂစ္ဆိယတေတိ ဒုက္ခံ**၊ **ဝိသေသေန ဒုဂ္ဂံ ဝိဒုဂ္ဂံ**၊ **နဒီနံ ဝိဒုဂ္ဂံ နဒီဝိဒုဂ္ဂံ**=မြစ်တို့၏ အထူးခက်ခဲစွာသွားအပ်သောအရပ် (မြစ်ပွားလက်တက်အရပ်)။ တိကနိပါတ်စာပိုဒ် (၅၁)၌ကား မြစ်အလယ်ကျွန်းကိုယူရ၏။

## PAGE 89

**ပေါက္ခရဏိရာမဏေယျကံ**=ရေကန်တို့၏ ပျော်မွေ့ဖွယ်ကောင်းကုန်သည် အဖြစ်သည်လည်းကောင်း၊ ဝါ=ပျော်မွေ့ဖွယ်ရေကန်သည်လည်းကောင်း၊ **အပ္ပမတ္တကံ**=နည်းသောအတိုင်းအတာရှိ၏။

**အထခေါ**=စင်စစ်သော်ကား၊ **ဥက္ကူလဝိကူလံ**=မြင့်မောက်သောအရပ်, ချိုင့်ဝှမ်းအရပ်လည်းဖြစ်သော၊ **နဒီဝိဒုဂ္ဂံ**=အစိတ်စိတ်အမွှာမွှာကွဲသဖြင့် ခက်ခဲစွာသွားလာရသော မြစ်မွှာမြစ်ပွားအရပ်လည်းဖြစ်သော၊ **ခါဏုကဏ္ဌကဋ္ဌာနံ**=သစ်ငုတ်, ဆူးငြောင့်ပေါများသော အရပ်လည်းဖြစ်သော၊ **ပဗ္ဗတဝိသမံ**=မညီညာသော တောင်ကုန်းအရပ်လည်းဖြစ်သော၊ **ယဒိဒံ (ယံ ဣဒံ ဌာနံ)**=အကြင်အရပ်သည်၊ (**အတ္ထိ**=ရှိ၏၊) **ဧတဒေဝ(ဌာန)**=ထိုအရပ်သည်သာ၊ **ဗဟုတရံ**=သာ၍များ၏၊ **ဘိက္ခဝေ**=တို့၊ **ဧဝမေဝံ**=ဤအတူပင်၊ **ယေ (သတ္တာ)**=အကြင်သတ္တဝါတို့သည်၊ **ထလဇာ**=ကြည်းကုန်း၌ ဖြစ်ကုန်၏၊ **တေ သတ္တာ**=ထိုသတ္တဝါတို့သည်၊ **အပ္ပကာ**=နည်းပါးကုန်၏၊ **အထခေါ**=ကား၊ **ယေ(သတ္တာ)**=တို့သည်၊ **ဩဒကာ**=ရေ၌ဖြစ်ကုန်၏၊ [**ဥဒကေ ဇာတာ ဩဒကာ**] **ဧတေဝ သတ္တာ**=ထိုသတ္တဝါတို့သည်သာ၊ **ဗဟုတရာ**=သာ၍များကုန်၏။

**၃၂၃။** **ဘိက္ခဝေ**=တို့၊ **ဧဝမေဝံ**=ပင်၊ **ယေ(သတ္တာ)**=တို့သည်၊ **မနုဿေသု**=လူတို့၌၊ **ပစ္စာဇာယန္တိ**=ဖြစ်ကုန်၏၊ **တေ သတ္တာ**=တို့သည်၊ **အပ္ပကာ**=ကုန်၏၊ **အထခေါ**=ကား၊ **ယေ(သတ္တာ)**=တို့သည်၊ **မနုဿေဟိ**=လူတို့မှ၊ **အညတြ**=အခြားသော အပါယ်လေးဘုံသားတို့၌၊ **ပစ္စာဇာယန္တိ**=ဖြစ်ကုန်၏၊ **ဧတေဝ သတ္တာ**=သာ၊ **ဗဟုတရာ**။ ပ။ **ယေ (သတ္တာ)**=တို့သည်၊ **မဇ္ဈိမေသု**=အလယ်ပိုင်းဖြစ်ကုန်သော၊ **ဇနပဒေသု**=(ပတိရူပဒေသဖြစ်သော) ဇနပုဒ်တို့၌၊ **ပစ္စာဇာယန္တိ**=၏၊ **တေ သတ္တာ အပ္ပကာ**၊ **အထခေါ ယေ(သတ္တာ)**=တို့သည်၊ **ပစ္စန္တိမေသု**=(ပတိရူပဒေသ၏) အစွန့်အဖျား၌ ဖြစ်ကုန်သော၊ **ဇနပဒေသု**=ဇနပုဒ်တို့၌၊ **အဝိညာတာရေသု**=မသိနားမလည်ကုန်သော၊ **မိလက္ခေသု**=မိလက္ခလူရိုင်းတို့၌၊ **ပစ္စာဇာယန္တိ**=၏၊ **ဧတေဝ သတ္တာ ဗဟုတရာ**။

**၃၂၄။** **ယေ(သတ္တာ)**=တို့သည်၊ **ပညဝန္တော**=ပညာရှိကုန်၏၊ (**ကမ္မဿကတာပညာ**, **ဈာနပညာ**, **ဝိပဿနာပညာ**, **မဂ်ပညာ**, **ဖိုလ်ပညာ** ရှိကုန်၏) **အဇဠာ**=ထုံထိုင်းဖျင်းအသူ မဟုတ်ကုန်၊ **အနေဠမူဂါ**=ခံတွင်းမှ လျောကျသောအာရည်တံထွေး မရှိကုန်၊ [**မုခတော ဂလတီတိ မုခါ**၊ **ဧဠာ မုခါ ယေသန္တေ ဧဠမူဂါ**၊ မုခကို မူဂပြု၊ **န ဧဠမူဂါ အနေဠမူဂါ**] **သုဘာသိတဒုဗ္ဘာသိတဿ**=ကောင်းစွာပြောအပ်သော စကား, မကောင်းသဖြင့် ပြောအပ်သောစကား၏၊ **အတ္ထံ**=အနက်အဓိပ္ပာယ်ကို၊ **အညာတုံ**=သိခြင်းငှာ၊ **ပဋိဗလာ**=စွမ်းနိုင်ကုန်၏၊ **တေ သတ္တာ အပ္ပကာ**၊ **အထခေါ ယေ (သတ္တာ) ဒုပ္ပညာ**=ပညာမရှိကုန်၊ **ဇဠာ**=ထုံထိုင်းဖျင်းအကုန်၏၊ **ဧဠမူဂါ**=ခံတွင်းမှ လျောကျသောအာရည် တံထွေး
## PAGE 90

ရှိကုန်၏။ . ပ . **အညာတုံ**=ငှာ၊ **နပဋိဗလာ**=မစွမ်းနိုင်ကုန်၊ **ဧတေဝ သတ္တာဗဟုတရာ**။

၃၂၅၊ ၃၃၀။ **အရိယေန**=မြင့်မြတ်သန့်ရှင်း အပြစ်ကင်းသော၊ **ပညာစက္ခုနာ**=ပညာမျက်စိနှင့်၊ (ဝိပဿနာပညာ, မဂ်ပညာမျက်စိနှင့်) **သမန္နာဂတာ**=ပြည့်စုံကုန်၏။ . ပ . **အဝိဇ္ဇာဂတာ** = အဝိဇ္ဇာအမှောင်နှင့် တကွဖြစ်ကုန်၏၊ **သမ္မူဠှာ**=ပြင်းစွာတွေဝေကုန်၏။ . ပ . **တထာဂတံ**=မြတ်စွာဘုရားကို၊ **ဒဿနာယ**=ဂုဏ်တော်ထင်ထင် ဖူးမြင်ခြင်းငှာ၊ **လဘန္တိ**=ရကုန်၏။ . ပ . **နလဘန္တိ**။ မရကုန်။

။။ . ပ . **တထာဂတပ္ပဝေဒိတံ**=မြတ်စွာဘုရား ဟောကြားသိစေတော်မူအပ်သော၊ (မြတ်စွာဘုရားသည် သစ္စာလေးပါး ထင်ရှားပြ၍ ဟောကြားတော်မူအပ်သော) **ဓမ္မဝိနယံ**=သုတ် အဘိဓမ္မာ ဝိနည်းကို၊ **သဝနာယ**=ကြားနာခြင်းငှာ၊ **လဘန္တိ**။

။ . ပ . **သုတွာ**=ကြားနာပြီး၍၊ **ဓမ္မံ**=ပရိယတ္တိတရားတော်ကို၊ **ဓာရေန္တိ**=(မမေ့ပျောက်အောင်) မှတ်သားဆောင်ထားနိုင်ကုန်၏။ . ပ . **န ဓာရေန္တိ** =(မမေ့ပျောက်အောင်) မမှတ်သား မဆောင်ထားနိုင်ကုန်။ . ပ . **ဓာတာနံ** - မှတ်သားဆောင်ထားအပ်ပြီးကုန်သော၊ **ဓမ္မာနံ**=ပရိယတ္တိတရားတော်တို့၏၊ **အတ္ထိ**-အနက်အဓိပ္ပါယ်ကို **ဥပပရိက္ခန္တိ** =စူးစိုက်၍ ကြံစည်စဉ်းစားနိုင်ကုန်၏။ . ပ . **န ဥပပရိက္ခန္တိ** =စူးစိုက်၍ မကြံစည် မစဉ်းစားနိုင်ကုန်။ . ပ . အတ္ထ-အကျယ်ဖွင့်ပြချက် အနက်အဓိပ္ပါယ်ကို၊ **အညာယ**=သိ၍၊ **ဓမ္မံ**=ပါဠိကို၊ **အညာယ**=သိ၍၊ **ဓမ္မာနုဓမ္မံ**=နိဗ္ဗာန်တရားအားလျော်သော အကျင့်တရားကို၊ **ပဋိပတ္တိ**=ကျင့်ကုန်၏။ . ပ .

၃၃၁-၄။ **သံဝေဇနိယေသု**=ထိတ်လန့် စေတတ်ကုန်သော၊ **ဝါ**=ထိတ်လန့်ခြင်းတည်းဟူသော သဟောတ္တပ္ပဉာဏ်ကို ဖြစ်စေတတ်ကုန်သော၊ [**သဟ+ ဩတ္တပ္ပ + ဉာဏ** = ဩတ္တပ္ပစေတသိတ်နှင့်တကွဖြစ်သော ဉာဏ်] **ဌာနေသု**=(ပဋိသန္ဓေ, အို, နာ, သေစသော) အကြောင်းတို့ကြောင့်၊ **သံဝိဇ္ဇန္တိ**=ထိတ်လန့်ကုန်၏။ . ပ . **သံဝိဂ္ဂါ**=ထိတ်လန့်ကုန်သည်၊ (ဟုတွာ=ဖြစ်ကြ၍) **ယောနိသော** =ဝဋ်ဆင်းရဲ ပြတ်စဲခြင်း၏ အကြောင်းအားဖြင့်၊ **ပဒဟန္တိ**=သမ္မပ္ပဓာန် ဝီရိယကို အားထုတ်ကြကုန်၏။ . ပ . **ဝဝဿဂ္ဂါရဏံ**=သင်္ခါရတို့ကို ပယ်စွန့်ရာ နိဗ္ဗာန်အာရုံကို၊ **ကရိတွာ**=အာရုံပြုကြ၍ တနည်း-**ဝဝဿဂ္ဂံ+အာရမ္မဏံ**-ဟု ပုဒ်ဖြတ်၍ “**ဝဝဿဂ္ဂ**=သင်္ခါရတို့ကို ပယ်စွန့်ရာ နိဗ္ဗာန်ကို၊ **အာရမ္မဏံ**=အာရုံကို၊ **ကရိတွာ**=ပြုကြ၍”ဟုလည်း အနက်ဆိုနိုင်၏။ [**ဝိ+အဝ+သဇ္ဇ+တ**] **သမာဓိ**=မဂ်ဖိုလ် သမာဓိကို၊ **လဘန္တိ**=ရကြကုန်၏၊ **စိတ္တဿ**=စိတ်၏၊ **ဧကဂ္ဂတံ**=တခုတည်းသော အာရုံရှိသည် အဖြစ်ကို၊ **ဝါ**=တည်ကြည်မှုကို။ **လဘန္တိ**။ . ပ . **အဂ္ဂရသဂ္ဂါနံ**=မွန်မြတ်သောဘောဇဉ်, မွန်မြတ်သော အရသာတို့ကို၊ **အနု+အဂ္ဂ**၊ **အဂ္ဂ**=မွန်မြတ်သော+**အနု**=စားဖွယ်ဘောဇဉ်။ **ရသ+အဂ္ဂါ လာဘိနော**=ရခြင်းရှိကုန်၏။

. ပ . **နလာဘိနော**=ရခြင်းမရှိကုန်၊ **ဝါ**-မရကြကုန်၊ **ဥဉ္ဆေန**=ပိုင်ရှင်မရှိသော

