## PAGE 91

ပစ္စည်းကို ရှာမှီးကောက်ယူခြင်းဖြင့်၊ (ဂဟိတေန=ကောက်ယူအပ်သော တောသစ်မြစ် သစ်သီးဖြင့်လည်းကောင်း) **ကပါလာဘတေန**-ခွက်ဖြင့် တောင်းခံဆောင်ယူအပ်သော ထမင်းဖြင့်လည်းကောင်း။ [**ကပါလေန အာဘတံ**] **ယာပေန္တိ**=ခန္ဓာကိုယ်ကို အဆက်မပြတ် ဖြစ်စေကြကုန်၏။ **ဝါ**=မျှတနေထိုင်ကြကုန်၏။ . ပ . ၃၃၅၊ ၃၆၅။ **အတ္ထရသဿ** အရိယမဂ်၏အကျိုးဖြစ်သော ဖိုလ်လေးပါးဟူသော အရသာကိုလည်းကောင်း၊ [**အတ္တ**=အကျိုးဖြစ်သော+**ရသ**=အရသာ]

**ဓမ္မရသဿ**=ဖိုလ်၏အကြောင်း မဂ်လေးပါးဟူသော အရသာကိုလည်းကောင်း၊ [**ဓမ္မ**=အကြောင်း] **ဝိမုတ္တိရသဿ**=ဒုက္ခအားလုံးမှ လွတ်မြောက်ရာ နိဗ္ဗာန်ဟူသော အရသာကိုလည်းကောင်း၊ **လာဘိနော**=ကုန်၏။ . ပ . **ဘိက္ခဝေ**=တို့၊ **တသ္မာ**=ထို့ကြောင့်၊ **ဝါ**=ထိုသို့ အတ္ထရသစသည်တို့ကို မရသော သတ္တဝါတို့သာ များကုန်သည် အဖြစ်ကြောင့်၊

**ဣဟ**=၌၊ [စာပိုဒ် ၇၇-သုတ် ပြန်ကြည့်] (**ဝေါ**=သင်တို့သည်၊) **ဧဝံ**=၍၊ **သိက္ခိတဗ္ဗ**=မည်၊ (ကိန္တိ=၍၊ **သိက္ခိတဗ္ဗ**မူ၊ **မယံ**-ငါတို့သည်) **အတ္ထရသဿ**-ကိုလည်းကောင်း။ . ပ . **လာဘိနော**=ရခြင်းရှိသူတို့သည်၊ **ဘဝိဿာမ**=ဖြစ်ကြကုန်အံ့၊ **ဣတိ**-ဤသို့ နှလုံးသွင်း၍၊ (**သိက္ခိတဗ္ဗ**=မည်၊) **ဘိက္ခဝေ**တို့၊ **ဧဝံဟိ**=လျှင်၊ **ဝေါ**=သင်တို့သည်၊ **သိက္ခိတဗ္ဗ**=မည်၊ **ဣတိ** (**အဝေါစ**)။ . ပ . **ယေ** (သတ္တာ) တို့သည်၊ **မနုဿာ** လူ့ဘဝမှ၊ **စုတာ**=စုတေကြကုန်ပြီး၍၊ [ပထမကြိယာဝိသေသန] **မနုဿေသု**=လူတို့၌။ . ပ . **နိရယေ**=ငရဲ၌။

**၁။** **တိရစ္ဆာနယောနိယာ**=တိရစ္ဆာန်ဘဝ၌။ . ပ . **ပေတ္တိဝိသယေ**=ပြိတ္တာအပေါင်း၏ ဖြစ်ရာဘဝ၌။ ။ **ဒေဝေသု**=နတ်တို့၌ . ပ . **ဒေဝါ**=နတ်ဘဝမှ၊ **စုတာ**=၍၊ **ဒေဝေသု**=နတ်တို့၌။ . ပ . **နိရယာ**=ငရဲမှ၊ **စုတာ**=၍။ . ပ . **တိရစ္ဆာနယောနိယာ**=တိရစ္ဆာန်ဘဝမှ၊ **စုတာ**။ . ပ . **စတုတ္ထော** သော၊ **ဝဂ္ဂေါ**=တည်း၊ **ဇမ္ဗူဒီပပေယျာလော**=ဇမ္ဗူဒီပပုဒ်၏ ဆိုင်ရာ မြှုပ်ကွက်သည်၊ နိဋ္ဌိတောပြီးပြီ။

၃၆၆၊ ၃၈၁၊ **ဘိက္ခဝေ**=တို့၊ **ယဒိဒံ အာရညိကတ္တံ**=အကြင် တော၌ နေခြင်းအလေ့ရှိသော ရဟန်း၏ ဖြစ်ကြောင်း ခုတင်ကုသိုလ်စေတနာသည်၊ (အတ္ထိ=ရှိ၏) [**အရညေ နိဝါသော အရညံ**=တော၌ နေခြင်း။ နိဝါသပုဒ်ကျေ၏၊ **အရညသီလံ ယဿာတိ အာရညိကော**၊ **အာရညိကဿ ဘာဝေါ** (ဖြစ်ကြောင်း ခုတင်ကုသိုလ်စေတနာသည်) **အာရညိကတ္တံ**] **ဣဒံ**=ဤတော၌ နေခြင်းအလေ့ရှိသော ရဟန်း၏ ဖြစ်ကြောင်း ခုတင်ကုသိုလ် စေတနာသည်၊ လာဘာနံ=ပစ္စည်းလာဘ်ရခြင်းတို့၏၊ **အဒ္ဓါ**=အမှန်တကယ် သေချာသော အကြောင်းပေတည်း၊

## PAGE 92

[**အဒ္ဓမိဒံ**=**အဒ္ဓါ+ဣဒံ**] **ဘိက္ခဝေ**=တို့၊ **ယဒိဒံ ပိဏ္ဍပါတိ ကတ္တံ**=အကြင်ဆွမ်းခံသော ရဟန်း၏ ဖြစ်ကြောင်း ခုတင်ကုသိုလ်စေတနာသည် အကြင် ထမင်းအဆိုင်အခဲတို့၏ သပိတ်၌ ကျခြင်းကို ရှာမှီးသောရဟန်း၏ ဖြစ်ကြောင်း ခုတင်ကုသိုလ် စေတနာသည်-ဟု အနက်ဆိုလျှင် သဒ္ဒတ္ထ အတိအကျဖြစ်၏။

**ပိဏ္ဍာနံ ပါတော ပတနံ ပိဏ္ဍပါတော**၊ **တံ အဉ္စတိ ဂဝေသတီတိ ပိဏ္ဍပါတိကော** (**အတ္ထိ**=ရှိ၏) **ဣဒံ**-ဤဆွမ်းခံရဟန်း၏ ဖြစ်ကြောင်း ခုတင်ကုသိုလ် စေတနာသည်၊ လာဘာနံ=တို့၏၊ **အဒ္ဓါ**=တည်း။

**ဘိက္ခဝေ**=တို့၊ **ယဒိဒံ ပံသုကူလိကတ္တံ**=အကြင် ပံသုကူသင်္ကန်းကို ဆောင်ခြင်းအလေ့ရှိသော ရဟန်း၏ ဖြစ်ကြောင်း ခုတင်ကုသိုလ် စေတနာသည်၊ [**ပံသုကူလဿ ဓာရဏံ ပံသုကူလံ**၊ (ဓာရဏပုဒ်ကျေ၏) **ပံသုကူလံ သီလံ ယဿာတိ ပံသုကူလိကော**]။ . ပ . **ယဒိဒံ တေစီဝရိကတ္တံ**=အကြင်သင်္ကန်းသုံးထည်ကိုသာ ဆောင်ခြင်းအလေ့ရှိသော ရဟန်း၏ ဖြစ်ကြောင်း ခုတင်ကုသိုလ်စေတနာသည်။ . ပ . **ယဒိဒံ ဓမ္မကထိကတ္တံ**=အကြင်တရားဟောပုဂ္ဂိုလ်၏ ဖြစ်ကြောင်း ကုသိုလ်စေတနာသည်။ . ပ . **ယဒိဒံ ဝိနယဓရတ္တံ**-အကြင်ဝိနည်းကို ဆောင်သော ရဟန်း၏ ဖြစ်ကြောင်း သတိစသော ကုသိုလ်သည်။ . ပ . **ယဒိဒံ ဗာဟုဿစ္စံ**=အကြင်များသော အကြားအမြင်ရှိသော ရဟန်း၏ ဖြစ်ကြောင်း ပညာသည် . ပ .

**ယဒိဒံ ထာဝရေယျံ** = အကြင်သာသနာတော်၌ တည်တံ့ခိုင်မြဲသော ထေရ်ကြီးဖြစ်ကြောင်း သီလ စသော ကုသိုလ်သည်။ . ပ . **ယဒိဒံ (ယာအယံ) အာကပ္ပသမ္ပဒါ**=အကြင်သင်္ကန်းဝတ်ရုံခြင်းစသော အသွင်အပြင် အမူအရာ၏ ပြည့်စုံခြင်းသည်။ . ပ . **ယဒိဒံ (ယာအယံ) ပရိဝါရသမ္ပဒါ**=အကြင်စင်ကြယ်သော အခြံအရံပရိသတ်၏ ပြည့်စုံခြင်းသည်။ . ပ . **ယဒိဒံ (ယာအယံ) မဟာပရိဝါရတာ**=အကြင်များသော အခြံအရံရှိသူ၏ ဖြစ်ကြောင်းဂုဏ်သည်။ . ပ . **ယဒိဒံ ကောလပုတ္တိ**=အကြင်အမျိုးကောင်းသား၏ ဖြစ်ကြောင်းဂုဏ်သည်၊ [**ကုလပုတ္တဿ ဘာဝေါ ကောလပုတ္တိယံ**-ဟုပြု၊ ယကိုချေ၊] **ယဒိဒံ (ယာအယံ) ဝဏ္ဏပေါက္ခရတာ**=အကြင်ရုပ်အဆင်း၏ ကောင်းမွန်လှပသည်၏ ဖြစ်ကြောင်းဂုဏ်သည်၊ **ဝါ**=အကြင်ရုပ်အဆင်းလှပခြင်းဂုဏ်သည်၊ စတုက္ကနိပါတ်၊ [စာပိုဒ် (၈၅) သုတ်ကြည့်]။ . ပ . **ယဒိဒံ (ယာ အယံ) ကလျာဏဝါက္ကရဏတာ**=အကြင်ချိုသာကောင်းမြတ် မြွက်ဆိုအပ်သော တရားစကားသံရှိသူ၏ ဖြစ်ကြောင်းဂုဏ်သည်။ . ပ . **ယဒိဒံ (ယာအယံ) အပိစ္ဆတာ**=အကြင်လိုချင်မက်မောမှု မရှိသူ၏ ဖြစ်ကြောင်း အလောဘသည်။ . ပ . **ယဒိဒံ (ယာအယံ) အပ္ပါဗာဓာ**=အကြင်အနာရောဂါမရှိသူ၏ ဖြစ်ကြောင်းဂုဏ်သည်၊ (**အတ္ထိ**-ရှိ၏) **ဣဒံ**=ဤအနာရောဂါမရှိသူ၏ ဖြစ်ကြောင်းဂုဏ်သည်၊ လာဘာနံ=တို့၏၊ **အဒ္ဓါ**တည်း၊
## PAGE 93

**ဣတိ (အဝေါစ)** **သောဠသ**-၁၆-ပါးကုန်သော၊ **ပသာဒကရဓမ္မာ**=ကြည်ညိုခြင်းကို ပြုတတ်သော တရားတို့သည်၊ **နိဋ္ဌိတာ**=ပြီးကုန်ပြီ။

#### ၁၈-အပရအစ္ဆရာသင်္ဃာတဝဂ်

**၃၈၂-၉။** စာပိုဒ်-၅၃၊ ၅၄-ပြန်ကြည့်]။ ပ။ **ပဌမံ**=ဂဏန်းစဉ်အားဖြင့် ပဌမဖြစ်သော၊ **ဝါ**=ရှေးဦးစွာ ဝင်စားအပ်သော၊ **ဈာနံ**-ဈာန်ကို၊ **စေ ဘာဝေတိ**=အကယ်၍ ဖြစ်ပွားစေအံ့၊ **ဘိက္ခဝေ**-တို့၊ (**ဧဝံ သတိ**=ဤသို့ ဖြစ်ပွားစေသည်ရှိသော်၊) **အယံ ဘိက္ခု** = ဤပဌမဈာန်ကို ဖြစ်ပွားစေသော ရဟန်းကို။ ပ။ **ယေ**=အကြင်ရဟန်းတို့သည်၊ **နံ**=ထိုပဋ္ဌမဈာန်ကို၊ **ဗဟုလီကရောန္တိ**=ကြိမ်ဖန်များစွာ ဖြစ်ပွားစေမှု ပြုကုန်၏၊ (**တေသု**=ထိုရဟန်းတို့၌) **ဝါဒေါ**=(မကင်းကွာသော ဈာန်ရှိ၏ဟု) အထူးပြောဆိုဖွယ် စကားသည်၊ **ကော ပန (အတ္တိ)**=အဘယ်မှာ ရှိတော့အံ့နည်း၊ (**နတ္ထိ ဝေ-တည်း**) **ဣတိ (အဝေါစ)။**

on **ဒုတိယံ**=ဂဏန်းစဉ်အားဖြင့် နှစ်ကြိမ်မြောက်ဖြစ်သော၊ **ဝါ**=နှစ်ကြိမ်မြောက်ဝင်စားအပ်သော၊ **ဈာနံ**=ကို၊ **စေ ဘာဝေတိ**=အံ့၊ **ဘိက္ခဝေ**=တို့၊ (**ဧဝံ သတိ**=သော်) **အယံ ဘိက္ခု**=ဤဒုတိယဈာန်ကို ဖြစ်ပွားစေသော ရဟန်းကို။ ပ။ **ယေ**=အကြင်ရဟန်းတို့သည်၊ **နံ**-ထိုဒုတိယဈာန်ကို၊ **ဗဟုလီကရောန္တိ**=၏၊ (**တေသု**=တို့၌) **ဝါဒေါ**=သည်၊ **ကောပန (အတ္ထိ)**=နည်း၊ (**နတ္ထိဝ**) **ဣတိ (အဝေါစ)။**

**ဘိက္ခဝေ**=တို့၊ **ဘိက္ခု**=သည်၊ **အစ္ဆရာသင်္ဃာတမတ္တမ္ပိ**=လည်း၊ **တတိယံ**=ဂဏန်းစဉ်အားဖြင့် သုံးကြိမ်မြောက်ဖြစ်သော၊ **ဝါ**=သော၊ **ဈာနံ**။ ပ။ **စေတောဝိမုတ္တိ**=ဆန့်ကျင်ဘက် အကုသိုလ်တို့မှ สိတ်၏လွတ်မြောက်ကြောင်းဖြစ်သော၊ **မေတ္တံ**=(အပ္ပနာသို့ရောက်သော) မေတ္တာကို၊ **စေ ဘာဝေတိ**=အံ့၊ **ဘိက္ခဝေ**=တို့၊ (**ဧဝံ သတိ**) **အယံ ဘိက္ခု**=ဤမေတ္တာစေတော ဝိမုတ္တိကို ဖြစ်ပွားစေသော ရဟန်းကို။ ပ။ **စေတောဝိမုတ္တိ**=သော၊ **ကရုဏံ**=(အပ္ပနာသို့ရောက်သော) ကရုဏာကို။ ပ။ **မုဒိတံ**=(အပ္ပနာသို့ရောက်သော) မုဒိတာကို။ ပ။ **ဥပေက္ခံ**=(အပ္ပနာသို့ရောက်သော) ဥပေက္ခာကို၊ **စေ ဘာဝေတိ။**

**၃၉ဝ-၃။** **ဘိက္ခဝေ**=တို့၊ **ဘိက္ခု**=သည်၊ **အစ္ဆရာသင်္ဃာတမတ္တမ္ပိ**=လည်း၊ **အာတာပီ**=ကိလေသာတို့ကို ပူပန်လောင်ကျွမ်းစေတတ်သော သမ္မပ္ပဓာနဝီရိယရှိသည်၊ **သမ္ပဇာနော**=ဟုတ်မှန်စွာသိသည်၊ [**သမ္မာပဇာနာတီတိ သမ္ပဇာနော**] **ဝါ**=ဝန်းကျင်ဥဿုံ အပြည့်အစုံသိသည်၊ **သမန္တတော ပဇာနာတီတိ သမ္ပဇာနော** **ဝါ**=ကိုယ်တိုင်သိသည်၊ **သာမံ ပဇာနာတီတိ သမ္ပဇာနော**] **ဝါ**=ရူပကာယကို ပိုင်းခြားသိမြင် သမ္ပဇဉ်ဉာဏ်ရှိသည်၊ **သတိမာ**=(ရူပကာယကို ပိုင်းခြားမှတ်ယူတတ်သော) သတိရှိသည်၊ (**ဟုတွာ**=ဖြစ်၍၊) **လောကေ**=အမျိုးမျိုးအဖုံဖုံ ပျက်စီးတတ်သော ရူပကာယ၌၊

