## PAGE 97

**ဌိတိယာ**=တည်တံ့ခြင်းငှာ၊ **အသမ္မောသာယ**=မပျောက်ပျက်ခြင်းငှာ၊ **ဘိယျော ဘာဝါယ**=ထပ်တလဲလဲတိုး၍ ဖြစ်ခြင်းငှာ၊ **ဝေပုလ္လာယ**=ပြန့်ပွားသည်အဖြစ်ငှာ၊ **ဘာဝနာယ**=တိုးပွားခြင်းငှာ၊ **ပါရိပူရိယာ**=ပြည့်စုံခြင်းငှာ၊ တနည်း-**ဘာဝနာယ**=ဈာန်စသော ဘာဝနာအနေအားဖြင့်၊ **ပါရိပူရိယာ**=တိုးပွားပြည့်စုံခြင်းငှာ။

**ဘာဝနာယ ပရိပူရဏတ္ထန္တိ ဈာနာဒိဘာဝနာပရိဗြူဟနတ္ထံ**။ [ဒီ၊ မဟာဝဂ္ဂဋီကာ၊ ၃၄၆]။ ပ။

၃၉၈၊ ၄၀၁။ **ဆန္ဒသမာဓိပဓာနသင်္ခါရသမန္နာဂတံ**=ဆန္ဒဟူသော အကြီးအကဲရှိသော သမာဓိနှင့်လည်းကောင်း၊ **သမ္မပ္ပဓာနဝီရိယ** ဟူသော လွန်ကဲစွာ အားထုတ်တတ်သော တရားတို့နှင့်လည်းကောင်း ပြည့်စုံသော၊ **ဣဒ္ဓိပါဒံ**=(ကုသိုလ် နာမ်ခန္ဓာတရားလေးပါးတည်းဟူသော) ဣဒ္ဓိပါဒ်တရားကို၊ **ဝါ**=ပြီးစီးထမြောက်သော ကုသိုလ်တရားအစုကို၊ **စေ ဘာဝေတိ**=အကယ်၍ ပွားများစေအံ့။

သွားသော မဂ်ကုသိုလ်ကိုယူရခြင်းသည် စဉ်းစားဉာဏ်ထုတ်စရာ အချက်တချက် ဖြစ်လာ၏။ ထိုကြောင့်— သင်္ဂြိုဟ်သမုစ္စည်းပိုင်း၌ တချို့ ဆရာတော်တို့သည် “မဂ်တခုဖြစ်ပြီး လျှင် ထိုမဂ်ကိုထပ်၍ တိုးပွားစေဖွယ်မရှိသောကြောင့်”ဟု အကြောင်းပြကာ **ဥပ္ပန္န ကုသလ**အရ လောကီကုသိုလ်ကိုသာယူ၍ မဂ်ကုသိုလ်ကိုမယူဘဲချန်ထား ကြ၏။ ထိုသို့ချန်ထားခြင်းသည် “**အထ မဂ္ဂက္ခဏေ ကထံ အနုပ္ပန္နာနံ ဥပ္ပါဒါယ။ ပ၊ ယာ စဿ ပဝတ္တိ၊ အယမေဝ ဌိတိ နာမ**”ဟူသော အဋ္ဌကထာ (၃၈၆-၇)နှင့် ဆန့်ကျင်သည်သာမက ရှေးသမ္မပ္ပဓာန်သုံးပါး၌ မဂ်ကုသိုလ်ကို ယူခဲ့ပါလျက် စတုတ္ထသမ္မပ္ပဓာန်ကျမှ ချန်ထားခြင်းကြောင့် သမ္မပ္ပဓာနဝိဘင်း ပါဠိတော်နှင့်လည်းမညီညွတ်ပါ။

**ဥပ္ပန္နကုသလ**ပုဒ်အရ မဂ်ကုသိုလ်ကိုယူခိုက်၌ “**ဥပ္ပန္န**=ဖြစ်ပြီး”ဟု အတိတ်အနက် မသုံးဘဲ ဖြစ်ဆဲဟူသော ပစ္စုပ္ပန်အနက်ကို သုံးသင့်၏။ မဂ်စိတ်သည် တကြိမ်သာ ဖြစ်ရိုးရှိသောကြောင့် ဖြစ်ပြီးသော မဂ်တရားတမျိုးတည်းကိုပင် ထပ်တလဲလဲ တိုးပွားဖြစ်လာစေသည်ဟုလည်း အဓိပ္ပါယ်မယူရ၊ မဂ်ဖြစ်နေသမျှကာလပတ်လုံး မဂ်ခဏ၌ မဂ္ဂင်ရှစ်ပါးနှင့်တကွ ယှဉ်ဘက်စိတ်စေတသိတ်များ မယုတ်လျော့ဘဲခိုင်မြဲတည်တံ့ခြင်း တိုးတက် ပွားများ ဖြစ်ပေါ်လာခြင်းကိုပင် “**ဌိတိ ဘိယျောဘာဝ ဝေပုလ္လ**”ဟုယူသင့်၏။

**၁။ ဆန္ဒသမာဓိ, ဝီရိယသမာဓိစသည်။** ။ **ဆန္ဒာဓိပတိ သမာဓိ သမာဓိ**(ဆန္ဒဟူသော အကြီးအကဲရှိသော သမာဓိ)ဟု ဝိဘင်းမူလဋီကာ (၁၆၆)၌ အဓိပတိပုဒ်ကျေသော သမာသ်ဝိဂြိုဟ်ပြု၏။ ဆန္ဒရှိလျှင် ဤသမာဓိကို အဘယ်မှာ မရဘဲရှိပါမည်နည်းဟု ဆန္ဒလွန်ကဲစွာဖြင့် (ဆန္ဒကို အကြီးအကဲ အဓိပတိအရာ၌ထား၍) ကမ္မဋ္ဌာန်း အားထုတ်ခြင်းကြောင့် ရရှိသော သမာဓိကို ဆ

## PAGE 98

ဖြစ်ပွားစေအံ့။ ပ။ **ဝီရိယသမာဓိပဓာနသင်္ခါရသမန္နာဂတံ**=ဝီရိယဟူသော အကြီးအကဲရှိသော သမာဓိနှင့်လည်းကောင်း၊ **သမ္မပ္ပဓာနဝီရိယ**ဟူသော လွန်ကဲစွာ အားထုတ်တတ်သော တရားတို့နှင့်လည်းကောင်း ပြည့်စုံသော၊ **ဣဒ္ဓိပါဒံ**=ကို၊ **စေ ဘာဝေတိ**=အံ့။ ။ **စိတ္တသမာဓိပဓာနသင်္ခါရသမန္နာဂတံ**=စိတ်ဟူသော အကြီးအကဲရှိသော သမာဓိနှင့်လည်းကောင်း၊ **သမ္မပ္ပဓာနဝီရိယ**ဟူသော လွန်ကဲစွာ **ဆန္ဒသမာဓိ**ဟု ခေါ်၏။

ထို့အတူ ဝီရိယ၊ စိတ္တ၊ ဝီမံသာတို့တွင် တပါးပါး လွန်ကဲစွာဖြင့် အားထုတ်၍ရရှိသော သမာဓိကို **ဝီရိယသမာဓိ**၊ **စိတ္တသမာဓိ**၊ **ဝီမံသာသမာဓိ**ဟုခေါ်၏။ ဤသို့အားဖြင့် ဆန္ဒစသောလေးပါးတို့သည် သမာဓိကို မရမီကပင် သမာဓိ၏ အကြီးအကဲ အဓိပတိပစ္စည်းများဖြစ်ကြသောကြောင့် သမာဓိကိုရသောအခါ၌လည်း သမာဓိ၏ အကြီးအကဲ သဟဇာတာဓိပတိ ပစ္စည်းများဖြစ်ကြ၏။ ထို့ကြောင့် ထိုလေးပါးတို့သည် သမာဓိ၏ ဝိသေသန သက်သက်မျှသာမဟုတ်ဘဲ သရုပ်တရားကိုယ် တပါးစီ တပါးစီ အနေဖြင့် သီးခြားပါဝင်လျက် (၁)**ဆန္ဒ** (၂)**သမာဓိ** (၃)**ပဓာနသင်္ခါရ**ဟု တရားသုံးပါး၊ ထို့အတူ (၁)**ဝီရိယ** (၂)**သမာဓိ** (၃)**ပဓာနသင်္ခါရ** ဤသို့စသည်ဖြင့် တရားသုံးပါးစီ သုံးပါးစီဖြစ်၏။

**ပဓာနသင်္ခါရပုဒ်၏ ဝစနတ္ထ**။ ။ သမ္မပ္ပဓာန်ဝီရိယလေးပါးကို **ပဓာန သင်္ခါရ**ဟုခေါ်၏။ **ပဓာန**=သမ္မပ္ပဓာန်ဝီရိယလေးပါးဟူသော+**သင်္ခါရ**=လွန်ကဲစွာ အားထုတ်တတ်သောတရား။ **ပဓာနဘူတာ (ဝီရိယဘူတာ) သင်္ခါရာ ပဓာန သင်္ခါရာ**။ သင်္ခါရဟူသောပုဒ်အရ **သင်္ခတသင်္ခါရ အဘိသင်္ခတသင်္ခါရ** စသည် တို့ကို မယူရတော့ပဲ (ပဓာနသဒ္ဒါပါနေသောကြောင့်) သမ္မပ္ပဓာန်ဝိရိယဟူသော သင်္ခါရကိုသာ ယူရ၏။

(တနည်း) **တံတံ ဝိသေသံ သင်္ခရောတီတိ သင်္ခါရော** ဟူသော ဝစနတ္ထအရ ထိုထိုကิစ္စအထူးကို ပြုတတ်သော ဝီရိယဟူသမျှကို **သင်္ခါရ**ဟု ဆို၏။ သို့သော် ဤ၌ ပဓာနသဒ္ဒါကြောင့် ဝီရိယအားလုံးကိုမယူဘဲ သမ္မပ္ပဓာန်ဝီရိယကိုသာ ယူရသည်။ **ပဓာနဘူတာ (သေဋ္ဌဘူတာ) သင်္ခါရာ ပဓာန သင်္ခါရာ** = မြတ်သည်ဖြစ်၍ ထိုထိုကိစ္စအထူးကို အားထုတ်တတ်သော သမ္မပ္ပဓာန်ဝီရိယများ။

**ဣဒ္ဓိပါဒပုဒ်၏ဝစနတ္ထ**။ ။ ဤနေရာ၌ ဣဒ္ဓိပါဒဝိဘင်းပါဠိတော်အတိုင်း ထို**ဆန္ဒ**၊ **သမာဓိ**၊ **ပဓာနသင်္ခါရ**ဟူသော တရားသုံးပါး(ထို့အတူ **ဝီရိယ**၊ **သမာဓိ**၊ **ပဓာနသင်္ခါရ** စသည်ဖြင့် သုံးပါး သုံးပါးစီသောတရား)တို့နှင့် ပြည့်စုံ သော ကုသိုလ်နာမက္ခန္ဓာလေးပါးကို **ဣဒ္ဓိပါဒ်**ဟုခေါ်၏။ **ဣဇ္ဈတိ သမိဇ္ဈတီတိ ဣဒ္ဓိ**၊ **ဣဒ္ဓိ ဧဝ ပါဒေါ ကောဋ္ဌာသော ဣဒ္ဓိပါဒေါ**=ပြီးစီးထမြောက်သော ဆန္ဒစသော ကုသိုလ်နာမ်ခန္ဓာလေးပါး အဖို့အစု။
## PAGE 99

အားထုတ်တတ်သော တရားတို့နှင့်လည်းကောင်း ပြည့်စုံသော။ ပ။ **ဝီမံသာသမာဓိပဓာန သင်္ခါရသမ္မန္နာဂတံ**=ပညာဟူသော အကြီးအကဲရှိ [ပြည့်]စုံသော။ ပ။

#### ၄၀၂၊ ၄၁၁။

**သဒ္ဓိန္ဒြိယံ**=သဒ္ဓိန္ဒြေကို၊ ဝါ=သဒ္ဓါဟူသော အကြီးအကဲကို၊ ဝါ=မိမိ၏ ယုံကြည်ခြင်းကိစ္စ၌ လိုက်ပါအောင် သမ္ပယုတ်တရားတို့အပေါ်၌ စိုးမိုးအုပ်စီး အကြီးအကဲဖြစ်သော သဒ္ဓါကို၊ စေ ဘာဝေတိ=အံ့။ ပ။

**ဝီရိယိန္ဒြိယံ**=ဝီရိယိန္ဒြေကို၊ ဝါ=ဝီရိယဟူသော အကြီးအကဲကို၊ ဝါ=မိမိ၏ အားထုတ်ခြင်းကိစ္စ၌ လိုက်ပါလာအောင် သမ္ပယုတ်တရားတို့အပေါ်၌ စိုးမိုးအုပ်စီး အကြီးအကဲဖြစ်သော ဝီရိယကို။ ပ။

**သတိန္ဒြိယံ**=သတိန္ဒြေကို၊ ဝါ=သတိဟူသော အကြီးအကဲကို၊ ဝါ=မိမိ၏ အောက်မေ့ အမှတ်ရခြင်းကိစ္စ၌ လိုက်[ပါအောင် စိုးမိုးအုပ်စီး အကြီးအကဲ]ဖြစ်သော သတိကို။ ပ။

**သမာဓိန္ဒြိယံ**=သမာဓိန္ဒြေကို၊ ဝါ=သမာဓိဟူသော အကြီးအကဲကို၊ ဝါ=မိမိ၏ တည်ကြည်ခြင်းကိစ္စ၌ [လိုက်ပါအောင် စိုးမိုးအုပ်စီး အကြီးအကဲဖြစ်သော] သမာဓိကို။ ပ။

**ပညိန္ဒြိယံ**=ပညိန္ဒြေကို၊ ဝါ=ပညာဟူသော အကြီးအကဲကို၊ ဝါ=မိမိ၏ သိမြင်ခြင်းကိစ္စ၌ [လိုက်ပါအောင် စိုးမိုးအုပ်စီး အကြီးအကဲဖြစ်သော] ပညာကို။

**ဣဇ္ဈန္တိ ဝါ ဧတာယ သတ္တာ ဣဒ္ဓါ ဗုဒ္ဓါ ဥက္ကံသဂတာ ဟောန္တီတိ ဣဒ္ဓိ**=(တစ်နည်း) သတ္တဝါတို့၏ ကြီးပွားတိုးတက်ကြောင်းတရား (ပထမဈာန်၊ ဒုတိယဈာန်စသည်နှင့် သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်စသော နောက်နောက်ရအပ်သော “ပဋိလာဘ” တရားများတည်း)။

**ဣဒ္ဓိယာ ပါဒေါ အဓိဂမုပါယောတိ ဣဒ္ဓိပါဒေါ**=သတ္တဝါတို့ ကြီးပွားတိုးတက်ကြောင်းတရား (ဣဒ္ဓိ)ကို ရခြင်း၏ အကြောင်းတရား (ပထမ၊ ဒုတိယဈာန်စသည်တို့၏ ပရိကမ် ဥပစာရဈာန်နှင့် သောတာပတ္တိမဂ် စသည်တို့၏ ဝိပဿနာဟူသော ရှေးရှေးအခြေခံ “ပုဗ္ဗဘာဂ” တရားများတည်း)။

ပဋိလာဘတရားများကို ဣဒ္ဓိဟု ဆိုလို၍ ပုဗ္ဗဘာဂတရားများကို ဣဒ္ဓိပါဒဟု ဆိုလို၏။ ထိုကြောင့် ပထမဈာန်၏ ပရိကမ်သည် ဣဒ္ဓိပါဒမည်၏၊ ပထမဈာန်သည် ဣဒ္ဓိမည်၏။ ဒုတိယဈာန်၏ ပရိကမ်။ ပ။ နေဝသညာနာသညာယတနဈာန်၏ ပရိကမ်သည် ဣဒ္ဓိပါဒမည်၏၊ ဒုတိယဈာန်။ ပ။ နေဝသညာနာသညာယတနဈာန်သည် ဣဒ္ဓိမည်၏။ သောတာပတ္တိမဂ် စသော မဂ်လေးပါး၏ အသီးအသီးသော ဝိပဿနာသည် ဣဒ္ဓိပါဒမည်၏။ ထိုမဂ်လေးပါးသည် ဣဒ္ဓိမည်၏။

**ဣဒ္ဓိနံ ပါဒေါ = ဣဒ္ဓိပါဒေါ**=(တစ်နည်း) ပြီးစီးထမြောက်သော (ဝါ=သတ္တဝါတို့၏ ကြီးပွားတိုးတက်ကြောင်းဖြစ်သော) ဥပစာရဈာန်အစရှိသော ကုသိုလ်စိတ်နှင့်ယှဉ်သော သမာဓိ၊ ပဓာနသင်္ခါရတရားတို့၏။ ပါဒေါ=တည်ရာမှီရာဖြစ်သော ကြွင်းသောစိတ်စေတသိတ် တရားအစု၊ ဤသို့ဝစနတ္ထပြု၍ ဆန္ဒ၊ သမာဓိ၊ ပဓာနသင်္ခါရတရားတို့ကို ဣဒ္ဓိဟုလည်းကောင်း၊ ထိုတရားတို့နှင့်ယှဉ်သော ကြွင်းကျန်သော စိတ်စေတသိက် နာမက္ခန္ဓာလေးပါးကို ဣဒ္ဓိပါဒဟုလည်းကောင်း ခေါ်၏။

