## PAGE 103

**ပဿတိ**။ **ပ။** **ပီတာနိ**=ဝါရွှေဖြစ်ကုန်သော၊ **ပီတဝဏ္ဏာနိ**=ဝါရွှေအဆင်းရှိကုန် သော၊ **ပီတနိဒဿနာနိ**=(ကြိုးကြားမလပ်, တဆက်စပ်တည်း) ဝါရွှေချည်းသာ တွေ့မြင်အပ်ကုန်သော၊ **ပီတနိဘာနိ**=ဝါရွှေတောက်ပြောင်သောအရောင် ရှိကုန်သော။ **ပ။**

**လောဟိတကာနိ**=နီကုန်သော၊ **လောဟိတကဝဏ္ဏာနိ**= နီသောအဆင်း ရှိကုန်သော၊ **လောဟိတကနိဒဿနာနိ**= (ကြိုးကြားမလပ်, တဆက်စပ်တည်း) အနီချည်းသာတွေ့မြင်အပ်ကုန်သော၊ **လောဟိတကနိဘာနိ**=နီသော တောက် ပြောင်သော အရောင်ရှိကုန်သော။ **ပ။** **သုဒ္ဓါတနိ**=ဖြူကုန်သော၊ **သုဒ္ဓါတဝဏ္ဏာနိ**= အဖြူသောအဆင်းရှိကုန်သော၊ **သုဒ္ဓါတနိဒဿနာနိ**=(ကြိုးကြားမလပ် တဆက် စပ်တည်း) အဖြူချည်းသာ တွေ့မြင်အပ်ကုန်သော၊ **သုဒ္ဓါတနိဘာနိ**=ဖြူသော တောက်ပြောင်သော အရောင်ရှိကုန်သော။ **ပ။** ဤတိုင်အောင်ကား အဘိဘာယ တနဈာန် ရှစ်မျိုးကို ပြသော သုတ်များတည်း၊ အဋ္ဌကနိပါတ်စာပိုဒ်(၆၅) အဘိဘာယတနသုတ် နိဿယ၌လည်း အကျယ်တဝင့် ရေးထားပြီ]

၄၃၅၊ ၄၄၂။ ယခုပြမည့်သုတ်များသည် ဝိမောက္ခရှစ်မျိုးကို ပြသော သုတ်များတည်း] **ရူပီ**=(ဆံပင်စသော) အဇ္ဈတ္တကသိုဏ်းရုပ်၌ ဖြစ်စေအပ်သော ရူပဈာန်ရှိသည်၊ (**ဟုသော**=ဖြစ်၍) **ရှုပါနိ**=ဗဟိဒ္ဓကသိုဏ်းရုပ်တို့ကိုလည်း၊ **စေ ပဿတိ**=အကယ်၍ ဈာန်စက္ခုဖြင့်ရှုအံ့၊ အဋ္ဌကထာ၌ "ဗဟိဒ္ဓါ ရူပါနိ ပဿတိတိ"ဟူသော သံဝဏ္ဏေတဗ္ဗ၏ အစမှ ဗဟိဒ္ဓါပါဌ်မှာ အပိုသာတည်း]။

**ပ။** **အဇ္ဈတ္တံ**-၌၊ **အရူပသညာ**=ထိုအဇ္ဈတ္တကသိုဏ်းရုပ်၌ ဖြစ်စေအပ်သော ဈာန် သညာရှိသည်မဟုတ်ဘဲ၊ **ဗဟိဒ္ဓါ**-၌၊ **ရူပါနိ**=ကသိုဏ်းရုပ်တို့ကိုသာလျှင်၊ **စေ ပဿတိ**=အံ့။ ။ **သုဘန္တေဝ** (သုဘ+ဣတိ+ဧဝ)=(ဤအဆင်းရောင်ကသိုဏ်း ကား) တင့်တယ်လှပပါပေ၏ဟူ၍သာလျှင်၊ **အဓိမုတ္တော**=နှလုံးသွင်းနေသည်၊ **စေဟောတိ**=အကယ်၍ ဖြစ်အံ့။ **ပ။**

**သဗ္ဗသော** = အားလုံးစုံသော အခြင်းအရာအားဖြင့်၊ **သမတိက္ကမာ**, **အတ္ထင်္ဂမာ**, **အမနသိကာရာ**တို့၌စပ်] **ဝါ**=အားလုံးစုံကုန်သော၊ [**ရူပသညာနံ**, **ပဋိဃသညာနံ**- **နာနတ္တသညာနံ**တို့၌စပ်] **ရူပသညာနံ**=ရူပဈာန်၌ ယှဉ်သော သညာ, ကသိုဏ်းရုပ်အမည်ရှိသော အာရုံတို့ကို၊ **ဝါ**=(၁၅) ပါးသော ဈာန်နှင့်တကွ ထိုရူပဈာန်၏ အာရုံဖြစ်သော ကသိုဏ်းပညတ်တို့ကို၊ **ဝါ**=တို့၏၊

**ရူပ**

**၁။** **ရူပသညာပုဒ်**၏ **ဝစနတ္ထ**။ ။ **ရူပေ** (ရူပဇ္ဈာနေ) **သညာ** **ရူပသညာ** =ရူပဈာန်၌ သညာ။ သညာစေတသိက်ကို ခေါင်းတပ်၍ ဆိုထားသောကြောင့် သညာနှင့်တကွသော ရူပကုသိုလ် ဝိပါက် ကြိယာဈာန် (၁၅) ပါးကို ရူပ သညာဟု ခေါ်သည်။ နောက်ထပ်တဖန် **ရူပံ** (ကသိဏရူပံ) **သညာ** **အဿ**

## PAGE 104

**သမတိက္ကမာ**=လွန်မြောက်ခြင်းကြောင့်လည်းကောင်း၊ **ဝါ**=ရွံမုန်းစက်ဆုပ် ကင်း ချုပ်ခြင်းကြောင့်လည်းကောင်း၊ **ပဋိဃသညာနံ**=ပဉ္စဝတ္ထုနှင့်ပဉ္စာရုံတို့ ထိခိုက် ခြင်းကြောင့်ဖြစ်သော ဆယ်ပါးသောဒွိပဉ္စဝိညာဏ်သညာတို့၏၊ **ပဋိဃေန**= ထိခိုက်ခြင်းကြောင့်၊ **ဥပ္ပန္နာ သညာ ပဋိဃသညာ**] **အတ္ထင်္ဂမာ**=ချုပ်ခြင်းသို့ ရောက်ခြင်းကြောင့်လည်းကောင်း၊ **နာနတ္တသညာနံ**=အထူးထူးသော သဘော ရှိသော အာရုံ၌ဖြစ်သော (၄၄)ပါးသော ကာမာဝစရသညာတို့ကို၊ ဒွိပဉ္စဝိညာဏ် သညာဆယ်ပါးမှတပါး ကျန်သော(၄၄)ပါးသော ကာမာဝစရကုသိုလ် အကုသိုလ် ဝိပါက်ကြိယာ သညာတို့တည်း။ **နာနတ္တေ နာနာသဘာဝေ အာရမ္မဏ** **ပဝတ္တာ သညာ နာနတ္တသညာ**] **ဝါ**=အထူးထူးသော သဘောရှိသော (၄၄)ပါး သော ကာမာဝစရသညာတို့ကို၊ **နာနတ္တာ နာနာသဘာဝါ သညာ နာနတ္တသညာ** **အမနသိကာရာ**=နှလုံးမသွင်းခြင်းကြောင့်လည်းကောင်း၊ "**အနန္တော**=(ဖြစ်ခြင်း, ပျက်ခြင်း) အဆုံးအပိုင်းအခြားမရှိသော၊ **အာကာသော**=ကောင်းကင်တည်း၊

**ဣတိ**=ဤသို့စီးဖြန်းပွားများလျက်၊ **အာကာသာနဉ္စာယတနံ**= (ဖြစ်ခြင်း, ပျက် ခြင်း) အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ပညတ်ဟူသော တည်ရာ **အာရမ္မဏဿာတိ ရူပ**သည် = ကသိုဏ်းရုပ်ဟူသော နာမည်ရှိသော အာရုံ (ကသိုဏ်းအာရုံ)။ ဤဒုတိယဝစနတ္ထ၌ **သညာသဒ္ဒါ**သည် (**သညာစေတသိက်** ဟူသော အနက်ကို မဟော) နာမည်ဟူသော အနက်ကို ဟော၏။ ဤနည်း၌ အာကာသကသိုဏ်းကို ချန်လှပ်၍ ရူပဈာန်၏ အာရုံဖြစ်သော ကျန်သော ကသိုဏ်းကိုးပါးကို ရူပသညာဟု ခေါ်သည်။

နောက်ထပ် **ဧကသေသ်**လည်းပြု။ ။ ထို့အပြင် **ရူပသညာနံ သမတိက္ကမာ** ဖြင့် (၁) ရူပဈာန်သညာ (၁၅) ပါးကို လည်းကောင်း၊ (၂) ထိုရူပဈာန်သညာ (၁၅) ပါး၏ အာရုံဖြစ်သော ကသိုဏ်းကိုးပါးတို့ကို လည်းကောင်း ဤနှစ်မျိုး လုံးကို လွန်မြောက်သည်ဟု ဆိုလိုသောကြောင့် ထိုနှစ်မျိုးလုံး ပါဝင်အောင် **ရူပသညာ စ ရူပသညာ စ ရူပသညာ**"ဟု **ဧကသေသ်**ပြုပါ။

**၁။** **အာကာသာနဉ္စာယတနံ**။ ။ **အာကာသံ အနန္တ** အာကာသာနန္တအ ဖြစ်ခြင်း ပျက်ခြင်း ဟူသော အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ပညတ်၊

**အာကာသာ နန္တ မေဝ**=အာကာသာနဉ္စ။ **ရုပ်ရိုးပုံမှာ** အာကာသာနန္တ ကျ=အာကာ သာနန္တ၂ (က်ကိုချေ)=အာကာသာနန္ဒ (တျကိုစပြု)=အာကာသာနှံစ (နကို **နိဂ္ဂဟိတ်** ပြု)=အာကာသာနဉ္စ(**နိဂ္ဂဟိတ်**ကို ခုံ ပြု)။ အာကာသာန၌ **အာယတနံ** (တည်ရာ အာရုံသည်) **အဿ သသမ္ပယုတ္တဓမ္မဿ ဈာနဿာတိ အာကာသာ နဉ္စာယတနံ**=အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ပညတ်ဟူသော တည်ရာ အာရုံရှိသော သမ္ပယုတ်တရားနှင့် [OCR_UNCERTAIN: ဓာကွ→ဓာတ်?]သော ဈာန်။
## PAGE 105

**အာရုံရှိသောဈာန်သို့**၊ ဝါ = **အာကာသာနဉ္စာယတနဈာန်သို့**၊ ဝါကို၊ **ဥပသမ္ပဇ္ဇ** = ရောက်၍၊ ဝါ = ပြီးစီးစေ၍၊ စေ **ဝိဟရတိ** = အကယ်၍ နေအံ့။ ပ။

**သဗ္ဗသော** = အားလုံးစုံသော အခြင်းအရာအားဖြင့် ဝါ = အားလုံးစုံသော၊ **အာကာသာနဉ္စာယတနံ** = အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ပညတ်ဟူသော တည်ရာအာရုံရှိသောဈာန်, အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ပညတ်ဟူသော တည်ရာအာရုံကို၊ ဝါ = အာကာသာနဉ္စာယတနဈာန်နှင့်တကွ ထိုဈာန်၏ ကောင်းကင်ပညတ်အာရုံကို၊ ဈာန်နှင့် ဈာန်၏အာရုံ နှစ်မျိုးစုံကိုဟုဆိုလို၏။

**သမတိက္ကမ္မ** = လွန်မြောက်ပြီး၍၊ “**အနန္တံ** = အဆုံးအပိုင်းအခြားမရှိသော၊ **ဝိညာဏံ** = ဝိညာဏ်တည်း၊” **ဣတိ** = ဤသို့ စီးဖြန်းပွားများလျက်၊ **ဝိညာဏဉ္စာယတနံ** = အဆုံးအပိုင်းအခြားမရှိသော ပဌမာရုပ္ပဝိညာဏ်ဟူသော ‘တည်ရာအာရုံရှိသော ဈာန်သို့၊ ဝါ = **ဝိညာဏဉ္စာယတနဈာန်သို့**။

###### သမတိက္ကမ္မပုဒ်၏ ကံဖြစ်ခိုက် နောက်ထပ်ဝိဂြိုဟ်နှစ်မျိုး
ထိုအာကာသာနဉ္စာယတနပုဒ်ကို **ဥပသမ္ပဇ္ဇ**၏ ကံဖြစ်ခိုက်၌ ဤသို့ ဗဟုဗွီဟိသမာသ် တမျိုးသာ တွဲစပ်ရ၏။ **သမတိက္ကမ္မ**၏ ကံဖြစ်ခိုက်၌ကား (ဈာန်နှင့် ဈာန်၏ အာရုံနှစ်မျိုးစုံကို လွန်မြောက်ခြင်းကြောင့် အာကာသာနဉ္စာယတနတပုဒ်တည်းဖြင့် ထိုနှစ်မျိုးစုံ ပါဝင်အောင်) ထိုဗဟုဗွီဟိသမာသ်အပြင် နောက်ထပ် ကမ္မဓာရယသမာသ်နှင့် ဧကသေသ်လည်း ပြုရဦးမည်။

ထို့ကြောင့် အာကာသာနဉ္စဉ္စ တံ အာယတနဉ္စာတိ အာကာသာနဉ္စာယတနံ = အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ပညတ်ဟူသော တည်ရာအာရုံ။ အာကာသာနဉ္စာယတနဉ္စ အာကာသာနဉ္စာယတနဉ္စ အာကာသာနဉ္စာယတနံ။

**၁။ ဝိညာဏဉ္စာယတနံ။** အာကာသာနဉ္စာယတနဈာန်စိတ်ကိုပင် ပဌမာရုပ္ပဝိညာဏ်ဟု ခေါ်၏။ ၎င်းဝိညာဏ်သည် ဖြစ်ခြင်းပျက်ခြင်း အဆုံးအပိုင်းအခြားရှိသည်သာ ဖြစ်၏။ သို့သော် သူသည် ကောင်းကင်ပညတ်ကို အာရုံပြု၍ “အနန္တော အာကာသော”ဟု စီးဖြန်းပွားများခြင်းကြောင့် သူ့ကိုလည်း အနန္တဝိညာဏံဟု ဆိုရသည်။ အနန္တမေဝ အာနဉ္စ (အနန္တ+) ဝိညာဏံ အာနဉ္စ ဝိညာဏဉ္စ-အဆုံးအပိုင်းအခြားမရှိသော ပဌမာရုပ္ပဝိညာဏ်။ ဝိညာဏာနဉ္စဟု ဆိုလိုလျက် နကိုချေ၊ အာကို ရဿပြု။ ဝိညာဏဉ္စံ အာယတနံ အဿ သသမ္ပယုတ္တဓမ္မဿ ဈာနဿာတိ ဝိညာဏဉ္စာယတနံ = အဆုံးအပိုင်းအခြားမရှိသော ပဌမာရုပ္ပဝိညာဏ်ဟူသော တည်ရာအာရုံရှိသော သမ္ပယုတ်တရားနှင့်တကွသော ဈာန် (ဝါ = ဝိညာဏဉ္စာယတနဈာန်)။

**သမတိက္ကမ္မပုဒ်**၏ ကံဖြစ်သောအခါ၌ကား ထိုဗဟုဗွီဟိအပြင် နောက်ထပ် ကမ္မဓာရယသမာသ်နှင့် ဧကသေသ်လည်း ပြုပါဦး။

