## PAGE 106

ဝါ = ကို၊ **ဥပသမ္ပဇ္ဇ** = ၍၊ စေ **ဝိဟရတိ**-အံ့။ ပ။

**သဗ္ဗသော** = ဖြင့်၊ ဝါ = အားလုံးစုံသော၊ **ဝိညာဏဉ္စာယတနံ** = အဆုံးအပိုင်းအခြားမရှိသော ပထမာရုပ္ပဝိညာဏ်ဟူသော တည်ရာအာရုံရှိသောဈာန်, အဆုံးအပိုင်းအခြားမရှိသော ပထမာရုပ္ပဝိညာဏ်ဟူသော တည်ရာအာရုံကို။ ဝါ = ဝိညာဏဉ္စာယတနဈာန်နှင့်တကွ ထိုဈာန်၏ အာရုံဖြစ်သော ပထမာရုပ္ပဝိညာဏ်ကို၊ (ဈာန်နှင့် ဈာန်၏ အာရုံနှစ်မျိုးလုံးကို ဟူလို)

**သမတိက္ကမ္မ** = ၍၊ **ကိဉ္စိ** = (ပဌမာရုပ္ပဝိညာဏ်၏) အနည်းငယ်စိုးစဉ်း ဘင်မျှ အကြွင်းအကျန်သည်၊ **နတ္ထိ** = မရှိတော့ပေ၊ **ဣတိ** = ဤသို့ စီးဖြန်းပွားများလျက်၊ **အာကိဉ္စညာယတန** = (ပဌမာရုပ္ပဝိညာဏ်၏) အနည်းငယ် စိုးစဉ်း ဘင်မျှ အကြွင်းအကျန်မရှိသည် အဖြစ်တည်းဟူသော နတ္ထိဘောပညတ်ဟူသော တည်ရာအာရုံရှိသောဈာန်သို့၊ ဝါ အာကိဉ္စညာယတနဈာန်သို့၊ ဝါ = ကို၊ **ဥပသမ္ပဇ္ဇ** = ၍၊ စေ **ဝိဟရတိ**-အံ့။ ပ။

**သဗ္ဗသော** = ဖြင့်၊ ဝါ = သော၊ **အာကိဉ္စညာယတနံ** = ပဌမာရုပ္ပဝိညာဏ်၏ အနည်းငယ်စိုးစဉ်း ဘင်မျှ အကြွင်းမရှိသည် အဖြစ်ဟူသော နတ္ထိဘောပညတ်တည်းဟူသော တည်ရာ အာရုံရှိသော ဈာန်, ပဌမာရုပ္ပဝိညာဏ်၏ အနည်းငယ် စိုးစဉ်း ဘင်မျှ အကြွင်းမရှိသည် အဖြစ်တည်းဟူသော နတ္ထိဘောပညတ်ဟူသော တည်ရာအာရုံကို၊ ဝါ = အာကိဉ္စညာယတန ဈာန်နှင့်တကွ ထိုဈာန်၏ နတ္ထိဘောပညတ်အာရုံကို၊ **သမတိက္ကမ္မ** = ၍၊ **နေဝသညာနာသညာယတနံ** = ရုန့်ရင်းသော သညာ မရှိသည်လည်း ဖြစ်၍ သိမ်မွေ့သောသညာ မရှိသည်လည်း မဟုတ်သော ဈာန်စိတ္တုပ္ပါဒ်တည်းဟူသော မနာယတနဓမ္မာယတနသို့၊ ဝါ = ရုန့်ရင်းသော...

**၁။ အာကိဉ္စညာယတနံ။** နတ္ထိ ကိဉ္စနံ အဿာတိ အကိဉ္စနံ-စိုးစဉ်း အနည်းငယ်မျှ (ဥပါဒ်နှင့်ဌီကို မဆိုထားဘိ ဘင်မျှပင်) အကြွင်းအကျန် မရှိတော့သော ပဌမာရုပ္ပဝိညာဏ်၊ အကိဉ္စနဿ-အနည်းငယ်စိုးစဉ်း ဘင်မျှပင် အကြွင်းအကျန်မရှိသော ပဌမာရုပ္ပဝိညာဏ်၏၊ **ဘာဝေါ** = အဖြစ်ဟူသော (ဝါ = ဖြစ်ကြောင်းဖြစ်သော) နတ္ထိဘောပညတ်တည်း၊ **အာကိဉ္စညံ** = အနည်းငယ်စိုးစဉ်း ဘင်မျှ အကြွင်းမရှိသော ပဌမာရုပ္ပဝိညာဏ်၏ ဖြစ်ကြောင်း နတ္ထိဘောပညတ်၊ [အကိဉ္စန+ဏု = အာကိဉ္စည] **အာကိဉ္စညံ အာယတနံ အဿ ဈာနဿာတိ အာကိဉ္စညာယတနံ** = အနည်းငယ် . . . . .နတ္ထိဘောပညတ်ဟူသော တည်ရာအာရုံရှိသော ဈာန်။

**၂။ နေဝသညာနာသညာယတနံ။** ပဌမနည်းအလို နေဝသညာနာသညာယတနဈာန် စိတ္တုပ္ပါဒ်ကိုပင် **နေဝသည** ဟုလည်းကောင်း **နာသည** ဟုလည်းကောင်း **အာယတန** (မနာယတန ဓမ္မာယတန) ဟုလည်းကောင်း ခေါ်သည်ဟု ရှေးဦးစွာသိထားရမည်။ ထို့နောက် နေဝ အဿ သညာ အတ္ထိတိ...

## PAGE 107

သညာလည်းမဟုတ်, သိမ်မွေ့သော သညာမဟုတ်သည်လည်း မဟုတ်သည့်ပြင် သမ္ပယုတ်တရားတို့၏ တည်ရာမှီရာလည်း ဖြစ်သော သညာသို့၊ ဝါ = ကို၊ **ဥပသမ္ပဇ္ဇ** = ၍၊ စေ **ဝိဟရတိ** = အံ့။ ပ။

**သဗ္ဗသော** = ဖြင့်၊ ဝါ = သော၊ **နေဝသညာနာသညာယတနံ** = နေဝသညာနာသညာယတနတရားနှင့်တကွ ထိုတရား၏ အာရုံဖြစ်သော တတိယာရုပ္ပဝိညာဏ်ကို၊ **သမတိက္ကမ္မ** = ၍၊ **သညာဝေဒယိတနိရောဓံ** = သညာဝေဒနာတို့၏ ချုပ်ခြင်းတည်းဟူသော နိရောဓသမာပတ်သို့၊ ဝါ = ကို။

၄၄၃၊ ၄၆၂။ **ပထဝီကသိဏံ** = ပထဝီကသိဏဈာန်ကို၊ ဝါ = မြေကသိုဏ်းပဋိဘာဂနိမိတ်ကို အာရုံပြုသောဈာန်ကို၊ စေ **ဘာဝေတိ** = အကယ်၍ ဖြစ်ပွားစေအံ့။

**၂။ အာပေါကသိဏံ** = အာပေါကသိဏဈာန်ကို၊ ဝါ = ရေကသိုဏ်းပဋိဘာဂနိမိတ်ကို အာရုံပြုသောဈာန်ကို။ ပ။ **တေဇောကသိဏံ** = ဈာန်ကို၊ ဝါ = မီးကသိုဏ်း.....ဈာန်ကို။ ပ။ **ဝါယောကသိဏံ** = ကို၊ ဝါ = လေကသိုဏ်း.....ကို။

**နီလကသိဏံ** = ကို၊ ဝါ = အညိုရောင်ကသိုဏ်း .....ကို။ ပ။ **ပီတ** = အဝါရောင်၊ **လောဟိတ** = အနီရောင်၊ **ဩဒါတ** = အဖြူရောင်”ဤပုဒ်တို့ကို ရှေးနည်းအတိုင်းဆို]

**အာကာသကသိဏံ** = ဈာန်ကို၊ ဝါ = (နံရံပေါက်စသော) ဟင်းလင်းပေါက်ကသိုဏ်းကို အာရုံပြုသောဈာန်ကို။ ပ။ **ဝိညာဏကသိဏံ** = ဝိညာဏကသိဏဈာန်ကို၊ **နေဝသညံ** = ရုန့်ရင်းသော (ထင်ရှားသော) သညာမရှိသော ဈာန်စိတ္တုပ္ပါဒ်၊ နတ္ထိ အဿ သညာတိ အသည်၊ န အသည် နာသည် = သိမ်မွေ့သောသညာ မရှိသည်လည်း မဟုတ်သောဈာန်စိတ္တုပ္ပါဒ်၊ နေဝသညဉ္စ တံ နာသညဉ္စာတိ တံ **နေဝသညာနာသညဉ္စ**၊ **နေဝသညာနာသညဉ္စ တံ အာယတနဉ္ဇာတိ နေဝသညာနာသညာယတနံ** = ရုန့်ရင်းပေါ်လွင်ထင်ရှားသော သညာမရှိသည်လည်းဖြစ်၍ သိမ်မွေ့သော သညာမရှိသည်လည်း မဟုတ်သော ဈာန်စိတ္တုပ္ပါဒ်ဟူသော အာယတန (မနာယတနနှင့် ဓမ္မာယတန)။

(တနည်း)‘သညာစေတသိက်ကိုပင် **နေဝသညာ**ဟုလည်း ခေါ်၏။ (ဝိပဿနာဉာဏ်ဖြင့် ရှု၍ ငြီးငွေ့မှုကို ဖြစ်စေနိုင်လောက်အောင် ရုန့်ရင်း (ထင်ရှား)သည် မဟုတ်သော သညာဟူလို။) **နာသညာ** (န+အသညာ) ဟုလည်း ခေါ်၏။ (သိမ်မွေ့သောသညာ မဟုတ်သည်လည်း မဟုတ်သော သညာဟူလို။) **အာယတန** (တည်ရာ) ဟုလည်း ခေါ်၏။ (သမ္ပယုတ်တရားတို့၏ တည်ရာမှီရာ နိဿယပစ္စည်းဖြစ်သော သညာဟူလို။) ဤသို့အားဖြင့် ထိုသုံးပုဒ်လုံးအရ သညာစေတသိက်ကိုချည်း ယူရသောကြောင့် အရတူ ကမ္မဓာရယသမာသ် တွဲရမည်။ **နေဝသညာ စ သာ နာသညာ စာတိ နေဝသညာနာသညာ၊ နေဝသညာနာသညာ စ သာ အာယတနဉ္ဇာတိ နေဝသညာနာသညာယတနံ**။
## PAGE 108

ဝါ = **ပဌမာရုပ္ပဝိညာဏ်**ကသိုဏ်းကို အာရုံပြုသော **ဝိညာဏဉ္စာယတနဈာန်**ကို၊ စေ ဘာဝေတိ = အံ့။ ပ။ **အသုဘ**သည် = (ဥဒ္ဓုမာတကစသော ဆယ်ပါးသော) မတင့်တယ်သော အာရုံတို့၌ ဖြစ်သော **ပဌမဈာန်သညာ**ကို၊ [ပဌမဈာန်နှင့် တကွဖြစ်ဖက်သညာကို ဟူလို။] ပ။

**မရဏ**သည် = (သုံးမျိုးသော) မရဏသဘောကို အာရုံပြု၍ဖြစ်သော သညာကို၊ (၁) သစ်ပင်သေသွားပြီ၊ သံသေသည် စသည်ဖြင့် အများပြောဆိုရိုး ရှိသော “**သမ္မုတိမရဏ**” (၂) **ဥပါဒ်, ဌီ, ဘင်**ဟူသော ခဏသုံးပါးရှိသော သင်္ခါရတို့၏ ဘင်ခဏ၌ ပျက်စီးခြင်းဟူသော “**ခဏိကမရဏ**”၊ (၃) ရဟန္တာတို့၏ ရုပ်နာမ်ခန္ဓာအစဉ်၏ အကြွင်းမဲ့ အပြီးသတ် ပြတ်စဲခြင်းဟူသော “**သမုစ္ဆေဒမရဏ**”။ ဤသုံးမျိုးသော မရဏနှင့်စပ်သော **ဝိပဿနာဘာဝနာသညာ**တည်း။] ဝါ = (တဘဝအနေအားဖြင့် သတ်မှတ်ထားအပ်သော) အသက် ဇီဝိတိန္ဒြေ၏ ပျက်စီးသေလွန်ခြင်းကို အာရုံပြု၍ဖြစ်သော **မရဏဿတိသညာ**ကို။ ပ။

**အာဟာရေ ပဋိကူလ**သည် စက်ဆုပ်ဖွယ်ဟု ရှုမှတ်သော သညာကို၊ ဝါ = စက်ဆုပ်ဖွယ်ဟု ရှုမှတ်သောသညာကြောင့် ဖြစ်သော **ဥပစာရဈာန်**ကို ပ။

**သဗ္ဗလောကေ အနဘိရတိ**သည် = မမွေ့လျော်ခြင်း သဘောအားဖြင့်ဖြစ်သော သညာကို။ OK **အနိစ္စ**သည် = (မမြဲသော ခန္ဓာငါးပါးတို့၌) မမြဲဟု ရှုမှတ်သောသညာကို။ **အနိစ္စ** = မမြဲသောခန္ဓာငါးပါး၌၊ **ဒုက္ခ**သည် = ဆင်းရဲဟု ရှုမှတ်သောသညာကို။ ပ။ **ဒုက္ခ** = ဒုက္ခဖြစ်သော ခန္ဓာငါးပါး၌၊ **အနတ္တ**သည် = အလိုအတိုင်း ဖြစ်စေနိုင်သော အသက်ရှင်အတ္တကောင်မဟုတ်ဟု ရှုမှတ်သော သညာကို။ ပ။

**ပဟာန**သည် = (တဒင်္ဂပဟာန်စသော) ကိလေသာပယ်သတ်ခြင်း သဘောကို အာရုံပြု၍ဖြစ်သော သညာကို။ ပ။ **ဝိရာဂ**သည် = (တဒင်္ဂဝိရာဂစသော) ကိလေသာပျက်စီးခြင်း သဘောကို အာရုံပြု၍ဖြစ်သော သညာကို။ ပ။ **နိရောဓ**သည် = သင်္ခါရတို့၏ ချုပ်ငြိမ်းမှုကို အာရုံပြု၍ဖြစ်သော သညာကို၊ ဝါ = သင်္ခါရတို့၏ ချုပ်ရာနိဗ္ဗာန်ကို အာရုံပြု၍ဖြစ်သော သညာကို။ ပ။

၄၆၃၊ ၅၆၂။ **အဋ္ဌိက**သည် = စက်ဆုပ်ဖွယ် အရိုးစုပဋိဘာဂနိမိတ်၌ ဖြစ်သော **ပဌမဈာန်သညာ**ကို၊ [က (ကုစ္ဆိတ) = စက်ဆုပ်ဖွယ် + **အဋ္ဌိ** = အရိုးစုပဋိဘာဂနိမိတ်။ **အဋ္ဌိကေ ပဝတ္တာ သညာ အဋ္ဌိကသညာ**]။ ပ။ **ပုဠဝက**သည် ပိုးလောက်တွေထွက် တရွရွတက်နေသော အသေကောင် ပဋိဘာဂနိမိတ်၌ ဖြစ်သော **ပဌမဈာန်သညာ**ကို၊ [**ပုဠဝ + ကိရ + က္ခိ**။ **ပုဠဝေ ကိမယော ကိရတီတိ ပုဠဝကံ**၊ **ပုဠဝကေ ပဝတ္တာ သညာ ပုဠဝကသညာ**]။ ပ။ **ဝိနီလက**သည် - ဖြူနီရောယှက် ညိုနက်မဲပုပ် စက်ဆုပ်ဖွယ်အသေကောင် ပဋိဘာဂနိမိတ်၌ဖြစ်သော

