## PAGE 109

၁၉-**ကာယဂတာသတိဝဂ်**

**ပဌမဈာန်သညာ**ကို၊ [ဝိ - အဖြူအနီ ရောနှောနေသော + **နီလ** = ညိုနက်မဲပုပ်နေသော အသေကောင် + က = စက်ဆုပ်ဖွယ်]။ ပ။ **ဝိစ္ဆိဒ္ဓက**သည် = နှစ်ပိုင်းခုတ်ဖြတ်ထားအပ်သော စက်ဆုပ်ဖွယ်အသေကောင် ပဋိဘာဂနိမိတ်၌ ဖြစ်သော **ပဌမဈာန်သညာ**ကို၊ [**ဒွိဓာ ဝိစိဇ္ဇတေဟိ ဝိစ္ဆိဒံ**၊ **ကုစ္ဆိတံ ဝိစ္ဆိဒံ ဝိစ္ဆိဒ္ဒက**]။ ပ။ **ဥဒ္ဓုမာတက**သည် = သေပြီးသည့်အထက် (သေပြီးဟိုဘက်) နောက်နောက်ရက်၌ ကြွတက်ဖူးရောင် စက်ဆုပ်ဖွယ်အသေကောင် ပဋိဘာဂနိမိတ်၌ဖြစ်သော **ပဌမဈာန်သညာ**ကို၊ [**ဇီဝိတက္ခယတော ဥဒ္ဓံ ဓုမာတံ ဥဒ္ဓုမာတံ**၊ **ကုစ္ဆိတံ ဥဒ္ဓုမာတံ ဥဒ္ဓုမာတကံ**]။ ပ။

**ဗုဒ္ဓါနုဿတိ** = ဘုရားဂုဏ်တော်တို့ကို.....သတိကို၊ စာပိုဒ်-၂၉၆၊ ၂၉၇-သုတ်ပြန်ကြည့်။ ပ။ **ပဌမဇ္ဈာနသဟဂတံ** = ပဌမဈာန်နှင့်တကွ ဖြစ်အောင်၊ **သဒ္ဓိန္ဒိယံ**ကို၊ စေ ဘာဝေတိ = အံ့။ ပ။ **ပဌမဇ္ဈာနသဟဂတံ** = အောင်၊ **ဝိရိယိန္ဒြိယံ**ကို။ ပ။ **ပဌမဇ္ဈာနသဟဂတံ** = အောင်၊ **သတိန္ဒိယံ**။ ပ၊ **မေတ္တာသဟဂတံ** = မေတ္တာနှင့်တကွဖြစ်အောင်၊ **သဒ္ဓိန္ဒိယံ** စေ ဘာဝေတိ။ ပ။ **အပရအစ္ဆရာသင်္ဃာတဝဂ္ဂေါ** = ဝဂ်တည်း။

၁၉-**ကာယဂတာသတိဝဂ်**

၅၆၃။ ဘိက္ခဝေ = ရဟန်းတို့၊ ယဿ ကဿစိ = ပုဂ္ဂိုလ်တစ်ဦးဦးသည်၊ **မဟာသမုဒ္ဒေါ** = မဟာသမုဒ္ဒရာကို၊ စေတသာ = စိတ်ဖြင့်၊ (**အာပေါကသိဏဈာန်စိတ်**, **ဒိဗ္ဗစက္ခုအဘိညာဏ်စိတ်**ဖြင့်) ဖုဋ္ဌော = ဖြန့်အပ်ငြားအံ့၊ **သမုဒ္ဒင်္ဂမာ** = သမုဒ္ဒရာသို့ စီးဝင်ကုန်သော၊ ယာ ကာစိ = အားလုံးကုန်သော၊ **ကုန္နဒိယော** = မြစ်ငယ်တို့သည်၊ သန္တိ = ရှိကုန်၏) တာ ကုန္နဒိယော = ထိုမြစ်ငယ်အားလုံးတို့သည်၊ တဿ = ထိုပုဂ္ဂိုလ်၏။ (**ဧဝံဖုဋ္ဌေ** = ဤသို့စိတ်ဖြင့်ဖြန့်အပ်သော၊ **မဟာသမုဒ္ဒေ** = မဟာသမုဒ္ဒရာ၌) **အန္တောဂဓာ** = အတွင်းဝင်ကုန်၏၊ ဝါ = ပါဝင်ကုန်၏၊ ဘိက္ခဝေ = တို့၊ ဧဝမေဝံ = ဤအတူပင်၊ ယဿ ကဿစိ = ရဟန်းတစ်ပါးပါးသည်၊ **ကာယဂတာ** = ဆံပင်, မွေးညင်း စသည်တို့၏ အစုအဝေး၌ အာရုံပြုလျက်ဖြစ်သော၊ သတိ = သတိကို၊ ဘာဝိတာ = ဖြစ်ပွားစေအပ်ငြားအံ့၊ ဗဟုလီကတာ = ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်ငြားအံ့၊ **ဝိဇ္ဇာဘာဂိယာ** = (ပူးပေါင်းယှဉ်တွဲခြင်းအားဖြင့်) ဝိဇ္ဇာဉာဏ်ရှစ်ပါးသို့ ချဉ်းကပ်ပါဝင်ကုန်သော၊ ဝါ = ဝိဇ္ဇာဉာဏ်ရှစ်ပါးအဖို့၌ ဖြစ်ကုန်သော၊ ယေကေစိ = အားလုံးကုန်သော၊ (ကုသလာ ဓမ္မာ = ကုသိုလ်တရားတို့သည်၊ သန္တိ = ရှိကုန်၏၊) တေ ကုသလာ ဓမ္မာ = ထိုကုသိုလ်တရား အားလုံးတို့သည်၊ တဿ ထိုရဟန်း၏၊ (**ဘာဝနာယ** = **ကာယဂတာသတိဘာဝနာ**၌) **အန္တောဂဓာ** = ကုန်၏၊ ဣတိ = ဤသို့၊ (**အဝေါစ** = မိန့်တော်မူပြီ၊) ဆိုလိုရင်းကား ‘သမုဒ္ဒရာကို **အာပေါကသိဏဈာန်စိတ်**၊

## PAGE 110

**ဒိဗ္ဗစက္ခုအဘိညာဏ်စိတ်**ဖြင့် ဖြန့်လိုက်လျှင် သမုဒ္ဒရာသို့ စီးဝင်သော မြစ်ငယ် အားလုံးကိုလည်း ထိုစိတ်ဖြင့် ဖြန့်ရာရောက်၏။ ထို့အတူ သမုဒ္ဒရာနှင့်တူသော **ကာယဂတာသတိ**ကို ပွားများအားထုတ်လိုက်လျှင် **ကာယဂတာသတိ**၌ ပါဝင်သော မြစ်ငယ်နှင့်တူသော ကျန်သော **ဝိဇ္ဇာဘာဂိယ** ကုသိုလ်အားလုံးကိုလည်း ပွားများအားထုတ်ရာ ရောက်၏ ဟူလို။]

၅၆၄၊ ၅၇၀။ ဘိက္ခဝေ = တို့၊ **ဧကဓမ္မော** = တစ်ခုသော တရားသည်၊ [**သံဝတ္တတိ**၌စပ်] ဝါ = ကို၊ ဘာဝိတော = ဖြစ်ပွားစေအပ်လသော်၊ ဗဟုလီကတော = လသော်၊ ဆရာမြတ်တို့ကား **အန္တ, မာန** မပါသော **ပဌမာဝိဘတ္တန္တ** ပုဒ်ကို လက္ခဏအနက်မပြန်ဘဲ ကတ္တားအနက်သာ ပြန်ဆို၍ **သမာနော**ပုဒ် ထည့်ပေး တော်မူကြ၏။] မဟတော = ကြီးစွာသော၊ **သံဝေဂါယ** = ထိတ်လန့်ကြောင်း ဝိပဿနာဉာဏ်အကျိုးငှာ၊ **သံဝတ္တတိ** = ဖြစ်၏။ **ဧကဓမ္မော** = တစ်ခုသောတရားဟူသည်၊ ကတမော = အဘယ်နည်း၊ **ကာယဂတာ** = သော၊ သတိ = သတိပေတည်း၊ ဘိက္ခဝေ = တို့၊ အယံ **ဧကဓမ္မော** = (**ကာယဂတာသတိ**ဟူသော) ဤတစ်ခုသော တရားသည်၊ ဝါ = ကို၊ ဘာဝိတော = သော်၊ ဗဟုလီကတော = သော်၊ မဟတော = သော၊ **သံဝေဂါယ** = ငှာ၊ **သံဝတ္တတိ** = ၏၊ ဣတိ (**အဝေါစ**) ဘိက္ခဝေတို့၊ **ဧကဓမ္မော** = သည်၊ ဝါ = ကို၊ ဘာဝိတော = သော်၊ ဗဟုလီကတော = သော်၊ မဟတော = သော၊ **အတ္ထာယ**-မဂ်လေးပါးအကျိုးစီးပွားအလို့ငှာ၊ **သံဝတ္တတိ** = ၏၊ **ဧကဓမ္မော** = သည်၊ ကတမော = နည်း၊ **ကာယဂတာ** = သော၊ သတိ = တည်း၊ ဘိက္ခဝေ = တို့၊ အယံ **ဧကဓမ္မော** [စသည်ဖော်ဆိုပါ]။

မဟတော = သော၊ **ယောဂက္ခေမာယ** = ယောဂလေးဖြာ ဘေးကုန်ရာ ဖိုလ်လေးပါးအကျိုးငှာ၊ [တနည်း-မဟတော = သော၊ **သံဝေဂါယ** = ထိတ်လန့်ကြောင်း ဝိပဿနာဉာဏ် မဂ်ဉာဏ်အကျိုးငှာ။ ပ။ မဟတော = သော၊ **အတ္ထာယ** = ဖိုလ်လေးပါးဟူသော အကျိုးစီးပွားအလို့ငှာ။ ပ။ မဟတော = သော၊ **ယောဂက္ခေမာယ** = ယောဂလေးဖြာ ဘေးကုန်ရာ နိဗ္ဗာန်အကျိုးငှာ၊]။ ပ။ **သတိသမ္ပဇညာယ** = သတိနှင့် သမ္ပဇဉ်ဉာဏ်ပညာအလို့ငှာ။ ပ။ **ဉာဏဒဿနပ္ပဋိလာဘာယ** = **ဒိဗ္ဗစက္ခုဉာဏ်**အမြင်ကိုရခြင်းငှာ၊ ဝါ = ဝိပဿနာဉာဏ်အမြင်ကိုရခြင်းငှာ။ ပ။ **ဒိဋ္ဌဓမ္မသုခဝိဟာရာယ** = ယခုတွေ့ကြုံနေရသော အတ္တဘော၌ ချမ်းသာစွာ နေရခြင်းငှာ။ **ဝိဇ္ဇာ+ဝိမုတ္တိ+ဖလ+သစ္ဆိကိရိယာယ** = ဝိဇ္ဇာဝိမုတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ၊ [အလွယ်တကူအနက်သာ] ဝါ = မဂ်ပညာဝိဇ္ဇာတရားနှင့် + ထို၏ယှဉ်ဘက် စိတ္တုပ္ပါဒ် ဝိမုတ္တိတရားတို့၏ + အကျိုးအရဟတ္တဖိုလ်ကို + မျက်မှောက်ပြုခြင်းငှာ၊ [ပုဒ်ဖြတ်ထားသည်ကိုကြည့်၍ သူ့ပုဒ်နှင့် သူ့အနက်အစဉ်အတိုင်း တွဲဖက်စပ်ဟပ်ပါလေ၊ ဝါ = သုံးပါးသော ဝိဇ္ဇာတရား + စိတ်၏ စွဲမြဲသက်ဝင်ရာ နိဗ္ဗာန်တရား + ဖိုလ်လေးပါးတရားတို့ကို + မျက်မှောက်ပြုခြင်းငှာ။ [စာပိုဒ် ၁၇၅-၌
## PAGE 111

**၁၉-ကာယဂတာသတိဝဂ္ဂ**

ဖွင့်ပုံနှင့် ယှဉ်ကြည့်လေ]။ ပ။

၅၇၁။ **ဘိက္ခဝေ**=တို့၊ **ဧကဓမ္မ**=တခုသော တရားကို၊ **ဘာဝိတေ**=ဖြစ်ပွားစေအပ်လသော်၊ **ဗဟုလီကတေ**=ကြိမ်ဖန်များစွာ အလေ့အလာပြုအပ်လသော်၊ **ကာယောပိ**=နာမကာယ, ကရဇကာယသည်လည်း၊ **ပဿမ္ဘတိ**=အပူငြိမ်း၏၊ **စိတ္တမ္ပိ**=စိတ်သည်လည်း ပ။ **ဝိတက္ကဝိစာရာပိ**=ဝိတက်ဝိစာရတို့သည်လည်း၊ **ဝူပသမ္မန္တိ**=ချုပ်ငြိမ်းကုန်၏၊ **ကေဝလာ**=အားလုံးကုန်သော၊ **ဝိဇ္ဇာဘာဂိယာ**=ဝိဇ္ဇာရှစ်ပါးအဖို့၌ ဖြစ်ကုန်သော၊ **ဓမ္မာပိ**=တရားတို့သည်လည်း၊ **ဘာဝနာပါရိပူရိ**=ဖြစ်ပွားစေခြင်းကိစ္စ၏ ပြည့်စုံခြင်းသို့၊ **ဝါ**=ဖြစ်ပွားတိုးတက်အောင် အားထုတ်ခြင်းကိစ္စ၏ ဆုံးခန်းအထိ ပြည့်စုံခြင်းသို့၊ **ဂစ္ဆန္တိ**=ရောက်ကုန်၏၊ **ကတမသ္မိံ** အဘယ်မည်သော၊ **ဧကဓမ္မ**=ကို၊ (**ဘာဝိတေ**=သော်၊ **ဗဟုလီကတေ**=သော်။ **ကာယောပိ**=လည်း၊ **ပဿန္တိတိ** အပူငြိမ်းသနည်း၊ **စိတ္တမ္ပိ**=လည်း၊ **ပဿန္တိတိ**=နည်း၊ **ဝိတက္ကဝိစာရာပိ**=လည်း၊ **ဝူပသမ္မန္တိ**=နည်း။ ပ။ **ဂစ္ဆန္တိ**=ရောက်ကုန်သနည်းဟူမူ) **ကာယဂတာယ**=ဆံပင်.....သော၊ **သတိယာ**=သတိကို(**ဘာဝိတာယ**=လေသော်၊ **ဗဟုလီကတာယ**=သော်၊ **ကာယောပိ**=လည်း၊ **ပဿန္တိတိ**=အပူငြိမ်း၏။ ပ။ **ဂစ္ဆန္တိ**=ရောက်ကုန်၏၊) [**ကာယဂတာယ သတိယာ** နှင့် လိင်တူအောင် **ဘာဝိတာယ**ပြင်ဆိုရသည်၊] **ဘိက္ခဝေ**=တို့၊ **ဣမသ္မိံ ဧကဓမ္မ**=(ကာယဂတာသတိဟူသော) ဤတခုသောတရားကို၊ **ဘာဝိတေ**=သော်။ ပ။

၅၇၂။ **အနုပ္ပန္နာ**=မဖြစ်သေးကုန်သော၊ **အကုသလာ**=အကုသိုလ်ဖြစ်ကုန်သော၊ **ဓမ္မာစေဝ**=တရားတို့သည်လည်း၊ **အနုပ္ပဇ္ဇန္တိ**=မဖြစ်ကုန်၊ **ဥပ္ပန္နော**=ဖြစ်ပြီးကုန်သော၊ **အကုသလာ**=ကုန်သော၊ **ဓမ္မာစ**=တရားတို့ကိုလည်း၊ **ပဟီယန္တိ**=ပယ်အပ်ကုန်၏၊ **ကတမသ္မိံ**=သော၊ **ဧကဓမ္မေ**=ကို၊ **ဘာဝိတေ**=သော်။ ပ။ **ပဟီယန္တိ**=နည်း) **ကာယဂတာယ**=သော၊ **သတိယာ**=ကို၊ (**ဘာဝိတာယ**=သော်။ ပ။ **ပဟီယန္တိ**=၏) ။ ပ။

၅၇၄။ **အဝိဇ္ဇာ** = အဝိဇ္ဇာ အမိုက်မှောင်ကို၊ **ပဟီယန္တိ**=ပယ်အပ်၏။ **ဝိဇ္ဇာ**=အရဟတ္တမဂ်ဉာဏ် ဝိဇ္ဇာသည်၊ **ဥပ္ပဇ္ဇတိ**=ဖြစ်၏၊ **အသ္မိမာနော**=ငါတကားဟု ထောင်လွှားမောက်မာသော မာနကိုးမျိုးကို။ ပ။ **အနုသယာ**=အနုသယ ခုနှစ်ပါးတို့သည်၊ **သမုဂ္ဃာတံ**=အကြွင်းမဲ့ ပယ်နုတ်အပ်ကုန်သည် အဖြစ်သို့ ၊ **ဂစ္ဆန္တိ**=ရောက်ကုန်၏၊ **သံယောဇနာ**=သံယောဇဉ်ဆယ်ပါးတို့ကို။ ။

၅၇၅၊ ၅၈၃။ **ဘိက္ခဝေ**=တို့။ ပ။ **ပညာပဘေဒါယ**=ပညာဖြင့် ခွဲခြားသိမြင်ခြင်းငှာ၊ **သံဝတ္တတိ**=၏၊ **ဧကဓမ္မော**=ဟူသည်၊ **ကတမော** နည်း၊ **ကာယဂတာ**=သော၊ **သတိ**=တည်း၊ **ဘိက္ခဝေ**=တို့၊ **အယံ ဧကဓမ္မော**=သည်၊ **ဝါ**=ကို၊ **ဘာဝိတော** ဤသို့ စသည်ဖြင့် တသုတ်ဆုံးအောင်ဆိုပါ။]။ ပ။ **ဘိက္ခဝေ**=တို့၊

